Singapore မှာ တရားဝင် အလုပ်လုပ်ခွင့်ရအောင် ဘယ်လိုလျောက်မလဲ

novemberlayMay 22, 20101min851

တချို့တွေလည်း သိပြီးသား ဖြစ်မှာပါ။  ကျမလိုပဲ မသိသေးသူတွေအတွက် ြမန်မာများအတွက် singapore ခရီးသွားလမ်းညွန်မှ ပြန်လည် ဝေမျပါတယ်.

တရားဝင်ခွင့်ပြုချက် (Pass) ၂မျိုး ရှိပါတယ်. လူတိုင်းသိမှာပါ  S.P နဲ့ E.P ပါ.

(၁) အထူးခွင့်ပြုချက် (Special Pass S.P)

လစာငွေ singapore dollar 1800 အနည်းဆုံးရသည့် မည်သည့်အလုပ်မဆို  S.P လျောက်ထားနိုင်ပါတယ်.

(၂)တရားဝင်အလုပ်လုပ်ခွင့် ခွင့်ပြုချက် (Employment Pass E.P)

လစာငွေ singapore dollar 2500 အနည်းဆုံးရသည့် မည်သည့်အလုပ်မဆိုE.P လျောက်ထားနိုင်ပါတယ်.

S.P နဲ့ E.P ခွင့်ပြုချက်ရရှိရန် လိုအပ်သောအချက်များမှာ-

*တက္ကသိုလ် တစ်ခုခုမှ အခြေခံ ဘွဲ့တစ်ခု(ဝိဇ္ဇာ ၊ သိပ္ပံဘွဲ့) (B.A , B.Sc) ရှိရမယ်။

*အနည်းဆုံး experience 2 year ရှိရမယ်။

*လိုအပ်သည့်ဘွဲ့၊ အောင်လက်မှတ်၊ လုပ်သက်ထောက်ခံစာ မူရင်း အထောက်အထားအားလုံးကို တင်ပြနိုင်ရမယ်။

*passport သက်တမ်းသည် အနည်းဆုံး တစ်နှစ်ရှိရမယ်။

*company မှ အလုပ်ခန့်အပ်ခြင်း နှင့် ပတ်သတ်သော စာရွက်စာတမ်း ပြည့်ပြည့်စုံစုံ ရှိရပါမယ်။

S.Pass  ကို နည်း(၂)နည်းနဲ့လျောက်နိုင်ပါတယ်။

(၁)online မှတဆင့် လျောက်ထားနိုင်တယ်။

(၂)လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဋ္ဌာန (MOM) သို့  လူကိုယ်တိုင် (or) company က သက်ဆိုင်သူက သွားရောက်ပြီး တိုက်ရိုက်လျေက်နိုင်ပါတယ်။

Online မှ တဆင့် လျောက်ထားခြင်း

Online တွင် စလျောက်တဲ့နေ့ မှ  S.Pass အဖြေသိရသည်အထိ ၂ရက် ၃ရက်သာ ကြာမြင့်ပါမည်။

MOM ဌာနသည် သင်၏ လျောက်လွှာကို online ပေါ်မှာပင် လက်ခံပြီး  online ပေါ်မှပင် ပြန်လည်ဖြေကြားပါသည်။ (သင်သည် Internet အသုံးပြုပြီး onlineပေါ်တွင် သက်ဆိုင်ရာ website မှာ စစ်ဆေးရပါမည်။)  ပြန်လည်စစ်ဆေးရာတွင် မိမိ လျောက်ထားစဉ်က အချက်အလက်တချိုု့ကို ပြန်လည် ဖြည့်စွက်၍ မိမိလျေက်ထားသော S.Pass မှာ Approve ( or ) not ကို မြင်တွေ့နိုင်တယ်။

သင်၏ S.Pass လျောက်ထားမှုုအား လက်ခံသည် ဆိုပါက  Singapore နိုင်ငံရှိ မည်သည့် ဆေးရုံ၊ဆေးခန်း ၌မဆို သွားရောက်၍ ှS.Pass အတွက်  ဆေးစစ်နိုင်ပါသည်။  ဆေးစစ်ခြင်းပြီး ပါက သင်၏ S.Pass က ိုMOMတွင် သွားရောက်ထုတ်ယူနိုင်ပါသည်။

MOM တွင် မိမိကိုယ်တိုင် လျောက်ထားခြင်း

စိစစ်မှု ကာလမှာ သီတင်းပတ်၂ပတ် မှ ၃ပတ် အထိ ကြာမြင့်နိုင်ပါသည်။သင် ၏ S.Pass လျောက်ထားမှုအားလက်ခံမခံ online ပေါ်မှာပင် စစ်ဆေးနိုင်ပါသည်။ website address မှာ (www.mom.sg) ဖြစ်ပါတယ်။

သင် ၏ S.Pass ကိုလက်ခံပါက ဆေးစစ်မှု ခံယူရပါမည်။ ပြီးရင် သင်၏ S.Pass အား MOM တွင် သွားရောက် ထုတ်ယူနိုင်ပါပြီ။

အကယ်၍ အလုပ်ရပြီဆိုပါက singapore နိုင်ငံ ရှိ မြန်မာ သံရုံးသို့ သွားရောက်ပြီး အခွန်ဆောင်ရပါမည်။ အခွန်နှုန်းထားများမှာ S.Pass အတွက် တလလျှင် singapore dollar 100 နှင့် E.P အတွက် တလလျှင် singapore dollar 120 ဖြစ်ပါသည်။ လစဉ် ပေးဆောင်ရန် အခက်အခဲ ရှိပါက ၃ လ တကြိမ် ၊ ၆လ တကြိမ် ၊ တစ်နှစ် တကြိမ် ပေးဆောင်နိုင် ပါတယ်။

မှတ်သားရမည့် အချက်များ

S.Pass တွင်အလုပ်သမားတစ်ယောက်ကို bond ထိုးပြီး  အလုပ်ခိုင်း၍ မရပါ။ မိမိလုပ်နေသော အလုပ်၌ အဆင်မပြေပါက အခြားအလုပ်သို့ ပြောင်းရွေ့လုပ် ကိုင်နိုင်ပါသည်။ တည်ဆဲ S.Pass ဥပဒေအရ ထိုသို့ အလုပ်ပြောင်းရွေ့သည့်အခါတွင် မိမိအနေနှင့် မည်သည့်လျော်ကြေးမှ ပေးရန်မလိုပါ။ လျော်ကြေးပေးရန်တောင်းဆိုလာသည့် company များကို MOMသို့ သွားရောက်တိုင်ကြားနိုင်ပါသည်။ MOM အလုပ်သမားဝန်ကြီးဌာန တည်ရှိသောနေရာမှာ (EW-11(Lavender)) MRT ၏ နံဘေးတွင် တည်ရှိပါသည်။

အလုပ်ရှာဖွေခြင်း

၁။ Strait Time Newspaper မှလည်းကောင်း

၂။www.JobsDB.com.sg website မှလည်းကောင်း

၃။ www.ST701.com.sg website မှလည်းကောင်း

၄။www.Jobstreet.com.sg website မှလည်းကောင်း လျောက်ထားနိုင်ပါသည်။ ယင်း website များတွင်လည်း member (only free charges) အဖြစ် လုပ်နိုင်ပါသည်။

Strait Time newspaper မှ ကြေငြာထားသော work in interview များတွေ့လျင် ယင်း company သို့ ချက်ချင်း လူကိုယ်တိုင် သွားရောက် လျှောက်ထား၍ Interview ဝင်ရောက် ဖြေဆိုနိုင်ပါသည်။


475

One comment

  • zaylay

    June 10, 2010 at 5:55 am

    That is good for me. thank Ma Ma . i don’t know how to apply the S-Pass.

Leave a Reply