အီလဲဗန်င်းမီဒီယာဂရုက သတင်းကိုဖတ်မိတာပါ။ အဲဒီမှာ ..ဒီလိုရေးပါတယ်..။

အင်တာဗျူးပြုလုပ်ချိန်တွင်  မေးခွန်းခုနစ်ခုခန့် မေးပြီးနောက် အဆိုပါသတင်းထောက်က”ပရိသတ်တွေက ပြောကြတယ်၊ ထက်ထက်မိုးဦး ဘ၀ကိုခဏခဏ ပြန်စနေရတယ်၊ အဲဒီဝေဖန်မှုတွေကို အစ်မ ဘယ်လိုခံစားရလဲ”ဟု မေးမြန်းချက် အပေါ်ထက်ထက်မိုးဦးက ”သွားလိုက်တော့၊ နင်သွားလိုက်တော့”ဟု ပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။

ထို့ကြောင့် သတင်းထောက် မအေးသူစံက သရုပ်ဆောင် ထက်ထက်မိုးဦးအား တောင်းပန်၍ ပြန်ထွက်လာခဲ့ရာ  ထက်ထက်မိုးဦးမှာ အပြင်သို့ အရင်ရောက်ရှိနေပြီး သတင်းထောက် မအေးသူစံအား ဤသို့မေးသည်မှာ သူ့အားစော်ကားခြင်း ဖြစ်ကြောင်း မည်သူမေးခိုင်းသလဲ၊ စာနယ်ဇင်းများ၏ နှစ်ပဲတစ်ပြားလစာကို သနားလို့ ဖြေနေခြင်း ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့ပြီး သတင်းထောက်အား ဆံပင်ဆွဲ၍ ပါးရိုက်ခဲ့ကြောင်း သိရှိရပါသည်။

မူရင်းကို.. ဒီမှာဖတ်ပါ။
http://www.news-eleven.com/

နောက်..အဲဒီမှာ..ကွန်မန်င့်တွေလိုက်ဖတ်ပါတယ်..။ လူတွေအစုံအလင်ရေးထားတာတွေ့ရပေမဲ့..ထူးခြားတာလေးတချို ကူးတင်ပေးလိုက်ပါတယ်။
လူတွေ အနှုတ်အများဆုံးပေးထားတာနဲ့..အပေါင်းအများဆုံးပေးထားတာရယ်။ အယ်ဒီတာရဲ့ ကွန်မန်င့်ရယ်ပါ။
ဒီစာတွေတင်ပေးရတာက..အယ်ဒီတာရဲ့..မှတ်ချက်ဖြစ်တဲ့..အောက်ကစာသားကြောင့်ပါ။
”PS . ဒီသတင်းကိုဂျာနယ်တွေမှာ ဖတ်ခွင့်ရတော့မှာမဟုတ်ပါဘူး။ မထည့်ဖို့တားထား တယ်လို့သိရပါတယ် ။“
လူတွေသိစေလိုရင်းနဲ့..မှတ်တန်းလေးကျန်ရစ်အောင်ရည်ရွယ်တာသာဖြစ်ပါကြောင်း..။


#42 Web Administrator 2010-05-21 13:36
သတင်းအင်တာဗျူးေ တွမှာ ထောက်တဲ့ (Cross Question)ဆိုတာ ရှိပါတယ်။ ဖြေတဲ့သူဟာ ကိုယ့်အကြောင်း ကောင်းကြောင်းတွေဖြေရှင်း၊ မဟုတ်တာလုပ်ပြီး သူတော်ကောင်းယော င်ဆောင်နေရင်၊ သူများကို လိမ်လည်လှည့်ဖြားဖို့လုပ်ရင် ထောက်တဲ့မေးခွန်းပါ။ ဒါဟာစော်ကားတာ မဟုတ်ပါဘူး။ ကျင့်ဝတ်နဲ့မညီ လုပ်တာမဟုတ်ပါဘူး။ ဥပမာ- CNN က Amanpour တို့ Larry King တို့ Q & A တွေကိုကြည့်ပါ။ သူတို့ဆိုရင် သာမာန် Celebrity တောင်မဟုတ်ဘူး။ နိုင်ငံခေါင်းဆောင်တွေတောင် ဒါကိုဖြေရပါတယ်။ သူတို့ စိတ်ဆိုးဒေါသထွက်ရင် သူတို့ဟာ မမှန်ကန်တဲ့သူတွေလို့ အများပြည်သူကယူဆ ပြီး သူတို့ပါးနပ်လိမ္မာရင် အပေါင်းလက္ခဏာပြ ကတာပါပဲ။ အခု မြန်မာဂျာနယ်တွေ ၊ မြန်မာစာနယ်ဇင်း တွေရဲ့ အကြောင်း မြန်မာနိုင်ငံကလူတွေမသိပါဘူး။ ထောင်ကျတာ မရှိရင်တောင် ခဏခဏ ခေါ်မေးခံရတာ၊ တရားရုံးမှာ တရားစွဲခံရတာ (အစိုးရဌာနတွေအပါအ၀င်)တရားရုံးအ ကြောင်း နည်းနည်းရေးရင် တရားရုံးမထီမြဲ့ မင်ပြုမှုနဲ့ တရားစွဲခံရတာ (News Watch ကဆိုရင် ထောင်တောင်ကျပါတ ယ်။)

အစိုးရမကောင်ြးေ ကာင်း၊ သူများမကောင်ြးေ ကာင်းရေးရင် သဘောကျပေမယ့် (ကောင်းတာရေးရင် အစိုးရကို ဖားတယ်ပေါင်းစား တယ်လို့ ပြောကြတယ်။)ကိုယ့်အကြောင်းရေးရင် စိတ်ဆိုးကြတာ လူ့သဘာဝပါ။ ဥပမာ-ခိုင်ရွှန်းလဲ့ရည် ကိစ္စရေးတယ်။ အများပြည်သူရဲ့အ ပေါ် ဆရာဝန်တွေဆေးခန်းတွေရဲ့ ဆက်ဆံမှု ပိုကောင်းလာတယ်။ ဒါပေမယ့် ဆရာဝန်လောကကအချို့က Eleven အပေါ် တိုက်ရိုက် (သို့) သွယ်ဝိုက်ပြီးတိုက်ခိုက်တာ ခုထိခံရတုန်း။ မီးလာချိန်ကို စနစ်တကျပေးဖို့ တနင်္လာနေ့ကရေးတယ် ။ လူတွေ အချိန်ပိုင်းမီး ရလာတယ်။ သောကြာနေ့ကစပြီး ရုံးရော ပုံနှိပ်စက်ပါ ၂၄ နာရီ မီးဖြတ်လိုက်တယ် ။
ဖုန်းခိုးပွားတာ တွေကို ကိုယ်တွေ့နဲ့ယှဥ်ပြီးရေးတယ်။ Eleven က ၂၅ သိန်းနဲ့ဝယ်ထားတဲ့ ဖုန်းနှစ်လုံး မြို့နယ်ပြောင်း တာ စည်းကမ်းနဲ့ မညီလို့ဆိုပြီး ဖြုတ်ခံလိုက်ရတယ်။ ခုထိပြန်မရဘူး။ ဆုံးရှုံးသွားတယ် ။ လူတိုင်းဝယ်လို့ ရတဲ့ ငါးသိန်းတန်ဖုန်းတောင် Eleven ဆိုရင် ၀ယ်လို့မရဘူး။ ကောင်းတာရေးရင် ရေးခံရတဲ့ဌာန၊ လူ၊ ပုဂ္ဂိုလ်၊ အဖွဲ့က ကျေနပ်တယ်။ မကောင်းတာရေးရင် ဖွတယ်။ ကျင့်ဝတ်နဲ့မညီဘူးလို့ ဆိုတယ်။ စာနယ်ဇင်းတွေရဲ့ ပိုင်ခွင့်ကိုကာ ကွယ်ရင် ကျီးကန်းတွေလို့ ကင်ပွန်းတပ်တယ်။ အခုကိစ္စမှာ ထက်ထက်မိုးဦးကို မစိုးရိမ်ပါနဲ့။ Eleven Media Group ရုံးရှေ့မှာ မူးယစ်ရမ်းကားဆဲ ဆိုပြီး ကိုယ်ထိလက်ရောက် ပြုမူဖို့ကြိုးစားတဲ့လူကို တရားရုံးက ဒဏ်ငွေ ၅၀၀-၁၀၀၀ ပဲချခဲ့တာပါ။ တရား ရုံးတွေက သတင်းထောက်တွေဘက်မှာ မရှိပါဘူး။ ဒဏ်ငွေပါပဲ။

Eleven ဟာ ကျီးကန်းမဟုတ်ဘူး။ မှန်ရင် အခုထိတစ်ယောက်ထဲ လုပ်လာခဲ့တာပါ။ မှန်တဲ့အတိုင်းပဲ ရှိပါမယ်။ ကျင့်ဝတ်သိက္ခာနဲ့ အညီရှိမှပါ။ မကြိုက်တဲ့မေးခွ န်းလေး မေးမိတာနဲ့ ဓာတ်ပုံလေးရိုက် မိတာနဲ့ အရိုက်ခံရ၊ အဖမ်းခံရ၊ အနှိပ်စက်ခံရဆို တာတော့ မဖြစ်သင့်ဘူး။ ကျွန်တော်တို့အားလုံးဟာ ဂျာနယ်ရောင်းကော င်းအောင်၊ ငွေရအောင် လုပ်နေတာ သက်သက်မဟုတ်ဘူး။ ဒီနှစ်ပြားတစ်ပဲ ငွေထက် တန်ဖိုးရှိတဲ့ လူထုအတွက် လုပ်နေတာ။ သတင်းမီဒီယာတွေကို ခင်ဗျားတို့အားလုံး ကိုယ်ချင်းစာနို င်ကြပါစေ။ သေချာတာက ကျွန်တော်တို့ဆီ မှာ ဒီမိုကရေစီမပြော နဲ့ လွတ်လပ်စွာ ပြောဆိုရေးသားခွ င့်နဲ့ အကျွမ်းတ၀င်မရှိ သေးဘူး။ ကျွန်တော်အခုလို ရေးတာ အယ်ဒီတာတစ်ယောက် ရဲ့ ခံစားမှုသက်သက်ပါ ။

အယ်ဒီတာတစ်ဦး

PS . ဒီသတင်းကိုဂျာနယ်တွေမှာ ဖတ်ခွင့်ရတော့မှာမဟုတ်ပါဘူး။ မထည့်ဖို့တားထား တယ်လို့သိရပါတယ် ။

=======

#37 KuuKuu 2010-05-21 11:43

မေးတဲ့သူအရမ်းလွ န်ပါတယ်။ ထက်ထက်မိုးဦးဆိုတာ အနုပညာ ရှင်ဖြစ်ပေမယ့် သူလဲမိန်းမသားတစ်ဦးပါ..
မေးတဲ့သူက မိန်းကလေးချင်းမို့ ပိုစာနာသင့်ပါတယ်၊ သူများရှေ့မှာ မျက်နှာရေနဲ့ပက် တာမျိုးနဲ့ဘာမှမ ထူးတဲ့မေးခွန်းပါ..
ထက်ထက်မိုးဦးမို့သာ ပါးဘဲရိုက်တာ… ကျေးဇူးတင်ရမယ်..
ဒါပေမယ့် စာနယ်ဇင်းသမားတွေဘာညာ..ပြောတာတော့ နဲနဲလွန် ပါတယ်။ အဲဒါကလည်း သူအရမ်းရှက်ပီး ထူပူပီး ပြောမိတာလဲဖြစ်နိုင်တယ်..
အဲဒီ သတင်းထောက်အမျိုးသမီး မေးခွန်းကို ကျွန်မသာဆို ဒီထက်တောင်ပိုလု ပ်မိလိမ့်မယ်။
ဘယ်သူမှ အဲလိုဘ၀မျိုးရွေးချယ်ခဲ့မှာလဲ.. ဖြစ်လာတဲ့အခြေနေ ကို ရင်ဆိုင်နေရတဲ့အ ခက်ခဲကြားမှာအဲလို အမေးခံရတာ ကိုယ်ထိလက်ရောက် စော်ကားတာထက်ပို ပြင်း ထန်ပါတယ်။
==============
#1 နေလင်းအောင် 2010-05-20 21:42

မပြောတတ်တော့ဆဲသ လိုတဲ့။ ကာလံသေဒံမကြည့်ဘဲ မေးသူကမေး။ ဒေါသကိုမထိန်းနိုင်ဘဲရိုက်သူကရိုက်။ အမှု့နိုင်နိုင် ရှုံးရှုံး သတင်းထူးတော့ရတာ ပေါ့။ မောင်ကိုကို(စက် မှု့တကသိုလ်)တို့ ကတော့ အောင်မြင်ဦးမယ် ။ အခန့်မသင့်ရင်ဆန်းဒေးတော့မှာတော င်ထည့်ဆွေးနွေးဦးမလားပဲ။သတင်းစာပညာမှာ stupid question ဆိုတာမရှိပေမယ့် ဒီနေ့ခေတ်သတင်းသ မား ဆရာ၊ ဆရာမလေးတွေ မေးနေတဲ့မေးခွန်းတွေမှာstupid question တွေကတော့ အများသား။
==============
#2 yan naing myo 2010-05-20 21:46

Let’s not forget celebrities are humans too. I hope the Burmese media will deal with this issue fairly and on humanitarian ground. Hopefully, neither party tries to exaggerate this matter and make a mountain out of a molehill.

This time, a celebrity has insulted a journalist. But, there have been many cases journalists insulted celebrities (e.g., Lay Phyu had to bear with stupid and bull***t questions from journalists so many times).

Htet Htet is wrong this time. No argument on that. But how about many previous cases whereas journalists insulted and exploited people under the cover of media license and the journalists’ rights?

When a dog bites a man, that is not news. When a man bites a dog, that becomes news. Now, there is news. Let’s wait and see how Burmese media will respond.

kai

About kai

Kai has written 942 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.