စိတ်မဆိုးဘူးဆိုရင်ပြောချင်တယ်

kkkNovember 4, 20111min37218

MG မှာရေးထားတဲ့စာတွေကိုဖတ်ရတာ ကောင်းတာတွေအများကြီးလေ့လာရပါတယ်။အဲဒီလိုပဲ တချို့စာတွေကိုဖတ်ရတာ အားမရလို့ဒီစာကိုရေးတာပါ။
အများစုက ကောင်းပါတယ်။ဘာသာရေးဆိုင်ရာတွေ၊ဆေးသိပ္ပံဆိုင်ရာတွေနဲ့ သိသင့်သိထိုက်တဲ့ဆောင်းပါလေးတွေ ရေးတာတွေ့လို့ကျေးဇူးတင်ပါတယ်။
တချို့စာတွေဖတ်ရတာက အကြောင်းအရာမယ်မယ်ရရမရှိ၊တိုင်စာလိုလို၊ပစ်စာလိုလို၊အချက်အလက်ခိုင်ခိုင်မာမာမရှိ ဘာမှန်းမသိတဲ့စာတွေဖတ်ရတာစိတ်ပျက်လို့
ပြောတာပါ။ရေးသားသူတို့ရဲ့ အတွေ့အကြုံ၊IQ ၊ဗဟုုသုတမတူတာကိုတော့လက်ခံပါတယ်။အကျိုးမရှိတဲ့စာတွေဖတ်ရတာ အရသာမရှိသလို မတင်စေချင်ဘူး
ပြောချင်တဲ့အချက်အလက်၊အကြောင်းအရာကို ပြည့်စုံအောင်လေ့လာပြီးပြောတော့ ပိုပြည့်စုံတာပေါ့။
ဒီထက်ပိုပြည့်စုံတဲ့ အချက်အလက်၊အကြောင်းအရာတွေရေးသားနိုင်ပါစေလို့ ဆန္ဒပြုပါတယ်ခင်ဗျား…။

18 comments

  • ပေါက်ဖော်

    November 4, 2011 at 10:39 am

    Eleven ကလား မသိဘူး..
    😆

    • etone

      November 4, 2011 at 11:52 am

      မဟုတ်ဘူး ……………420 ပါ ……. 😀
      အိမ်နံပါတ်ပြောပါဒယ် … :mrgreen:

      • AKKO

        November 5, 2011 at 10:57 am

        စိတ်မဆိုးဘူးလို့ပြောပြီး ကြိတ်ဒေါကီးသွားပုံရတယ် e ရေ ။
        သိပ်မနောက်နဲ့ကွ ။ ရွာအထာမသိတဲ့ လူဆို အမုန်းခံရကိန်းတော် ။ e ကြပ်ကြပ်သတိထား ။

  • kkk

    November 4, 2011 at 10:56 am

    အလဲဗင်းကမဟုတ်ဘူး အလင်းပဲ ကပါ

  • ပေါက်ဖော်

    November 4, 2011 at 11:12 am

    ရွာအကျိုးမျှော်ကိုးပြီးသကာလ
    အလင်းတံဆိပ် ပဲတစ်အိတ် လှူဒါန်းသွားပါတဲ့..
    ဂျင်းဂဲလေး..ကျွတ်ကျွတ်ကျော်အား..
    လင်းဆွဲလေး တစ်ပွေနဲ ့..နွှဲစေသတည်းဗျာ

  • ba gyi

    November 4, 2011 at 11:24 am

    ရွာအကျိုးမျှော်
    နှိုးဆော်သူဖြစ် သဖြင့်၊
    သူကြီးမင်းရေ —
    အမျိုးတော်သူအဖြစ် သတ်မှတ်လိုက်ပါဗျား —။
    ( ရပ်ဆွေ၊ရပ်မျိုးပြောတာ—- ။)

  • manawphyulay

    November 4, 2011 at 11:51 am

    ကဲ နှိုးဆော်တဲ့သူက ရှေ့က ဦးဆောင်ဖို့ kkk ကို အရင်ဆုံးတိုက်တွန်းလိုက်ပါတယ်နော်။ ဒီတော့ အားလုံးအကျိုးရှိစေမယ့် ပိုစ့်လေးတွေကို စာဖတ်သူအနေနဲ့ စောင့်မျှော်ဖတ်ချင်လို့ပါရှင်။

  • GreeNSheeP

    November 4, 2011 at 12:39 pm

    စိတ်ဆိုးမဆိုး သိရအောင်
    ဘယ်ပို ့စ် ဆိုတာ ခေါင်းစဉ်တပ်ရေးပြပါလား ။
    ဒီမှာ ရေးနေတာ အားလုံး တော်တော်များများ ဖတ်ရတာ အဆင်ပြေတာဘဲ
    ကဗျာ ခိုးကူး တဲ့ တစ်ယောက်က လွဲရင်ပေါ့
    ကေကေကေ ကော ဘယ်လောက် ရေးတတ်သလဲ
    ဖတ်ကြည့်ချင်စမ်းပါဘိ

  • True Answer

    November 4, 2011 at 1:55 pm

    ဘီသူ့ကို စောင်းပြောတာလဲကွ။

    ဆိုးတယ်ကွ ဆိုးတယ် (စိတ်) ……..

  • chityimhtoo

    November 4, 2011 at 2:38 pm

    တဂျီးများရုပ်ဖျက်ပြီးဝင်ရေးတာလားမတိဘူး။……:P

  • AKKO

    November 4, 2011 at 4:57 pm

    စိတ်မဆိုးလျှင် ပြောချင်တယ်
    စိတ်ဆိုးလျှင် ထသတ်ချင်တယ် (နပမ်း) 😀

  • rapperlay

    November 4, 2011 at 10:03 pm

    ဆရာကြီးလေသံပေါက်တယ် ဟုတ်ကဲ့ပါဆကရာကြီး မလိမ်မိုးမလိမ်မာလေးတွေမို့
    ခွင့်လွှတ်တော်မူ ။ kkk ဆရာကြီးရေ့ ။

  • small cat

    November 4, 2011 at 11:16 pm

    ကျွန်တော့်ကိုပြောတာဖြစ်မယ်ထင်တယ်။
    ကျွန်တော့်ကိုကျွန်တော်ပြန်တွေးမိခဲ့တဲ့အဖြစ်က သူပြောတာနဲ့ နဲနဲ တူနေတယ်။
    အော် အရေအရအဖတ်မရတွေ ရေးတဲ့ငါပါလားလို့ လေ၊တကယ်ပါ
    ဒါပေမဲ့ ဒီလောက်ပဲရေးတတ်လို့၊မရေးရ ရင်လည်းမနေနိုင်လို့
    အရေမရအဖတ်မရပဲ ဆက်ရေးနေပါဦးမယ်၊
    သိခံပြီးသာဖတ်ကြလေ လော့။

  • kkk

    November 5, 2011 at 10:16 am

    MG မှ သူကြီးနှင့်တကွ ဝိုင်းတော်သားများ၊ဝေဖန်တဲ့ ရွာသားများအားလုံးကိုကျေးဇူးတင်ပါတယ်
    အပြုသဘောနဲ့ဝေဖန်တာဖြစ်ပြီး ဘယ်သူ့ကိုမှ ရည်ရွယ်ပြောတာမဟုတ်ပါ။
    ရွာသန့်ရှင်းသာယာလှပရေးအတွက် အကြံပေးတာပါ။ဆက်ရေးကြပါဦး။ကျွန်တော်လည်းစာဖတ်ပရိတ်သတ်
    တစ်ဦးပါ။ဆရာကြီးမဟုတ်ပါဘူး။ကိုရင်စည်သူပြောသလို တပည့်(၉)ယောက်တော့ရှိတယ်။ကောင်းစေချင်တဲ့
    စေတနာနဲ့ပြောတာမို့ စိတ်မဆိုးဘူးဆိုရင်တော့ ထပ်ပြောပါဦးမယ်။ကျေးဇူးတင်ပါတယ်…….။

  • ကြောင်ကြီး

    November 5, 2011 at 10:41 am

    Ku Klux Klan
    သူပက်ရန်တော့
    ဘယ်သူထွက်
    အဆံတယ်မှတ်လည်း
    သဂျီးလေ သဂျီး 😥
    ကွန်းမန့်တက်လေတိုင်း
    ရတက်ပွေသိုင်းလို့
    သက်ရှည်ကိုင်း
    မဖြစ်မှာစိုးရတယ်
    ဆေးမှန်မှန်သောက်…။ 😀

  • windtalker

    November 5, 2011 at 11:32 am

    ဘယ်သို ့ဘယ်ပုံ
    ဘယ်လို ရည်ရွယ်
    ဘယ်ကို ညွှန်းဆို
    ကြောင်းကျိုးမှန်ကို
    သေချာပြူးကြည့်မိတော့
    သူ ့လက်ထဲ မှာ
    ဝါးလုံးရှည် နဲ ့ပါတကား

  • mgkyi

    November 6, 2011 at 5:04 pm

    စိတ်မဆိုးဘူးဆိုရင် ကိုယ်စား တစ်ယောက်အတွက်ပြောချင်တယ်
    kkk username နဲ့ပါတ်သက်လို့ သူဂျီးဆီကိုမေးပို့စရာရှိပါတယ်
    အသိတစ်ယောက်မှာ username kkk account ပျောက်နေပြီ
    ပြဿနာတော့ဖြစ်ပြီ သူဂျီးရေ

  • mg wine

    November 6, 2011 at 9:16 pm

    ပြောတာကိုသဘောတွေ့ပါတယ်ဒါပေမယ့်ဒီအထဲမယ်
    ကိုယ့်လူပြောသလိုအချက်အလက်ကပြည့်စုံအောင်
    သတင်းစည်းကမ်းအတိုင်းရေးကြတာပါပဲ
    အိုင်ကျူနည်းတာတော့မဟုတ်ဘူးအိုင်ကြူမြင့်တာပဲလို့
    ဆိုချင်ပါတယ်။သူကြီးကလည်းစာမူခပေးတာနည်းတာလည်းပါမယ်။
    နောက်တခုကိုယ့်လူဝါသနာနဲ့မကို်က်တာလေးတွေတော့သည်းခံဒကာတော်
    ကျုပ်တို့ကလည်းဒီတခုပဲအားထားရတာပ။
    စာနယ်ဇင်းသမားပီသအောင်တော့လုပ်ဆောင်ပါ့မယ်။
    ကျေးဇူးတင်ပါတယ်။

Leave a Reply