ငြိမ်းချမ်းသော သာသနာများနှင့် ဆရာများအမြင်(၃)

ကမ္ဘာပေါ်တွင် ဘာသာတရားကြီး(၄)မျိုးရှိသည်။ဘာ

သာတရားလေးမျိုးထဲက ဘာသာတရားတခုခုသည်သည် အခြားဘာသာတရားတစ်ခုခုနှင့်ပတ်သက်ပြီး အပြစ်ပြောနေစရာမလိုပေ။ဘာသာတရားတိုင်းသည် လိုက်နာသင့်လိုက်နာထိုက်သော ကျင့်ဝတ်အနည်းနှင့်အများ ရှိနေကြသည်သာဖြစ်သည်။ယင်းကောင်းကွက်ကို ကြည့်လျှက် ဘာသာတရားတခုနှင့်တခု စိတ်ဝမ်းကွဲပြားစေမည့် ပြစ်တင်ရှုတ်ချခြင်းမျိုးများကို ရှောင်ရှားပြီး ဘာသာတရားအချင်းချင်း သွေးစည်းညီးညွတ်ရေးကို ကြိုးပမ်းအားထုတ်သင့်ပါသည်။
မဟတ္တမဂန္ဒီ မကွယ်လွန်မီအချိန်က အမေရိကန်နိုင်ငံမှ အမေရိကန်လူမျိုးတစ်ဦးက ဂန္ဒီကြီးကို အားကျပြီး ဟိန္ဒူ အကြေင်းကြားသောအခါ မဟတ္တမဂန္ဒီသည် သူ၏ပြန်ကြားစာ၌ ဘာသာတရားယုံကြည်ကိုးကွယ်မှုနှင့်ပတ်သက်ပြီး သူ၏အယူအဆကို တင်ပြထားသည်။
““ကျွန်ုပ် တစ်စုံတစ်ယောက်သောသူကို ဟိန္ဒူဘာသာထဲဝင်ပါ။အစ္စလာမ်ဘာသာဝင်လုပ်ပါ လို ့မတိုက်တွန်းပါဘူး။မိမိ ယုံကြည်ကိုးကွယ်တဲ့ ဘာသာတရားကိုသာ အူလှိုက်သဲလှိုက် ယုံကြည်ကိုးကွယ်ပြီး မိမိဘာသာတရားထဲမှာ ညွှန်ကြားပြောပြထားတာတွေကိုလိုက်နာကျင့်သုံးပါလို ့ဘဲပြောချင်ပါတယ်။တကယ်လို ့ခရစ်ယန်ဘာသာဝင် တစ်ယောက်ဖြစ်တယ် ဆိုရင်လဲ ခရစ်ယန်ကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားစေချင်ပါတယ်။တကယ်လို ့ဟိန္ဒူဘာသာဝင် တစ်ယောက်ဖြစ်တယ်ဆိုလျှင်လဲ ဟိန္ဒူဘာသာဝင်ကောင်း တစ်ယောက်ဖြစ်အောင်ကြိုးစားစေချင်တယ်။အစ္စလာမ်ဘာသာဝင် တစ်ယောက်ဖြစ်မယ်ဆိုရင်လဲ အစ္စလာမ်ဘာသာဝင်ကောင်းတစ်ယောက်ဖြစ်အောင်၊ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်တယ်ဆိုရင်လဲ ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားစေချင်ပါတယ်။ဘာသာတရားတစ်ခုခုရဲ ့ လိုက်နာသင့်၊လိုက်နာထိုက်တဲ့ ကျင့်ဝတ်များကို လိုက်နာသူ တစ်ယောက်မဖြစ်ခင် ရှေးဦးစွာ လူသားကောင်းတစ်ယောက် ဖြစ်လာဖို ့လဲကြိုးစားအားထုတ်ရမည်။လူသားတစ်ယောက်၏ ကျင့်ဝတ်သိက္ခာဟာ ကျွန်ုပ်တို ့၏ပထမဆုံးသော ဘာသာတရားဖြစ်တယ်။နောက်တစ်ခုပြောချင်တာရှိသေးတယ်။ဘာသာတရားတခုခုကို မှန်ကန်တဲ့ နည်းလမ်းနဲ ့လိုက်နာကျင့်သုံးတဲ့ ပုဂ္ဂိုလ်ဟာ မိမိဘာသာတရားနဲ ့သူတစ်ပါးဘာသာတရားကြားထဲမှာ ခွဲခြားတဲ့အလုပ်ကို မလုပ်ဘူး။မန္ဒိရ်၊ချာချ်၊ဗလီ များရဲ ့ကြားထဲမှာ လည်းကွာဟချက်ကို မဖန်တီးဘူး။””

မဟတ္တမဂန္ဒီ၏ယင်းပြန်ကြားချက်ကို ဖတ်ရသော အမေရိကန်သည် အိန္ဒိယ၌ မတူကွဲပြားဘာသာတရား၊ခြားနားသော ဘာသာတရားများကို ကိုးကွယ်ဆည်းကပ်သူ လူတွေအားလုံး မဟတ္တမဂန္ဒီကို တညီတညွတ်တည်းကြည်ညို လေးစားကြသည်ဆိုသည့် အကြောင်းသဘောပေါက်သွားသည်။

ဘာသာပေါင်းစုံချစ်ကြည်ခြင်း၊အပြန်အလှန် တန်ဖိုးထားလေးစားခြင်းသည် တိုင်းပြည်၏ ကြီးပွားတိုးတက်ခြင်း၊ကမ္ဘာကြီး၏ ငြိမ်းချမ်းသာယာခြင်း ဖြစ်သည်ဟု
မမှိတ်မသုန် ယုံကြည် ပါသည်။

MG ရွာသားများ ကျန်းမာချမ်းသာကြပါစေ။

7 comments

  • maungmoenyo

    November 2, 2011 at 9:31 am

    လေးစားလောက်တဲ့ ဆိုစကားပါ။ ဘာသာတရား တိုင်းနဲ့ ယုံကြည်မှုတိုင်းမှာ force တွေရှိကြပါတယ်။ အဲ့ ဒီ force ကကျွန်တောိတို့ လူသားတွေကို ထိန်းကျောင်းသွားကြပါတယ်။ အဲ့ဒီ အဆုံးအမဟာ သူ့ယဉ်ကျေးမှုစရိုက်ကို တိုက်ရိုက်ပုံဖေါ်ပေးတဲ့ အဆုံးအမဆိုရင်မမှားဘူးပေါ့ဗျာ။

  • အာရက္ခ မြေသား

    November 2, 2011 at 10:47 am

    ကိုယ့်ညီကိုရေ ရခိုင်မှာ ဘာသာခြား အဝင်မခံတဲ့ မြို့တွေ ရှိနေပါတယ် ။
    ဘာကြောင့် ဒီမြို့တွေ ဖြစ်တည်လာသလဲ အကိုက ပိုသိမှာပါ . ။ ဒါကတော့ လုပ်ဇတ်မဟုတ်လောက်ပါဘူး ။ ရခိုင်ရာဇဝင်မှာကို အတိအလင်း ရေးထားတာကိုး …။ရခိုင် အသက် ၊ ရခိုင် အရှက် ဘယ်လောက်နဲ့ လဲပြီးကာမှ ဒီမြို့တွေ ဒီလို ဖြစ်လာသလဲ အကိုက ပိုသိမှာပါ ။ အဲဒီလို မဖြစ်ခင်က မရောသင့်တာ မသနားသင့်တာကို ရောမိသနားမိလို့ ဘယ်လို ကိစ္စတွေ ဖြစ်ခဲ့ရသလဲ ဆိုတာလဲ ကျွန်တော် ရေးမပြတော့ပါဘူး .
    သူကြီးရေ …. လူမျိုးရေး ခွဲခြား ရေးတာ မဟုတ်ဘူးဗျာ …..
    ကိုယ့်ဟာကို သီးသန့်နေတာ အကောင်းဆုံးပဲ …လို့ ထောက်ပြတာပါ …။

  • မောင်တုတ် ကြီး

    November 2, 2011 at 11:13 am

    တောင်ကုတ်မြို ့နဲ ့ဂွမြို ့တွေကို နမူနာပြောရမှာပေါ့။ပြသနာတက်သွားနိုင်တဲ့ အရေးအသားတွေမို ့မရေးစေချင်ဘူး။ကျေးဇူးတော့တင်ပါတယ်။သတိပေးပါရစေ မောင်သန်းထွဋ်ဦး အနေနဲ ့ စဉ်းစားရေးပေးတာတော့ ကျေးဇူးပါဘဲ၊ဒါလေးတော့မှတ်ထားပါ ပညာဆိုသည်မှာလူ့တစ်သက်တွင်တွေ့ကြုံရသောအဖြစ်အပျက်အမျိုးမျိုးတို့ကိုနိုင်နင်းစွာထိန်းသိမ်းစီမံအုပ်ချုပ်နိုင်သောစွမ်းရည် သတ္တိပင်ဖြစ်သည်။မောင်သန်းထွဋ်ဦး ဆင်ခြင်တတ်မှာပါ။

  • ခေတ်အဆက်ဆက် ကိုလိုနီခေတ်မှာရော၊မဆလ(မဆလာ)ခေတ်၊နဝတ၊နအဖ၊ခုဦးသိန်းစိန်ခေတ်ထိအောင် အကိုတို ့(အာရက္ခမြေသား နဲ ့မောင်တုတ်ကြီး)လို အလိုတော်ရိလို လို ဖားယား၊သူခိုး၊ကြပိုးကျ တဲ့သူတွေ ရှိနေတုန်းဘဲ။အဲတော့ ကျွန်တော့် ပို ့စ်အောက်မှ ခြိမ်းခြောက်သလို လာလုပ်ပြီး ကွန်မန် ့မပေးနဲ ့ပါလား။အပြု သဘောဆောင်ဝေဖန်နိုင်ပါတယ် အကိုတို ့ရာ။တစ်ခုတော့ပြောလိုက်မယ် အကိုတို ့ကိုရော ဘယ်အာဏာပိုင်ကို မှ ေ ာက်ဂရုမစိုက်ဘူး၊ကျွန်တော့် မျိုးရိုးနဲ ့ဂုဏ်သိက္ခာကို လေ့လာပါဦး၊ကြောက်သွေးပါရင် ဖောက်ထုတ်ပစ်လိုက်မယ်။

  • Gipsy

    November 3, 2011 at 11:28 am

    လူသားအားလုံး ချစ်ချစ်ခင်ခင် ရှိနေကြတာ အကောင်းဆုံးပါ…၊
    ခေတ်နောက်ပြန်ဆွဲ ဝါဒတွေကို မကျင့်သုံးတော့ရင် အားလုံးအဆင်ပြေသွားမှာပါ…၊
    ကျဉ်းမြောင်းလွန်းတဲ့ အယူဝါဒတွေကို စွန့်ပြစ်သင့်ပါပြီ…၊
    ခွဲခြားရေးတွေ လက်ကိုင်ကျင့်သုံးနေရင် အရာရာ နောက်ကျကျန်ခဲ့မှာတော့ဧကန်မလွဲပါ..။

  • ကိုငြိမ်းအေး

    November 7, 2011 at 11:11 am

    လူသားတွေငြိမ်းချမ်းမှုကို ပျက်ပြားစေတယ်ဆိုရင် မည်သည့်ဘာသာဝင်တွေပဲ ကျူးလွန်၊ ကျူးလွန် ဒါဘာသာတရားတွေရဲ့တန်ဘိုးကိုကျဆင်းစေမှာပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ ဘာသာတရားတွေဆိုတာ လူသားတွေ ငြိမ်းချမ်းစေမှုရဲ့ ပြယုဂ်တွေဖြစ်နေလို့ပါပဲ။ ငြိမ်းချမ်းမှုရဖို့ကို ရန်ဖြစ်နေကြမှုများ၊ အတင်းအကျပ်နှိပ်ကွပ်နေကြမှုများနဲ့ ဖြေရှင်းနေလို့ကတော့ ရလာမယ့်အဖြေက “မငြိမ်းချမ်းမှု”ပါပဲ။
    ကိစ္စတိုင်းမှာ အကောင်းဆုံးအဖြေဆိုတာရှိပါတယ်။ သိအောင်မရှာနိုင်သေးလို့သာ မတွေ့တာဖြစ်မှာပါ။ ဒါ့ကြောင့် မငြိမ်းချမ်းမှုများနဲ့ အတင်းအကျပ်နှိပ်ကွပ်ဖြေရှင်းမှုတွေဟာ အကောင်းဆုံးအဖြေများမဟုတ်နိုင်ပါ။
    ငြိမ်းချမ်းစေတဲ့ အကောင်းဆုံးအဖြေကို ရှာဖွေကြဖို့နဲ့ မိမိတို့ အဖြေကို ဒါအမှန်ဆုံးပဲလို့ မသိမ်းပိုက်ထားကြဖို့လိုအပ်ပါတယ်။

  • aungnng87

    November 7, 2011 at 3:23 pm

    အင်းပေါ့.။ကိုယ်ဖာသာကိုယ်ငြိမ်းငြိမ်းချမ်းချမ်းနေပြီး သူများဘာသာကိုအနှောင့်အယှက်မပေးဘူဆိုရင်လောကကြီးကငြိမ်းချမ်းနေမှာပါ..။
    ဒါနဲ့အာက္ခရမြေသား ပြောတဲ့ရခိုင်မှာဘာသာခြားအဝင်မခံတဲ့မြို့ရှိတယ်ဆိုတာကိုစိတ်ဝင်စားပါတယ်။ အဆင်ပြေရင်ပိုစ့်တင်ပေးပါလား။ ဗဟုသုတရအောင်လို့ပါ။ မကြားဘူးတာအခုမှကြားဘူးတယ်။

Leave a Reply