၁၁ရက် ၁၁ လ ၂၀၁၁ ခုနှစ် (၁)ခြောက်လုံးကျော်လျှင် ဘာတွေဆက်ဖြစ်မလဲ….

koyin sithuNovember 2, 20111min13013

ဆယ့်​တရက်၊​ ဆယ့်​တလ၊​ နှစ်​ထောင့်​ဆယ့်​တစ် တစ်​ခြောက်လုံး​နေ့​မှာ နိုင်ငံသစ် ပုံစံသစ်ကို ငြိမ်း​ငြိမ်း​ချမ်း​ချမ်း​နဲ့​ ​ပြောင်း​လဲဖို့​ ဖြစ်ရပ်​တွေဖြစ်မယ်လို့​ နက္ခ​ဗေဒ ပညာရှင် စံဇာဏီဘိုက အတိအကျ ​ဟောကိန်း​ထုတ်လိုက်ပါတယ်။ တကယ်တမ်းပြောရရင်တော့ ဆရာစံဇာဏီကလည်း ကျွန်တော်တို့ အဘခနဲ့ အင်းစိန် ထောင်ကျစဉ်တုန်းက နင်းနှိပ် ဂျီးတွန်းပေးခဲ့ရတဲ့ တပည့်တစ်ယောက်ဖြစ်ခဲ့တာပါပဲ…။ နောက်ပိုင်းတော့ ရာသီခွင်ဗေဒင်တွေမှာ ဘာကြောင့်မှန်းတော့မသိဘဲ အဘမင်းသိင်္ခရဲ့နာမည်ကို အပြည့်အစုံမရေးပဲ ဆရာခဆိုပြီး သင်ဆရာဖြစ်ကြောင်း ရေးနေတာတွေ့တော့ မေးခွန်းထုတ်စရာတွေဖြစ်ခဲ့ပါတယ်…။ (ဘာပဲဖြစ်ဖြစ် ကိုယ့်ကို ပညာသင်ပေးခဲ့တဲ့ ဆရာတစ်ယောက်ရဲ့ အမည်ကို အပြည့်အစုံ ဖော်ပြသင့်တယ် ကျွန်တော် မြင်မိပါတယ်) ကျွန်တော့်က တာရော့ခ်ပညာနဲ့ ၁၁.၁၁.၂၀၁၁ ကနေ ဘာဆက်ဖြစ်မလဲ ကျနော်အတွေးအခေါ်နဲ့ တွက်ကိန်းအရ အဖြေဆက်ထုတ်ရင်…. တားရော့ခ်မှာ ၁၁ နံပါတ်ဟာ တရားမျှတခြင်းပါ။… Justice မိန်းမတစ်ယောက်ဟာ ချိန်ခွင်တစ်ဖက် ဓါးတစ်ဖက်ကိုင်ထားပါတယ်… လူနဲ့ တရိစာ္ဆန်ကို ဘာနဲ့ ခွဲခြားထားတာလဲ မေးရင် တရားဥပဒေနဲ့ ခွဲခြားထားတာပါ။ ချိန်ခွင်ဟာ တရားမျှတခြင်းပါ… ဓါးက အပြစ်ပေးခြင်းကို ညွှန်းပါတယ်…။   နံပါတ် ၁၁ ကတ်ပြားဟာ တရားဥပဒေကို ကိုယ်စားပြုပါတယ်… ၁၁ ရက်နေ့ ကျော်လျှင် မိန်းမတစ်ယောက်ရဲ့ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံတိုးတက်မည်… ကောင်းသော အပြောင်းအလဲမုချ ကြုံတွေ့မည်…။ သို့သော် ခိုက်ရန် ဖြစ်ပွားမှု ဆေးရုံရောက်ပြီး အခက်အခဲ အနည်းငယ်ရှိပြီးမှသာ ထိုငြိမ်းချမ်းမှုမျိုးကို ရရှိပါမည်။ မြန်မာပြည်ကို တားရော့ခ်နည်းနဲ့ တွက်ကြည့်တဲ့  ကျနော့်အတွေးသက်သက်ပါ… (မှတ်ချက် …. တွက်ကိန်းအရ… ၁၁ လပိုင်းမွေးဖွားကြသော အမျိုးသမီးအားလုံး ဒီလဟာ အကြိုးစားသင့်ဆုံး၊ ကံကိုယုံ၍ ဆူးပုံနင်းသင့်သော အချိန်အခါလို့ ကျွန်တော် သတ်မှတ်ပါတယ်….. ဘာလုပ်လုပ် အောင်မြင်မယ့် သဘောပေါ့) ကျွန်တော့်ဆရာသခင် အဘမင်းသိင်္ခရဲ့ တပည့် စံဇာဏီဘိုရဲ့ ဖြေကြားချက်တော့ အောက်မှာအပြည့်အစုံဖော်ပြလိုက်ပါတယ်ခင်ဗျာ…

စံဇာဏီဘိုနှင့်​ ​မေး​မြန်း​ချက်
နက္ခဗေဒပညာရှင် စံဇာဏီဘို

ထူးထူး ​ခြား​ခြား​ပေါ့​ဆရာ၊​ ဒီ ၁၁ ရက်၊​ ၁၁ လ၊​ ၂၀၁၁ မှာ ၁၁-၁၁-၁၁ လုံး​ပေါ့​နော် တိုက်ဆိုင်တဲ့​နေ့​ပေါ့​။ အဲဒီ​နေ့​ရက်နဲ့​ ပတ်သက်ပြီး​တော့​ အဓိကက​တော့​ ကျ​နော်တို့​ နိုင်ငံရဲ့​ နိုင်ငံ​ရေး​အ​ခြေအ​နေနဲ့​ ဒီ တစ်​ခြောက်လုံး​နဲ့​ ဘယ်လိုများ​ ပတ်သက်မှု ရှိမလဲဆိုတာ ဆရာတို့​ ပညာအရ ဘယ်လို မြင်ထား​ပါသလဲခင်ဗျ။“ဒီအ ​ပေါ်မှာ ကျ​နော်တို့​ အယူအဆအရ အ​ပြောင်း​အလဲ​တွေ ထူး​ထူး​ခြား​ခြား​ ဖြစ်မယ်လို့​ အယူအဆ ရှိတယ်။ ​ကောင်း​သော အ​ပြောင်း​အလဲ ဖြစ်မယ်လို့​လည်း​ ကျ​နော်ယူဆတယ်။ ဘာ​ကြောင့်​လဲဆို​တော့​ ဒီနိုဝင်ဘာ ၁၁ ဆိုတဲ့​ ဂဏန်း​အ​ပေါ်မှာ ကျ​နော်တို့ အများ​ကြီး​ ​မျှော်လင့်​ချက်ထား​တယ်။ အများ​ကြီး​ ​မျှော်လင့်​ချက် ထား​ရခြင်း​ အ​ကြောင်း​အရာက သမိုင်း​ကြောင်း​ရှိတယ်။

လွန်ခဲ့​တဲ့​ ၁၉၁၈ ခုနှစ်၊​ နိုဝင်ဘာလ ၁၁ ရက်​နေ့​ရဲ့​ ၁၁ နာရီအချိန်မှာ ပထမကမ္ဘာစစ်တခုကို အဆုံး​သတ်တယ်။ အဲဒီ​နေရာမှာ အနိဋ္ဌာရုံ​တွေလည်း​ ရှိတယ်။ ​ကောင်း​ခြင်း​တွေလည်း​ ရှိတယ်။ အဲဒီ ပထမကမ္ဘာစစ်မှာ ဖြစ်ခဲ့​တဲ့​ အဖြစ်အပျက်​တွေက လူ​တွေ အိုး​အိမ်မဲ့​ ၆၅ သန်း​ဖြစ်တယ်။ လက်နက်ထိပြီး​ ​သေတာက ၈ သန်း​ခွဲ။ ဒုက္ခိတဖြစ် ​ခြေ​တွေလက်​တွေ ပြတ်ပြီး​ ဘဝမှာ ဒုက္ခ​ရောက်သူက ၂၁ သန်း​၊​ အဖမ်း​ခံရတဲ့​ သုံ့​ပန်း​က ၈ သန်း​၊​ အစာငတ်​သေတဲ့​လူ​တွေက ၆ သန်း​ အဲဒီလိုရှိတဲ့​ အ​ကြောင်း​အရာကြီး​တခု ရပ်သွား​တယ်။

၄ နှစ်၊​ ၃ လနဲ့​ ၉ ရက် တိုက်ပွဲဝင်ခဲ့​တဲ့​ တိုက်ပွဲကြီး​လည်း​ ရပ်သွား​တယ်။ ပြီး​တော့​ တိုင်း​ပြည်အသစ်​တွေ ​ပေါ်လာတယ်။ နိုင်ငံသစ်​တွေ​ပေါ်​ပေါက်လာတယ်။ အထူး​သဖြင့်​ ပထမဦး​ဆုံး​ ဩစ​တြေး​လျား​၊​ ​နောက်ပြီး​တော့​ ချက်ကိုစလိုဗက်ကီး​ယား​ ဒါ​တွေ​ပေါ်တယ်။ ဒီ့​ပြင် ကမ္ဘာကြီး​တွေ၊​ တကယ့်​ အင်ပါယာကြီး​တွေ ပျက်ပြီး​တော့​ ထူး​ခြား​တဲ့​ အ​ပြောင်း​တွေ ရှိတယ်။ အဲဒါက ၁၁-၁၁-၁၁ တစ်​ခြောက်လုံး​ကို ယူလိုက်တဲ့​ အဖြစ်အပျက်။

“တစ်​ ခြောက်လုံး​ဆိုတာက နိုဝင်ဘာ ၁၁ ရက် ၁၁ နာရီကို ယူတဲ့​ကိစ္စ အဲဒီအယူအဆ သမိုင်း​ကြောင်း​ ရှိတဲ့​အတွက် အခု လူ​တွေ အိုး​မဲ့​အိမ်မဲ့​ ဖြစ်တာ၊​ လက်နက်နဲ့​ထိပြီး​ ​သေကြတာ၊​ ဒုက္ခိတ ဖြစ်တဲ့​လူ​တွေ၊​ ​ထောင်ထဲမှာ အကျဉ်း​ကျ​နေတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ၊​ အစာငတ်ပြီး​ ​သေလု​မျောပါး​ ဖြစ်​နေတဲ့​လူ​တွေ၊​ ​သေခဲ့​တဲ့​လူ​တွေ ဒီဟာ​တွေ အကုန်လုံး​ကို ဗမာပြည်မှာ မရှိ​တော့​ဘဲနဲ့​ ​ကောင်း​တဲ့​ဘက်ကို ယူမယ်။ ​နောက်ပြီး​တော့​ အရင်တုန်း​က အင်ပါယာကြီး​တွေ ပျက်သွား​သလိုပဲ ဂျာမန်တို့​ ဘာတို့​ရဲ့​ အင်ပါယာကြီး​တွေ ပျက်သွား​ပြီး​တော့​ အသစ်​တွေ ဖြစ်လာသလိုပဲ ပြည်တွင်း​မှာ ရှိတဲ့​ လူနည်း​စု​တွေ၊​ ဘာသာလူမျိုး​ ကွဲတဲ့​သူ​တွေရဲ့​ သီး​သန့်​အ​ခြေအ​နေသစ်​တွေ ​ပေါ်လာသလို နိုင်ငံသစ် ပုံစံသစ် ငြိမ်း​ငြိမ်း​ချမ်း​ချမ်း​နဲ့​ ​ရှေ့​ကို ​ပြောင်း​လဲတဲ့​ ဖြစ်ရပ်​တွေ ဖြစ်မယ်လို့​ ကျ​နော်တို့​ ဒီ `တစ်´​ခြောက်လုံး​နဲ့​ ပတ်သက်တဲ့​ အယူအဆကို တိကျစွာ တင်ပြပါတယ်။

“ဗမာပြည် တခုတည်း​မဟုတ်ဘူး​ နိုင်ငံတကာအဆင့်​၊​ တိုင်း​တပါး​အဆင့်​တွေအထိ ထူး​ထူး​ခြား​ခြား​ ဖြစ်ရပ်​တွေ ဖြစ်မှာ။ ဖြစ်တဲ့​အခါမှာ အဓိက ရာသီခွင်နဲ့​ ​ပြောရမှာ ဂဏန်း​နဲ့​ ​ပြောလို့​မရဘူး​။ ​ပြောတဲ့​အခါမှာ ​မေ ၂၁ နှစ် ဇွန်၂ဝ ကြား​မှာ ​မွေး​တဲ့​ ​မေထုံရာသီမှာ ​မွေး​တဲ့​လူ​တွေ၊​ ​နောက် ​အောက်တိုဘာ ၂ဝ နဲ့​ နိုဝင်ဘာ ၂ဝ ကြား​ ဗြိစ္ဆာရာသီမှာ ​မွေး​တဲ့​ သူ​တွေနဲ့​၊​ ဇန်နဝါရီ ၂ဝ နဲ့​ ​ဖေ​ဖော်ဝါရီ ၁၉ ကြား​ ကုမ်ရာသီမှာ​မွေး​တဲ့​ သူ​တွေအတွက် သီး​သန့်​ ကံ​ကောင်း​ခြင်း​နဲ့​ တိုး​တက်ခြင်း​တို့​ ကြုံမှာကို သတ်မှတ်ပါတယ်။”

ကျ ​နော် နှစ်ဦး​ပိုင်း​က ​မေး​ထား​သလို​ပေါ့​။ ဆရာ အဲဒီတုန်း​က ​ပြောခဲ့​တာ တခုရှိပါတယ်။ ဒီ ၂၀၁၁ က အဆိုး​တွေ ထွက်ပြီး​တော့​ အ​ကောင်း​ဘက်ကို ဦး​တည်တဲ့​နှစ်၊​ အဆိုး​ထွက်မယ့်​နှစ်လို့​ ဆရာ​ပြောထား​ပါတယ်။

“မှန်ပါတယ်။ ဒါ​ကြောင့်​ ဒီအဆိုး​တွေ အဆုံး​သတ်ပြီး​တော့​ အခုန ကျ​နော် ​ပေး​ခဲ့​တဲ့​ လမ်း​ကြောင်း​ ဥပမာ​တွေ ရှိတယ်။ အဲဒီ အဆိုး​တွေအကုန် အဆုံး​သတ်ပြီး​တော့​ ​ကောင်း​ခြင်း​အသစ်တခုကို​တော့​ ​ရောက်ဖို့​ ​သေချာ​ပေါက် ​မျှော်လင့်​ချက် ရှိ​နေပါတယ်။ အား​လုံး​သော သူ​တွေကလည်း​ အ​ပြောင်း​အလဲ​တွေ ရှိလာလိမ့်​မယ်။ အဲဒီ အ​ပြောင်း​အလဲ​တွေကလည်း​ တမင်လုပ်ပြီး​တော့​ ​ပြောင်း​တာမျိုး​ မဟုတ်ဘဲ အ​ခြေအ​နေ အရပ်ရပ်မှာ ငြိမ်း​ချမ်း​မှုကို ဦး​တည်တဲ့​ သဘာဝ အ​ပြောင်း​အလဲ ​တွေကို ဦး​တည်တဲ့​ သဘာဝ ​တွေ့​ရပါတယ်။”

စကား ​လက်​ဆောင်အ​နေနဲ့​ အဲဒီ ၁၁၊​ ၁၁၊​ ၁၁ ဆုံတဲ့​နေ့​မှာ ရ ရက်သား​သမီး​တွေ အ​နေနဲ့​ ဘယ်လို အမှုကိစ္စမျိုး​တွေ ​ဆောင်ရွက်သင့်​တယ်ဆိုတာ ဆရာ အကြံပြုပြော​ပေး​ပါလား​ခင်ဗျ။

“အခြား​ ရာသီခွင်​တွေထက် ပိုပြီး​ ​မေထုံရာသီဖွား​တွေဟာ ဒီကာလက​နေစပြီး​တော့​ ဘဝရဲ့​ တိုး​တက်မှု​တွေ ​အောင်မြင်မှု​တွေကို စနစ်တကျ လုပ်ကိုင်သင့်​တယ်။ အထူး ​ဖြင့်​ ​မေထုံရာသီဖွား​ အမျိုး​သမီး​တွေက လုပ်သင့်​တယ်။ ဒီဘက်ရဲ့​ တိုး​တက်မှုကို ဖန်တီး​သင့်​တယ်။ သူတို့​ရဲ့​ တိုး​တက်မှု​တွေသာ ​ဆောင်ရွက်နိုင်ရင်​တော့​ ​မေထုံရာသီဖွား​တွေရဲ့​ ဥပမာ ​ဒေါ်​အောင်ဆန်း​စုကြည်က ​မေထုံရာသီဖွား​ အဲဒီ​တော့​ သူကသာ တကယ် လက်​တွေ့​ကျကျ ​ဆောင်ရွက်နိုင်ရင် ဒီ ၁၁ ရဲ့​ပါဝါဖြစ်တဲ့​ Justice ကို၊​ တား​ရော့​ နံပါတ် ၁၁ Justice and Strength ကို ရပြီး​တော့​ တိုး​တက်တဲ့​ လမ်း​ကြောင်း​တွေ ရသွား​နိုင်တယ်။ အဲဒီ​တော့​ သူလုပ်မယ်ဆိုရင်​တော့​ သူ့​ရဲ့​ လုပ်ရပ်​တွေ သူ့​ရဲ့​ သဘာဝ​တွေကို ဝိုင်း​အား​ပေး​ရမယ့်​ အ​နေအထား​ကို ပြည်သူလူထု လုပ်​စေချင်တဲ့​ သ​ဘော စကား​မှာချင်ပါတယ်။”(ဒီမိုကရက်တစ်မြန်မာ့အသံမှ)

13 comments

  • koyinmaung

    November 3, 2011 at 9:23 am

    ကိုရင်စည်သူရေ……
    တဦကစေတနာတဦကမေတ္တာရုပ်ရှင်ကားထဲက
    ကောလိပ်ဂျင်နေဝင်းပြောသလို ငှားပြောလိုက်မယ်
    (ဖြစ်ချင်တာမဖြစ်ရင် မဖြစ်ချင်တာတွေဖြစ်စမ်းကွာ) တဲ့
    နောက်..(တကယ်ဖြစ်ချင်တကယ်လုပ်အဟုတ်ဖြစ်ရမယ်)တဲ့လေ…..

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 3, 2011 at 9:27 am

    ဪကိုရင့်နှယ် 1.11.11 ကျော်တဲ့အခါ
    2.11.11 ဖြစ်မှာလေ
    ဟဲဟဲဟဲ အရဂါးနောက်ဒါ

  • ဆူး

    November 3, 2011 at 9:35 am

    အမလေး ဗေဒင် ဟောကိန်းနဲ့
    `ရုပ်ချောတယ်… သဘောကောင်းတယ်… စိတ်ဆတ်တယ်….. အကြွေးမဆပ်ဘူး… ငါးမွေးတယ်… အစာမကျွေးဘူး…ဆရာကြီးတော့မဟုတ်ဘူးတပည့်(၉)ယောက်ရှိတယ်…ဘယ်လောက်မှားမှား ဖင်ပိတ်ငြင်းတယ်….´

    တကယ်လို့ ဟောစတမ်း မှားခဲ့ရင် ဝမ်းပိတ်ဆေး ကြိုသောက်ထားပေါ့။ အငြင်းရသက်သာအောင်

  • ကြောင်ကြီး

    November 3, 2011 at 10:40 am

    တစ်ခြောက်လုံး
    နှစ်ပေါက်တုန်း
    without အမုန်း
    ဟစ်ဟောက်ချုံး….။

  • min min san

    November 3, 2011 at 3:40 pm

    I strongly hope to change all good ways for ppl and remain stable for ever ,,thanks you.

  • kai

    November 3, 2011 at 4:07 pm

    ကောင်းတာတွေဖြစ်မဲ့.. ဟောစာတန်းဆို.. ယုံသာယုံလိုက်.. အရှုံးမရှိဘူး..။
    အနည်းဆုံး… စိတ်ချမ်းသာရတာ အမြတ်ပဲ..။ :mrgreen:

    မကောင်းတာတွေဆို.. ဖင်ပိတ်သာငြင်း..။
    ဘယ်နှယ်.. မကောင်းပါဘူးဆိုနေမှ..
    စိတ်ထဲကကို လက်ကိုမခံနဲ့…။ 👿
    အဲဒီလို…တိုက်တွန်းပါကြောင်း…။

  • ပေါက်ဖော်

    November 3, 2011 at 8:03 pm

    အာရား..အာယား..
    တားတားလဲ မေထုန်ရာသီဖွားတာဘဲ..ငှဲ..ငှဲ..ငှဲ..

    အဘ မင်းသိင်္ခ ဆီတော့ တစ်ခါမှ မသွားဖူးပါဘူး..
    သူ ့တပည့်တော့ တော်တော်ဂျွတ်တယ်..တားရော့ခ် တွက်တာ….ကွက်တိပဲ 😆
    ကိုရင်စည်သူလဲ ဂျွတ်မှာပဲ….ဆိုတာယုံပြီးသား….ယုံပြီးသား
    😀

  • TTNU

    November 3, 2011 at 8:18 pm

    ကိုရင်ရေ
    တပည့်တော်တော့ သိပ်မယုံတတ်ဖူး။
    ၁၁.၁၁.၁၁ ဆိုတဲ့ ကိန်းဂဏန်းလေးကတော့
    ငါ့မှာ အဓိပ္ပါယ်တွေရှိလေရဲ ့ လို့ ပြောနေသလိုများလား။

  • naywoonni

    November 3, 2011 at 10:35 pm

    ဘာမှမလုပ်ရင် ဘာမှမဖြစ်ဘူး အဲဒါတော့စိတ်လက်ချနေ…။ ကိုင်ဇာ့သီချင်းလေးလိုပဲ…။ ” ထိုင်နေလို့တော့ ဘာမှဖြစ်မလာဘူး” တဲ့……….

  • NK

    November 4, 2011 at 10:06 am

    ဒါတွေကအယူအဆတွေလို့အပဲထင်ပါ၏

  • ba gyi

    November 4, 2011 at 3:02 pm

    ကိုရင်ရေ ကျုပ်က ကင်းမီးကောက်ရာသီဆိုတော့ စိတ်ကူးယာဉ်လို့ကောင်းလိုက်တာဗျ။
    11.11.2011 ဆိုတော့ ပေါင်းရင်တော့၊ ကိုင်ရို နည်းအရဆို (8) ဖြစ်လေတော့ (4) ဂဏန်းနဲ့မိတ်ဖက်
    (ဝါး) — အလှမ်းကျယ် အလည်တော့ မလပ်ပါစေနဲ့လို့ဆုတောင်းရမှာနော့။

  • windtalker

    November 6, 2011 at 10:13 am

    ဟိုးတုန်းက
    ၁၂.၁၁ မွေးလေးတွေ နဲ ့ ဇါတ်လမ်းဖြစ်ခဲ့ဖူးတာကို
    ပြန်သတိရမိသွားတယ် ဟွန် ့
    ကိုရင်လူဆိုး

Leave a Reply