ဆင်ဖြူတော်မှီ၍

mg wineNovember 5, 20111min10710

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နှင့်၁၆မိုင်အကွာစိန်တောင်ရွာအနီးရေသိုးချောင်းတွင်ဆင်ဖြူတော်ရေဆင်းချိုးစဉ်

တွေ့ရှိဖမ်းမိထားသောဖြစ်စဉ်ကြောင့်၎င်းနေရာသို့နေ့စဉ်လူရာချီသွားရောက်ကြည့်ရှုကြကြောင်းသတင်းရရှိပါသည်။

ဖြစ်စဉ်မှာ  ပုသိမ်နှင့်၁၆မိုင်ခန့်ဝေးသောစိန်တောင်ရွာအနီးချောင်းသာသို့သွားသောဂျက်ကာလမ်းခွဲရှိရေသိုးချောင်းတွင်

ရေချိုးဆင်းသောဆင်ဖြူတော်ကိုနွားကျောင်းသားလေးတစ်ဦးမှမြင်တွေ့ပြီးသတင်းပေးရာမှသက်ဆိုင်ရာမှဖမ်းဆီးရမိကြောင်း

သတင်းရရှိပါသည်။အဆိုပါဆင်ဖြူတော်မှာ အမ ဖြစ်ပြီး၁၅နှစ်သာရှိကြောင်း၊တကိုယ်လုံးဖြူနေကြောင်းကြားသိရပါသည်။

ဆင်ဖြူတော်ကိုကြည့်ရှုရန်နေ့စဉ်လူများစွာသွားရောက်ကြောင်း၊စစ်တပ်နှင့်ရဲအစောင့်ချထားကြောင်းသွားရောက်

ကြည်ရှု့သူတဦးကပြောပါသည်။ဆင်ဖြူတော်အားဆင်ကြီးနှစ်ကောင်ဖြင့်ထိမ်းထားပြီးအမိုးအကာဖြင့်ထားရှိပါသည်။

၎င်းဆင်အားယခင်အစိုးရလက်ထက်ကတောနင်းရှာဖွေသော်လည်းမရရှိဘဲယခုမှဖမ်းဆီးနိုင်ခြင်းမှာအုပ်ချုပ်သောသမ္မတ

၏ကောင်းမြတ်သောစိတ်ဓါတ်ကြောင့်သာဖြစ်ကြောင်းရှေးရိုးစွဲဒေသခံတဦးကပြောပါသည်။

ဆင်ဖြူတော်ကိုနေ့စဉ်သွားရောက်ကြည်ရှု့ကြရာပုသိမ်မှဆိုင်ကယ်အသွားအပြန်၆၀၀ဝကျပ်ပေးရကြောင်း

ကားငှားသွားလျှင်အနည်းဆုံးနှစ်သောင်းကျပ်ကုန်ကျကြောင်းသိရှိရပြီးပုသိမ်မှတက္ကစီသမားများအလုပ်ဖြစ်နေကြ

ကြောင်းသိရှိရပါသည်။နေ့စဉ်လူရာချီ၍သွားကြည့်နေကြကြောင်း(၃.၁၁.၂၀၁၁)ရက်နေ့တွင်သတင်းရသိရှိမြင်တွေ့ခဲ့ပါသည်။

10 comments

  • windtalker

    November 5, 2011 at 7:38 pm

    နေပြည်တော် မှာ ကြည့်စရာ ဆင်ဖြူတော် တစ်ကောင် ထပ်တိုးတာပေါ့ဗျာ ။

  • ပေါက်ဖော်

    November 5, 2011 at 8:07 pm

    မောင်ဝိုင်း.
    လူဂျီးကို နောက်ရဘူးနော်..
    ဂယ်ကြီးလား….ပုံဘယ်မတုန်း..

    အရင်က မတွေ ့ဘူး..ခုမှတွေ ့တာဆိုဒေါ့..
    သမ္မတကြီး ဘုန်းတန်ခိုးကြောင့်ပဲ ဧကန် ထွက်လာတာလား..
    🙄

  • GreeNSheeP

    November 5, 2011 at 8:17 pm

    ဖြစ်ကောင်း ဖြစ်နိုင်၏

  • naywoonni

    November 5, 2011 at 10:23 pm

    ဘုရင် အရှင့်ဘုန်းတော်ကြောင့်………………. ဆင် ဖြူတော်ကြီး မိနီးကီးကြောင်းပါဘုရာ့…… မိနီးကီးကြောင်းပါ ဘုရာ့……..

  • koyinmaung

    November 5, 2011 at 10:31 pm

    ခရုသင်းစွဲနေတဲ့ဆင်ကိုဆင်ဖြူတော်ဟုခေါ်ပါသည်…

  • kai

    November 6, 2011 at 6:39 am

    အဲဒီအကောင်.. လပ်စ်ဗေးဂတ်စ် ဒေါ်လှ ၁သန်းနဲ့ ရောင်းစားဖို့ကောင်းတယ်..။
    Made in Myanmar မြန်မာပြည်တွင်လုပ်သည်. ရေးထားလိုက်ရင်.. မြန်မာတွေတိုးရစ်ဇင်မှာလည်း.. ခရက်ဒစ်ရတာပေါ့.။

    တကောင်တကောင်..နေပြည်တော်တင်ကြွေးထားရင်.. တနှစ်တနှစ်နည်းတဲ့စားရိတ်မှမဟုတ်တာ..။
    အဲဒီငွေက နယ်စပ်က မြန်မာကလေးအယောက် ၁၀ဝ တနှစ်စရိတ်အသာလေးပဲလေ…။

  • small cat

    November 6, 2011 at 8:07 am

    တစီးရှင် မောင်စိန်

  • mg wine

    November 6, 2011 at 10:07 am

    ၃.၁၁.၂၀၁၁ ရက်နေ့ကဒုတိယသမတဒေါက်တာစိုင်းမောက်ခမ်း
    ပုသိမ်ကိုလာရောက်တဲ့သတင်းပါပြီးသားပါ။ဆင်ဖြူတော်ရှိရာကို
    သွားရောက်တယ်လို့သတင်းရရှိပါကြောင်း။
    ပုသိမ်ကိုမယုံလျှင်သွားကြည့်ပါ။မဟုတ်လျှင်စရိတ်ပြန်လျှော်ပေးပါမည်။

  • parlayar46

    November 6, 2011 at 11:25 am

    ကျုပ်ကတော့ ဒီနေရာမှာ ဘု ပြောပါမယ်။
    အပေါ်ကမန်းထားသူတွေနဲ့ ပိုစ့်ပိုင်ရှင်ကို တောင်းပန်ပါတယ်။

    အုပ်ချုပ်သောသမ္မတ ၏ကောင်းမြတ်သောစိတ်ဓါတ်ကြောင့် ဆင်ဖြူတော်ကို ဖမ်းမိတယ်ဆိုတာကို (တကယ်ဟုတ်ရင်တောင်) အသိအမှတ်မပြုပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲသလိုခံယူလိုက်ရင် အရင် ဦးသန်းရွှေလက်ထက် ဆင်ဖြူ၃ကောင်ဖမ်းမိတာ နိုင်ငံအကြီးအကဲရဲ့ကောင်းမြတ်သောစိတ်ဓါတ်ကြောင့်-လို့ ယူဆလိုက်ရမှာ စိုးလို့ပါ။

    ကျုပ်ရဲ့ အယူအဆအသစ်ကတော့ ဆင်ဖြူတွေရော ဆင်မဲတွေရော သင်းခွေချပ်အညိုတွေရော ဖမ်းမိတာဟာ သစ်ခုတ် ထင်းခုတ် လွန်ပြီး တောပြုန်းလာလို့ပဲ ဖြစ်နိုင်ပါကြောင်း။ မြန်မာပြည် သဲကန္တာရဖြစ်တော့မယ့် အတိတ်နိမိတ်ဖြစ်ပါကြောင်း။ (ဆဲကြစေသတည်း……)

    သူကြီးနော်- ကြည့်လဲတွန်း။ ဝေဿန္နရာမင်းကြီး ဆင်ဖြူလှူလိုက်လို့ တိုင်းပြည်ကမောင်းထုတ်ခံရတဲ့ သာဓကရှိတယ်။
    နောက်တခါ ပခုက္ကူလို ရေကြီးရင် သူကြီးအကြံပေးလို့ ကပ်တိုက်တာ ဖြစ်နေဦးမယ်။ 🙂

  • htet way

    November 6, 2011 at 4:55 pm

    ဆင်ဖြူတော်ကတော့တကယ်မိတာပါ။
    ပုသိမ်သားတွေတဝုန်းဝုန်းသွားနေကြတာပဲ။
    ကျွန်တော်တို့မြို့ကတောင်သွားကြသေးတယ်။
    ဒါဘာဆန်းလို့လဲလေ……………….။
    တနေ့ကတောင်ကျွန်တော်အိမ်မှာတောက်တဲ့အဖြူတကောင်
    တွေ့လို့လိုက်ဖမ်းသေးတယ်။ရောင်းမလို့……။

Leave a Reply