နေရူးက ဗိုလ်ချုပ်ကို မေးခွန်းတစ်ခု မေးသည်။

“ဒါထက် အောင်ဆန်း ၊ မင်း အင်္ဂလန်ပြည်ရောက်ရင် ဘာအ၀တ်အစားဝတ်မှာလဲ?”

ထိုအခါ ဗိုလ်ချုပ်သည် ဘာမျှပြန်မပြောဘဲ သူဝတ်ထားသော ကာကီဇင်ယူနီဖောင်း တစ်ပတ်နွမ်းကို ပြန်ငုံ့ကြည့်ရင်း ပြုံးနေလိုက်သည်။

ဒီတော့ နေရူး သဘောပေါက်သွားပြီး အံသြနေပုံရသည်။

“ဟာ–မင်းရဲ့ဒီအ၀တ်အစားမျိုးနဲ့ အလွန်အေးတဲ့ လန်ဒန်မြို့ ဆောင်းရာသီမှာ ဘယ်ဝတ်လို့ဖြစ်မလဲကွဲ့ ပြီးတော့ မင်းကို ဂျော့ဘုရင်မင်းမြတ်က ပွဲတော်တည်ဖို့ ဖိတ်ချင်ဖိတ်ဦးမှာ ၊ အဆောင်အယောက် ပကာသန အလွန်ကြိုက်တာ ဗြိတိသျှ ပရိတ်သတ်အလယ်မှာ မင်း အ၀တ်အစားပြည့်ပြည့်စုံစုံ မပါရင် ခက်နေပါဦးမယ် ၊ မဖြစ်ပါဘူး ကြည့်လုပ်ပေးလိုက်ဦးမှပဲ”

ပြောပြောဆိုဆို မစ်စတာ နေရူးသည် သူ၏အတွင်းဝန် အားချက်ချင်းခေါ်ကာ ဗိုလ်ချုပ် နှင့် သူ၏တပည့်ဖြစ်သူ (ယခု တက္ကသိုလ်နေ၀င်း) အတွက်ပါ သင့်လျော်မည့် ၀တ်စုံများ ချုပ်ပေးရန် စီစဉ်ညွှန်ကြားပေးလိုက်ပါသည်။

ယခု ပြည်သူအများသိနေသော သက္ကလက်စစ်ဝတ်စုံ ယူနီဖောင်းမှာ သူကိုယ်တိုင် မြန်မာပြည်မှ ချုပ်ယူသွားချင်မဟုတ်ပဲ အိန္ဒိယခေါင်းဆောင် မစ်စတာနေရူးက ဘိလပ်အသွား လမ်းခုလတ်တွင် အမြင်မတော်သောကြောင့် ဆင်ပေးလိုက်သော လက်ဆောင်ပင်ဖြစ်သည။်

About Burma

သားပု has written 46 post in this Website..