အပြည်ပြည်ဆိုင်ရာအသည်းကွဲသောနေ ့

ရွှေအိမ်စည်November 2, 20112min23418

အပြည်ပြည်ဆိုင်ရာအသည်းကွဲသောနေ ့

 

အချစ်တွေ အများကြီးရလိုက်လို့ ဘဝဟာ ပြီးပြည့်စုံသွားမှာ မဟုတ်ဘူး။
အချစ်တွေ အများကြီးပေးဆပ်လိုက်ရလို့ ဘဝဟာ ပိုတန်ဖိုးရှိသွားတာပါလို ့ဆောင်ပါးလေးတစ်စောင်မှာ

ဖတ်ဖူးမိပါတယ်..။

 

အချစ်နဲ့ ပက်သက်ပြီး လူတွေဟာ ကိုယ်လောက် ကိုယ့်ချစ်သူအပေါ်မှာ
ချစ်နိုင်တဲ့သူမရှိဘူးဆိုပြီးခံယူချင်ကြတယ် ယူဆတတ်ကြတယ်။

အဲဒီအယူအဆတွေနဲ့အတူနောက်ဆက်တွဲ  ပြဿနာတွေဖြစ်လာရင်လဲ အချစ်ကြီးရင် အမျက်ကြီးတယ်ဆိုပြီး
ဖြစ်သမျှပြဿနာအပေါ်မှာ အရမ်းခံစားတတ်ကြတယ်။

ရည်းစားန ဲ့ကွဲကြတဲ ့ အခါမျိုးမှာပိုဆိုးပါတယ်…။

အရမ်းခံစားပြီး ကိုယ့်ကိုကို ဘယ်လိုမှမထိမ်းနိုင်ဘူးဆိုပြီး ရက်ရက်စက်စက်ကိုအသည်းကွဲတယ်လို ့ယုံကြည်နေမိတယ်။

ကိုယ့်ကိုကိုယ်တောင် လက်ရှိရပ်တည်နေတဲ ့ဒီနေရာကပျောက်ကွယ်သွားချင်တယ်..။

တချိုု ့ဆိုသတ်သေရမလို ပြင်းထန်တဲ့ခံစားချက်တွေဖြစ်လာတတ်တယ်(တကယ်အချစ်ကြီးတတ်ခဲ ့ရင်ပေါ့)။

 

အဲသလိုဖြစ်လာခဲ့ပြီဆိုရင် အဓိကယုံကြည်ထားရမှာက ကိုယ့်ကိုကိုယ်ဘာသာရေးအဆုံးအမတရားနဲ ့အရင်ဖြေရပါမယ်..။
ခွင့်လွတ်သည်းခံ စိတ်ကိုမွေးပြီးမှစိတ်ထိမ်းချုပ်နိုင်တယ်ဆိုတာကိုပြသဖို ့ပါပဲ။

သိပ်တော့မခက်ခဲပါလှပါဘူး…။

ကျမတို ့ကိုရီးကားတွေ ထဲ ကလိုအော်ကြည့်မယ်…။ပင်လယ်ကမ်းစပ်..ဒါမှမဟုတ်..လူသူရှင်းတဲ ့နေရာတွေ ၊ဒါမှမဟုတ်မိုးပျံဗူပေါင်းတွေ လွတ်တင်ရင်း မကျေနပ်တာတွေ ကို ဆိုပြီးအော်လိုက်မယ်…၊ သံကုန်ဟစ်ကြည့်မယ်ပေါ့။
မရသေးရင်ထပ်အော်မယ်..ထပ်..ဟစ်ကြွေးပစ်လိုက်မယ်…။
အကြိမ်ကြိမ်ကြိုးစားကြည့်ကြပါမယ်…။နောက်ဆုံးမအော်နိုင်အောင်မောသွားတဲ့ အထိပေါ့။ (အိမ်အနီးနားမှာတော့မလုပ်မိစေနဲ ့နော်……သိတယ်ဟုတ်.ရူးနေတယ်လို ပြောကြမှာစိုးလို ့ပါ)
ပြီးရင်စိတ်ကြိုက်အစားတွေ စားပစ်လိုက်မယ်(တနေ ့တာပဲ..စားပစ်မှာပါ…နို ့မို ့ဝလာမှာစိုးလို ့ပါ)

နောက်ပြီး ဘာလုပ်စရာရှိလဲဆိုတာကိုစဉ်းစားပါ။စဉ်းစားပြီးရင် အလုပ်ကိုမြန်မြန်လုပ်။ အဝတ်တွေ လျော်မယ်..။
ဘာမှ လုပ်စရာမရှိရင်တောင် ကိုယ့်နေရာကိုယ့်အိပ်ခန်းလေးကို သန့်ရှင်းရေးလုပ်ပေါ့။ သီးချင်းတွေ ဖွင့်ပြီး
မြန်မြန်လုပ်။လုပ်ရင်းနဲ့ သီးချင်းတွေ လိုက်အော်ဆိုရင်းနဲ ့ဒဏ်ရာတွေသက်သာလာပါလိမ့်မယ်။

 

တချို ့ယောက်ကျင်္ားလေးတွေ ကအသည်းကွဲရင်(ချစ်သူနဲ့အဆင်မပြေရင်) အရက်သောက်တယ်ဆိုတာ မှန်ကန်တဲ့ နည်းလမ်းတော့မဟုတ်ပါဘူး။

မိန်းခလေးတွေ ကတော့အသည်းကွဲ ရင်သောက်စရာမရှိဘူးနော်…ကျစရာမျက်ရည်ဘဲ ရှိကြပါတယ်။။
ဒါဟာမှားယွင်းတဲ့အယူအဆတခုပါပဲ။
တကယ်လို ့အသဲကွဲနေရင် ကိုယ့်အလုပ်ကိုကြိုးစားပြီးလုပ်ပါ။

အဲဒါဟာမင်း..အတွက်အကျိုးရှိမဲ့ ဖြေဆေးတခုပါပဲ။
ပြီးတော့ သူကိုမှ မရရင်ငါတော့သေတော့မှာပအတွေး ကိုစွန် ့လွတ်ရပါမယ်..။

ကိုယ့်ချစ်သူကိုဘာနဲ့ မှ အစားထိုးလို့မရပါဘူးဆိုပြီးထင်နေတာ
ဒါဟာ….တကယ်တော့မမှန်ကန်ပါဘူး။ဒီနေ့ခေတ်မှာ ဗိုက်ထဲမှာ တကယ်ရှိနေတဲ့ အတွင်းကလီစာကျောက်ကပ်..၊အသဲနှလုံးကို၊ .တောင်အစားထိုးပြီးကုသနေပါပြီ။

(မလို တာဖယ်လိုတာချန်ပေါ့…အသည်းကွဲ ရင်လည်း..ပြန်ချုပ်လို ့ရမယ်ထင်ပါတယ်)

ခြေပြတ်လက်ပြတ်သွားရင်တောင်..အစားထိုးကုသနိုင်ပြိး..အကြောသေနေတဲ ့ခြေလက်တွေ တောင်လျှပ်စစ်နဲ ့ပြန်ရှင်နိုင်တယ်လေ..ဟုတ်..။

ချစ်သူဆိုတာလဲတကယ်တမ်းတော့အစားထိုးလို့ရပါတယ်။အစားထိုးလို့မရဘူးဆိုတာ ညာပြောနေတာ။

ဒါပေမယ့် လူဆိုတာကလည်းညာတာလေးကိုပဲကျေနပ်နေတော့ ညာပြီးရင်ညာပေါ့လေ…..

 

ပထမဆုံးချစ်သူစထားစဉ်မှာတော့ဒါကိုလက်ခံချင်မှ လက်ခံပါလိမ့်မယ်။

နောက် ချစ်သူပြောင်းမယ်…တယောက်၊နှစ်ယောက်၊သုံးယောက် ပြောင်းပြီးချစ်လာရင်တော့ ဒါတွေကိုတဖြေးဖြေးနားလည်လာပါလိမ့်မယ်။

 

အမှတ်တယဆိုတာ..လူတိုင်းမှာကိုယ်စီရှိကြပါတယ်…ကိုယ်အသည်းကွဲသွားလည်းအသည်းကွဲသောနေ ့လေး

တော့အမှတ်တယရှိသင့်ပါတယ်…နေ ့ထူးနေ ့မြတ်တိုင်းရှိသလို….နုနယ်လွန်းတဲ ့အသည်းလေးကွဲသွားတာကိုလည်း..အမှတ်တယတော့ရှိသင့်ပါတယ်…

ကမာ္ဘပေါ်မှာမသတ်မှတ်နိုင်သေးတဲ ့မရှိသေးတဲ ့နေ ့လေးတစ်နေ ့ကိုတော့ မန်းဂေဇတ်က သတ်မှတ် ပေးစေချင်ပါတယ်..။..

ဒိလိုပြောနေရတာကလည်းကျမမှာ…အကြောင်းပြချက်သက်သေရှိပါတယ်

အသည်းကွဲ တာကို..သူငယ်ချင်းတို ့ရော…

့်ချစ်သူကို အသည်းကွဲ တိုင်းအမှတ်ယမိနေ ဖို ့တော့နေ့လေးတစ်နေ ့လိုအပ်တယ်မဟုတ်ဘူးလား…

 

 

..ကျမမန်းဂေဇတ် အတွက်..နေ ့နေ့ ညညစာတွေ ရေးပါတယ်. .ချစ်သူအတွက်..ချစ်သူရေ..နင်နေကောင်းလားဆို တြ ့စာတစ်စောင်တောင်မရေးပါဘူး…
ငါ့ချစ်တာ..သူသိတာဘဲလေ..ဆိုပြီးနေခဲ ့လိုက်ပါတယ်…..
သူနားလည်မှာဘဲလေ..ဆိုပြိးနေခဲ ့ပါတယ်..။ကျမ ပေချ် ့ကျမမေလ်းတွေ ကရည်းစားစာတွေ မိတ်ဆက်စာတွေ လည်းသူဝင်ဖတ်နိုင်တာဘဲလေ..ကျမကတော့..ကျမမဖောက်ပြန်တာ…သူလည်းသိတယ်..

ဒါတွေ သူနားလည်မိမယ်ဘဲထင်မိပါတယ်…။

ဒါပေမယ့်ပေါ့..

 

ချစ်သူများနေ ့လို ့သတ်မှတ်တဲ ့ဖေဖော်ဝါရိလ၁၄ ရက်နေ ့မှာတော့..ချစ်သူဆီ ကလမ်းခွဲ စာကျမရရှိခဲ ့ပါတယ်။

ကျမဘလော ့တွေအစောင်ပေါင်းများစွာရေးခဲ ့ပေမယ့်..ချစ်သူဆီ..စာတစ်စောင်မှမရေးမိတာအပြစ်လား

စာရေးခြင်းကိုတော့ကျမမစွန် ့လွတ်နိုင်ပါဘူး…..ဒါဆိုကျမကတဘက်က..ချစ်သူကိုစွန် ့လွတ်လိုက်ပါတယ်..။

 

ဒါကြောင့်ဂေဇတ်ရေ.

နှစ်တိုင်းလတွေ လတိုင်းမှာ..အမှတ်တယနေ ့တွေ သတ်မှတ်ချက်တွေ ရှိပါတယ်..ကျမလိုဘဲ…ချစ်သူစွန် ့ပစ်ခံ ရသူတွေအတွက်တော့မှတ်မှတ်ယယ နေ ့လေးတနေ ့တော့လို အပ်ပါတယ်….

အပြည်ပြည်ဆိုင်ရာအသည်းကွဲသောနေ ့လို ့အဆိုတော်တွေ  ကသီဆိုထားတယ်….

 

ကျမအတွက်လည်း…..အသည်းကွဲ သွားတဲ ့နေ ့…..မန်းဂေဇတ်ဆိုင်ရာအသည်းကွဲသောနေ ့လေးတစ်နေ ့တော့သတ်မှတ်ပေးသွားခဲ ့ပေးပါ…….

 

       ငါ့အသည်းက..နင်ဘဲခွဲ သွားတာလား…..

ဒါမှမဟုတ်…..

သူ ့အလိုလိုကွဲ သွားတာလား…..

ဘာပဲဖြစ်ဖြစ်လေ…

နင်ချစ်မှုရေးရာ..

နားလည်သိတတ်သူတစ်ယောက်အနေနဲ ့..

ကျကွဲလွင့်စင်သွားတဲ ့..ငါအသည်းလေးကို.

.ငါရင်ဘတ်ထဲ ပြန်ကောက်ထည့်ပေးသွားပါ…

ဒါမှမဟုတ်ငါ့အတွက်….

ဂေဇတ်ထဲ မှာအသည်းကွဲသွားသော နေ့လေးတစ်နေ ့

သတ်မှတ်ပေးဖို ့အတွက်..တောင်းဆိုပါ.တယ်.။

ငါ့ကနင့်ကို…ရင်နဲ ့အမျှချစ်ခဲ ့ရသူမို ့လို ့ပါ..။

 

ဒါကြောင့်..ကျေးဇူးပြုပြီး..ဧဒင်မှာအသည်းကွဲသောနေ ့လေးတစ်နေ ့တော့သတ်မှတ်ပေးဖို ့တောင်းဆိုပါတယ်…………

<embed src=”http://http://api.ning.com/files/pHHESlMWb1AKjDk7M*shzprASVQzQo3st58bJ2CFovp0PXGw6O8aoc5dCDcvm5g4w08bVTbLBoHXY*8fea7BDHBxH0GIRNZiGzPrSE7tIhQ_/taungpanpartal.swf ” width=”600″ height=”400″ quality=”high” type=”application/x-shockwave-flash” pluginspage=”http://www.macromedia.com/go/getflashplayer”></embed><br><a href=”http://www.freevideocoding.com”>FreeVideoCoding.com</a>
<!– END FreeVideoCoding.com –>အပြည်ပြည်ဆိုင်ရာအသည်းးကွဲသောနေ ့

ခဏတာအသည်းကွဲ နေသော.

ရွှေအိမ်စည်

 

ဘာမှမထူးဆန်းဘူးပို ့လေးကိုမန်းထားတာပါ..။နောက်ပြီး..ကျနော်ရဲ ့သူငယ်ချင်းလေး လည်းအသည်းကွဲနေလို ့ပါ။သူ ့ကို ့လည်းနှစ်သိမ့်ရင်းပေါ့

ဒီမှာသီးချင်တင်ပေးလို ့မရဘူး..ဖိုရမ်မှာတော့ရတယ်…စမ်းသပ်တာဘဲ..သူကြီးဒေါ်လှ၁၀၀ဝဘို းတန်အောင်လုပ်ကြည့်တာဘဲ..မရဘူးါ။

18 comments

  • koyinmaung

    November 2, 2011 at 10:31 pm

    ကဲ သဂျီးကိုခိုင်ရေ….ရွှေအိမ်စည်ကတော့
    တောင်းဆိုနေပြီ..ဘာတဲ့ အပြည်ပြည်ဆိုင်ရာအသက်ကွဲနေ့ဆိုပါလားကွယ်တို့
    ဘတို့ကတော့မြေးတောင်ရတော့မယ်ဆိုတော့ ကွဲစရာအသဲလဲမရှိတော့ပါဘူးကွယ်….

  • blackchaw

    November 2, 2011 at 10:33 pm

    ကဲ ပေါက်ဖေါ် ရေ။
    ဒီမှာ သီချင်းတင်ပေးလို့ မရဘူး ဆိုပါလားဟေ့။
    သမီးရွှေအိမ်စည် တကယ်ပြောတာလား။

    • ပေါက်ဖော်

      November 2, 2011 at 10:48 pm

      မရဘူးဆိုတာ..ဒီကုဒ်တွေကိုပြောတာပါ ဦးချောရေ
      Firefox နဲ ့တိုက်ရိုက်..နားထောင်တဲ့..Flash song ကိုပြောတာပါ
      မနက်ဖြန် ဆက်ရှင်းပြပါ့မယ်

      FreeVideoCoding.com
      အပြည်ပြည်ဆိုင်ရာအသည်းးကွဲသောနေ ့

      • ရွှေအိမ်စည်

        November 3, 2011 at 12:20 am

        ပေါက်ရေ..တင်ရင်…နာလုပ်ထားတဲ ့…

        ဖိုရမ်ထဲ က(နည်းပညာအကူညီပေးရေးမှာရေးပေးနော်…)

        နာသိပ်မပိန်းဘူးဟာ…
        ဒါပေမယ်..ဘလော ့ဖွင့်လိုက်တာနဲ ့..နာလိုချင်တာသီးချင်းသံကြားချင်တာ…

        ဖိုရမ်မှာတင်သလိုပေါ့ဟာ…..

        ….တွေ ့တယ်ဟုတ်….

        သဘောကျရင်ဆရာတင်မယ်….
        နာကလူတိုင်းဆရာတင်တတ်တာမဟုတ်ဘူး…..

        • AKKO

          November 3, 2011 at 4:38 pm

          သဘောကျမှ ဆရာတင်မှာတဲ့နော် (တခြားဟာကျလျှင်ပြန်ကောက်တင်ပါ 😛 )
          ဆရာဖြစ်ချင်လျှင် ကြိုးစားထား ပေါက်ဖော်ရေ
          ဆရာကြီး ဖြစ်ချင်လျှင်တော့ ဆေးသကြား ဆောင်ထားကွ 😀

  • blackchaw

    November 2, 2011 at 10:54 pm

    အေးပါ ပေါက်ဖေါ်ရာ။
    မန်းဂဇက်မှာ ကိုယ့်လက်ဦးဆရာက
    ပေါက်ဖေါ်ပါလို့ တရားဝင်ကြေညာထားတာပါ။
    နောက်နေ့မှ သင်ယူကြတာပေါ့။

  • အသဲကွဲလို့နာပါတယ်ဆိုမှ
    နာသထက်နာဖို့
    အမှတ်တွေရအောင်နေ့သတ်မှတ်
    အင်းလက်ထပ်ခါနီးအတွဲတွေသတိထားပါ။

  • we R one

    November 3, 2011 at 8:45 am

    UN မှာ တင်ပြ ရင် ပိုကောင်းမယ် ထင်တယ်နော်…:P ကဲသဘော တူတဲ့ ရွာသား တွေလက်မှတ်ထိုးပါ…. 😀
    တကယ်တော့ “သင် ပိုချစ်လေလေ သင်ပိုခံစားရလေလေ ပါပဲ ကွယ်”… အတတ်နိုင်ဆုံးတော့ အရမ်း မချစ်မိအောင် နေကြပေါ့နော့…

  • ကြောင်ကြီး

    November 3, 2011 at 11:23 am

    အသဲကွဲတယ်ဆိုတာ
    ဝဲစွဲသလို
    ကုတ်လေယားလေ…
    ထားရာမနေ
    လားသတ္တဝါပေမို့
    မှားတာမေပါကွယ်…။

  • naywoonni

    November 3, 2011 at 11:35 am

    လွမ်းရေးထက် ဝမ်းရေးခက်တယ်ကွယ်…။ လွမ်းနေရလို့ ဗိုက်ပြည့်မလာတာ ခက်တယ်…။ ဘာထမင်းဝလို့ ဘာဖြစ်တယ်ဆိုတဲ့စကားရှိတယ်မဟုတ်လား ? ထမင်းမဝရင် …။ ဒါမလာရင် ဒါမလာပါဘူးကွယ်…။

  • king

    November 3, 2011 at 3:04 pm

    ဒီလိုလုပ်ပါလား
    အဲလိုလေးက ကောင်းမယ်ထင်တယ်
    ဒါတော့ လုပ်ကြည့်သင့်တယ်
    အဲလိုတော့ မဖြစ်နိုင်ဘူးထင်တယ်နော်
    (မှတ်ချက်။ ကြားသမျှ ရေးချလိုက်ခြင်းဖြစ်၏ 😀 )
    ချစ်သူများနဲ့မှာ အသည်းကွဲသောနေ့ကို ပါ တစ်ပါတည်း သတ်မှတ်လိုက်ပေါ့
    နေ့နံတွေကလို ရာဟု မွေးသူတွေလို ဖေဖော်ဝါရီ (၁၄)ရက်ရဲ့ နေရောင်ကွယ်လုအချိန်ကို အပြည်ပြည်ဆိုင်ရာ အသည်းကွဲသောနေ့ အဖြစ်သတ်မှတ်လိုက်ပေါ့ ………. 😛
    နေညိုရင် လေပျိုသလိုတောင် ဖြစ်လာကုန်တော့ …. အင်း ……………. 😀

  • AKKO

    November 3, 2011 at 4:41 pm

    အသည်းကွဲတဲ့လူက လူတွေနဲ့မတွေ့ချင် ၊ ဘာကိုမှ သတိမရချင်ဖြစ်နေတာ အထိမ်းမှတ်တွေနဲ့ အသည်းကွဲတဲ့နေ့ကို သတ်မှတ်ပေးမယ်ဆိုလျှင် အနာကျက်ခါနီး အနာဖေးလာလာခွာတာနဲ့တူပါလိမ့်မယ် ။ ဒီတော့ ယုတိ္တမရှိတဲ့သတ်မှတ်မှုလို့တော့ ကျွန်တော်က ပွင့်ပွင့်လင်းလင်းဆိုချင်တယ်ဗျာ ။
    လွတ်လွတ်လပ်လပ် တစ်ယောက်တည်း တိတ်တဆိတ် အသည်းကွဲပါစေလား သူ့ဘာသာ သူ ။

    ဟိုသီချင်းထဲကစာသားနားထောင်ကြည့်ပြီး ဒီဗန့ သတ်မှတ်ဖို့ အိုင်ဒီယာရသွားတာလား ဗျို့ ။

  • nature

    November 3, 2011 at 9:53 pm

    ချစ်သူများနေ့မှာ ချစ်သူတွေချိန်းတွေ့ပြီး ပျော်ကြသလို အသဲကွဲနေ့ရောက်ရင် ကွဲသွားတဲ့ သမီးရည်းစားတွေ ပြန်ချိန်းပီး ငါ့အသဲခွဲတာ နင်လားဆိုပြီး ရိုက်ပွဲလေး ကျင်းပကြပေါ့။ 🙂
    စိတ်ညစ်စရာ ဝမ်းနည်းစရာကိစ္စတွေ ဆိုတာ ပြန်မတွေးပဲ မေ့ပျောက် နိုင်ရင် အကောင်းဆုံးလို့ထင်ပါတယ်။ ဒါတွေကို မေ့ပျောက်ဖို့ မကြိုးစားပဲ တသသနဲ့သတိရနေမယ်ဆိုရင် စိတ်ထောင်းကိုယ်ကြေဆိုသလို ကိုယ်ဒုက္ခ ကိုယ်ရှာတယ်လို့ ထင်မိတယ်။

  • မှော်ဆရာ

    November 3, 2011 at 11:46 pm

    ဟုတ်တယ် …. အသဲကွဲသူများ နေ့တော့ ရှိသင့်တယ်ထင်တယ် …
    အရက်ဆိုင်တွေတော့ ရောင်းကောင်းဦးမှာပဲ

  • GreeNSheeP

    November 4, 2011 at 12:36 pm

    အခုရက်ပိုင်းအတွင်း မြန်မာခေတ်ပေါ်သီချင်း တစ်ပုဒ်နားထောင်ဖြစ်ပါသည် ။
    အင်တာနက် ဆိုင်မှ ဖွင့်သောကြောင့် ဖြစ်ပါ၏
    ထိုသီချင်း ထဲတွင် “ အပြည်ပြည်ဆိုင်ရာ အသဲကွဲသောနေ ့” ဟု တွင်တွင်ကြီး ဆိုထားပါသည်။
    ပို ့စ်ပိုင်ရှင်မှာ ထိုသီချင်း ကို အခြေခံပြီး စိတ်ကူးကွန် ့ထားခြင်း ဟု ထင်မိပါသည် ။

  • etone

    November 4, 2011 at 4:08 pm

    အသည်းကွဲနေပါတယ်ဆိုမှ အထိမ်းမှတ်လာလုပ်လျှင် … နာသာဆို … နှပ်ချေးတွေထွက် မျက်ရည်ဆက်လက်နဲ့ …. ထထိုးမိမှာပဲ … ။ :mrgreen:

    • windtalker

      November 4, 2011 at 8:22 pm

      ဒေါက်တော တော့ မလွယ်ဘူး ဆြာ

Leave a Reply