တုပ်ကွေးပျောက်ကင်းစေသည်ဟူသောဆေးတိုင်းကို မယုံပါနှင့်

DaveJanuary 9, 20101min660

ချောင်းဆိုးခြင်း၊နှာချေခြင်းနှင့် သာမန်အသက်ရှူသွင်းရှူထုတ်ခြင်းတို့ကို အခန်းတွင်း၌ပြုလုပ်လျှင် ပေ၁၆ဝ အတွင်း တုပ်ကွေးရောဂါပိုးကို ကူးစက်စေနိုင်ပါသည်။ရောဂါပိုးပြန့်နှံ့နေသောလေကို သန့်ရှင်းအောင်ပြုလုပ်ရန် အတွက်လည်း မလွယ်ကူပါ။

အိတ်ချ်ဝမ်းအင်န်ဝမ်းတုပ်ကွေးရောဂါဖြစ်ပွားမှုကို လူအများပိုမိုသိရှိလာကြသည်နှင့်အမျှ ယခုနောက် ပိုင်းတွင် တုပ်ကွေးရောဂါပိုးရှိသောလေကိုသန့်စင်ပေးနိုင်သည်ဆိုသော ဖြန်းဆေးဘူးများကို လမ်းဘေး ဈေးသည်များရောင်းသည်အထိ ဆေးဝါးနှင့်ကာကွယ်ရေးပစ္စည်းများ တိုးပွားလာသည်ကိုတွေ့ရသည်။ ယင်းဆေးဘူးများကို တရားဝင်မှတ်ပုံတင်ထားခြင်းမရှိကြောင်း ပတ်ဝန်းကျင်ကာကွယ်စောင့်ရှောက်ရေး အဖွဲ့က သတိပေးထားသည်။

“ဒီလို ထိရောက်တဲ့ဖြန်းဆေးရှိတယ်ဆိုရင်တောင် အခန်းထဲကို လူတစ်ယောက်ဝင်လာမယ်ဆိုရင် လေက ဓာတ်ပြန်ပြီးပျက်ပြယ်သွားမှာဖြစ်ပါတယ်။´´ဟု အဆိုပါအဖွဲ့မှ ပြောခွင့်ရသူ ဒေးလ်ကေမာရီက ထုတ်ဖော် ပြောကြားသည်။ယင်းဆေးဘူးများထွက်ပေါ်လာသည့် ဇာစ်မြစ်ကို ထိုအဖွဲ့က စုံစမ်းလျက်ရှိပြီး ဝယ်ယူသုံးစွဲ သူများရှိလျှင် တစ်ဘူးလျှင် ဒဏ်ငွေ ၇၅၀ဝအထိ ပေးဆောင်စေရမည်ဟုလည်း သတိပေးထားသည်။

ဖြန်းဆေးဘူးအချို့ကို ပိုးမွှားသေစေသည်ဟု ကြော်ငြာရောင်းချနေကြသော်လည်း အမှန်တကယ်တွင် လေထဲရှိရောဂါပိုးများကို အကျိုးသက်ရောက်မှုရှိစေမည်မဟုတ်ကြောင်း ဆေ့ဖ်စပေ့စ်ကုမ္ပဏီမှ အမှုဆောင် အရာရှိချုပ် ရစ်ခ်ဝီလျံစ်က အတည်ပြုပြောကြားသည်။၎င်းတို့ကုမ္ပဏီမှထုတ်လုပ်သောဖြန်းဆေးများသည် အခန်းများကို ပိုးမွှားများမှကာကွယ်ရန်အတွက်ရည်ရွယ်ခြင်းဖြစ်ပြီး မာကျောသောမျက်နှာပြင်များပေါ်၌ ပိုး မွှားကင်းစင်စေရုံမျှသာ စွမ်းဆောင်နိုင်ကြောင်းလည်း ထည့်သွင်းပြောကြားသည်။

သို့ဖြစ်ရာ ပတ်ဝန်းကျင်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့က အတည်ပြုထားခြင်းမရှိသော ဖြန်းဆေးဘူးများကို အယုံလွယ် အရွေးမှားကာမဝယ်မိစေရန် သတိပြုသင့်ကြောင်း သိရသည်။