ဗိုလ်ကြောင်ဒင်ပြန်လာပြီ

ကြောင်လေးNovember 3, 20111min1329

ကြောင်လေးမအားဖြစ်နေတာတော်တော်ကြာပါပြီ                                                                      “မအား ဖြစ်” နေတယ်ဆိုတာကိုတမျိုးမတွေးလိုက်ပါနဲ့၊အလုပ်တွေ မအားမလပ်ဖြစ်နေတာကိုပြောတာပါ။                                    ၂၄ -၁ဝ မှာနောက်ဆုံးပို့စ်ကိုရေး ပြီးကတည်းက ခရီးတွေဆက်တိုက်သွားနေရပါတယ်၊ ဒေသဖွံ့ဖြိုးရေး စီမံကိန်းတစ်ခုအတွက်ပါ၊ ကြောင်လေးတစ်ခါကပြောခဲ့ဘူးတဲ့ ဦးရှင်ကြီးအဖေ ဘယ်သူလဲလို့ မေးတဲ့ရွာကို တစ်ခေါက်ထပ်ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ အုပ်ချုပ်ရေးမှူးက ပြောင်းနေတော့ စားသောက်ဆိုင်ကိုတော့            မရောက်ဖြစ်တော့ပါဘူး။ ဦးရှင်ကြီးအဖေဘယ်သူဆိုတာသိပေမဲ့ပြောပြခွင့်မရလိုက်ပါဘူး။ အဲဒီရွာရဲ့အနီးအနားရွာ (၃) ရွာကိုလည်းသွားရပါသေးတယ်။ နောက်ထပ်ရွာလေးရွာကိုလည်းတစ်ပတ် ပတ်ရပါသေးတယ်။ ဧည့်သည် တွေကလည်းတစ်ဖွဲ့ပြီးတဖွဲ့ရောက်ပါတယ်၊ အလုပ်တွေ ကူညီဆောင်ရွက်ရပါတယ်၊ အချက်အလက်တွေ ရှာဖွေပြီးအထက် ရုံးတွေကို ပို့ရပါတယ်။အဲဒါတွေပြီးတော့ ကျွန်တော်တို့တတွေ တစ်နှစ်ကိုတစ်ခါ မဖြစ်မနေ ဖြေရတဲ့ စာမေးပွဲကို ဖြေဖို့ ပြင်ဆင်ရပါတယ်၊ အခုက တစ်နှစ် ကို နှစ်ခါဖြေရမှာပါ။ အခုတစ်ခါတော့ဖြေပြီးသွားပါပြီ။ မနက်ဖန် ခရီးတစ်ခုသွားရပါဦးမယ်၊ ရွာတစ်ရွာကိုဆိုင်ကယ်နဲ့နေ့ချင်းပြန် သွားလို့ရတဲ့ခရီးပါ။ မိတ်ဆွေတစ်ယောက်အကူအညီတောင်းတဲ့အလုပ် တစ်ခုကိုလည်း လုပ်ပေးနေရပါသေးတယ်၊ မပြီးသေးပါဘူး၊တန်းလန်းကြီးပါ၊ ကျေးဇူးစားပြီးလုပ်ပေးတာပါ။

ရွာထဲကိုလည်းနှံ့နှံ့စပ်စပ်မရောက်ဖြစ်ပါဘူး၊ကြားထဲမှာ အားတဲ့အချိန်လေးခဏဝင်လည်လိုက်ပါသေးတယ်။ ပျောက်သွားတဲ့မိတ်ဆွေတွေကို   တမ်းတမ်းတတနဲ့ ဗျိုးဟစ်ပြီးအော်ခေါ်နေတဲ့ သူကိုလည်းတွေ့ခဲ့ပါတယ်။ တောမှာပျော်တဲ့ သတ္တဝါကို အိမ်မှာ အဖော်ခေါ်ထားမိလို့ လွမ်းကျန်ရစ်တဲ့သူကိုလည်းတွေ့ခဲ့ပါတယ်၊ ကျွမ်းဘားမယ်လေးတွေ သစ်ပင်ပေါ်မှာလေ့ကျင့်နေတာကို သွားချောင်းကြည့်တဲ့သူကိုလည်းတွေ့ပါတယ်၊ အဲဒီနောက်ပိုင်း မှတ်မှတ်ရရမရှိတော့ပါဘူး။ ကြောင်လေးအနေနဲ့ ရေးချင်တာတွေအများကြီးရှိပေမဲ့ ရေးဖို့ဘယ်လိုမှ  “မု” သွင်းလို့မရခဲ့ပါဘူး၊ နောက်ဆုံးရေးခဲ့တဲ့အကြောင်းတောင်မှ ရေးဖို့ရည်ရွယ်ချက်မရှိပါဘူး၊ ခရီးသွားဖို့ပြင်ဆင်နေရင်းမသွားခင်လေးမှာ ၊အချိန်သေချာမရတာနဲ့ မန့်မဲ့အကြောင်းအရာကိုပဲ ပို့စ်အဖြစ်ရေးလိုက်တာပါ၊တကယ်ရေးချင်တာက

ရွာထဲမှာသရဲအကြောင်းလေးတွေ ရေးတာတွေ့တော့ ကြောင်လေးသရဲလိုက်ခံတဲ့အကြောင်းရေးဖို့ပါ ၊ တစ်ရောက်ရေးတာကိုတွေ့လို့လိုက်ရေးတာတော့မဟုတ်ဘူးပေါ့၊ ကိုဖတ်လိုက်တဲ့အကြောင်းအရာတစ်ခုဟာ ကိုယ်ရဲ့မေ့ပျောက်နေတဲ့ အကြောင်းအရာတစ်ခုကို ပြန်သတိရသွားစေပါတယ်၊ ရွာထဲမှာစာဖတ်ရင်းနဲ့ပဲ ကုန်ကြမ်းရနေတဲ့သဘောပါ။

ကြောင်လေးအခုစာမေးပွဲနောက်ဆုံးနေ့ဖြေပြီးသွားပါပြီ၊ ဒါကြောင့် ရွာထဲဝင်ပြီး လက်အရှိန်လေးပြန်ယူလိုက်တာပါ။  ရွာထဲကစာတွေလည်းမဖတ်ဖြစ်ပဲအကြွေးတင်နေတာတော်တော်များသွားပါတယ်။ တော်တော်လည်းရေးအားကောင်းကြပါတယ်။ ကျွန်တော်နောက်ဆုံးရေးခဲ့တဲ့ စာမျက်နှာကနေအခုထိ စာမျက်နှာ (၁၀) ခု ဖြစ်သွားပါပြီ၊ လိုက်ပြီးရေကြည့်လိုက်တာ စာတစ်မျက်နှာ အပုဒ်(၃၀)ရှိပါတယ် ၊ ကျွန်တော်ရေးတဲ့စာမျက်နှာမှာကျွန်တော့နောက်မှာ (၈) ပုဒ်နဲ့၊ (၉)မျက်နှာက (၂၇၀) အားပါးပါး (၁၁)ရက်အတွင်းမှာ အပုဒ်ရေ (၂၇၈)ပုဒ်ရှိတယ်ဗျ။

အဲဒါတွေကို အချိန်တော်တော်ယူဖတ်ရဦးမှာပဲ၊ ရေးစရာတွေလည်းရှိပါသေးတယ်၊သရဲလိုက်ခံရတဲ့အကြောင်းနဲ့ ရေးလက်စ လူမစွမ်းနတ်မ တစ်ယောာက်အကြောင်းရယ်ပါ။ ခပ်ကြောင်ကြောင်ရေးစရာလေးတွေကလည်းရှိနေသေးတယ်၊မူလတန်းသင်ရိုးညွှန်းတန်းမှာထည့်သွင်းဖော်ပြရမဲ့စာတစ်ပုဒ်ရယ်၊ ဝပ်ရှော့ပိတ်ချင်နေပြီဖြစ်တဲ့ ညီအကိုနှစ်ယောက်အကြောင်းရယ်ကိုတော့ အေးဆေးမှပဲရေးပါတော့မယ်ခင်ဗျာ။

9 comments

  • ပေါက်ဖော်

    November 3, 2011 at 9:07 pm

    ရွာမှန်မှန်တက်..စာမခက် မိုလို ့.စာမေးပွဲတော့ ဖြေနိုင်မှာပါနော့်..
    🙄

    • etone

      November 4, 2011 at 1:28 pm

      ရွာမှန်မှတ်တက်
      စာတွေဖတ်
      သားသားဦးနှောက်ပျက်
      မပျက်ပါနဲ့ သားသားရယ်
      ပွိုင့်ယူရဦးမယ်
      ပွိုင့်ရဖို့အရေး စာလျှောက်ရေး
      နောင်ဆယ်နှစ်အထိမသေချာသေး 😛
      မျှော်နေရင်းနဲ့ ဝေးးးးးးး

      ဟီးဟီးပေါက်ဖော်ရဲ့ စာကြောင်းလေးကို ဖတ်ပြီး ရေးမိရေးရာရေးလိုက်တာ ….(ချိတ်ချိုးနဲ့နော် ဟဲဟဲ 😛 ) ရွာထဲကလူတွေ ၊ ပွိုင့်မျက်နှာနဲ့ စာရေးကြတာ မဟုတ်မှန်းသိပါတယ် … ဘာလို့လဲဆိုတော့… အားလပ်ချိန်နဲ့ အင်တာနက်ဆိုင်ကိုပေးရတဲ့ အဖိုးခက ပိုပြီးများပြီး သံယောဇဉ်တွေနဲ့ ရေးဖတ်နေကြလို့ပါပဲ … 😀

  • J.me

    November 3, 2011 at 9:17 pm

    မရေးဖြစ်တာ လက်မအားလို့ပေါ့နော် ၊
    လက်ကလေးအားပြီ ဆိုရင်ဖြင့် ဗိုလ်ကြောင်ဒင် လေး ရေးမဲ့ စာလေးတွေ စောင့်ဖတ်
    နေပါ့မယ် ။

  • koyinmaung

    November 3, 2011 at 9:33 pm

    ဗိုလ်ကြောင်ဒင်ပြန်လာပြီဆိုပါလား…ရွာထဲကြောင်တကောင်ပြန်တိုးလာတာပေါ့
    ဝမ်းသာပါတယ်…ကြိုဆိုနေပါတယ်

  • naywoonni

    November 3, 2011 at 10:31 pm

    ဗိုလ်ကြောင်ဒင်ပြန်လာရင် ကိုယ့်အီအီးကိုယ် သေချာဖုံး ….။ မဖုံးနိုင်မဖိနိုင်နဲ့ဆို ကြောင်အီအီးကပိုနံတယ်ပြောတာပဲ…။ ဝမ်းနှုတ်ဆေးလဲ သိပ်မစားနဲ့ဦး…။ တိလား…။ ဒါပဲပြောမယ်…………….. ဟီးးးးး နောက်တာ……….. 😛

  • Shwe Ei

    November 4, 2011 at 9:20 am

    အော် ရေးတော့မှာလားလို့ အားပါးတရဖတ်နေတာ။ အင်ထရိုဖြစ်နေသကိုး။ ဦးရှင်ကြီးဒေသ အလွမ်းပြေ စောင့်မျှော်ဖတ်ရှုပါမယ်လို့။

  • windtalker

    November 4, 2011 at 9:45 pm

    ဒိုင်းကညောင့် ၊ ဒိုင်းကညောင့်
    ဟ..ဘာသံတွေလဲ ဟ
    ရွာထိပ်မှာ ကလေးဗိုလ် ဗိုလ်ကြောင်ဒင် တစ်ယောက် ဗြောက်အိုးဖောက်သံတွေ ပါ
    🙂

  • small cat

    November 4, 2011 at 10:41 pm

    ရွာထဲကလူတွေ ၊ ပွိုင့်မျက်နှာနဲ့ စာရေးကြတာ မဟုတ်မှန်းသိပါတယ် … ဘာလို့လဲဆိုတော့… အားလပ်ချိန်နဲ့ အင်တာနက်ဆိုင်ကိုပေးရတဲ့ အဖိုးခက ပိုပြီးများပြီး သံယောဇဉ်တွေနဲ့ ရေးဖတ်နေကြလို့ပါပဲ

    သေချာတာပေါ့ဒေါ်အိတုန်ရယ်…ကြောင်လေးက ကြောင်လတ်လို မညစ်ပတ်ပါဘူး ကိုနေလုံးနီရေ….
    ကိုပေါက်ဖော်ရေ စာမေးပွဲကတော့ ဖြေနိုင်တယ် ၊ အောင်စာရင်းကတော့မထွက်သေးဘူး..ကိုပေရေ ဗိုလ်ကြောင်ဒင်သေနတ်က ကိုက်နှစ်ရာမှာရှိတဲ့ ဖြုတ် ရဲ့ ဘယ်ဘက်အလုံးကိုထိအောင်ပစ်နိုင်တယ်နော်(မျက်လုံး) လွတ်အောင်ရှောင်…
    ဖတ်ဖို့စောင့်နေတဲ့သူတွေအတွက် intestine cat cat တွေရေးဖို့အသင့်ပါဗျာ။

  • ကြောင်ကြီး

    November 6, 2011 at 1:15 pm

    ကြောင်ဒင်ပြန်လာ
    ဖောင်ပြင်ဖန်ရှာ
    ဒေါင်ဒင်ညံတာ
    မောင်ခင်သန်မာ…။ 😮

    ဝဲကမ်းဘက်ပါ စမောကက်ရေ။ ခင်ဗျားတက်ခဲ့တဲ့ သင်တန်းနှစ်ခုကို အတပ်ပြောလိုက်မယ်။ ထောက်လှမ်းရေးနဲ့ စစ်ကြောရေး။ ထောက်လှမ်းရေးမွမ်းမံသင်တန်း အတွက်က ဘတ်စ်ကားမျိုးစုံ ရုံးဆင်းရုံတက်ချိန် လိုက်စီးရတယ်။ စစ်ကြောရေးအတွက်က လက်ဝှေ့ရုံမှာ သဲအိတ်ထိုး ကျင့်ရတယ်။ ဟုတ်တယ်ဟုတ်…. လိမ်ရင်နှစ်ပြစ်နော် 😛

Leave a Reply