လိမ်နည်းကရိုးလွန်းတော့

htet wayNovember 4, 20111min1127

အောက်တိုဘာလ၁၄ကDV(green card)လျှောက်လွှာဖြည့်လိုက်မိပါတယ်။ခရက်တစ်ကဒ်တောင်းလို့ရပ်လိုက်ပါတယ်။်။ခရက်တစ်ကဒ်
မရှိလို့ဆက်ပြီးဖေါင်မဖြည့်တော့ဘူး။ဒါပေမယ့်ထူးဆန်းတယ်ကျျွန်တော်DV(green card)ပေါက်တယ်ဗျာ။
ကျွန်တော်ဆီကိုအီးမေးရောက်လာတယ်မင်းဟာ၁၂.၂သန်းလျှောက်ထားသူထဲမှာငါးသောင်းရွေးတာမင်းအရွေးခံရတယ်
မင်းအမေရိကန်ကိုသွားလို့ရပြီ။မိသားစုပါခေါ်သွားလို့ရတယ်ဗီဇာအတွက်879ဒေါ်လာကျတယ်။ပို့ပေးပါဆိုတဲ့အကြောင်းကြားစာရောက်လာပါတယ်။
နောက်မကြာမကြာemailရောက်လာတယ်။Click on the following link to find the nearest Western Union agency
and send the fees payment :လို့ရေးထားပါတယ်။ပေးပို့ရမယ့်လိပ်စာက
Name : Richard Lee
Address: 24 Grosvenor Square
London, W1A 1AE
United Kingdom လို့ပါရှိပါတယ်။
DVမဲမပေါက်ပဲပေါက်တယ်ဆိုပြီးလိမ်တာကိုတစ်ချို့ခံရတယ်လို့ကြားဖူးပါတယ်။ငွေပို့ပြီးဗီဇာမကျလို့သံရုံးကိုမေးတဲ့လူတွေရှိတယ်လို့လည်းသိရပါတယ်။
မသိတဲ့လူဆိုရင်မခက်ပေဘူးလား။အဟုတ်မှတ်ပြီးဒုက္ခတွေ့နိုင်ပါတယ်။သူငွေပို့ခိုင်းပြီးလိပ်စာကိုဖွင့်ခိုင်းတာက
Email copy/scan of the Western Union receipt at visa-dep@usa.com
b) Email at visa-dep@usa.com with the following details (you can find them on the money transfer receipt):
ကျွန်တော်ဆီခဏခဏemailပို့နေပါတယ်။ဒီလိုလည်းရှိတတ်ပါလားလို့မှတ်ယူပြီးလိမ်နည်းကရိုးလွန်းတယ်လို့ဆိုချင်ပါတယ်။

7 comments

  • windtalker

    November 4, 2011 at 9:36 pm

    ကိုထက်ဝေး ရဲ ့စေတနာ ဂရင်းကဒ် လျှောက်ထားသူတွေ အတွက် သတိပြု ဆင်ခြင်စရာပါပဲ ဗျာ ။

  • ပေါက်ဖော်

    November 4, 2011 at 9:42 pm

    ဒီအကွက်တွေက နာတို ့နောက်မှ ဖစ်လာတာဘာ..
    ဟွင်း.ဟွင်း..ဟွင်း..
    😆

  • naywoonni

    November 4, 2011 at 9:44 pm

    ဟုတ်တယ်ဗျို့…။ အခုတစ်လော ကိုယ်မသိတဲ့ ဝက်ဆိုဒ်က မေးလ်တွေဝင်ဝင်လာနေတယ် details ကိုဖွင်ကြည့်လိုက်ရင်from Lee McKenna lee@informationonrequest.com via icontact.com
    sender-time Sent at 7:37 PM (GMT-04:00). Current time there: 11:09 AM. ✆
    to ………………..@gmail.com
    date Fri, Nov 4, 2011 at 7:37 PM
    subject Re: $4,713.53 In The Last 5 Days (VIDEO)
    mailed-by icpbounce.com
    signed-by icontact.com
    Important mainly because it was sent directly to you.

    Its a very cloudy rainy day today in Middlesbrough 🙁

    On the up side unlike most people I do not have
    to go out to work in this nasty weather 🙂

    Why?

    Because as you all know I have a internet business
    which makes me money regardless of when I work
    or I don’t work.

    Seriously even if I do not work I still get paid because
    my website and auto responder emails work for me.

    Check out what I made just in the last 5 days…

    Click Here For Live VIDEO Proof

    Not bad for just 5 days doing nothing. Well I haven’t
    been doing nothing I’ve been fixing up my home
    gym. But still I’ve not been doing anything work
    related and I still get paid.

    I could have been on holiday and still getting paid.

    If you would like to plug into this say PROVEN
    YourNetBiz system and make some good money
    before Christmas then you need to join now.

    Ring me today TEL: +44 07510 34 64 16

    I look forward to working with you.

    To Success

    Lee McKenna
    အဲဒိလိုတွေ တွေ့ရတယ်…။ ဘာတွေမှန်းလည်းမသိဘူး …။ ဖျက်ပစ်လိုက်တယ် အကုန်…။ ဒါကမဖျက်ပစ်သေးခင်နဲ့ကြုံလို့…….။

  • unclegyi1974

    November 4, 2011 at 11:39 pm

    ဒီနည်းမဟန်လည်းနောက်တနည်းကြံရတာပဟဲဟဲ..

  • etone

    November 5, 2011 at 10:46 am

    တင်ပေးတာ ကျေးဇူးတင်ပါတယ် … ကျွန်မကတော့ 2007လောက်မှာ ဒီဗွီအတတ်စမ်းပြီးဖြည့်ဖူးတယ် ….. အဲ့ဒီလိုပဲ … ပိုက်ဆံ လိုက်တောင်းနေလို့ … spam လုပ်ထားရတယ် … ။ ကြုံရပါများတော့ ရိုးသွားပြီလေ …။ ကိုယ့်သမ္မာအာဇီဝနဲ့ ရှာထားတဲ့ ပိုက်ဆံ သူများ အလွဲသုံးစား လုပ်သွားမှာတော့ အကြောက်ဆုံးပဲလေ … ပိုက်ဆံပေးရတော့မယ်ဆို … သေချာစစ်တယ် အဟီး 🙄
    ငါးထောင်တန်ဆိုလျှင် နှစ်ရွက်များ ပူးနေမလား .. တဖြတ်ဖြတ် ပွတ်ပြီး စစ်ရသေးတယ် .. ဟဲဟဲ 😀

  • စုံ စုံ

    November 5, 2011 at 11:08 am

    ကျမမနှစ်ကကြုံတာတော့တော်တော်ရီရတယ်
    မနှစ်ကအတွက် DV form လုံးဝမတင်ထားဘူး
    အဲ့ဒါကိုမေးလ်ဝင်လာတယ် မဲပေါက်တယ်ပေါ့ ပိုက်ဆံလာသွင်းပါ ဘာညာဘာညာပေါ့
    ပထမတော့ကြောင်သွားတယ် ငါလဲဖောင်မတင်ဘဲနဲ့ဘာဖြစ်တာလဲပေါ့
    နောက်မှလိမ်ဆင်ကြီးမှန်းသိတယ် ကျမကတော့ပြီးပြီးရောသဘောထားတာကို
    အိမ်ကကျေးဇူးရှင်က အမေရိကန်သံရုံးထိသွားပြောတယ် သံရုံးကပြန်ရှင်းပေးတယ်
    သူတို့ခုချိန်ထိဒီနှစ်အတွက်ဘာမှအကြောင်းမကြားရသေးပါဘူးတဲ့ ဒါလိမ်နေတာပါတဲ့
    နောက်ဆိုဒီလိုတခုခုသံသယရှိရင် လာမေးပါဆိုပြီးပြောလိုက်မှ အိုကေသွားတယ်

  • blackchaw

    November 5, 2011 at 11:27 am

    ကျွန်တော်တို့လည်း ကြုံဘူးတာ ကြာပြီဗျာ။ ဂျာနယ်တွေမှာ ရေးထားကတည်းက
    ဗဟုသုတရထားတော့ ဖွင့်ဖတ်ပြီး ပြန်ပိတ်ထားလိုက်တာပါပဲ။ လျှောက်လည်း တစ်ခါမှ
    မလျှောက်ဘူးပါဘူးဗျာ။

Leave a Reply