ဒီလိုဖြစ်နေတယ်၊ ကောင်းလား

panpanNovember 4, 20111min17713

တကယ်ပါ
ကလေးတွေ တတ်ကြပါတယ်၊ ဉာဏ်ကောင်းပါတယ်
ကျမတို့ငယ်ငယ်က (အလယ်တန်းကျောင်းသူဘဝ)တုန်းက
ကျောင်းမှာ မြန်မာ့ကျောင်းသားသီချင်း သင်ရတယ်
အဲဒါကို ကျောင်းသားတွေ ပြန်ဖျက်ဆိုကြတယ်
ငယ်ငယ်လေးကတည်းက မသင်ပဲသိနေတာလေ
ဒါကို ဘယ်လိုမြင်ကြလဲလို့ 🙄
ကောင်းလား၊ ဒါမှမဟုတ်အပျက်လား

မြန်မာ့ကျောင်းသား နိုင်ငံတော်အတွင်း အထင်အလင်းရှိရမည်
စည်းကမ်းသေဝပ်ခြင်း အရင်းပြုသည်
ဝီရိယလည်း ရှိရမည်
ကိုယ်ကျင့်တရား ဧကန်မှန်ပေသည်
အများရှုစရာ တရားမှုကာ သနားကရုဏာပိုပါသည်
(အများရှုစရာ တရားမှုကာ သနားကရုဏာပိုပါသည်၊ အဲဒီစာသား နည်းနည်းလွဲမလားမသိပါ၊ အပြောင်သီချင်းပဲ သေချာမှတ်မိနေတယ် :mrgreen: )
ယဉ်ယဉ်ကျေးကျေး လွန်သိမ်မွေ့ပါသည်
ပညာတိုးတက်စေမည်
နိုင်ငံတိုးတက်စေမည်
ဒို့အမျိုးဇာနည် ပီပါပေသည်
မြန်မာကျောင်းသား ပညာရေး ကျန်းမာရေးသည်

မြန်မာ့ကျောင်းသား နိုင်ငံတော်အတွင်း စော်လိုက်ရှိုတ်ရမည်
ရှိုတ်တဲ့စော်ကလည်း ချောရမည်
ပိုက်ဆံလည်း ရှိရမည်
ကိုယ်ကျင့်တရား ဧကန်မှန်ပေသည်
အရက်သောက်ကာ ဖဲရိုက်ကာ မတရားမှုမှာပိုပါသည်
ယဉ်ယဉ်ကျေးကျေး လွန်စွာဆဲပါသည်
ဆိုင်မှာ အရက်သောက်ပါသည်
အိမ်မှာ ဖဲရိုက်ပါသည်
ဒို့အမျိုးဇာနည် ပီပါပေသည်
မြန်မာကျောင်းသား ပညာရေး ကျန်းမာရေးသည်

13 comments

  • etone

    November 4, 2011 at 3:39 pm

    ကမာ္ဘမကြေသီချင်းကိုတောင် အပေါ်ဆုံးစာပိုဒ် တပိုဒ်ထပ်ထည့်တာ သိပ်ကျေနပ်ခဲ့တာမဟုတ်ပေမယ့် … ကျောင်းသား အားလုံး သံပြိုင်ဆိုရတော့ လိုက်ဆိုကြဖူးတယ် … ။
    အခု ပန်ပန်ရေးပြတာက မြန်မာ့ကျောင်းသား ဆိုတဲ့ သီချင်းလေ … ကျောင်းနဲ့ပတ်သတ်တဲ့ ပွဲတော်တွေမှာ သုံးခဲ့တယ် …. အဲ့ဒီအချိန်ကတည်းကိုက … အမျိုးမျိုး …သီချင်းဖျက်ပြီး ဆိုလာကြတာ … ရယ်တော့ရယ်နေရတယ် ခေတ်အဆက်ဆက် … ဖျက်ဆိုတုန်းပဲ … ။

    မှတ်မှတ်ရရ နှစ်ဆယ့်တစ်ရာစုရဲ့ အစက (ဘာပွဲလည်း မမှတ်မိတော့ဘူး 😀 ) ကျောင်းသားစုံညီပွဲထင်တာပဲ သုဝဏ္ဏမှာလုပ်တယ် … အဲ့တုန်းက သီချင်းတပုဒ်ကလည်း သူများတွေ ဖျက်ဆိုတာ အတော်ရယ်စရာကောင်းတယ် … ။ ဘာတဲ့ … ။

    ဆိုတဲ့ သီချင်းကို ပေါက်ပေါက် ရှာရှာ လျှောက်ဆိုတာ … အရမ်းရယ်ရတယ် … မမှတ်မိတော့လို့ ရေးမပြတော့တာ 😀

    • pan pan

      November 4, 2011 at 4:13 pm

      မှတ်မိသလောက် ပြန်တွေးပြီး ရေးတင်ပါဦးအစ်မ
      ဖတ်ပြီးရယ်ရတာပေ့ါ၊ ဗဟုသုတလည်း ရမှာ
      ကျောင်းသားတွေ တော်တော်တတ်တယ်
      ဘာတွေလဲဆိုတော့…..(သိရအောင်)

  • inz@ghi

    November 4, 2011 at 3:42 pm

    တို့တေဇလူငယ်
    ဆေးခြောက်ရှူပါတယ်
    ဖန်ဆီဒိုင်းလေး ချလို့ကာရယ် ဖဲလည်းရိုက်တတ်တယ်
    ကျောင်းဆြာမ လာရင် ခွနဲ့ဆော်ပါမယ်
    နောင်တချိန်မှာဆိုရင်

    မိန်းမခိုးပြေးမယ်…
    ဒန်ဒန့်ဒန်
    ပန်ပန့်ပန်…

    • Diamond Key

      November 4, 2011 at 4:08 pm

      ကိုဇာ၊ ဘာလိုကြီးလဲ။
      နောင်တချိန်မှာဆိုရင် မိန်းမခိုးပြေးမယ်… (ပန်ပန်) ???

      • AKKO

        November 4, 2011 at 4:48 pm

        ထက်ထက်မိုးဦးကို အားကျလို့ ပန်ပန်လို့ အော်တာဖြစ်ရမယ် 😀

    • pan pan

      November 4, 2011 at 4:15 pm

      ဘယ်နားက ပန်ပန့်ပန်ကပါလာရတာတုန်း
      သူ့ဘာသာ ဒန်ဒန့်ဒန်တင်ရပ်တာမဟုတ်ဘူး
      😡 😀

  • ပေါက်ဖော်

    November 4, 2011 at 4:52 pm

    ကောင်းတယ်..
    မဟုတ်တဲ့နေရာမှာ..ကောင်းကြတာ..ကိုပြောဒါ
    😆

  • windtalker

    November 4, 2011 at 8:16 pm

    အွန် ဒါမျိုးတွေ လည်း ရှိခဲ့တာလား

  • naywoonni

    November 4, 2011 at 8:16 pm

    အသစ်ကိုတည်ထွင်ကြချင်တာပါ…။ သူတို့လေးတွေနဲ့ သင့်အောင်ပေါင်းပြီး တည့်မတ်ပေးနိုင်မယ်ဆိုရင် အတိုင်းထက်အလွန်ဖြစ်မှာပါပဲ…။ ဟန့်ထားတဲ့သူ ပိတ်ပင်တဲ့သူတွေနဲ့ချည့်တွေ့တွေ့နေလို့ သူတို့လေးတွေရဲ့ ဆန်းသစ်တည်ထွင်မှုကို မမြင်ကြရတာဝမ်းနည်းစရာကောင်းပါတယ်…။

  • small cat

    November 4, 2011 at 11:29 pm

    “ပညာတိုးတက်စေမည်
    နိုင်ငံတိုးတက်စေမည်
    ဒို့အမျိုးဇာနည် ပီပါပေသည်
    မြန်မာကျောင်းသား ပညာရေး ကျန်းမာရေးသည်”

    “သင်္ချာ ….ခိုးချပါမည်၊
    မြန်မာစာ….ခိုးချပါမည်
    ဒို့သူခိုး.ဇာနည်….တော်ပါပေသည်
    မြန်မာကျောင်းသား၊ ပညာရေးသိ်ပ်ကိုကောင်းသည်။”

    အိမ်က ဘေဘီကြောင်လေး ကျောင်းက ပြန်လာရင်နေ့တိုင်းဆိုညည်းတတ်တဲ့သီချင်းပါ။

  • မဂွတ် ထော်

    June 21, 2012 at 3:42 pm

    မြန်မာ့ကျောင်းသား နိုင်ငံတော်အတွင်း အထင်အလင်းရှိရမည်
    စည်းကမ်းသေဝပ်ခြင်း အရင်းပြုသည်
    ဝီရိယလည်း ရှိရမည်
    ကိုယ်ကျင့်တရား ဧကန်မှန်ပေသည်….

  • မွန်မွန်

    June 21, 2012 at 4:09 pm

    မြန်မာ့ကျောင်းသား နိုင်ငံတော်တွင် ထင်လင်းရှိရမည်
    စည်းကမ်းသေဝပ်ခြင်း အရင်းပြုသည်
    ဝီရိယလည်း ရှိရမည်
    ကိုယ်ကျင့်တရား ဧကန်မှန်ပေသည်…
    အများရှုစရာ သနားဂရုဏာ တရားမှုမှာ ပိုပါသည်
    ယဉ်ယဉ်ကျေးကျေး လွန်သိမ်မွေ့ရမည်
    ပညာတိုးတက်စေမည်
    နိုင်ငံ တန်ခိုးထက်စေမည်
    တို့အမျိုးဇာနည် ပီပါပေသည်
    မြန်မာကျောင်းက ပညာရေး ကျန်းမာရေးညီ…။ ။

  • snow white

    July 6, 2012 at 5:05 pm

    “မြန်မာ့ကျောင်းသား နိုင်ငံတော်အတွင်း စော်လိုက်ရှိုတ်ရမည်
    ရှိုတ်တဲ့စော်ကလည်း ချောရမည်
    ပိုက်ဆံလည်း ရှိရမည်
    ကိုယ်ကျင့်တရား ဧကန်မှန်ပေသည်
    အရက်သောက်ကာ ဖဲရိုက်ကာ မတရားမှုမှာပိုပါသည်
    ယဉ်ယဉ်ကျေးကျေး လွန်စွာဆဲပါသည်
    ဆိုင်မှာ အရက်သောက်ပါသည်
    အိမ်မှာ ဖဲရိုက်ပါသည်
    ဒို့အမျိုးဇာနည် ပီပါပေသည်
    မြန်မာကျောင်းသား ပညာရေး ကျန်းမာရေးသည်”သူတို့ဉာဏ်တော်တော်လေးကောင်းတယ်နော် ကျောင်းသီချင်းတောင် ဖျက်ဆိုတက်တယ် တကယ်တော်တယ် စနိုးလည်းစနိုးတို့ရပ်ကွက်ထဲကကလေးတွေဆိုတာ ကြားဖူးနေတယ် အနာဂတ်အတွက် စာရေးစာရာကောင်းတွေ သီချင်းရေးဆရာ တွေ တိုးလာအုံးမယ် ရွဲ့ပြောတာနော် အနာဂတ်ပေတေလေးတွေများအုံးမယ်….

Leave a Reply