ချစ်ခဲ့တာ အိပ်မက်ဟောင်းမဟုတ်ရပါ ချစ်သူရယ်

နီးတော့မလိုလိုပါဘဲ
ဒါပေမယ့်ရောက်မလာခဲ့
တကယ်တမ်းကျတော့ …..
ငါကိုယ်တိုင်လည်း….—-မျဉ်း

ယိုင်တစ်ကြောင်း????

ချစ်သူ …..

တီးတိုးရေရွတ်ရင်း
အလင်းမဲ့ နှလုံးအိမ်က ခြောက်သွေ ့စွာ…။
အထီးကျန်နေ ့စွဲတွေနဲ ့အတူ
မီးသင်္ဂြိုဟ်ခဲ့သော အလွမ်းရဲ ့နေ ့စွဲအဟောင်းတွေ
ဥပက္ခာတရား ရိပ်အောက်မှာ
(ခုတော့လည်း)နေသားကျသလိုလို…..။။

ဟန်ဆောင်ခြင်းတဝက်
မက်မက်မောမော အပြုံးကိုတောင်
ယောင်ရမ်းလို ့မကြည့်ရဲဘူး…..
ဆူးစူးတဲ့ဝေဒနာက
သေရာပါခဲ့ပီ…….

“ကိုယ်တကယ်ချစ်နိုင်မှ နင်စဉ်းစားပေါ့”
“ကိုယ်တကယ်ချစ်နိုင်မှ နင်စဉ်းစားပေါ့”
“…………………………………………….”
“ …………………………………………….”

ချစ်ခြင်းတပ် ဆန္ဒမီး
စည်းမကျော်အောင် ဘောင်ခတ်ရ
ကျောက်ခေတ်က အကျဉ်းသားလို
မြှားချွှန်ချွှန်သုံး
(ငါ့ကိုယ်ငါ)အဆုံးသတ်လိုက်မယ်…….။။

ကောင်မလေးရေ…….

ဟိုမှာ….ပန်းသီးတစ်လုံး
အရသာအကောင်းဆုံးဆိုဘဲ!
ဒုက္ခိတတစ်ယောက်ရဲ ့
နာကျဉ်းသံ သဲ့သဲ့…
ဒါ…..နှလုံးသားအဆိပ်သင့်ခြင်းလည်းဖြစ်တယ်။!!!!!
ထွက်သက်၊ဝင်သက် ငြိမ်းသွားပေမယ့်
စိတ်ရဲ ့အနက်ရှိုင်းဆုံးနေရာ….
နင်သာ….အရိပ်မိုးနေမှာပါ
လက်တွေ ့တစ်ခုဟာ……
ငါတို ့ကို ပန်းသီးလေးတောင် မမြည်းစေခဲ့ဘူး!!!!!!
ငါတို ့နင်တို ့ အသက်ကြီးအိုမင်းသွားရမယ်….ငါ့မှာတော့
အမြဲနုပျို နေတဲ့သစ္စာတွေ ရှိနေမယ်!!!!
အဲဒီလို ဘဲ….နင်လည်း………….။။

2 comments

  • ပေါက်ဖော်

    November 5, 2011 at 6:50 pm

    ကိုသော်ရေ..
    ကြိတ်ထား….အားပေးလျက်..ပါ
    😎

Leave a Reply