ကားမီးလောင်မှူဖြစ်ပွား

etoneMay 21, 20101min550

၂ဝရက်၊မေ ၊၊
ရန်ကုန်တိုင်း ၊သမိုင်း (၁) ရပ်ကွက် ၊ ၈လမ်းထိမ်းမှာ မနေ့က (20.May.10) ညနေငါးနာရီ ဆယ်မိနစ်ခန့်အချိန်တွင် CORONA SLOON ၂ခ/၂၄၂၃ အဖြူရောင်ကားတစ်စီး ဝါယာကြိုး ရှော့ခ်ဖြစ်ပြီး မီးလောင်ကျွမ်းမှူဖြစ်ခဲ့သည်။ ကားရှေ့ဖုံးနှင့် ရှေ့မှန်ပျက်စီးသွားခဲ့ပြီး အနီးနားမှလူများက ဝိုင်းဝန်းငြိမ်းသတ်ပေးခဲ့သည် ။ မီးသတ်ကား ၂စီးလည်း ငါးနာရီ နှစ်ဆယ့်ငါးမိနစ်ခန့်တွင်ရောက်လာခဲ့ပြီး မီးငြိမ်းပေးခဲ့သည်။ ယဉ်မောင်းနှင့် ပတ်ဝန်းကျင်တစ်စုံတစ်ရာထိခိုက်ခြင်းမျိုးမရှိပါ။ သမိုင်းလမ်းဆုံအထိကားအနည်းငယ်သာ ကြပ်သွားခဲ့သည်။