Meaning of Flowers

Moe TharMay 21, 20101min2161

blog တွေလိုက်ဖတ်ရင်းနဲ့ Meanings of Flowers ဆိုတာကို ကြိုက်လို့ copy ကူးထားလိုက်တာ… ဘယ်သူ့ဆီကလဲဆိုတာတော့ မမှတ်မိတော့ဘူး… ကူးထားတာတော့ ကြာပါပြီ… ပန်းတွေရဲ့ အဓိပ္ပါယ်က ရေးထားသလို ဟုတ် မဟုတ်ဆိုတာတော့ မပြောတတ်ဘူး… သူများရေးထားလို့ ပြန်ကူးလိုက်တာ… မှားခဲ့တာရှိရင် ကျွန်တော်နဲ့ မည်သို့မှ မသက်ဆိုင်ပါကြောင်း. . . . 🙂

Meanings Of Flowers

၁. ကံကော်ပန်း = မပြောင်းလဲတဲ့ ထာဝရအချစ်

၂. ကြာပန်း = မိတ်ဆွေတွေရဲ့ဖြူစင်မှုမျိုးနဲ့ခင်မင်ကြရအောင်

၃. ခတ်တာပန်း =အားငယ်သူမို့ညှာတာပါ

၄. ချယ်ရီပန်း = တစ်နေ့နေ့တော့ ဝေးရဦးမယ်

၅. ခေါင်းလောင်းပန်း =အမြန်ဆုံးနီးစပ်ခွင့်ရချင်တယ်

၆. ဂန်နမာဖြူ = ငြိမ်းချမ်းပါစေ

၇. ဂန်နမာဝါ = သတိရနေမယ်

၈. ခရေပန်း = Don’t forget me

၉. ဂမုန်းပန်း = မျှော်လင့်ခြင်းများစွာနဲ့ စောင့်နေရသူပါ

၁၀. စံပယ်ပန်း = မင်းရဲ့အချစ်ကို လက်ခံလိုက်တယ်

၁၁. ဆပ်သွားဖူးပန်း = သစ်စာမရှိတဲ့သူအတွက် ဝမ်းနည်းတယ်

၁၂. ဆောင်တော်ကူးပန်း =မင်းကြောင့်ကိုယ့်မှာရူးပြီ

၁၃. ဆယ့်နှစ်ရာသီပန်း =ရိုးသားဖြူစင်ခြင်း

၁၄. ညမွှေးပန်း = အရာရာဟာ မင်းအတွက်ဖြစ်စေရမယ်

၁၅. ဒေလီယာပန်း =မကြာခင်မှာဆုံတွေ့ကြရအောင်

၁၆. ဒန်းပန်း = ဘဝကိုအရှုံးမပေးပါနဲ့

၁၇. ဒေါနပန်း = တို့တစ်တွေခွဲခွာကြစို့

၁၈. နှင်းပန်း = အဆင်မပြေမှုတွေဟာ တစ်ခဏပါ

၁၉. နှင်းဆီပန်း = မင်းကို ငါချစ်တယ်

၂၀. နေကြာပန်း = မင်းရဲ့ဘဝရှေ့ရေးအဆင်ပြေဖို့ ကိုယ်တာဝန်ယူပါတယ်

၂၁. ပိတောက်ပန်း = မင်းဟာကိုယ့်အတွက် ရှားပါးတဲ့ဆုလာဘ်ပါ

၂၂. ပျားခတ်ပန်း = မင်းဟာ ဒီပန်းလေးလို လှသူတစ်ယောက်ပါ

၂၃. ဖယောင်းပန်း = အထီးကျန်ဖြစ်ခြင်း၊ကြေကွဲအားငယ်ခြင်း

၂၄. မြတ်လေးပန်း = ဇွဲသတ်တိရှိခြင်း

၂၅. မိုးမခပန်း = လွမ်းဆွေးကြေကွဲရခြင်း

၂၆.သဇင်ပန်း = ကျေးဇူးပြုပြီး မမုန်းလိုက်ပါနဲ့

၂၇. သစ်ခွပန်း = ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံခြင်း

၂၈. သော်ကပန်း = ကိုယ့်ကိုခွင့်လွှတ်ပါ

၂၉. သံလွင်ပန်း = အောင်မြင်ခြင်း ဂုဏ်ပြုခြင်း

၃၀. ရွက်လှပန်း = နှုတ်ဆက်လိုက်ပါတယ်

၃၁. ဝိုင်အိုလက်ပန်း = မျှော်လင့်သလိုဖြစ်လာပါစေ

၃၂. အုန်းပန်း = ကံကောင်းခြင်း

One comment

  • snow white

    June 21, 2010 at 8:27 am

    အခုလို သိရတဲ့အတွက် ကျေးဇူးအများကြီးတင်မိပါတယ် …….

Leave a Reply