“အင်းဝမြို့ဟောင်းကကျောင်းတော်ကြီး”

“အင်းဝမြို့ဟောင်းကကျောင်းတော်ကြီး”
ပြီးခဲ့တဲ့ ဥပုဒ်အလုပ်ပိတ်ရက် သွားစရာနေရာစဉ်းစားတော့ မရောက်တာကြာတဲ့အင်းဝမြို့ကို သွားဘို့စိတ်ကူးပေါ်လာပါတယ်။
အရင်က သိပ်မကျယ်တဲ့လမ်းက အခု ကွန်ကရစ်လမ်းကြီးဖြစ်လို့။
အသွားလမ်းအပြန်လမ်းသတ်သတ်စီ။
လမ်းပေါ်လဲရောက်ရော မြို့ထဲမှာ ထိန်းချုပ်လို့ဆိုင်ကယ်မောင်းနေရာကနေ
စိတ်ရှိသလောက် လွှတ်စီးလို့ရတဲ့လမ်းမပေါ်ရောက်တော့ စိတ်တွေတောင်ပေါ့ပါးသွားပါတယ်။

ကျယ်ပြန့်လွတ်လပ် စိတ်တိုင်းကျ မောင်းလို့ရတဲ့လမ်းမကြီး
အင်းဝက နာမယ်ကြီးဘုရား
ထုထည်ကြိးမားလှတဲ့ အဆောက်အဦ

အင်းဝမြို့ထဲကိုဝင်လာရင်းလမ်းအကွေ့လဲရောက်ရှေးဟောင်းနဲ့ပြန်လည်ပြင်ဆင်ထားတာတွေရေနေတဲ့ စေတီပုထိုးတွေကိုတွေ့ရပါတယ်။
အဲဒါနဲ့ မဟာမုနိဆိုတဲ့ ရွှေတွေဝင်းအိနေတဲ့ဘုရားကိုဝင်ဖူးပြီးလို့ အပြင်ဘက်လှမ်းအကြည့်မှာ
ပြိုပျက်နေတာကို တပိုင်းတစပြင်ထားတဲ့ကျောင်းကြီးကိုတွေ့ရပါတယ်။ကျောင်းဝိုင်းကြိးကတော့ ကျယ့်ပြန်သလို့ ကျောင်းတော်ကြီးကလဲကြီးမားလှပါတယ်၊
ဒါပေမယ့်ခြုံနွယ်ပိတ်ပေါင်းတွေအပြည့်နဲ့ပါ။
သေချာသာရှင်းထားမယ်ဆိုရင် နိုင်ငံခြားသားများအထဲထိဝင်ပြီးလေ့လာနိုင်မယ်လို့ထင်မိပါတယ်။

ထုထည်ကြီးမားခန့်ခန့်ထည်ထည်

ဒီထက်ပို့ပြီး မှတ်တမ်းတင်ချင်ပေမယ့် နေပူတာရယ် ပါလာတဲ့အဖော်တွေက မယ်နုအုဌ်ကျောင်းကိုဘဲဦးတင်ချင်နေတာကြောင့် စိတ်တိုင်းကျမရိုက်ခဲ့ရပါဘူး။
ကျနော်လဲဒီအဆောက်အဦကြီး က ဘာလဲဆိုတာကျနော်မသိပါဘူး။
မြင်ရတဲ့မြင်ကွင်းကတော့ မင်းကွန်းက ပုထိုးတော်ကြီးက အုဌ်ဖိနပ်ကြီးကိုတွေ့ရသလို
ကိုယ်က သူ့အောက်မှာပြားပြားဝပ်သွားသလိုခံစားရပါတယ်။
ကောျင်းအနောက်ဘက်က မြင်ကွင်း
ပြန်ရောက်မှမေးကြည့်တော့ ညောင်ရမ်းမင်းတရားကြီးရဲ့ကောင်းမူ့ကျောင်းတော်ကြီးလို့
အမည်တွင်တယ်ဆိုတာကိုသိရပါတယ်။
အပြန်မှာထပ်ရိုက်မယ်စိတ်ကူးတော့ အဲဒီဘုရားမှာလူတွေကားတွေပြည့်နေပါတယ်။
ရုပ်ရှင်ရိုက်နေတာပါ။
ကျယ်ပြန့်တဲ့ကျောင်းဝင်းကြီး

ည ရွာထဲဝင်ကြည့်တော့ ကိုစိန်သော့ရဲ့ ဓါတ်ပုံအမှတ်(2)မှာဒီပုံလေးမြင်ရပါတယ်။
သူလောက်မလှ မသေသပ်ပေမယ့် သုတေသီများက ဆက်လက်ဖော်ထုတ်လို့ရအောင်
တင်ပေးလိုက်ပါတယ်။

ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့
(3-11-2011)

အင်းဝမြို့တွင်းကရှေးဘုရားမြင်ကွင်း

11 comments

  • blackchaw

    November 5, 2011 at 11:25 am

    ဝင်ကြည့်သွားပြီ ကိုပေါက်ရေ။

  • ပေါက်ဖော်

    November 5, 2011 at 11:27 am

    လမ်းမကြီးက အကျယ်ကြီး..
    ဘုရားကြီးက တစ်မျိုးကြီး.. 🙄

    ကျယ်ပြန် ့တဲ့ ကျောင်းဝင်း အရှေ ့မှာ…
    ဂိုးတိုင် တစ်ခု..တွေ ့တယ်..
    သွားပြီး ဂိုးသွင်း လေ့ကျင့်ဦးမယ်..
    မောင်ပေ ဖမ်းမလား.. 😆

  • windtalker

    November 5, 2011 at 11:27 am

    လက်ဆော့တတ်လို ့ဆော့တော့လဲ ကြည့်လို ့ကောင်းတာဘဲ ဗျို ့

  • “ဘီလူးကြီး”ogre

    November 5, 2011 at 1:56 pm

    လမ်း ဘယ်လောက်ကျယ်ကျယ်
    တစ်ကယ်ခင်းထားတာက လမ်းအလယ်သားလေးတင်ပါဗျာ
    လမ်း တပြင်လုံးအပြည့် မခင်းတာ မြန်မာစတိုင်ဖြစ်နေပြီလေ

  • kocho

    November 5, 2011 at 2:00 pm

    ရှူခင်းတွေမြင်ရတာလန်းတယ်ဆရာပေါက်ရေ

  • အခုဆမ်ဆောင်းနဲ့ရိုက်တာ အရင်ကန်နွန်ထက်စာရင် မူံနေသလိုဘဲဗျာ။
    နောက်နေ့ မယ်နှုအုဌ်ကျောင်းပုံတင်မယ်လေ

  • ဆူး

    November 5, 2011 at 6:41 pm

    နေရာ အလွတ်အကျယ်ကြီးတွေ အားကြီးပဲနော်.. မီလီလျံ ဘစ်ဇနပ်ပဲ..

    • windtalker

      November 5, 2011 at 8:42 pm

      ဘောစိတွေများ စီးပွားရေးလုပ်ဖို ့ဘဲ ချောင်းနေတယ် နော

  • ကျနော်ကတော့ ခြံထဲကနွားတွေ ဒီနားသာလာကျောင်းရင် အစာဘိုးအတော်သက်သာမယ်လို့တွေးနေမိတယ်
    တောသားဆိုတော့ လဲ တောအမြင်ဘဲပေါ့နော်

  • TTNU

    November 5, 2011 at 10:24 pm

    ကိုပေါက်
    အင်းဝကို ခဏခဏ (အိမ်ကိုဧည့်သည်လာတိုင်း) ရောက်ပေမဲ့
    သုတ်သုတ်သွားတာဆိုတော့ ဒီရှုခင်းတွေ အခုမှ ပိုခံစားမိတယ်။
    မယ်နုအုဌ်ကျောင်းပုံ အပီ ရိုက်ခဲ့သလား။
    စောင့်ကြည့်နေမယ်။

  • unclegyi1974

    November 5, 2011 at 10:37 pm

    နာမယ်ဆိုတဲ့စာလုံးပေါင်းကတမျိုးဖြစ်နေသလားလို့
    ဘာကိုနာမယ်ပြောတာလဲကိုပေါက်ရေ

Leave a Reply