“သီတဂူက စေတီတော်”

အနီနဲ့အစိမ်းကြားက အဝါရောင်သီတဂူ စစ်ကိုင်းတောင်ပေါ်ကမြင်ကွင်း

(တောင်ပေါ်ကမြင်ရတဲ့ သီတဂူ)
ပြီးခဲ့တဲ့ဒေဝါလီနေ့က စစ်ကိုင်းဘက်ကမိ်တ်ဆွေတစ်ယောက်က ကျနော်ကို စစ်ကိုင်းက သီတဂူဗုဒ္ဓတက္ကသိုလ်ကိုရောက်ဘူးလားလို့မေးတော့ ရှက်ရှက်နဲ့ဘဲမရောက်ဘူးဘူးလို့ဖြေရပါတယ်။
စစ်ကိုင်းတောင်ပေါ်ကိုသာအကြိမ်များစွာရောက်မိပါတယ်။
တောင်တက်လမ်းအစမှာရှိတဲ့ သီတဂူကိုမဝင်မိတာအမှန်ပါဘဲ။
တောင်ပေါ်ကနေဓါတ်ပုံရိုက်တဲ့အခါမှာ တောင်ခြေမှာရွှေတောင်ကြီးပုံထားသလို ရွှေရောင်တွေဝင်းနေတဲ့
ဆန်ချီ စေတီတော်ကြီးကိုမြင်မှသာ သီတဂူကိုသွားဘို့သတိရ။
ဒါပေမယ့်လဲတောင်အဆင်းလမ်းကနေပြန်တယ်ဆိုပြန်တော့ ထပ်မရောက်ဖြစ်။
(26-10-2011)နေ့မှာတော့ ကြိုတင်ရည်ရွယ်မထားဘဲရောက်သွားပါတယ်။
အဝင်က မုဒ်ဦးကို အတွင်းထဲကနေရိုက်ထားတာ

ကျနော်တို့ရောက်သွားတော့ မနက်(10)နာရီကျော်ကျော်။
နေတော့အတော်လေးပူနေပါပြီ။
အဝင်ဝ အမြင်ဆန်းတဲ့ဒီဇိုင်းနဲ့

နေပူနေတော့ အဝင်မုဒ်ဦးကို အထဲရောက်မှဘဲဓါတ်ပုံရိုက်ဖြစ်ပါတယ်။
သီတဂူ ဆန်ချီစေတီတော်

ကောင်းမူ့တော်စေတီလို့ လုံးဝိုင်းဝိုင်းသဏ္ဍန်ရှိတဲ့ဂူဘုရားပုံစံဖြစ်ပါတယ်။
တံတိုင်းနှစ်ထပ်ရှိပါတယ်။
အဝင်ဝ အရှေ့ဘက်က ဆင်းတုတော်

ပထမတစ်ထပ်ကအဝင်မှာ ဆင်းတုတော်တွေအများကြီး ဖူးမျှော်ရပါတယ်။
ပထမ တံတိုင်း

အတွင်းတံတိုင်းအတွင်းမှာတော့ မြောက်ဘက်ခြမ်းမှာစေတီတော်တွေရှိပါတယ်။
တံခွန်တိုင်

တံခွန်တိုင်က မားမားမတ်မတ်။
တောင်ဘက်က တံတိုင်း

စေတီတော်ရဲ့အတွင်းမှာတော့ ဂူဘုရား။
စေတီတော်အနီးကပ်

ဂူဘုရားအတွင်းမှာတော့ သံဃာတော်များစာသင်ကြားတဲ့ခန်းမ။
အတွင်းပိုင်းမြင်ကွင်း

အတွင်းခန်းက သားသားနားနား

အင်မတန်မှ သေသပ်တဲ့သစ်သား ပန်းပုလက်ရာများနဲ့ လှပတဲ့မီးပန်းဆိုင်းများကတော့
ကျနော်တို့ရဲ့ခေါင်းပေါ်က ခေါင်မိုးပေါ်မှာ။
ခေါင်မိုးက လက်ရာ

စာသင်ခန်းမထဲမှာရှိတဲ့ ကျွန်းခုံများကလဲသေသေသပ်သပ်။
နံရံကပ်ကျွန်းပန်းပုလက်ရာကလည်း သေသပ်လှပ။
ဆရာတော်ကိုယ်တိုင် စနစ်တကျ ဒီဇိုင်းရေးဆွဲလို့တည်ဆောင်ထားတယ်လို့သိရပါတယ်။
နံရံက ဘုရား

နံရံမှာတော့ စာသင်ရာမှာအထောင်အကူပြုဘို့ ဖလက်တီဗွီ၊အယ်လ်စီဒီ။
စာသင်ခုံများနဲ့မျက်နှာချင်းဆိုင်မှာတော့ ဆင်းတုတော်တစ်ဆူက ကြည်ညိုဘွယ်ရာ။
ဆင်းတုနံဘေးမှာတော့ အထိန်းအမှတ်တံဆိပ်တော်။
ကျနော်တို့ကံကောင်းတယ်လို့ိုဆိုုနိုင်ပါတယ်။
ဘုရားပုရဝုဏ်ထဲကို အမြဲတမ်းဝင်ရောက်ဖူးမျှော်နိုင်ပေမယ့်
စာသင်ခန်းများထားရှိရာ ကတော့ တံခါးပိတ်ထားလေ့ရှိပါတယ်။
ကျနော်တို့သွားတဲ့နေ့က စာမေးပွဲအောင်မြင်ထားတော်မူသောရှင်သမဏေများနဲ့သံဃာတော်များကို
တံဆိပ်ဆက်ကပ်တဲ့နေ့နဲ့ဆုံလို့ဝင်ရောက်ကြည်ညိုခွင့်ရခြင်းဖြစ်ပါတယ်။
အနောက်ဘက်အထွက်ပေါက်က အပြင်အဆင်

စေတီတော်ကအပြင်ထွက်ကြည့်လိုက်တဲ့အခါ ရှေးဟောင်းလက်ရာများနဲ့ဆင်တူတဲ့ရုပ်လုံးကြွပုံတွေကိုမြင်ရပါတယ်။
နံရံပေါ်ကရုပ်လုံးကြွ ရှေးလက်ရာပုံစံယူထားတာ

စင်္ကြံ ပါတ်လမ်းတစ်လျောက်မှာလဲ ရုပ်လုံးကြွပုံအပြည့်။
စင်္ကြန်ပါတ်လမ်းက လက်ရာများ

စေတီတော်ကိုဖူးမြင်ရပုံလေး။
စေတီတော်ကြီး နဲ့တိမ်ပြာပြာ

နေပူပေမယ့်လည်း ဘုရားဘူးလာတဲ့သီလရှင်တွေလည်းရှိပါတယ်။
နေပူပူရင်ပြင်မှာ ဘုရားဖူးလာသူ

အနောက်ဘက်စင်္ကြန်ပါတ်လမ်းက ပြခန်းတွေပါ။
ပြခန်းလေးတွေ ဒီအထဲမှာရှားပါးဓါတ်ပုံတွေရှိပါတယ်။

ဘုရားရိပ်ကို ခိုနေတဲ့သူလဲရှိပါရဲ့။
ဘုရားအရိပ်မှာခိုနေတဲ့ကိုရင်လေးတွေ

အနောက်ဘက်ခြမ်းမှာရှိတဲ့ ကြေးစည်ကြီးထားရှိတဲ့စင်ပေါ်ကနေတက်ပြီးအပေါ်စီးက ဓါတ်ပုံရိုက်ဖြစ်ပါတယ်။
အပေါ်ကမြင်ရတဲ့စေတီတော်

စေတီကြားက မြင်ရတဲ့စေတီ

ဘုရားဝင်းထဲမှာ ဗုဒ္ဓဂါယာမှ ဓါတ်ပုံမှတ်တမ်းများနဲ့သီတဂူဆရာတော်ဘုရားရဲ့ ဓမ္မခရီးစဉ်မှတ်တမ်းပုံများကို
အဆောင်လေးများမှာဝင်ရောက်လေ့လာနိုင်ပါတယ်။
စကြ်န်ပါတ်လမ်းက ဓါတ်ပုံပြခန်း

စေတီရင်ပြင်တော်ကတော့ပူပြင်းတဲ့နေရောင်အောက်မှာဖြစ်ပေမယ့် ဘုရားဖူးလာရောက်တဲ့
သံဃာတော်များ သီလရှင်များ ကိုရင်လေးများကိုလည်းတွေ့ရပါတယ်။
ဘုရားဖူး လာတဲ့သံဃာတော် နေပူပူပေမယ့် ဘုရားရိပ်ကြောင့်မပူသလို

ထုံးစံအတိုင်းကိုပေါက်ရဲ့အမြင်ဒေါင့်စောင်းစောင်းလေးကိုလည်းခံစားကြည့်ပါအုံး။
အမြင်ဒေါင့်စောင်းစောင်းလေး

ဓါတ်ပုံမှတ်တမ်းများအရဒီစေတီတော်ကြီးလည်းအရင်ကထုံးသင်္ကန်းကပ်လှူထားတာကိုသိရပြန်ပါတယ်။
နံရံပေါ်က မှတ်တမ်း

အစကတော့ ဖြူဖြူ

စာမေးပွဲအောင်မြင်ထားတဲ့ကိုယ်တော်တွေ။
သံဃာတော်များ စေတီတော်အတွင်းသို့အဝင်

နောက်တော့လည်းအပြင်ဘက်ကိုထွက်လို့ နေရာအမျိုးမျုးိကနေ ဓါတ်ပုံတွေရိုက်ခဲ့ပါတယ်။
စကားပန်းနဲ့ တံခွန်တိုင်အဖျား

အပြင်ဘက်က မြင်ကွင်း သစ်ပင်တေါကြားမှာပေါ့

ကျနော်ပြန်ဘို့ပြင်ခဲ့အချိန်ကတော့ နေ့လည်မွန်းတည့်ချိန်။
အပြင်မှာပူပေမယ့် အေးငြိမ်းချမ်းမြေ့တဲ့ အရိပ်မှာခိုခဲ့ချိန်ခဏမှာတော့ ရင်ထဲမှာအေးမြ။
အေးငြိမ်းသောအရိပ်

ကြည်ညိုဘွယ်ရာစေတီမြင်ကွင်း။
ကြည်ညိုဘွယ်ကောင်းပေသည်။

အဝေးကမြင်ရတဲ့စစ်ကိုင်းတောင်။

ကိုပေါက်လက်ဆောင်စနက်ရှော့မဟုတ်တဲ့လက်ဆော့။
(4-11-2011)
ဆက်လက်ဖော်ပြပါမည်။

23 comments

  • koyinmaung

    November 6, 2011 at 9:42 am

    ဆရာပေါက်ရေကိုယ်တိုင်ရောက်သလိုခံစားလိုက်ရပါတယ်…
    ကျေးဇူးပါဆရာပေါက်ရေ…..

  • windtalker

    November 6, 2011 at 10:24 am

    အားပါးတရ ဖူးမျှော်ရတယ်ဗျာ
    သာဓု သာဓု သာဓု

  • Moe Z

    November 6, 2011 at 4:35 pm

    ဓာတ်ပုံတွေအတွက် ကျေးဇူးပါကိုပေါက်
    သီတဂူဆရာတော်တကယ်ကြည်ညိုလေးစားပါတယ်
    ဗုဒ္ဓတက္ကသိုလ်ကို သံဃာတော်တွေတင်မက
    လူတွေလည်းတက်လို့ရတယ်လို့သိရတယ်
    အဲဒီအကြောင်းလေးသိရင်ပြောပြပေးပါလား

  • htoosan

    November 6, 2011 at 4:42 pm

    သီတဂူဗုဒ္ဓတက္ကသိုလ် ပုံတွေတွေ့တိုင်း ဘယ်လောက်ကုန်ကျလည်းကျွန်တော်မသိပေမဲ့ သိန်းသောင်းချီ ကုန်မယ်ဆိုတာတွေးမိတိုင်း ကျွန်တော် အမြဲ နှစ်မျိုုး ခံစားမိပါတယ်။
    ခံစားချက်တစ်ခု က အံ့ဩမှင်တက် ဂုဏ်ယူ ဝမ်းမြောက် ကြည်ညို ခြင်း ။ ခမ်းနား ကြီးကျယ် အေးချမ်းခြင်းနဲ့ နောင် နှစ်ပေါင်းများစွာ မှာ ပုဂံလိုဘဲ နောင်လာ နောင်သားတွေ အတွက် ဂုဏ်ယူ စရာ မြန်မာမှု့များနှင့် သိန်းပေါင်းများစွာ အကုန်အကျခံ တည်ဆောက်ထားခြင်း။နောင် အရှည်တည်တံ့အောင် ထိန်းသိမ်းရမဲ့ ထိန်းသိမ်းစားရိတ် စသည်များဖြင့် ကြီးကျယ်ခန်းနားမူ့။ သီတဂူဆရာတော် ရဲ့ ကြိုးပမ်းအားထုတ် ဖြစ်မြောက်အောင် စွမ်းဆောင်နိုင်မှု ..
    အခြား တစ်ဘက်မှာတော့ ……
    မျက်တောင်မွှေးအဆုံးလောက်ဘဲ မြင်တတ်တဲ့ ကျွန်တော်ဖြစ်လို့ဘဲ ဖြစ်မှာပါ။

    • ကြောင်ကြီး

      November 7, 2011 at 1:27 pm

      အနော်လည်း အဲလိုပဲ….။ ဘာမှ မပြောဘူးနော်။။။။ ကိုယ်ဖြစ်ကိုယ်ခံ ကြောင်ကြီးကတော့ နတ်ပြည်စံမယ်။။။။။။ 😀

  • blackchaw

    November 6, 2011 at 5:00 pm

    ကိုပေါက်ရေ။
    တော်တော် ခမ်းခမ်းနားနား ဆောက်ထားတဲ့
    သီတဂူဗုဒ္ဓတက္ကသိုလ် ပဲဗျာ။ မရောက်လည်းမရောက်ဘူးဘူး။
    မမြင်လည်းမမြင်ဘူးဘူး။ ကျေးဇူး။

  • ဆူး

    November 6, 2011 at 5:47 pm

    ပုံတွေ အများကြီးပဲ အားရပါးရ ကြည့်လိုက်တယ်။
    တော်တော် ခမ်းနားတယ်နော်။ သပ်ရပ်မှု အပြည့်ပဲ တခါလောက်တော့ ရောက်ဖူးတယ်ရှိအောင် သွားအုန်းမယ်။

  • ပေါက်ဖော်

    November 6, 2011 at 6:08 pm

    ခမ်းနားချက်က
    မြန်မာနိုင်ငံက လို ့တောင် မထင်မိဘူးဗျာ
    🙄

  • သွားလို့လွယ်သလို လမ်းလဲသင့်ပါတယ်။
    စစ်ကိုင်းတောင်တက်လမ်းမှာတင်ရှိတာပါ။
    အခမ်းအနားရှိတဲ့နေမျိုးမှာသွားမယ်ဆိုရင် အတွင်းပိုင်းကိုပါဝင်ဖူးလို့ရပါတယ်။
    ကျနော်တောင်ကံကောင်းလို့ စေတီဖွင့်တဲ့နေနဲ့ဆုံတာလေ။

  • mandalarthu

    November 6, 2011 at 9:17 pm

    ဦးပေါက်ေ၇
    ဒီလောက် ခမ်းနားတဲ့ သီတဂူဗုဒ္ဓတက္ကသိုလ်ကို အခုမှဘဲ ကြီးကျယ်တဲ ့မြန်မာမှု အနုပညာတွေနဲ ့ခမ်းခမ်းနားနား ထည်ထည်ဝါဝါ တည်ဆောက်ထားတာ သိရတော ့တယ်။
    အပြင်ကဘဲ ဖူးမြော်ဖူးတာမို ့ အတွင်းပိုင်းမှာ ဒီလို အံ ့မခန်းအနုပညာလက်ရာတွေနဲ ့ပူဇော်ထားတာ
    မဖူးဘူး ပါဘူး။ ဦးပေါက်ကို တော ့သိပ်ကို ကျေးဇူးတင်ရတော ့မှာပါ။
    အခုဘဲ ပြေးဖူးချင်စိတ်တွေ တဖွားဖွားပေါ်လာအောင် ရှုထောင် ့စုံ တင်ပြထားတာမို ့။
    စာသင်ခန်းမကြီးကလည်း စာသင်ချင်စရာ……..
    အကြိိုုက်ဆုံးကတော ့စေတီတော်အနီးကပ်ပုံက သေသပ်လှပတဲ ့အနုပညာလက်ရာတွေပါဘဲ။
    နောက်ပြီး….မျက်နှာကြက်မှာ သရုပ်ဖော်ထားတာတွေ က မဂ္ဂင်ရှစ်ပါးကို အဓိပါယ်ရှိရှိ ဖော်ဆောင်ထားတာနော်..။အခြား လေးနက်တဲ့ အဓိပါယ်တွေလဲ ရှိဦးမှာပါဘဲ။
    ဒါနဲ ့…..တက္ကသိုလ် စာကြည် ့တိုက်ကော ရှိလား…ပြင်ပလူ အနေ နဲ ့ဝင်ရောက်လေ ့လာခွင် ့ရှိလား…
    သိချင်ပါတယ်။

  • we R one

    November 6, 2011 at 10:17 pm

    ကိုပေါက်ရေ.. တင်ပေးတာကျေးဇူးရှင့်။
    တော်တော် ခမ်းနားတာပဲနော်

  • မင်းပြည့်ရှိန်

    November 7, 2011 at 2:55 am

    ငါဦးချ၍ အမျှဝေရာ စေတီသာနှင့် သစ္စာအရောင် ဉာဏ်တန်ဆောင်လည်း ပြောင်လျက် ဝင်းလျက် ကျန်စေသတည်း….

    ကျေးဇူး အထူးပါ ကိုပေါက်…

  • aungnng87

    November 7, 2011 at 4:45 pm

    ကျေးဇူးဘဲကိုေပေါက်ရေ…။တဝ..ကြီးကြည်ညိုသွားပါတယ်။ အဆောက်အဦးတွေကခန်းခန်းနားနားသစ်သစ်လွင်လွင်တွေနော်…ကြည့်လို့အရမ်းကောင်းတာဘဲ။

  • MaMa

    November 7, 2011 at 9:00 pm

    မှီ ရေးတဲ့ ဂျေရုစလင် ပိုစ့်တွေ ဖတ်ပြီး သူတို့နိုင်ငံ၊ သူတို့ဘာသာရဲ့ ကြီးကျယ်ခမ်းနားတာတွေကို အားကျနေတာ ခုလို သီတဂူဆရာတော်ကြီးရဲ့ စွမ်းဆောင်နိုင်မှုတွေကို တွေ့ရတော့ ကိုယ့်နိုင်ငံ ကိုယ့်ဘာသာအတွက် ဝမ်းသာကျေနပ်မိသား။ 🙂
    htoosan နဲ့ ကြောင်ကြီးပြောသလိုကလည်း ဟုတ်နေပြန်ရော။ (အဖေပြောလေ့ပြောထရှိတဲ့ ဆန်မရှိပဲ အစားကြီးဆိုသလို ဖြစ်နေမလားတော့ မသိဘူး။) 😥

    • Foreign Resident

      November 8, 2011 at 4:40 am

      အာ Ma Ma ကို htoosan နှင့် ကို ကြောင်ကြီး ရဲ့

      Ma Ma ပြောသလို ” ဆန်မရှိပဲ အစားကြီး ” အဆင့်လောက်ထိမဟုတ်ပါဘူး ။
      ကျွန်တော် အဲဒီနေရာတွေ ( သီတဂူ ဗုဒ္ဓတက္ကသိုလ် ) အကုန် ရောက်ဘူးပါတယ် ။
      အဲ့တုန်းက နိုင်ငံတကာ ဗုဒ္ဓညီလာခံ လုပ်နေတာ ။
      ခန်းနားတာမှန်ပေမယ့် အလွန်အကျွံကြီးတော့ မဟုတ်ပါဘူး ။
      ထေရဝါဒ ဗုဒ္ဓဘာသာ နိုင်ငံတော်ကြီး တစ်ခုမှာ
      ဒီလောက်တော့ လူရှိန်အောင် ရှိရအုန်းမပေါ့ဗျာ ။

      ပြဿနာက တစ်ခုပဲရှိတာ ။
      သီတဂူဆရာတော်ကြီးက တန်ခိုးကြီးပေမယ့် ငွေကိုင်သုံးတယ် ပြောတယ် ။
      အဲဒါတစ်ခုပဲ နဲနဲ ခက်နေတာ ။

      သူ့ကျောင်းတည်း သူ့ရေတွင်းသောက် တဲ့ ရဟန်းတွေ
      နဲနဲ အာပါတ်သင့် မယ်ထင်ရတယ် ။
      တချို့ ဝိနည်းဓိုရ် တဲ့ ရဟန်းတွေ စစ်ကိုင်းတောင် သိပ်မသွားရဲဘူး ကြားတယ် ။

      အဘမှားရင် ဝိုင်းဝန်း သွန်သင် ဆုံးမ ကြပါဦးကွယ် ။

      • ကြောင်ကြီး

        November 8, 2011 at 11:15 am

        တခုရှိတာ အဘဖောရဲ့၊ သီတဂူဆရာတော်က နိုင်ငံခြားနဲ့ အဆက်အသွယ်များတယ်။ ပြည်ပကမြန်မာတွေလည်း လှူတယ်ဆိုပေမဲ့ အဲလောက်တော့ မဖြစ်နိုင်ဘူး၊ ပြီးတော် ဆရာတော့်မှာ အခြားပရေဂျက် အကြီးကြီးတွေလည်း အများကြီးဆိုတော့ ကုန်စရာတွေ အများကြီး။ အစိုးရကလည်း ရေ၊မီးလို့ အခြေခံအဆောက်အုံ သူတတ်နိုင်တာတွေပဲ ပေးမယ်ထင်တယ်။ တွေးမိတာ ဂျပန်နိုင်ငံကလို ဗုဒ္ဓဘာသာ အဖွဲ့တခုခုကများ အထောက်အပံ့ပေးသလားလို့။ ရန်ကုန်မြို့ ဝိုင်အမ်စီအေဆိုရင် မူလာ အဆောက်အုံနဲ့ ၁၉၉ဝလောက်မှာဆောက်တဲ့ ဘေးခြင်းကပ်လျက် အင်တာနေရှင်နယ် ဝိုင်အမ်စီဆိုပြီးရှိတယ်၊ တည်းခိုခန်းနဲ့ တွဲဖွင့်ထားတာ။ အင်တာနေရှင်နယ် ဝိုင်မင်န်ဘာများနဲ့ ခရီးသွားများ ဈေးသက်သက်သာသာနဲ့ တည်းနိုင်တယ်ထင်တယ်။ အဲဒီအဆောက်အအုံကို ဂျပန်ဝိုင်အမ်စီအေက ဆောက်ပေးတာ။ သီတဂူ ဆရာတော် ဆောက်ထားတဲ့ ခမ်းနားတဲ့ အဆောက်အဦးများ အပြင်အဆင်များကနေ ထူးချွန်ထက်မြက်တဲ့ သာသနာပြုအကျော်အမော်များ ဘယ်လောက် ထွက်မလဲနဲ့ တိုင်းတာကြည့်ရင် သိနိုင်မယ်ထင်တယ်။ အနည်းဆုံးတော့ သီတဂူလုပ်ငန်းစဉ်များအပေါ် အရင်ကထက် ဘယ်လောက် အထောက်အကူပြုသလဲပေါ့။ ကျနော်တို့က အပြုသဘော ဝေဖန်တာပါ။

        • Foreign Resident

          November 8, 2011 at 1:28 pm

          သာသနာကို သူ့နည်းသူ့ဟန်နှင့် ပြုကြတာပေါ့ဗျာ ။
          အဘတို့ကတော့ လက်ခံပါတယ် ။ အေးဆေးပါ ။
          သီတဂူဆရာတော်ကြီး ကိုလည်း ကိုးကွယ်တာပဲ ။
          ဝိနည်းဓိုရ်တဲ့ ဆရာတော်ကြီးတွေလာလည်း ကိုးကွယ်တာပဲ ။
          ကုသိုလ်ရ သာသနာ အကျိုးရှိရင် ပြီးတာပဲ ။

  • မမရေ
    အပြင်မထွက်နိုင်တော့လဲ ကိုယ့်အုန်းမူတ်ခွက်လေးကိုဘဲ
    ကျယ်တယ်လို့သဘောထားရတော့တာပေါ့ဗျာ။

  • susunosuki

    November 8, 2011 at 3:52 pm

    ဒီသာသနိက အဆောက်အဦး နဲ့ အခြားသော မြန်မာပြည်တွင်းက သာသနိက အဆောက်အဦးတွေကွာခြားတာတစ်ခုရှိတယ်။ ဒီအဆောက်အဦးက သင်္ဃန်းရောင်ကို အခြေခံထားတယ်။ ကျန်တဲ့ မြန်မာပြည်တွင်းက သာသနိက အဆောက်အဦးတွေက ထုံးသုတ်ရင်သုတ်၊ မသုတ်ရင် ရွှေချပစ်လိုက်တာပဲ။

  • တညင်သား

    November 8, 2011 at 7:59 pm

    ကျေးဇူးတင်ရမှာပေါ့ဗျာ..မရောက်ဘူး..မတွေ့ဘူးတဲ့ နေရာကို သိခွင့်တွေ့ခွင့်ရတာ….

  • Sky ko ko

    November 9, 2011 at 3:08 pm

    ကိုပေါက်ရေ ကျနော်လည်း သီတဂူရောက်သွားသလိုပဲဗျို့…
    ကျေးဇူးကျေးဇူး

Leave a Reply