အချိန်သင့်၊အခါသင့်

ထိမ်းမြားမင်္ဂလာ ပြုသင့်သော လများ

၁။တန်ခူးလ -ချမ်းသာအံ့။

၂။ကဆုန်လ -ကြွယ်ဝအံ့။

၃။နယုန်လ -ဘေးကင်းအံ့။

၄။သီတင်းကျွတ်လ -ရွှေငွေ၊သားသမီး၊ကျေးကျွန်များ

အံ့။

၅။တန်ဆောင်မုန်းလ – ကျွဲ၊နွား၊ဆင်၊မြင်းပေါအံ့။

၆။တပို ့တွဲလ -ရွှေငွေ ပြည့်စုံအံ့။

ထိမ်းမြားမင်္ဂလာ ပြုလုပ်ရမည့် မင်္ဂလာ အချိန်အခါ

အောင်-သာ၊နေမွန်းတည့်။င-ဆင်။သုံးချက်တီး၊ရွှေ-ပြည်၊တက်ထွန်းကာ။နန္ဒာ-နေထွက်။

၁။တနင်္ဂနွေ၊သောကြာ မွန်းတည့်ကာ ဘယာဘေးမျိုးအောင်။

၂။တနင်္လာနှင့်အဂါင်္တသီ။သုံးချက်တီးရန် မီးကင်းလွတ်ရှောင်။

၃။ကြာသာပတေး တထူးဗုဒ္ဓဟူး နေတက်မပျက်၊ဤလူ ့ဘောင်။

၄။နေထွက်၊နေဝင် စနေပင် စောလျင်ရန်မျိုးအောင်။

ယနေ ့ခေတ်မှာတော့ ဂုဏ်သရေရှိ လူကြီးလူကောင်းတို ့သည် ထိမ်းမြားမင်္ဂလာပြုကြရာတွင်. မင်္ဂလာဖိတ်စာ များကို သပ်ရပ်ခန် ့ညားသော ရွှေရောင်၊ငွေရောင် တို ့ဖြင့် ရိုက်နှိပ်၍ ဖိတ်ကြားနေကြလေသည်။

ထိမ်းမြား မင်္ဂလာပြုကြသော သတို ့သား၊သတို ့သမီး တို ့သည် မိမိတို ့၏မိဘများ ရာထူးဂုဏ်၊ဓနဂုဏ်၊ပညာဂုဏ် ကြွယ်ဝမှု ကိုလည်းဂုဏ်ယူသောအားဖြင့် မင်္ဂလာဖိတ်စာတွင် ထည့်သွင်းရိုက်နှိပ်ကြသည်။မိမိတို ့၏ ဘွဲ ့ထူး၊ဂုဏ်ထူးများကိုလည်း မိမိတို ့၏နာမည်နှင့်ယှဉ်တွဲ၍ ရိုက်နှိပ်ဂုဏ်ယူကြလေသည်။

သတို ့သား၊သတို ့သမီး တို ့သည် မင်္ဂလာပွဲအတွက် လူမက နတ်တမျှ လှပစေရန်အလို ့ငှာ အချောဆုံး အလှဆုံးပြင်ဆင် ဖီးလိမ်း ဝတ်စားဆင်ယင်၍ အစွမ်းကုန် ဂုဏ်ယူကြလေသည်။

မင်္ဂလာ အခမ်းအနားကိုလည်း ခန် ့ညားထည်ဝါသော ဟော်တယ်ကြီးများ၊မင်္ဂလာခန်းမကြီးများ တွင် ဂုဏ်ကျက်သရေရှိရှိ ဆင်ယင်၍ ထိမ်းမြားမင်္ဂလာအစီအစဉ်များကို စနစ်တကျကျင်းပကြလေသည်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပပြီးစီးသွားသော ကျွန်ုပ်၏ခင်မင်လေးစား ရပါသော မိတ်ဆွေကြီး၏ သမီး မင်္ဂလာဆောင်အပြီးရသော အတွေးတစ်စမှသည် ယခုလို ရေးဖြစ်သွားပါ၏။သို ့သော် ကိုယ်၌က အိမ်ထောင်ပြု၍ အိမ်ထောင်ဦးစီးသမှုပြုရလောက်အောင် ငွေကြေးက မပြည့်စုံ၊အစစအရာရာ လိုအပ်ချက်တွေတပုံတပင်ဖြင့် စိတ်ကူးရုံ သက်သက်နဲ ့အတွေးသမားမို ့ ဝေးနေရဦးမှာပါ။(ကြေညာဝင် ခြင်းမဟုတ်ပါ)

3 comments

  • xman

    November 2, 2011 at 11:24 pm

    မင်္ဂလာဆောင်တယ်ဆိုတာကတော့ ဇတ်လမ်းသစ်တခုရဲ့ နိဒါန်းပဲရှိပါသေးတယ်။
    သတို့သားသတို့သမီးတွေ အလှဆုံးပြင်ဆင်ကြတာတော့ သဘာဝကျပါတယ်။
    သူတို့အဖို့ ဒီလောက်လှတာ ဒါနောက်ဆုံးပဲဖြစ်မှာနော်။

  • Gipsy

    November 3, 2011 at 11:15 am

    မကြော်ငြာဘူး ပြောပေမဲ့ ကြော်ငြာသလိုပါပဲ …၊
    အိမ်ထောင်ဦးစီး သမှုပြုရလောက်အောင် အဆင်ပြေပါစေ…၊
    စိတ်ကူးယဉ်သက်သက်မှတစ်ဆင့် တစ်ကယ့်လက်တွေ့ဘဝ ပိုင်ဆိုင်နိုင်ပါစေဗျား…။

Leave a Reply