ဝန်ကြီးပဒေသရာဇာနှင့် နတ်သျှင်နောင်တို့၏အုတ်ဂူများ

fattyNovember 5, 20112min23712

ဒီကနေ့ ရန်ကုန်ထဲနေရတာမွန်းကြပ်လွန်းလို့
တညင်ဘက်ထွက်ခဲ့တယ် .။
မနကိပိုင်း ရန်ကုန်မှာရောင်းကောင်းလှတဲ့ LUCKY-7
လက်ဘက်ရည်ဆိုင်မှာခဏထိုင်ပြီး ဘာလို့ဒီလောက်ရောင်းကောင်း
ရတာလဲ အဖြေရှာကြည့်တယ် ..။
အဖြေကတော့ branded ဖြစ်လို့ပါဘဲ။
အစားအသောက်က ဒီလောက်ကြီးထူးခြားမှုမရှိပါဘူး။

ပြီးတော့ တညင်ဘက်ထွက်ခဲ့တယ်။
ဒီဘက်မှာ အမှတ်တရဖြစ်အောင်
စာဆိုကြီးတွေ အုပ်ဂူကိုသွားပြီးရိုက်ခဲ့တယ်။
ဝန်ကြီးပဒေသရာဇာဂူက ကျိုက်ခေါက်ဘုရားရဲ့မြောက်ဘက်
မှာရှိပါတယ်။ သစ်ပင်လေးတွေအုပ်အုပ်ဆိုင်းဆိုင်းနဲ့
လွမ်းတတ်သူဆိုရင်လွမ်းပေတော့ ……။

နတ်သျှင်နောင်ရဲ့ဂူကိုတော့ ကျိုက်ခေါက်ဘုရားမြောက်ဖက်မုဒ်ကနေ
တက်သွားရင် ညာဖက်ဘေးမှာတွေ့နိုင်ပါတယ် ပြုပြင်ထိမ်းသိမ်းမှုတော့
မရှိပါဘူး ………………….။

နောက်ဆုံးပုံတော်ကတော့ဆံတော်ရှင် ကျိုက်ခေါက်စေတီတော်ပါ ….။

12 comments

  • ဆူး

    November 5, 2011 at 6:05 pm

    နတ်သျှင်နောင် ဂူ ရှိတယ် ဆိုတာ လက်ညိုးထိုးပြတာကို ခဏခဏ မြင်ရတယ် ဒါပေမဲ့ တခါမှအနီးကို မရောက်ဘူးပါဘူး။ အခုမှ မြင်ဖူးလို့ တင်ပြပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။
    နတ်သျှင်နောင်ဂူ ကို ကြည့်ပြီး အထဲမှာ ဘာတွေ ရှိလဲတော့ မသိဘူး ဂူ အနေအထားအရဆိုရင် ကိုရီးယားက ဘုရင်တွေ သေရင် မြုပ်ထားတဲ့ ဂူထက်တောင် ကြီးနေသေးတယ်။
    တိုးတွေ ပြစားလို့ ကောင်းမဲ့ နေရာလေးပဲ..
    ရန်ကုန်နဲ့လည်း သိပ်မဝေး ရာဇဝင်လေးလည်း ရှိနေတော့.. ပြစားလို့ ကောင်းမယ်။
    မီလီလျှံ ဘစ်ဇနပ် ငှဲငှဲ.. ငှဲ.. ငှဲ… 😀

  • windtalker

    November 5, 2011 at 6:23 pm

    ဟို ပေါ်တူဂီ သားကြီး ကို ဖင်တံစို ့ထိုးသတ်တဲ့ နေရာကော တွေ ့ခဲ့သေးလား ဦးဖက်
    ကိုပုတို ့အတွက်ပါဗျာ
    ဟီဟိ

  • ကျနော် တညင်ကို ရောက်ခဲ့တယ်။
    ဒါပေမယ့်မိုးတွေသဲနေတော့ဒီနေရာကို ရောက်ချင်ပေမယ့်မရောက်ခဲ့ရဘူး။
    နောက်တစ်ခါလာရင်တော့ အသေအချာရောက်အောင်သွားမယ်ဗျာ။

  • တညင်သား

    November 5, 2011 at 7:14 pm

    ကိုပေါက် အဲဒါ တိုး ဂိုက်ကညံ့တာ … တညင်မြို့က အထင်ကရရှိလှတဲ့နေရကိုမပြဘူး 🙁
    သဘာဝရိပ်သာ သွာလဲ မြင်ရတယ်…. ဖားအောက်သွားလဲ မြင်ရတယ်….
    ဘွားတော် ဆူး အကြံ မဆိုးဘူးနော် ..လုပ်သင့်ပါတယ်….:)
    ဒါနဲ့ ဦးဖတ် ဟို……ဆိုင်ကို ရောက်သေးလားးးး :p

  • ရာဇဝင်လူဆိုး

    November 5, 2011 at 7:33 pm

    ငဇင်ကာ အုတ်ဂူကတော. ရှင်မွေးနွန်း ဘုရားနားက တိုက်ကြီးကုန်းဆိုတဲ့ နေရာမှာရှိပါတယ်။ သန်လျင်ရေနံချက်စက်ရုံနားမှာပါ။ ဟိုအရင်က ပေါ်တူဂီ ဘုရားကျောင်းထဲမှာ မြှုပ်နှံထားပြီး ခုနှစ်တွေလဲရေးထားပါတယ်။ အခုတော့ အဲဒီနေရာက အတွဲတွေချိန်းတွေပနေကြလေရဲ့။

  • fatty

    November 5, 2011 at 9:07 pm

    နေကအတော်ပြင်းတာကလား …….
    အခုနေ ပင်ကျရည်တစ်အိုးလောက်သာနှိပ်လိုက်ရရင်တော့ ……….
    ဦးနှောက်သွေးကြောပြတ်ဖို့သေချာသဗျို့ ……………….။
    ကိုပေါက်တို့ ကိုကိုကြောင်တို့ ကိုအောင်ပုတို့အမှတ်ရပါ့ဗျား ……။
    ဒီတခါတော့ တညင်သားဧည့်ခံသင့်တယ် ….။
    ကိုပုရေ .. ခပ်ထူထူသာ ခံဝတ်ပေတော့ဗျို့ ….။
    ဆူးလဲ သဂျီးနဲ့ တဂိုဏ်းထဲဖြစ်လာပြီ စီးပွါးရေးအမြင်လေးနဲ့အဟဲ ….

  • koyinmaung

    November 5, 2011 at 9:58 pm

    ဆရာဖက်ကတော့တတ်လဲတတ်နိုင်ပါပေ
    ဒီနေ့ရိုက်..ဒီနေ့မန်းလေးကဇက် ပေါ်ပုံလေးတွေရောက်လာတော့တာပါဘဲ
    ကြားသာကြားဘူပါတယ်တခါမှမတွေ့ဘူးသေးပါ…
    ကျေးဇူးဘဲဆရာဖက်ရေ….

  • kai

    November 6, 2011 at 5:43 am

    အမှတ်မမှားရင်.. နတ်သျှင်နောင်က.. မွတ်ဆလင်ပဲ..။
    အဲဒီလောက်နှစ် ၄၀ဝဂဏန်းနဲ့.. မွတ်ဆလင်တိုးရစ်တွေ ပြစားလို့ရတာ သေချာတယ်ထင်မိတယ်..။
    မွတ်ဆလင်တွေက အလှူရက်ရောသူတွေမို့.. အဲဒီကိစ္စ..သေသေချာချာ ပလင်န်ချပြီး လုပ်ပေးဖို့ကောင်းတယ်ဗျ..။

  • fatty

    November 6, 2011 at 9:01 am

    အတော်သမိုင်းကြောင်းလိုက်ထားတဲ့ သဂျီးပေဘဲ ။
    ဟုတ်ပါတယ် နတ်သျှင်နောင်ကို မွတ်စလင်လို့ မှတ်ရဘူးပါတယ်။

    • windtalker

      November 6, 2011 at 12:30 pm

      ကောင်းဗျာ ။ အခုမှပဲ သိရတယ် ဗျို ့။ ကျေးကျေးပါ ဦးခိုင် နှင့် ဦးဖက်

  • မှော်ဆရာ

    November 6, 2011 at 4:43 pm

    ဆူးတို့ သူကြီးတို့ကသာ ဒေါ်လှနဲ့ ပြစားဖို့လုပ်နေတာ
    ဟိုအုတ်ဂူက ယဲ့ယဲ့ပဲ ကျန်တော့တယ် ..
    ကျွန်တော် သေချာရောက်ဖူးတယ် ..
    ပြုပြင်ထိမ်းသိမ်းတာဆိုလို့ ရှေ့က ဆိုင်းဘုတ်လေး ပြောင်းသွားတာပဲရှိတယ် …
    သိပ်မကြာဘူး ပြိုတော့မှာ …

  • we R one

    November 6, 2011 at 9:47 pm

    တင်ပေးတာ ကျေးဇူးဗျိုး….။ တညင်ဖက် ကို ခနခန ရောက်ဖူးပေမဲ့.. အဲဒီ အုတ်ဂူတွေ ရှိတယ် ဆိုတာ ကြားတောင် မကြားဖူးဘူး..။ ဒါနဲ နတ်သျှင်နောင် က တကယ် မွတ်စလင်းလား ရှင့်..။

Leave a Reply