နှလုံးသားရှာသူ

panpanNovember 1, 20111min22823

(ကြာခဲ့ပါပြီ၊ လေးနှစ်လောက်၊ ပေါက်ကရလေးဖြစ်နေမယ်ထင်ပါရဲ့၊ ကျောင်းပြီးခါက ၂၀ဝန်းကျင်အရွယ်လေးမှာရေးထားတာမို့ သည်းခံပြီးဖတ်ကြည့်ပေးပါလို့ :mrgreen: )

နှလုံးသားရှာသူ

မတွေ့နိုင်တာ ရှာဖွေကြည့်
မြင်နိုင်တာကို မတွေ့မိ။

သူသူ ကိုယ်ကိုယ်
“ထပ်တူ” မညှိနိုင်တော့
ညီမျှခြင်းက ပြီတီတီ။

ချစ်တာဟာ ဘာအရေးလဲ
မေတ္တာသာ အလေးထားတယ်။

ဘဝင်ကို အမြင်အတိုင်း
မှန်လိုပဲ ကြည့်ကြစို့။

မြင်တတ်ရင် ဝင်ခဲ့ပါ
ငါ့နှလုံးသားဖွင့်ထားတယ်
“သဏ္ဌန်” တူသူချင်း
သေဖော်ညှိရအောင်။

မဖြေတတ်ရင်
ဒီတစ်သက်
ဆွေးစရာနဲ့ ပြီးမယ်
နေတတ်ရင် ဒီဘဝက
ကျေနပ်စရာချည်းပဲ။

10:55 P.M
18.11.2007

23 comments

  • Moe Z

    November 1, 2011 at 3:15 pm

    pan pan ရေ လွန်ခဲ့တဲ့ ၄ နှစ်ကဆိုတော့ အခုရှာလို့တွေ့ပြီထင်တယ်နော်
    မတွေ့သေးရင် ရွာထဲကစုံထောက်ရှော်ကြီးတွေကို အမှုအပ်လိုက် 🙂

    • pan pan

      November 1, 2011 at 3:20 pm

      ရွာထဲက စုံထောက်ရှော်ကြီးတွေဆီအမှုမအပ်ခင်
      ဒါရိုက်တာဂျီး ကိုပေရဲ့ စုံထောက်ဦးလန်ဘားဆီ သွားအပ်မှနဲ့တူတယ်
      သူဘယ်လောက်ရှော်လဲဆိုတာ ရပ်သိရွာသိပဲဆိုတော့ 😛

      • Koyin Sithu

        November 1, 2011 at 3:29 pm

        ပန်ပန်ရေ… စုံထောက်ကြီး ဦးလန်ဘားကတော့ တစ်မှုကို
        ဖော်ထုတ်ပြီးသွားပြီနော်… အခုမတွေ့သေးရင်တော့…
        စုံထောက်ကြီးထံ အမှုအပ်လိုက်ပါလို့ အကြံပြုပါရစေ…

        • etone

          November 2, 2011 at 1:51 pm

          ဘယ်အမှုဒုံးးးးးးးးးးးးးး 🙄

  • blackchaw

    November 1, 2011 at 3:31 pm

    pan pan က ကဗျာလည်း အိုကေနေတာပဲ။ နောက်တစ်ပုဒ်လောက် ထပ်ရေးပါဦး။ ဖတ်ချင်လို့။

    • pan pan

      November 1, 2011 at 3:36 pm

      တကယ်အိုကေလို့လားဦးချောရ
      ကျွန်မဖြင့် စိတ်ထဲရှိသလိုရေးထားခဲ့လို့ ကလေးကုလားဖြစ်နေမှာစိုးလို့

  • ပေါက်ဖော်

    November 1, 2011 at 3:40 pm

    နှမတော်ရယ်..
    မာင်ဂျီး တစ်ယောက်လုံးရှိနေတာကို…..နှလုံးသားများ ဝေးဝေးလံလံ သွားရှာနေစရာလားကွယ်…
    ညှင်း..ညှင်း..ညှင်း..
    🙄

    • Moe Z

      November 1, 2011 at 3:55 pm

      မောင်ကြီးက ညှင်းတွေနဲ့ဆိုတော့ 😛

      • pan pan

        November 1, 2011 at 4:25 pm

        ကိုပေါက်ဖော်က ကိုပေ့သင်းမေမေတင်နဲ့ပေါင်းပြီး ညှင်းပေါက်သွားတာ
        အဲဒါကြောင့်ပြောတာပေ့ါ
        ကိုပေနဲ့မပေါင်းပါနဲ့လို့
        နောက်ဆိုကိုပေနဲ့ ပတ်သက်နေတဲ့လူတွေနဲ့ပါ မပေါင်းနဲ့တော့ 😛

    • ဆူး

      November 1, 2011 at 4:25 pm

      မောင်ဂျီး မဟုတ်ဘူး ထင်တယ် မာဂျီးလား မင်ဂျီးလားတော့ မသိဘူး။။ တညိုးကြီးပဲ ညှင်းတွေ ပေါက်တာ သံချဆေး မသောက်ရသေးလို့ ဖြစ်မယ်။

  • နွယ်ပင်

    November 1, 2011 at 4:23 pm

    လွန်ခဲ့တဲ့ (4) နှစ်ကဆိုတော့ အခုတော့ တွေ့နေလောက်ပြီပေါ့
    ကိုပေါက်ဖော်ကြီးကတော့ ဂျီးတွေရော ညှင်းတွေရော ရှိတယ်လို့
    ပြောနေပြီ ပန်ပန်ရေ ….. 😀

    • pan pan

      November 1, 2011 at 4:32 pm

      ကိုပေါက်ဖော်က အကုန်ပေါက်တယ် (ညှင်း၊ ဒက်၊ ပွေး)
      နာမည်ကိုက “ပေါက်”ပါနေတာပဲ
      သူတို့နေတဲ့ရပ်ကွက်က နွေရာသီဆို ရေပြတ်တယ်လေ
      အဲဒီတော့ နဂိုကမှ ရေချိုးပျင်းတာ ပိုဆိုးပြီပေ့ါ၊ ပိုဂျီးထူပြီပေါ့
      (စဒါ :mrgreen: )

  • windtalker

    November 1, 2011 at 6:48 pm

    ပန်ပန် ရေ တစ်ခု တင်ကြို ပြောရဦးမယ်
    စုံထောက်ကြီး ဦးလန်ဘား အမှုကို ပန်ပန် သေချာ မဖတ်ခဲ့ဘူး ထင်ပ
    စုံထောက်ကြီး ဦးလန်ဘား ဟာ သူ ့အမှုသည် ဟာ မိန်းမ/အမျိုးသမီးဆိုရင်
    အမှုလိုက်တာနဲနဲ ၊ ပြန်ငန်းနေတာနဲ ့တင် အချိန်ကုန်နေတာဘဲတဲ့ ။
    ဆိုတော့က
    ဦးလန်ဘား အစား ဟောဒီက အကောင်းစား ကိုပေ က ပန်လေး ကို ကူညီ ပါ့မယ်ကွယ် ။ နော်
    ဟီဟိ

  • thit min

    November 1, 2011 at 10:53 pm

    “သဏ္ဌန်” တူသူချင်း
    သေဖော်ညှိရအောင်။
    …………………………..တဲ့
    အခြေအနေမကောင်းဘူး နော်.

    • pan pan

      November 2, 2011 at 8:43 am

      သေဖော်ညှိတာက အကောင်းသာမက အဆိုးတွေကြုံလည်း အတွဲမပျက်ဖို့ပေ့ါကိုသစ်မင်းရယ်
      တချို့လူတွေက အကောင်းသာအတူတူစံချင်ကြတာ
      သေဖော်ညှိမယ်ဆို တယ်ကြောက်ကြတာကလား
      အခြေအနေကတော့ မကောင်းတတ်တာသဘာဝပါပဲရှင် 😀

  • ဖြေလဲမပြေ နေလဲမကျေ
    “သဏ္ဌန်” လဲမတူ
    မေတ္တာဆို နည်းနည်းမှ မကူနိုင်
    သစ်ရွက်ကြွေတိုင်း
    ခံစားနေတတ်သူမို့

    မင်းကိုလွမ်းခဲ့တာ
    ငါ.. မရင့်ကျက်သေးတာပါ။

    ဖွင့်ထားမှတော့
    ဝင်လာရော့ပေါ့
    ဟန်ဆောင်သော့တောင်
    မချိတ်ခဲ့ဘူး
    သူ.. သိမလားလို့။

    မယ့်ရင်မှာ ပူဗလောင်ဆူ
    သူ လူမှ ဟုတ်ပါလေစ
    အကောင်ပြတောင် အရိပ်မမြင်တော့
    နေတော့
    နောင်ဆယ်နှစ်။

  • ကြောင်ကြီး

    November 2, 2011 at 10:39 am

    ကျောင်းပြီးခါစ
    နှစ် ၂၀
    ကြောင်ကြီး
    အခါခါရွယ်၊
    အဖြေမတတ်
    ဆဲတယ်မှတ်
    ဇာတ်လမ်း
    မစခင်ရပ်၊
    နောင်နှစ်၂ဝကြာ
    ပန်ပန်ဟာ
    အဒေါ်ကြီး
    ဖြစ်လို့လာ၊
    ကြောင်ကြီးကတော့
    ဝီစကီမော့
    အလန်းလေးနဲ့ပေါ့..။ 😎 😳

  • manawphyulay

    November 2, 2011 at 2:24 pm

    နေတတ်ရင် ဒီဘဝက
    ကျေနပ်စရာချည်းပဲ။

    ဆိုတာတော့ အမှန်ပါပဲ ညီမလေးရေ

    ခုရော သဏ္ဍာန်တူသူခြင်း တွေ့နေပြီထင်ပါရဲ့ ဟုတ်တယ်မလား ညီမလေး… 😛

    • pan pan

      November 2, 2011 at 2:32 pm

      တွေ့တယ်မတွေ့ဘူးကတော့
      ပြောရရင်တော့ မမနောလိုပါပဲ
      အဟဲ 😀

      • အီးတီ

        November 3, 2011 at 7:38 am

        ရွာထဲမှာ အပြိုကြီးတွေတော်တော်များတာဘဲ။ ကျွန်တော်က မ မနောဖြူဘဲ ရှိတယ်ထင်တာ။
        ကိုပေ ညစ်ပတ်တာ ဘယ် post ထဲမှာ လဲဗျ။ ကျွန်တော်က ရွာထဲခုမှရောက်တာဆိုတော့
        မသိလို ့။ အဲဒါကြောင့် အမက ဇီဇာကြောင်သော လူပျိုကြီး (အပိုင်း-၁) ထဲမှာ ကိုပေ ကိုရွဲ ့
        ထားတာကိုး။ ခုမှသိတယ်။ 🙂 ကဗျာလေးက ကောင်ပါတယ်။ ထပ်ရေးပါဦး။ အားပေးပါတယ်ဗျာ။

  • etone

    November 2, 2011 at 2:44 pm

    (((မဖြေတတ်ရင်
    ဒီတစ်သက်
    ဆွေးစရာနဲ့ ပြီးမယ်
    နေတတ်ရင် ဒီဘဝက
    ကျေနပ်စရာချည်းပဲ))) ဆိုတာ မသိမသာ ရေလာမြောင်းပေးလုပ်တာလား ပန်ပန်ရေ 😆

  • snow white

    July 6, 2012 at 6:44 pm

    မဖြေတတ်ရင်
    ဒီတစ်သက်
    ဆွေးစရာနဲ့ ပြီးမယ်
    နေတတ်ရင် ဒီဘဝက
    ကျေနပ်စရာချည်းပဲ။ မိုက်တယ်အဲ့စာသားကတော့မိုက်တယ် မမမပေးလည်းကူးသွားပီနော်။။။။

Leave a Reply