ကျေးဇူးပါ အမေ…

ထာ၀ရNovember 6, 20111min582

တစ်ထောင်.ကိုးရာ ခြောက်ဆယ်.ခြောက်

လူ.ပြည်ကို တခေါက်  ရောက် ခဲ.တယ်

ဖြူစင်တဲ. စိတ်ရင်းနဲ. သနားတတ်ခြင်း ဉာဉ်

အမှန်တရား  ခင်တဲ. အမေ.ရဲ. ချစ်ခြင်းအောက်မှာ

ကျွန်တော် နွေးထွေးစွာ  ရှင်သန်ခွင်.ရခဲ.တယ်

 

 

လောကအတွက်ဆို အမြင်မဖြောင်.ရင်နေပစေ

အသွင်ကောက်  ပေမယ်.  အသုံးဝင်တဲ.

တံစဉ်လို လူသားမျိုး အမေ မွေးရကြိုး နပ်ချင်သတဲ.

သူ.စရိုက် သူ.အသွင် အမေဟာ သူဖြစ်စေချင်သလို

ပုံသွင်းရင်း ကျွန်တော် ကြီးပြင်းခဲ.တယ်လေ…..

 

 

ဆုတောင်းမှားပြီလား  ဒီလိုခေတ်ဆိုးထဲမှာ ဖြတ်သန်း

အရေးတော်ပုံတွေထဲ တက်ကြွလိုက် လက်လျော.လိုက်

ဒေါသနဲ.တောက်ခေါက်လိုက် ရင်နင်.စွာငိုကြွေးလိုက်နဲ.

ကြွေလွင်.သွားကြတဲ. မိတ်ဆွေတွေအတွက်လဲ မဖြေနိင်

အနာဂတ်ကို ကိုယ်မပိုင် ပေမယ်. သူငယ်ချင်းတို.ရေ

တနေ.တော.ပန်းတိုင်ကိုရောက် ရမှာပါ…….

 

ကျေးဇူးပါအမေ ……….

အကြင်နာချစ်ခြင်းနဲ.အမေဖန်ဆင်းခဲ.လို.သာ

အကြောက်တရားကို ကြံ.ကြံ.ခံရင်း

အတွေးသစ် အမြင်သစ်နဲ.ခေတ်သစ်ကို ပုံဖေါ်ဘို.

ကျွန်တော်တို. ဖြစ်တည် ခဲ.ပြီ  ရေဆန်လမ်း

ခရီးကြမ်းလဲ  ရဲရဲရင်ဆိုင် နောက်မဆုတ် ဒူးမထောက်

ဒီဒုက္ခအောက်မှာဘဲ သူရဲကောင်းတွေလည်းပေါ်ထွက်ခဲ.ပြီ အမေ..

 

 

ဘဝဆိုတာဒီတခါထဲမှ မဟုတ်တာ မျှော်လင်.လို.ရနိင်တာဘဲ

လမ်းတဝက်မှာ ကျဆုံးသွားတဲ. သူငယ်ချင်းတွေအတွက်

နောင်ဘဝ ခေတ်သစ်   မြန်မာပြည် မှာ  မင်းတို.လူဖြစ်

ဒါငါတို.ခေတ်လို. သူငယ်ချင်းတို.မော်ကြွားနိင်ကြပါစေ

တောင်းဆုချွေရင်း………..

 

 

ကျေးဇူးပါအမေ…..

အမှောင်ကိုခွင်း နေ.သစ်ရဲ.အလင်းတွေ မြင်နေတွေ.နေသမျှှ

ကျေးဇူးပါ အမေ…

 

 

ထာဝရ

( 2011, 11 )

 

 

 

 

 

 

2 comments

  • TTNU

    November 7, 2011 at 1:24 am

    င်္င်္Foreverရေ
    အမေကဗျာလေးမို့ ဝင်ဖတ်ဖြစ်ပါတယ်။

    (လောကအတွက်ဆို အမြင်မဖြောင်.ရင်နေပစေ

    အသွင်ကောက် ပေမယ်. အသုံးဝင်တဲ.

    တံစဉ်လို လူသားမျိုး အမေ မွေးရ ကျိုး နပ်ချင်သတဲ.)။ ကောင်းလိုက်တာ။

    အမေ့မွေးရကျိုးနပ်တဲ့ သားလူလှလေးဖြစ်ပါစေဟု။

  • small cat

    November 7, 2011 at 12:52 pm

    ကဗျာလေးအဖြစ်တင်မဟုတ်ပဲ ၊တကယ်လည်း အမေ့ကျေးဇူးသိတတ်သူ၊ ကျေးဇူးဆပ်တဲ့သူတစ်ယောက်ဖြစ်ဖို့လိုပါတယ်။
    အေမေမွေးရကျိုးနတ်တဲ့ သားမျိုးတွေ များများရှိပါစေ၊

Leave a Reply