မီးပုံးပျံလုပ်သူတယောက်ရဲ့ရင်ခုန်သံ (အတွဲ 3)

Yin Nyine NwayNovember 7, 20111min915

ကျွန်တော့် မီးကို ဒိုင်လူကြိးက ကြော်ငြာနေပြီ…
ကျွန်တော်တို့အဖွဲ့ သက်မှတ်ထားတဲ့နေရာကိုသွားကြတယ်
ပြီးတော့ ကျွန်တော်တို့မီးကျီကို အလေးချိန်ချိန်ဖို့ပြောတယ်
ကျွန်တော် ဒိုင်လူကြီးဆီ မီးပုံးပျံနဲ့ ပတ်သတ်တဲ့အချက်အလက်ကိုပေးလိုက်တယ်
သူက ပရိသတ်ကို ကျွန်တော်ေရေးထားတဲ့အတိုင်း ရွက်ပြတယ်
အလေးချိန်ချိန်ရတဲ့အကြောင်းရင်းက မီးပုံးပျံခေါင်အမြင့်နဲ့ ယမ်းပိသာချိန်ကို ကိုက်မကိုက်စစ်တာပါ
နို့မဟုတ်ရင် မီးပုံးပျံမတက်နိုင်ပဲ အောက်မှာ ဝုန်းဒိုင်းကျဲမှာကြောက်လို့နေမှာပါ
ကျွန်တော် မီးကျီချိန်နေတဲ့အချိန် ကျွန်တော်တို့အဖွဲ့က မီးပုံးပျံထောင်နေပြီ
မီးဇော်နဲ့ မီးပုံးပျ့ကိုမှိုင်းဖြည့်တယ်
ခေါင်တက်လာပြီဆိုတာနဲ့ မီးပုံးပျံ မှိုင်းဝအောင်ဖြည့်တယ်
ပြီးတော့ တီတံလို့ခေါ်တဲ့ မီးပုံးပျံနဲ့မီးကျီ ဆက်တဲ့ ကြားခံနယ်ကိုချိတ်တယ်
တီတံက လည်းအရေးကြီးတယ်
တီတံကို ကိုင်ပြီး မီးပုံးပျံ ဆွဲနိုင်မဆွဲနိုင်ကို ချိန်နိုင်တယ်
ပြီးတာနဲ့ …. မီးပုံးပျံဆွဲနိုင်တဲ့အချိန်လောက်မှာ အောက်ကနေ မီးကျီကို ဆွဲတယ်
လေအပင့်မှာ မီးပုံးပျံက ဆွဲတက်သွားတက်တယ်
ဒီအချိန်အရေးကြီးဆုံးပဲ ……မဆွဲနိုင်ဘဲ စနစ်တ့မီးရှီု့မိလို့ အောက်မှာဝုန်းတဲ့သူတွေ အများကြီးပဲ
တချို့ကလဲ အရှိန်နဲ့ဆွဲတက်သွားတာ စနစ်မီးမရှို့လိုက်ရတဲ့သူတွေလည်းပေါတာပေါ့
ဒါကြောင့်ဒီအချိန်မှာ ရင်ခုန်ကြတယ်လေ
ကျွန်တော်စနစ်ကို သေသေချာချာလိုက်ကြည့်တယ်
စနစ်က လေးဘက်ဆိုတော့ သေချာတဲ့ လူလေးယောက်ကိုရွေးထားတယ်
သေသေချာချာတက်ပြီဆိုတော့ သူတို့ကို စနစ်ရှိ့ခိုင်းလိုက်တယ်
ကျွန်တော့မီးပုံးပျ့ကြိးတက်သွားပြီ
ဒါပေမဲ့ မဆွဲနိုင်ဘူးဖြစ်နေတယ်
အားလုံးက ရင်တမမနဲ့
စနစ်ကရှို့လိုက်ပြီ …. တခုပဲရှိတယ်အောက်ကနေ နဲနဲလောက်ပင့်ပေးရင် တက်မှာ
ဘယ်သူကမှမလုပ်ရဲကြဘူး
ကျွန်တော် မီးဇော်ကို ထဆွဲတယ် ပြီးတော့ မီးပုံးပျ့ကြီးအောင်ကို ထပြီးပြေးတယ်
မီးဇော်နဲ့ ကျွန်တော်မရမက အောက်ကနေ မှိုင်းပြန်ပေးလိုက်တယ်
ခိုတွေ စကျလာပြီ
ကျွန်တော့ခေါင်းပေါ်မှာဝဲလို့ပေါ့…
ရုတ်တရက် ရေနံဂျီးစက် ကျွန်တော့ မျက်နှာပေါ်ကျလာတယ်
ကျွန်တော်ရှောင်ချိန်မရလိုက်ဘူး
ပူခနဲခံစားလိုက်ရတယ်
ဝေဒနာကို ကျွန်တော်မခံစားနိုင်သေးဘူး …မီးပုံးပျံကြီး တက်ဖို့က အရေးကြီးတယ်
မီးပုုံးပျံကြီး…. မှိုင်းနဲနဲဝလာတာရယ်… အောက်ဘက်ထွက်သွားတော့ နဲနဲပေါ့သွားတာရယ်ကြောင့် တက်သွားတယ်
အားလုံးက အား…ခနဲ အော်သံတွေ လက်ခုပ်သံတွေ ကျွန်တော့နားနဲ့မဆံ့ဘူး…
ကျွန်တော် ထွင်ထားတဲ့ ဗုန်းဆိုတဲ့ နေရာအရောက်
လမင်းကြီးတဲ့တဲ့မှာ ဖျာခနဲ ဖျာခနဲ ဆင်းလာတယ်
အားလုံးက လက်ခုပ်သံတွေ ကြားနေရတယ်
ဒိုင်လူကြီးရဲ့ ဩောဘာသံတွေ ကြားနေရတယ်
ကျွန်တော့မျက်နှာက ရေနံစီ အပူက ပျောက်သွာသလား ထင်ရတယ်
ဘာမှမခံစားရတော့ဘူး
အားလုံးက (မိသားစုဝင်)တွေက မေးကြတယ်
ခင်ဗျား မီးပုံးပျ့တက်မယ်ဆို အသက်ပါသေသေလားတဲ့
ကျွန်တော်ပြန်ဖြေလိုက်ပါတယ်
မီးပုံးပျံဖြစ်ဖို့ကျွန်တော် ထမင်းမစားရတဲ့ရ်တွေ ချွေးကျရတဲ့ ရင်တွေအများကြီးပါ …
ကျွန်တောချစ်တဲ့ မီးပုံးပျံတခုခုဖြစ်မယ်ဆိုရင် ..ကျွန်တော်ချစ်တဲ့လူတယောက် တခုခုဖြစ်သလိုပဲ
အသက်အသေခံမယ်လို့ ကမန်တော်မှမဟုတ်ဘူး
တောင်ကြီးက မီးပုံးပျံလုပ်ကြတဲ့လူတွေ ပြိုင်ကြတဲ့လူတွေက ဆုရတာမရတာထက်
ဝါသနာကြောင့်လို့ ကျွန်တော်ထင်တယ်
မှန်ကိုကြည့်တိုင်း…ဒီအချိန်ရောက်ရင်မီးပုံးပျံလုပ်နေကျ အမှတ်တရကတော့ ဘယ်နေရာရောက်ရောက် ပြန်လာချင်တဲ့ ကျွန်တော့စိတ်ကို နိုးဆွနေသလိုပါပဲ….

5 comments

  • ပေါက်ဖော်

    November 7, 2011 at 8:17 pm

    ရင်ငြိမ်းရေ…
    မကြံဖူးပေမင့်..မီးပုံးပျံပိုးလေးတွေ..ခံစားသွားပါ၏..
    🙄

  • windtalker

    November 7, 2011 at 8:37 pm

    ရင်ငြိမ်းနွေ ရေ မီးပုံးပျံ လွှတ်သူများရဲ ့ခံစားချက်ကို သိရှိသွားရပါတယ်ဗျာ

  • MaMa

    November 7, 2011 at 9:54 pm

    ကိုယ်လုပ်လိုက်တဲ့လုပ်ငန်းတခုအောင်မြင်သွားတာကို ခံစားရတဲ့ပီတိပေ့ါ။ မီးပုံပျံလွှတ်တာ အဲဒီလောက် ခက်ခဲတော့ ခံစားရတဲ့ပီတိက ပိုမြင့်မှာပေ့ါ။ ဇာတိစွဲဆိုတာ အဲဒီလို ရိုးရာဓလေ့တွေကနေ ရတာလို့ထင်မိတယ်။

  • Diamond Key

    November 8, 2011 at 10:25 am

    ရင်တဖိုဖို၊ စိုးရိမ် ဆုတောင်းတွေနဲ့ အတူ ရင်ငြိမ်းရဲ့ မီးပုံးပျံကြီး တတ်နေတာကို မြင်နေမိပါတယ်။
    သိပ်ကို ဝါသနာကြီးသူတွေပါ။
    မီးပုံးပျံလှလှကြီးတွေကို ထာဝရ နှစ်သက်နေပါတယ်။
    ရိုးရာမီးပုံးပျံလှလှကြီးတွေ မြန်မာမြေပေါ်က ထာဝရတက်နေနိုင်ပါစေ။
    ရင်ငြိမ်းတို့လို မီးပုံးပျံ အသဲစွဲတွေ ထာဝရ ရှိနေကြပါစေ လို့ ဆုတောင်းပေးနေပါတယ်။

  • ကြောင်ကြီး

    November 9, 2011 at 12:23 pm

    မီးပုံးပျံလွှတ်တာနဲ့အတူ လောင်းကစားဝိုင်းတွေလည်း အားကြီးများတယ်လို့ သတင်းတွေမှာ ဖတ်ရတယ်။ အဲဒီကိစ္စက သမိုင်းနဲ့ချည် ရှိခဲ့ ရှုပ်ခဲ့တော့ နွေးသီး သိမြင်တာလေးကို ရေးပါအုံး။။။

Leave a Reply