“ငါတို့အပေါ် ဒါလောက်ဧည့်ဝတ်ကျေတာတော့ သူတို့ကို ချီးကျူးထိုက်တယ်ကွ” ၁၉၄၇ ဇန်န၀ါရီလ ၁၅ ရက်နေ့ က အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ ဒေါ်ချက်စတာ ဟော်တယ်မှာ နံနက်စာစားရင်း မှတ်ချက်ချခဲ့ပါသည်။ ဆိုလိုသည်မှာ လွတ်လပ်ရေးဆွေးနွေးပွဲ ပြေပြစ်ခြင်း ဂှိမဂှိကို အပထားပြီး ဧည့်သည်အပေါ် ဧည့်ဝတ်ကျေမှုကို ဖွင့်ဟ၀န်ခံသည့် သဘောဖြစ်သည်။

ထိုအရာကို အရာဂှိတစ်ယောက်က ပြုံးလျက် “ဂျင်နရယ်အောင်ဆန်း ဒီလိုပြောလို့ ၀မ်းသာမဆုံးပါဘူး” ဟုပြန်ပြောသည်။

ဗြိတိသျှ အစိုးရကလဲ နေ့လည်ပိုင်းအားလပ်ချိန်တွင် အင်္ဂလန်နိုင်ငံ၏ နာမည်ကြီး ဘောပွဲလာကြည့်ရန် ဖိတ်ကြားခဲ့ပါသည်။ ဘောလုံးပွဲကလည်း ကမ္ဘာကျော်နာမည်ကြီး အသင်းများဖြစ်တဲ့ “Arsenal” နဲ့ “Chelsea” ပွဲဖြစ်ပါသည်။ ဗိုလ်ချုပ်မှာ ချုပ်ဆိုလက်မှတ်ထိုးရမဲ့ စာချုပ်နဲ့ပက်သက်ပြီး ပြင်ဆင်စရာဂှိလို့ မလိုက်ပေမဲ့ သခင်မြတစ်ယောက်သာ အင်္ဂလန်ဘောပွဲ ကြည့်ဖူးသည်ဂှိအောင်ကြည့်မည်ဆိုကာ ရုံးအဖွဲ့ဝင်လူငယ်တစ်ချို့နဲ့ သွားရောက် ကြည့်ဂှုခဲ့ပါသည်။

About Burma

သားပု has written 46 post in this Website..