မိန့်ဇ် – စတုဂတ် ပွဲအတွက် ခန့်မှန်းသုံးသပ်ခြင်း

khinmintatthuNovember 4, 20111min912

ဂျာမနီ ဘွန်ဒက်စ်လီဂါပွဲစဉ် ၁၂ ရဲ့ အစောဆုံးပွဲစဉ်မှာ အမှတ်ပေးဇယားအဆင့် ၆ မှာရှိတဲ့ စတုဂတ်အသင်းနဲ့ အဆင့် ၁၅ ရောက်ရှိနေတဲ့ မိန့်ဇ် အသင်းတို့ ဆုံတွေ့တဲ့ပွဲဖြစ်ပါတယ်။ နောက်ဆုံးတွေ့ဆုံယှဉ်ပြိုင်ကစားခဲ့တဲ့ မိန့်ဇ်ရဲ့အိမ်ကွင်း ၃ ပွဲမှာ ၁ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံးရလဒ်များထွက်ပေါ်လာခဲ့ပေမယ့် ၂၀၁၁-၁၂ ရာသီမှာတော့ ရလဒ်များဆိုးဝါးနေတဲ့ မိန့်ဇ်ကိုတော့ ယုံကြည်ရဖို့ ခက်ခဲနိုင်ပါတယ်။ မိန့်ဇ်အသင်းရဲ့ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ၆ ပွဲမှာ ၂ ပွဲသရေကျထားပြီး၊ ၄ ပွဲရှုံးထားပါတယ်။ ၆ ပွဲမှာ ၆ ဂိုးသာသွင်းယူနိုင်ခဲ့ပြီး ၁၂ ဂိုးပြန်ပေးခဲ့ရတဲ့ မိန့်ဇ်နောက်တန်းကလည်း ယုံကြည်လို့ မရနိုင်သေးပါဘူး။ စတုဂတ်အသင်းကတော့ နောက်ဆုံး ၆ ပွဲမှာ ၃ ပွဲနိုင်၊ ၂ ပွဲသရေနဲ့ ၁ ပွဲသာရှုံးထားတဲ့အသင်းဖြစ်တာကြောင့် မိန့်ဇ်လိုခြေစွမ်းမတည်ငြိမ်သေးတဲ့အသင်းနဲ့ တွေ့ဆုံတဲ့အခါမှာ ခြေစွမ်းပိုင်းအသာနဲ့ ကစားသွားဖို့ရှိနေပါတယ်။

မိန့်ဇ်ရဲ့ အိမ်ကွင်းစွမ်းဆောင်နိုင်မှုက ၆ ပွဲကစားပြီးရာတွင် ၁ ပွဲသာအနိုင်ရထားပြီး ၅ ပွဲတိတိရှုံးထားပြီး သွင်းဂိုး ၆ ဂိုးနဲ့ ပေးဂိုး ၁၄ ဂိုးရှိနေပြီး အဆင့် ၁၆ နေရာတွင် ရပ်တည်နေတဲ့ အိမ်ကွင်းအညံ့ဆုံး အသင်းအဖြစ်ရပ်တည်နေပါတယ်။
16 Mainz 6 1 0 5 6:14 3

စတုဂတ်ရဲ့ အဝေးကွင်းစွမ်းဆောင်နိုင်မှုမှာ
4 VfB Stuttgar 5 2 2 1 7:5 8

စတုဂတ်ရဲ့ အဝေးကွင်းစွမ်းဆောင်ရည်ကိုကြည့်မယ်ဆိုရင်တော့ ၅ ပွဲကစားပြီးချိန်မှာ ၂ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၁ ပွဲရှုံးရလဒ်ဖြင့် အဝေးကွင်းစွမ်းဆောင်မှုအကောင်းဆုံးအသင်း အဆင့် ၄ နေရာတွင် ရပ်တည်မှုရရှိထားသော အသင်းဖြစ်ပါတယ်။ သွင်းဂိုး ရ ဂိုး၊ ပေးဂိုး ၅ ဂိုး ပေးထားရသော အသင်းဖြစ်ပါတယ်။
ယခုညတွင်တွေ့ဆုံမယ့် မိန့်ဇ်နဲ့ စတုဂတ်အသင်းတို့ပွဲစဉ်မှာ စတုဂတ်အသင်းရဲ့ တိုက်စစ်မှူးတွေဖြစ်ကြတဲ့ မာတင်ဟာနစ်၊ အိုကာဆာကီ၊ ကာကူတို့ရဲ့ တိုက်စစ်အတွဲနဲ့ ၄-၃-၃ ပုံစံနဲ့ ကစားသွားခဲ့မယ်ဆိုရင် စတုဂတ်အတွက် အနိုင်ရဖို့သေချာနေပါတယ်။ ထိုတိုက်စစ်မှူးတွေသာ ဂိုးသွင်းခြေစွမ်းရှိမယ်ဆိုရင်တော့ ဂိုးလည်းပြတ်သွားနိုင်ဖို့ရှိနေပြီး အနိုင်ကတော့ စတုဂတ်ဘက်မှာသေချာနေပါတယ်။ နှစ်သင်းပေါင်း ဂိုးလည်း များသွားဖို့ရှိပါတယ်။ စတုဂတ် ၃ – ဝ လို့ ဆိုရင် မမှားလောက်ဘူးလို့ထင်တယ်။

အင်တာနက်ခန့်မှန်း မိန့်ဇ် ၁ – ၂ စတုဂတ်

2 comments

  • windtalker

    November 4, 2011 at 9:39 pm

    ဒီနေရာမှာတော့ မိန် ့ဇ် နဲ ့ဂိုးပေါင်းအောက် ကြိုက်မိတယ်ဗျ

  • khinmintatthu

    November 5, 2011 at 9:28 am

    windtaler နဲ့ ကျွန်တော်နဲ့ ပေါင်းလိုက်ရင်တော့ အဆင်ပြေမယ်နဲ့တူတယ်…. သူငယ်ချင်းက မိန့်ဇ်ကိုရွေးတယ်… ကျွန်တော်က ဂိုးပေါင်းမှန်တယ်ဆိုတော့လေ

Leave a Reply