Laptop တစ်လုံးကို ဘယ်လို ရွေးချယ် ဝယ်ယူမလဲ

ムラカミNovember 7, 20119min82039

သည်ဆောင်းပါးဟာ local အတွက်ပဲ သီးသန့်ရည်စူးပါသည်။

ကျနော့် အရင် ကင်မရာဆောင်းပါးလိုပဲ …ဘာကိုဝယ်ပါ

ဘာက မကောင်းဘူး အစရှိသဖြင့် ပြောမှာ မဟုတ်တဲ့အတွက်

အဖျား ရှူးသည် ဟု အပြစ်မတင်စေချင်ပါ ..ကျနော်က

နှိုင်းယဉ်နည်းကိုပဲ မသိသေးတဲ့ သူငယ်ချင်းတွေအတွက်

ပြောပြပေးချင်တာဖြစ်ပြီး ဝယ်တာတော့ ကိုယ့်စိတ်ကြိုက်ကိုယ်

ရွေးပါလို့ ပြောချင်ပါတယ်။ Brand preference အရလည်း

HP, Acer, Lenovo, Dell, Asus အစရှိသဖြင့် မပြောလိုပါ

အလွန်အကျွံ အစွဲကြီးတာကိုတော့ တချက် ဆင်ခြင်စေချင်ပါသည်

ဧရာမ corporation တွေဆိုတော့ သည် modelမှာ သူသာသွားသလို

ဟို modelမှာ ကိုယ်သာသွားတာ တွေရှိတတ်လို့ ဖြစ်ပါသည်။

ကျနော်ကိုယ်တိုင်ကတော့ dell / lenovo user ဖြစ်ပါသည်။

 

ကျနော်တို့ လွယ်လွယ်ပဲ အပြင်ပန်း ကနေ စပြောရအောင် ..

၁။ Size or Monitor

၁ဝလက်မ လေးတွေ ရှိတယ် …ဒါလေးတွေက

netbook လေးတွေများပါတယ် …ခရီးဆောင် သုံး

ဖြစ်ပါတယ် ..ပေါ့ပါးမယ် သေးငယ်မယ် Intel Atom

လိုမျိုး power အစားသက်သာတဲ့ CPUပါမယ် battery

ကြာရှည် ခံရန် အတွက်ပါ။ စွမ်းဆောင်ရည်တော့မမြင့်မားကြပါဘူး

13.3″ ဆိုတဲ့ size ပါ .အတော် လေး portable ဖြစ်ပါတယ်

screen resolution က 1280×800 ရှိတတ်ပါတယ်..

(တချို့ …standard မဟုတ်တဲ့ size တွေလည်းရှိတတ်လို့ပါ)

14.1″ နဲ့ 15.6″ ကတော့ standard size လို့ ဆိုနိုင်ပါတယ်

monitor ကတော့ 1366 x 768 ဒါမှမဟုတ်  1280×800 resolution

ရှိပါတယ်..

17.3″ လက်ပကျွတ် တွေကတော့ power laptopတွေဖြစ်ပြီး

gaming အတွက် ရည်စူးကြတာများပါတယ်..

ကိုယ်ဘာ သုံးမှာလဲ ဆိုတာနဲ့ ကိုယ်နဲ့ ဘယ်size သင့်လျော်မလဲဆိုတာ

ရွေးနိုင်ပါတယ်။  ရုံးလုပ်ငန်းသုံး မယ်ဆိုရင်တော့ 14.1″or 15.6″ ကို ရည်ညွှန်းပါတယ်

 

 

 

Size ကို ရွေးပြီးရင်တော့ အတွင်းပိုင်းက ပစ္စည်းတွေ ကိုသွားပါမယ်

 

၂။ CPU

CPUဟာ ကွန်ပြူတာရဲ့ အင်ဂျင် ဖြစ်ပါတယ် သူမကောင်းရင်

ကျန်တာတွေ ဘယ်လောက်ကောင်းကောင်း သုံးစားမရပါဘူး..

လက်ပကျွတ် ဘော်ဒီ အထူးသဖြင့်  keyboard နဲ့ touchpad

နားက နေရာလွတ်မှာ ဘာ အမျိုးအစား CPU ထည့်ထားတယ်

ဆိုတာ ရေးသားဖော်ပြလေ့ ရှိပါတယ်..

ကမာ္ဘမှာ အဓိက CPU maker ၂ခုရှိပြီး  Intel နဲ့ AMD တို့ဖြစ်ပါတယ်

Intel က dominent ဖြစ်ပြီး တချို့ လက်ပကျွတ် မိတ်ကာတွေလည်း

AMDနဲ့ ထုတ်ပါတယ်80- 90%လောက်အထိ အတွေ့ရများတဲ့

Intel CPU တွေအကြောင်းပဲ ဆက်ရေးပါတော့မယ်

 

မဝယ်သင့်တဲ့အမျိုးအစား လို့ ကျနော် သတ်မှတ်ထားတာရှိပါတယ်

Celeron ပါ ..သူဟာ ဟိုးရှေးခေတ် Pentium II Architectureဖြစ်ပါတယ်

 

 

 

Celeron ကိုမှ Dual Core ဆိုပြီး Core ၂ခုနဲ့ ထုတ်ကြပါသေးတယ်..

စွမ်းဆောင်ရည် မကောင်းပါ။

 

 

 

သည်နေရာမှာ hardware ပိုင်းနည်းနည်းရှင်းပြလိုပါတယ်..

CPU ဟာ တွက်ချက်မှုတွေ လုပ်တယ် operationတွေ လုပ်တယ်လို့

အကြမ်းဖျင်း သိထားမယ်ထင်ပါတယ် .. လူတွေသုံးတာ ခိုင်းတာတွေကို

သူလုပ်ပေးနိုင်ဖို့ ပေါင်းကူးပေးရတာ Motherboardဖြစ်ပါတယ်

ဖွဲ့စည်းပုံအရဆို motherboardမှာ ဘာမဆို လာရောက်တပ်ဆင်ရပါတယ်..

motherboard ကနေ CPU ဆီ local bus အနေနဲ့ RAM ကိုအသုံးပြုပြီး

ပို့ပါတယ် …(RAM အကြောင်း သီးသန့်ရေးပါ့မယ်)

 

CPUဟာ အလွန်မြန်ဆန်တဲ့ အတွက်အချက်သမားဖြစ်ပါတယ်။

သူ့ဆီ ပို့ပေးတဲ့ ဒေတာတွေကို သူ့အတွင်းပိုင်းမှာ ခန သိုလှောင်ရပြီး

လိုတဲ့အတိုင်းထုတ်ပေးဖို့ Cache Memory ဆိုတာ လိုပါတယ်…Cache ကို

L1,L2,နဲ့ခုနောက်ပိုင်း L3 အထိ ရှိလာပါပြီ …board ပေါ်က RAMနဲ့

သဘောတရားချင်းတူပေမယ့် သူဟာ သေးငယ်ပါတယ်နောက်ဆုံးပေါ်

L3 cacheတွေ တောင်6Mb, 8Mb လောက်သာရှိတာပါ

 

Cache ကို အချုပ်ဆိုရရင်တော့ များလေကောင်းလေပါခင်ဗျား

Celeron တွေဟာ Cacheနည်းပါးကြပါတယ် သူတို့ပါဝင်တဲ့

လက်ပကျွတ်တွေဟာ ဈေးမဆိုးလှပေမယ့် တခြားအပိုင်းတွေ

ကောင်းမယ်ဆိုရင်တောင် လေးဘီးကားအင်ဂျင်တပ်ထားတဲ့

မာစီဒီးတော့ ဘယ်သူမှ စီးချင်မယ် မထင်ပါဘူးခင်ဗျာ။

 

CPU ရဲ့ နောက်တခုပြောစရာဝိသေသကတော့ core တွေကိစ္စပါ

Dual core, Core2Duo သည်၂ခုဟာ မတူညီပါ ဒါကိုသတိပြုစေချင်ပါတယ်

Dual core ဟာ core 2ခုပါဝင်ပါတယ် Core 2Duo ကတော့

core 4ခုပါဝင်ပါတယ်။

ဟုတ်ကဲ့ core တွေ ဘာလုပ်သလဲ မေးရင် တပြိုင်နက်တည်းသော

တွက်ချက်မှုဆိုင်ရာတွေလုပ်ပါတယ်လို့ ဖြေရပါမယ်။

core ၂ခုဟာ မီးဖို၂ခုနဲ့ တပြိုင်တည်း ချက်တာ ကိုဆိုလိုပြီး

core ၄ခုဟာမီးဖို ၄ခုပါ။

 

 

 

ကျနော်တို့ ယနေ့ ကွန်ပျူတာတွေမှာ antivirus software

က အမြဲ run ထားရပြီးဥပမာ  word နဲ့စာစီနေတုန်း

website ကြည့်တဲ့အလုပ် ကို လုပ်တယ်ဆို ရင် သည် process

တွေအတွက် computer ကတပြိုင်တည်း အလုပ်လုပ်ပေးနေရတာပါ

သည့်အပြင် သည် အလုပ်တွေလုပ်ဖို့အတွက် underground

process တွေserviceတွေ လည်း run ရသေးတာမို့

Core ဟာလည်း များလေကောင်းလေ ဖြစ်ပါတယ်

 

Core အကြောင်း ဆက်ပါဦးမည်။ အထက်က Core2Duo

ဆိုတဲ့အဆင့်အထိက သူ့ရဲ့ pin sizeဟာ 45nm ဖြစ်ပါတယ်

သည်ဘက်ခေတ်မှာ 32nm တွေ ပေါ်လာပြီဖြစ်ပါတယ်(လက်ရှိLGA 1366ထိ)

ဒါတွေဟာ Corei3, i5, i7 တို့ဖြစ်ပါတယ်

i3 ဟာ core ၂ခုဖဖြစ်ပြီး i5 ဟာ ၄ခုပါi7 ကတော့ ၆ခု လို့

အကြမ်းဖျင်းပြောလို့ရပါတယ်။

(variation တွေရှိပေမယ့် စာတမ်းပြုစုမှာ မဟုတ်လို့ အဲ့သည့်လောက်အသေးစိတ်မလိုပါ)

သည်တော့ DualCore,Core2Duo တို့ထက်စာရင် iSeries ကမော်ဒယ်ပိုမြင့်ပါတယ်

ဈေးလည်းပိုမြင့်ပြီး တတ်နိုင်မယ်ဆိုရင်တော့  iSeries ကို recommend လုပ်ပါတယ်

 

 

 

CPU အကြောင်းကိုု Intel Inside ဆိုပီး စက်မှာ ရေးသားဖော်ပြထားပေမယ့်

အပြည့်အစုံတော့ မဟုတ်သေးပါ သူက မော်ဒယ်လောက်ပဲဖော်ပြထားတာပါ

အပြည့်အစုံကို ရောင်းသူကိုမေးကြည့်နိုင်သလို

my computer ကို right-click ခေါက်ပြီး properties မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်

 

ဒါ amazon မှာ ရောင်းထားတဲ့ CPU sample တခုပါ

Intel Core i5-2500K3.3 GHz 6 MB Cache Socket LGA1155 Processor

 

ဈေးမတိမ်းမယိမ်း လက်ပကျွတ်၂လုံးကို CPU နဲ့ ယှဉ်ထိုးပြီး ရွေးချယ်ဝယ်ယူမှု ပြုမယ်ဆိုရင်

အမျိုးအစား (Core i5 ) နဲ့ စတင်ယှဉ်ထိုးပြီး

CPU clock speed (3.3GHz) ကို ချိန်ပါတယ်

နောက်ဆုံးမှာတော့ Cache (6MB) ကိုယှဉ်ပါတယ်

 

လက်ပကျွတ်တွေမှာ motherboardနဲပ နှိုင်းယှဉ်ဝယ်ယူမှု မရှိသလောက်ပါ ဒါ့ကြောင့်မို့

မရေးတော့ပါ။

 

၃။ Graphic

CPUပြီးရင် အရေးအကြီးဆုံး အစိတ်အပိုင်း မဟုတ်ပေမယ့် ဆက်စပ်မှုရှိနေလို့ သူ့ကိုရေးပါမယ်

graphic card ဟာသီးခြား အစိတ်အပိုင်းဖြစ်ပါတယ် ။ graphic card မပါလည်း

motherboard ပေါ်က RAM စွမ်းအားနဲ့ graphic function တွေကို အတိုင်းအတာ တခုထိ

စွမ်းဆောင်ပေးနိုင်ပါတယ်။ Graphic card ပါမပါ ကိုတော့

keyboard အောက်က space မှာ ကြည့်နိုင်ပါတယ် NVIDIA ဒါမှမဟုတ် ATi ဆိုတဲ့ တံဆိပ်

ကို တွေ့ရင် အဲ့ဒါ Graphic ပါပြီး သူ့ အမျိုးအစားကို ရေးထားတာပါ။ တံဆိပ် တခုမှ မပါရင်တော့

memory on-board ပဲဖြစ်ပါတယ်။

 

 

 

 

 

iSeries CPU တွေရဲ့ second generation(လက်ရှိနောက်ဆုံးပေါ်များ) မှာ

CPU အတွင်းမှာပါ Graphic function ဆိုင်ရာ အလုပ်တွေ လုပ်ပေးနိုင်လာကြပါပြီ။

graphic build-in ပါတယ် ပေါ့ဗျာ.  အဲ့သည့်လို လက်ပကျွတ် တွေမှာ ရုံးသုံးဦးစားပေးထုတ်

ထားတဲ့ model တွေဆို သီးခြား graphic card မပါဝင်ဘဲ ..entertainment ဦးစားပေးထုတ်တဲ့

စက်တွေမှာတော့ graphic card သပ်သပ်ပါပါတယ်.

အဲ့သည့်လို စက်တွေမှာတော့ဖြင့် hybrid performance ရတယ်လို့ ဆိုပါတယ် …

CPU ရဲ့ function နဲ့ graphic cardရဲ့ power ပေါင်းစပ် ထုတ်လုပ်နိုင်တယ်လို့ ပြောတာပါ..

 

Graphic အကြောင်းချဲ့ပြီးပြောပြရတာကတော့ တချို့ မသမာတဲ့ အရောင်းစာရေးတွေကြောင့်ပါပဲ..

CPU ထဲက build-in လား card သီးခြားလား မပြောဘဲ နားမလည်တဲ့ ဝယ်သူကို

Graphic ပါတယ် 1Gb 2Gb အော်ရောင်းတတ်ကြလို့ပါ။

CPU graphic က တော်ရုံတန်ရုံ support ဖြစ်ပေမယ့် Haloတို့လို Gameမျိုးတွေ

ချောမွေ့စွာ ကစားနိုင်မယ်မဟုတ်ပါ။ Graphic Card ဟာ video ဆိုင်ရာ

operation တွေကို ဖြေရှင်းလုပ်ကိုင်ရတဲ့အတွက် သူ့ကို CPU လိုမျိုး GPU

လို့တောင် နာမည်ပေးကြပါသေးတယ်။ CPU လိုပဲ သူ့မှာ capacity (1GB, 2GB)နဲ့

clock speed (MHz/GHz)တို့ ပါဝင်ပါတယ်

 

ဝယ်သူအနေနဲ့ ကိုယ်ဘာသုံးမှာလဲဆိုတာကို Graphic အပိုင်းရောက်ရင် တခါပြန်

စဉ်းစားစေချင်ပါတယ်။ Graphic card တွေဟာ ဒေါ်လာ ဆယ်ဂဏန်းလောက်ကနေ

ထောင်ဂဏန်းလောက်ထိ ပေးရတဲ့အတွက်ပါပဲ …သာမာန်အိမ်သုံး game ကလည်း

Plants Vs Zombie, Zuma တို့လောက် flash game လေးတွေသာ ဆော့မယ် ဆိုရင်

တော့ ၁သိန်း ၂သိန်း ပိုများမယ့် Cardစိုက်ထားတဲ့ စက်တွေကို မရွေးသင့်ကြောင်းပါ။

 

 

၄။ Memory

 

 

 

RAM တွေအကြောင်းစ ပါမယ် 2GB,4GB, 8GB, 16GB အစရှိသဖြင့်ကြားရမှာဖြစ်ပါတယ်

အမျိုးအစားကို ပြောပါဆိုရင် DDR3 ဟာနောက်ဆုံးပေါ်ပါ.. အများစုသော လက်ပကျွတ်တွေမှာ

RAM slot ၂ခုပါတတ်ပါတယ်..သည်တော့ ရောင်းသူက RAM 4GB ပါတယ်ဆိုရင်

2GB ၂ချောင်းစိုက်လို့ စုစုပေါင်း 4GB ဖြစ်တာလား 4GB တချောင်းစိုက်

နဲ့ slot အလွတ် ၁ခုလား ပြန်မေးသင့်ပါတယ်။ လိုကယ်မှာလည်း လက်ပကျွတ် RAMတွေ

ပေါလာပြီဖြစ်လို့ ကိုယ်သုံးမယ့် လုပ်ငန်းကိုကြည့်ပြီး အတိုးအလျော့ လုပ်နိုင်ပါတယ်။

သောင်းဂဏန်းပဲရှိတဲ့ RAM ကို စက်ဝယ်ကတည်းက တိုးသင့်ရင်တိုးထားပါ။

ဝယ်ပြီး ၆လနေမှ ၁နှစ်နေမှ တိုးသင့်ရင် တိုးမယ် ဆိုတာမျိုးကိုတော့ အားမပေးလိုပါ

RAMတွေမှာလည်း Clock speed ဆိုတာရှိပါတယ် …data transfer နှုန်းပါ

RAM ၂ချောင်းစိုက်မှာ တချောင်းနဲ့ တချောင်း speed မတူရင် အလုပ်မလုပ်ပါ

(ဒါမှမဟုတ် speed အနိမ့် အချောင်း အလိုက်ပဲ လုပ်ပါတယ်)

နိုင်ဂျံဂါးမှာ ကိစ္စမရှိပေမယ့် local မှာတော့ ပစ္စည်း ပြတ်တတ်လို့ပါ။

 

၅။HDD

 

 

 

HardDrive ကတော့ ရွေးချယ်ဝယ်ယူရေးမှာ သိပ် အရေးမပါတဲ့ နှိုင်းယှဉ်မှုပါပဲ။

320GB, 500GB အစရှိသဖြင့် တပ်ထားတတ်ကြပါတယ်။

ဈေးမကွာတဲ့ လက်ပကျွတ်၂လုံးကို CPU,Graphic ကိုသေချာ မနှိုင်းယှဉ်ကြည့်ဘဲ

500GB မို့လို့ယူလိုက်တယ် ဆိုရင် technical အရ ဒါဟာ မကောင်းလှပါဘူး

(ကံကောင်းစွာ CPU, Graphic တွေ ပိုpowerful ဖြစ်တာကို ရွေးမိရင်တောင်မှ)

ဘာလို့လဲ ဆို ဟို၂ခုဟာ တခြား လဲလို့ လှယ်လို့ရတာ တွေမဟုတ်ဘဲ

HDDကသာ external stoage တွေ ထပ်ဖြည့်နိုင်လို့ပါ။

နောက်ဆုံးနီးပါးလောက် ထားပြီး နှိုင်းယှဉ်သင့်ကြောင်းပါ။

 

၆။ Battery

 

6 Cells or 9Cells ဆိုပြီး လာကြပါတယ်

9Cell က ပို ကြာကြာခံပေမယ့် 6 Cells က standard လို့ဆိုနိုင်ပါတယ်။

9တွေကို 17″ တွေ ဒါမှမဟုတ် gaming လက်ပကျွတ်တွေလောက်မှာသာ

တွေ့ရတာပါ။ သိပ်တော့ အရေးမကြီးပါ။

 

၇။ အပေါက်များ

USB ဒါကတော့ များလေကောင်းလေပေါ့ဗျာ 2.0 အပြင် USB 3.0

ခုနောက်ပိုင်းအပေါက်ပါ ပါလာတတ်ပါပြီ data transfer speed ပိုမြန်ပါတယ်

monitor port, network cable, telephone port တွေကတော့ အားလုံးမှာ ပါလို့ ထည့်ပြောစရာ

မလိုပါ။ option အနေနဲ့ HDMI ပေါက် ပါလာတတ်ပါတယ် ..

HDMI LCDs တွေနဲ့ တွဲဖို့ သုံးပါတယ် သာမန်မော်နီတာ ပေါက်သုံးတာထက်

ရုပ်ထွက်ပိုကောင်းပါတယ်။mic, earphone ပေါက်တွေလည်း စမ်းသပ်စစ်ဆေးစေချင်ပါတယ်။

တချို့ 5.1 အပေါက်တွေပါပါဝင်ပါတယ် (sound-editing, gaming တွေမှာပါ)

အပေါက်တွေအကြောင်း ပြောရင်းနဲ့ speaker အကြောင်းထည့်ပြောပါရစေ

entertainment laptopတွေမှာ dolby speakers တွေ JBL speakers တွေ

ပါဝင်တတ်ပါတယ် ..အသံထွက် ပိုမိုကောင်းမွန်ပါတယ် …ရုံးသမားတွေအတွက်တော့

မလိုအပ်တဲ့ features တွေလို့ ဆိုချင်ပါတယ်

wireless, bluetooth တို့ကတော့ အားလုံးလိုလိုမှာ ပါဝင်နေပြီးဖြစ်လို့ မပြောတော့ပါ

 

၈။ Media Drive

သည်ခေတ်မှာတော့ အားလုံး DVD Driveတွေဖြစ်ကုန်ပါပြီ

DVD-ROM

DVD-ROM /CD RW  (Combo လို့ခေါ်တတ်ကြပါတယ်..)

DVD RW ဆိုပြီး ၃စား ရှိပါတယ် …

ROM က ဖတ်လို့ပဲရတဲ့ read-only memory ဖြစ်ပြီး

RW ကတော့ read & write ဖြစ်ပါတယ်

Drive ကို နောက်ဆုံးနားမှာ ထားရတာက portable device တွေ

အင်မတန်ပေါတဲ့ခေတ် ဖြစ်လို့ပါ ပဲ ..

လက်ပကျွတ်နဲ့ DVD…ကြည့်ရင်တော့ drive က၁ နှစ်လောက်ပဲခံ

တတ်ပြီး နောက်ဆုံး USB  stick ကိုပဲ ပြန်အားကိုးရတာ …

external drive တပ်ရတာများပါတယ်..

 

DVDဟာ dual-layer disk ဖြစ်လို့

DVD-RW မှာ single-layer writer နဲ့ dual-layer writer

၂မျိုးရှိပါတယ် …

single writerမှာ သီးခြားရေးပြထားတာ မရှိပေမယ့်

dual writerမှာတော့ DL ဆိုတဲ့ စာလုံးပါဝင်ပါတယ် သတိပြုပါ

DVD single layer ရဲ့ capacityဟာ 4.7 GBဖြစ်ပြီး

dual layer write ရင်တော့ ၂ဆ 9.4GB ဆန့်ပါတယ်

 

 

 

အချို့ writer တွေမှာ lightscribe ဆိုတာ ပါဝင်ပါတယ်..

အဲ့ဒါကတော့ DVD ကိုဇောက်ထိုးပြန်ထည့်ပြီး lens နဲ့ပဲ

label print တဲ့ feature ဖြစ်ပါတယ်…

lightscribe drive ဟာ lightscribe လို့ ရေးထားတဲ့

DVDကိုပဲ print နိုင်မှာဖြစ်ပါတယ်..DVDတိုင်း ရေးလို့မရပါ

HP Pavilionတွေမှာ ပါဝင်တတ်ပါတယ်။

ခုနောက်ပိုင်း blueray drive တွေလည်း စဝင်လာပြီ

လို့ သိရပါတယ် …သူက single-layerကို 25GBနဲ့

dual ဆို 50MB ရပါတယ်..

Dell ရဲ့ Inspiron တချို့မှာ မြင်ဖူးပါတယ်…

သေချာတာ သည်driveပါတဲ့ လက်ပကျွတ်က

တခြားစွမ်းဆောင်ရည်တူတဲ့ ကောင်တွေထက်

ဈေးပိုမယ် ဆိုတာပါပဲ

 

၉။ အပိုပစ္စည်းများ

ဝက်ကင်(web-cam), fingerprint scan နဲ့ keyboard backlights တွေကို ဆိုလိုပါတယ်

ပါရင် သုံးရတာပေါ့ မပါတော့လည်း အရေးတော့ မကြီးလှပါ..

 

၁၀။ Operating System

Hardware တွေ အကြောင်း သပ်သပ်စီပြောပြီးသွားလို့ OS အကြောင်း ပြောရတာပါ

တကယ်က ဈေးအတွက် ဆိုသူ့ကို CPU/Graphic တို့လောက် အရေးကြီးတဲ့နေရာထားပြီး

စဉ်းစားသင့်တာပါ။ OS License လား Pirate(Copy) လားအရင်မေးပါ။

Copyကတော့ ကြိုက်တာ တင်လို့ရတာမို့ မဆွေးနွေးလိုပါ။ License တွေအကြောင်းပြောပါမယ်

License ဆိုတိုင်းလည်း မယုံသင့်ပါ စက်မှာ ကပ်ထားတာနဲ့ တင်ထားတာ တူမတူ

တိုက်ကြည့်ပါ။ သည်နေရာမှာ ဘယ်လောက် လိုင်စင်ဖြစ်ဖြစ် သည်ခေတ်မှာတော့

Windows Vista ဆိုရင် မယူသင့်ပါ။ Windows 7 Versionတွေပါ

Windows 7 Starter

Windows 7 Home Basic

Windows 7 Home Premium

Windows 7 Professional

Windows 7 Enterprise

Windows 7 Ultimate

 

 

 

အိမ်သုံးသမားတွေ အတွက် Home Premium လောက်ယူသင့်ပါတယ် …

Professionalဟာ small-business အတွက်ရည်စူးတာဖြစ်ပြီး

Enterprise နဲ့ Ultimate ကတော့ full features တွေပါဝင်ပါတယ်

development ပိုင်းတွေအတွက် feature တွေဖြစ်လို့ entertainmentပိုင်းမှာတော့

premium နဲ့ ဘာမှပိုမပါပါ။ အပျော်တမ်းနဲ့ အိမ်သုံး အတွက်ကို license Version

Ultimate ကြီး ဝယ်ချလာလဲ ဘာမှ ပိုထူးတာ ခံစားရမှာ မဟုတ်တဲ့အပြင်

ကိုယ်မသုံးတဲ့ service feature တွေ process တွေ run နေမှာဖြစ်တဲ့အတွက်

စက် လေးတာပဲ အဖတ်တင်မှာကို သတိပြုစေချင်ပါသည်။

ဒါဟာ Pirate ပါတဲ့စက် ဝယ်မယ်ဆိုလည်း သည်သဘောပါပဲ..

တင်ထားတဲ့ version ကို မကြိုက်ရင် ပြန်လဲ တင်ခိုင်းလို့ရပါတယ်။

 

Pirate ယူမလား License ယူမလားကတော့ ကိုယ့်ဖာသာဆုံးဖြတ်ပါ

Pirate အားပေးတာမဟုတ်ပေမယ့် local မှာပဲနေမယ် သုံးမယ်

လုပ်ငန်းသုံးလည်းမဟုတ်ဘူး ဘယ်မှ မယူသွားဘူးဆိုရင်တော့ Pirate

ပဲသုံးလို့ ရပါသည်။(Copyright အကြောင်း သီးခြား ရေးပါဦးမယ်)

 

License OSဝယ်တယ်ဆိုရင်တော့  back-up media အကြောင်းသေချာမေးပါ

OS ပျက်ပြီ ဆိုပါစို့ HDD ထဲက partition တနေရာကနေ restore လုပ်မှာလား

Repair and Recover CD ပါလား မေးရမှာဖြစ်ပါတယ်။

 

OS ကိစ္စပြီးတဲ့အခါမှာ Driver CDs တွေ ပါမပါမေးပါ။ တချို့ ရောင်းတဲ့သူတွေ

သိပ်လွယ်လွယ် လုပ်ကြပါတယ် HDD ကို partition ပိုင်းပြီး တပိုင်းထဲမှာ

ထည့်ပေးလိုက်တတ်ကြပါတယ် ။

(pirate OS တင်ထားတဲ့ စက်တွေ ဝယ်ရင် ဖြစ်တတ်တာပါ license

ဝယ်ရင်တော့ original driver disks တွေ ပါတတ်ပါတယ်)

 

သည်တော့ virus ကိုက်လို့ HDDကြွလို့ကတော့windows ပြန်တင်ရင်

တိုင်ပတ်ပြီသာအောက်မေ့ပါတော့ …Driver software

တွေက သက်ဆိုင်ရာ brand အလိုက် ရှာဖွေ download လို့ရပါတယ်…

connection က မကောင်းတော့ အချိန်ကုန် လူပမ်းတာတော့ ကိုယ်တွေ့ပါ။

သည်ဈေးရောင်းသူတွေ CD တစ်ချပ်နဲ့ ခုတ်ပေးဖို့ တောင်းဆိုပါ။

(ဒါမှမဟုတ်လည်း ကိုယ့်ဟာကိုယ်သာ backup တော့ဗျာ.)

 

driver နဲ့ပါတ်သတ်တဲ့ နောက်တခု ကတော့ driver တွေစုံအောင်

တင်မထားခြင်းပါ …(ပြပွဲတွေမှာ ဝယ်ရင် သတိထားစစ်ဆေးစေချင်ပါတယ်

ပွဲနီးမှ ဂိုထောင်ကနေ အလုံး ၅၀-၁၀ဝ ထုတ်လာ အမြန် OS တင်driverမောင်းနဲ့)

display drive, sound drive တို့က တော့ တင်ထားမှာ သေချာပေမယ့်

တချို့ မမြင်သာတဲ့ driver တွေ ပြုတ်နေတတ်ပါတယ်..

Run မှာ devmgmt.msc လို့ ရိုက်ထည့်ပြီး ဖြစ်ဖြစ်

control panel ထဲကဖြစ်ဖြစ် Device manager ဖွင့်ကြသည့် သင့်ပါတယ်…

ကိုယ်တိုင် မရိုက်တတ်ရင်လည်း အရောင်းစာရေးကိုသာ device manager

ဖွင့်ပြပါ လို့ ပြောလိုက်ပါ…

 

Device manager ထဲမှာ monitor, memory, hdd, sound အစရှိသဖြင့်

componene တခုချင်းစီအလိုက် ပုံလေးတွေနဲ့ ပြထားပါတယ် ..

ပုံမှာ question mark ပုံပေါ်နေရင်တော့ အဲ့ဒါ driver ပြုတ်နေလို့

အဲ့သည့် service သုံးမရဘူးလို့ မှတ်ပါ။

 

Control panel အကြောင်းပြောရင်း ဆက်စပ်ပြီး

အဲ့သည့်မှာ Windows Experience Index ဆိုတာရှိပါတယ်(Vista, 7)

လက်ပကျွတ် ရွေးရတာ သိပ် ဦးနှောက်ခြောက်လာရင်

ကိုယ်တိုင် ဘာပိုကောင်းသလဲ မသိတော့ရင် အဲ့သည့် index နဲပ ယှဉ်လို့ရပါတယ်

processor, memory, graphic, game performance, hdd သည်၅ခုနဲ့မူတည်ပြီး

point ပေးတဲ့ စနစ်ဖြစ်ပါတယ် …

တခုချင်းစီကို အမှတ်ပေးပြီး အနိမ့်ဆုံး base score ကို သည်စက်ရဲ့ score အဖြစ်

ယူပါတယ် ..score range က 1.0 မှ 7.9 ဖြစ်ပါတယ်..

အရောင်းစာရေး ကျေးဇူးရှင်များက တခါတခါ သူတို့စက်ကိုသူတို့

Windows Experience Index အကဲမဖြတ်ထားကြပါဘူး

ကိုယ်တိုင် လုပ်ကြည့်ရတာ ရှိသလို လုပ်ခိုင်းရတာလဲ ရှိပါတယ်.

အတော်လေး အသုံးဝင်တဲ့ အမှတ်တွေဖြစ်ပါတယ်…

 

 

ကျနော် တခါက i3 Vs i5 ၁သိန်းလောက်ကွာ တဲ့၂လုံးကို

သည်နည်းနဲ့ စမ်းလိုက်တော့ score 5.8 နဲ့ 5.6ရပါတယ်..

ကျနော် i3 ကိုပျော်ပျော်ကြီး ဝယ်လိုက်ပါတယ်..

 

နောက်တချက် ကတော့ software သွင်းခိုင်းတဲ့ကိစ္စပါ…

local မှာ သုံးကြတဲ့ license version OS ဝယ်ထားကြသူတွေဟာ

software တွေသွင်းကြတဲ့အခါမှာတော့ pirate တွေကိုသာ သုံးလေ့ရှိကြတာပါ

copyright မလာခင်သုံးတာဆိုတော့ သိပ်မပြောလိုပါ..

မိမိ အမှန်တကယ် သုံးမယ့် software ကိုသာ သွင်းခိုင်းပါ

မလိုသည်များကို ဝဲပစ်ပါ .

antivirus နဲ့ပါတ်သတ်ရင်တော့ License ဝယ်သုံးပါလို့ တိုက်တွန်းပါရစေ ..

တလမှ ၁၀၀ဝ ကျပ် လေးပဲကျတာပါ သူက regional license မို့ ဈေးချိုတာပါ..

trial တွေ free တွေသုံးပြီး ဒေတာတွေ ဆုံးရှုံး အချိန်ကုန်လူပန်းဖြစ်ရတာတွေ အများကြီးပါ

 

 

build-in software တွေကိုလည်း တချက်ငဲ့ကြည့် လိုက်ပါဦးဗျာ…

အရမ်းကြီးအရေးမပါဘူးဆိုပေမယ့် တချို့ဟာတွေ အတော် ကောင်းတယ်ဗျာ…

ဥပမာ lenovo ရဲ့ one click only နဲ့ system restore ချလို့ရတဲ့ think vantage ကနာမည်ကျော်တယ်

HP နဲ့ Dell တို့လည်း ကောင်းကြတယ် ခင်ဗျ ..တချို့ကတော့ ဒါတွေကို ရှုပ်လို့ ဆို မကြိုက်ကြဘူး …

ဥပမာ lenovoမှာပဲ …wireless ချိတ်ရတာ ordinary windows ကပါတဲ့ system နဲ့ vantage နဲ့ ရှုပ်နေလို့

သေချာမသိရင် အချင်းချင်းငြိပီး တိုင်ပတ်တတ်တာမျိုးဆိုပါတော့…

 

 

နောက်ဆုံးပိုင်းရောက်ပါပြီ warranty ကိစ္စကိုသွားမယ်ဗျာ …

အားလုံး ၁နှစ်တော့ ပေးကြပါလိမ့်မယ်….

တခုပြောချင်တာက local dealer ရှိတာ ဝယ်ပါ လို့ပြောချင်ပါတယ် dealer မရှိတာတွေက

အောက်လမ်းက ဝင်လာတာတွေ ဖြစ်ဖို့များလို့ပါ …service ဘယ်လိုပေးမယ် ဆိုတာ မခိုင်မာ ဘူး

သတ်မှတ်လို့ပါ ..ဥပမာ …HPQ (HP, Compaqက ကောင်းပေမယ့် local dealer မရှိလို့ …စဉ်းစားသင့်ပါတယ်..)

တခြား dealer ရှိတဲ့ brand တွေကို ပထမဦးစားပေး ရွေးစေချင်ပါတယ် …

အဲ့သည့် အထဲက local service center ရှိတာတွေကို  ပို စဉ်းစား သင့်ပါတယ်

 

ပျက်ရင် (ပျက်ရင်ဆိုတာ user false မဟုတ်ဘဲ ပစ္စည်း ကွာလတီ မကောင်းလို့ ပျက်ရင်)

ဘယ်လို တာဝန်ယူ ဆောင်ရွက်ပေးမလဲ ဆိုတာ သေချာစေချင်ပါသည်…

တချို့ dealerများ တွေ့ဖူးပါသည် မီးအား အတက်အကျ ပေါ် အပြစ်ပုံချ တဲ့အကြောင်းပါ..

user ကို သည်လို မီးအားတွေကြောင့် ပျက်ရတာပါ ဆိုတာမျိုး …

အကြောင်းပြတတ်ကြပါသည် …အကြောင်းပြတာ အကြောင်းမဟုတ်ပါခင်ဗျား…

သင့်တော်သော service တခုခု ပေးဖို့ လိုတယ် ဆိုတာ ပြောလိုခြင်းဖြစ်ပါသည်…

တချို့ … သင့်တော်သော service မပေးသည့်အပြင် မောက်မာစွာ ဆက်ဆံတတ်တာ

တွေ့ရတော့ စိတ်ထဲမကောင်းပါ …။

 

ရပ်ကွက်ထဲမှ မီးအား အတက်အကျသည် …သူတို့လုပ်စားသည့်ခေတ်ကျမှ

ဖြစ်ပေါ်လာသည့်အရာ မဟုတ်ပါ. ..ဘယ် user မှ ကိုယ့်အလုပ် အပျက်ခံပြီး..

သူတို့ ကွန်ပျူတာကို ဘောင်အတွင်းမှ မဖျက် (ပျက်အောင် မလုပ်ပါ)

သူရို့ သွင်းတဲ့ လက်ပကျွတ် ဆိုပေမယ့် ဝယ်လိုက်ပီဆိုရင် ဒါက ကိုယ့်ပစ္စည်း

မဟုတ်ပါလား …ကိုယ့်ပစ္စည်းကိုယ် ကိုယ့်အထိုက်အလျောက်တော့ တန်ဖိုးထား

သုံးဆွဲ သူချည်းသာ ဖြစ်ပါသည်….

 

သည်တော့ ယူဇာတွေကို အကြံပေးချင်တာက ….

သေချာ မေးမြန်း စုံစမ်းပြီးမှ ဝယ်ယူရန် ဟုသာ ဆိုချင်ပါသည်…

 

နောက်တချက် ဘာညာ ပွဲတော်တွေမှာ လက်ဆောင်ပေး ဈေးလျော့ကြတဲ့

ကိစ္စတွေဖြစ်သည် …ကျနော်လည်း marketer မို့ marketing strategyအရ

ဘယ်လို promotion လုပ်သည် ဆိုတာ အပြစ်မတင်လိုပါ ….

user လုပ်မည့် ကျနော့်သူငယ်ချင်းတွေ တခု သတိထားစေချင်တာက …

လက်ပကျွတ်ဝယ်ရင် ဘာတွေ ပုံမှန် အားဖြင့် လက်ဆောင်ပေးတယ် ဆိုတာ

သိစေချင်ပါသည်..(လက်တလော ဈေးကွက်အတွင်း ဘယ်လို ပေးနေသည် ကျနော်မသိပါ)

ပုံမှန် အားဖြင့် ပြောရရင် ၅သိန်းကနေ ၁ဝသိန်းကြား ဝယ်ယူရသော လက်ပကျွတ်အတွက် ..

၃၅၀ဝတန် ကြွက်တကောင် လက်ဆောင်ပေးတာ …ဖြစ်သင့်သော ကိစ္စလို့ ယူဆပါသည်…

သာမန်အချိန် အရောင်းနဲ့ ပွဲတော်ကာလ promotionမှာ ပေးသော အထူး လက်ဆောင်မွန်

ကွာခြားမှု ဘယ်လောက် ရှိသလဲ တွေးစေချင်ပါသည်….

 

အရေအတွက်သည် အဓိက မဟုတ်ပါ …

တချို့ လူပြိန်းတွေးတွေးတတ်ကြလို့ ပြောရတာဖြစ်ပါသည်

ဈေးပွဲတော်တွေမှာ ဟိုဘက်က လက်ဆောင် ၈မျိုးပေးတယ်

သည်ဘက်က ၃မျိုးပဲပေးတယ် …၈မျိုးဘက်ကပဲ ဝယ်ရအောင် ဆိုတာမျိုး

ခနခန ကြားဖူးပါသည် …မဖြစ်သင့်ပါ … ပေးတဲ့ ပစ္စည်းကို evaluate လုပ်ကြည့်ကြပါ..

mouse pad, monitor cleaning cloth, keyboard သန့်ရှင်းတဲ့ လေမှုတ် ရာဘာလုံး

ဒါမျိုးတွေ ပါတဲ့ ၈ခုဟာ ….antivirus software 1 year, wireless mouse စတာတွေပါတဲ့

၃ခု ထက် ပိုမသာဘူးဆိုတာ မြင်ရမှာပါ …

ကျနော့် ကိုယ်ပိုင်အမြင်ပြောရရင်တော့ … လက်ဆောင်ပေးတယ် promotion လုပ်တယ်ဆိုတာ

5000- 10000ks လောက်ပဲ အများစုပေးတာပါ…

ကျနော့်ကို ၅ထောင်၁သောင်းလောက် ပေးမယ် မင်း ပိုစုတ်တဲ့ လက်ပကျွတ် ဝယ်ကွာ ဆိုရင်

ကျနော် ချက်ခြင်း ခေါင်းခါမိမှာပါ …

ဘာလို့လဲဆို ….ကျနော်လည်း user တယောက်ဖြစ်ပါသည် …

ကျနော် ဘာလိုချင်လဲ ဘာသုံးချင်လဲ အတိအကျ သိတဲ့ user တယောက်ဖြစ်ပါသည်…

သူငယ်ချင်းတို့လည်း ကျနော် သိသလို သိစေလိုကြောင်း ရည်စူး၍ သည်post

ကို ရေးပါသည် …

 

ခင်တဲ့

Guy Inz@ghi…

39 comments

  • Koyin Sithu

    November 7, 2011 at 7:55 pm

    ကိုဂီ့ရေ.. ကွန်ပျူတာ ဝယ်ယူသူတွေအတွက်
    အရမ်းကို အသုံးဝင်တဲ့ Information ပို့စ်တစ်ခုပါပဲခင်ဗျာ..
    ကွန်ပျူတာတစ်လုံးဝယ်ယူရင် ဒီပို့စ်ဖတ်ပြီး ဝယ်သင့်ပါတယ်..
    ကျွန်တော့်စက်က တိုရှီဘာ Intel Atom inside ၊ မန်မိုရီက ၁ ဂစ်နဲ့
    အင်တာနက်သာ အသုံးပြုတော့ ကမာ္ဘ့အသေးဆုံးနှင့် အပိန်းဆုံး လက်တော့ဖြစ်ပါတယ်..
    ဂေဇက်တွင် ပွိုင့် ၄သိန်းရမှ နောက်တစ်လုံးပြောင်းမည်ဟု ဆုံးဖြတ်ထားသဖြင့်
    ယခုထိ ဒီစက်လေးသုံးပြီး အင်တာနက်သုံးနေရကြောင်း ဖလာ့…
    ဘာပဲဖြစ်ဖြစ် အသိတိုးပေးတဲ့ ကိုဇာဂီ့ကို ကျေးဇူးတင်ကြောင်းပါ… ဖလား့…

  • ပေါက်ဖော်

    November 7, 2011 at 8:04 pm

    ကဇာဂီရေ.
    အဖက်ဖက်က ပြည့်စုံအောင် .ဟာကွက်မရှိအောင် ရေးထားတာပါကလား….
    အများကြီးဗဟုနဲ ့သုတရလို ့..ကူးယူမှတ်ထားပါရစေဗျား..

    တစ်ခု….
    ကျနော်အထွန် ့တက်ပြီး..ဝင်ရှည်ရရင်တော့….
    ကဇာဂီပြောတာတွေအပြင်.
    အကြောင်းတစ်ခုကြောင့်..ကိုယ့်လပ်တော့ Hardware ပိုင်း.. Physical ပိုင်းချို ့ယွင်းရင်..
    အလွယ်တကူအစားထိုးလဲလှယ်နိုင်မဲ့.လပ်တော့ အမျိုးအစားလေး..ရွေးပေးဖို ့မမေ့ပါနဲ ့ဦးလို ့….ပါပဲ..
    ရှဲ..ရှဲ..

  • windtalker

    November 7, 2011 at 8:17 pm

    ဆြာရေ
    လက်တော့ တစ်လုံးကို
    ပိုက်ပိုက် ပေါတဲ့အချိန်ကြ ဝယ်မယ်ဗျာ
    ဝယ်တဲ့အခါကြရင်
    ဆေးဂဲလ်ချောချောလေးတွေ အများကြီးနဲ ့
    ဆက်ဆံရေး ၊ ဂရန်တီကောင်းကောင်းပေးတဲ့ ဆိုင်ကိုသွားမယ်
    ဆိုင်ထဲမှာ အကုန်ပတ်မွှေကြည့်ပြီးသကာလမှ
    အခု ဆြာရေးထားတဲ့ ပို ့စ်ကို ပြန်ဖတ်မယ်
    ပြီးမှ ဝယ်မယ်ဗျို ့

    • inz@ghi

      November 7, 2011 at 8:34 pm

      တခြား တိုင်းပြည်မှာတော့ ပြောရခက်တယ်ဆြာ ..
      ကျနော်တို့ရဲ့ mkt မဖွံ့ ဖြိုးသေးတဲ့ … ရွှေပြည်ကြီးမှာတော့
      မဟားဒယား promotion လုပ် … သေချာပီ ..something တော့ wrongနေပီ …
      အများစုပြောပါတယ်…

      ဆြာ့ စာထဲမှာလို …ဆေးလ်ဂဲလ်လေးတွေ မြိုင်မြိုင်ဆိုင်ဆိုင် ခေါ်ထားလေ…
      အဲ့သည့် စားရိတ်ကို customer တွေကပဲ ဝေဘုံကျ ခံရလေဆိုတာ သတိပြုပါဗျား.

      ခင်တဲ့…
      ဂျင်းရော မိတ်သလင်ကော မိဖူးတဲ့
      Inz@ghi

  • MaMa

    November 7, 2011 at 10:07 pm

    ဆြာအင်နဲ့တွေ့မှပဲ လက်ပကျွတ်ဝယ်ရင် အင်မမိတော့မှာ 😉
    အရင်က အင်မိထားတာတွေ ခုမှပဲ သိရလို့ ဆြာအင်ကို ကျေးဇူးအများကြီးတင်ပါတယ်။ နောက်နောင် အင်မမိအောင် မောင်ပေ့ထုံးနှလုံးမူဖို့ ဒီပိုစ့်ကို bookmark လုပ်ထားလိုက်ပါကြောင်း။ 😀

  • ကြောင်လတ်

    November 7, 2011 at 10:11 pm

    ဆရာဇာဂီခင်ဗျာ…တစ်ခါတုန်းက ကင်မရာတစ်လုံးဘယ်လိုဝယ်ရမယ်ဆိုတာကို သေချာရှင်းပြခဲ့ပါတယ်။
    အခုတော့ လက်တော့ တစ်လုံးဘယ်လိုဝယ်ရမယ်ဆိုတာရှင်းပြပြန်ပါပြီ၊
    ကျွန်တော်သိချင်တာက ဂျီအက် အမ် ဟန်းဆက် တစ်လုံးကောင်းကောင်းလိုချင်ပါတယ်၊ ကင်မရာဖန်ရှင်ကောင်းချင်ပါတယ်၊ ဗီဒီယိုပါရိုက်ချင်ပါတယ်၊ ဂျီပီအက်ဖန်ရှင်ပါချင်ပါတယ်၊ဂျီပီအက်မှာ
    နက်ဝပ်ခ် ဘေ့စ်နဲ့ စက်တယ်လိုက်ဘေ့စ် ဆိုပြီးနှစ်ခုရှိတယ်လို့ကြားဖူးပါတယ်။ စက်တယ်လိုက်ဘေ့စ် ကတော့ နက်ဝပ်ခ် မမိလည်းအလုပ်လုပ်တယ်လို့သိထားပါတယ်၊ အဲဒါမျိုးလိုချင်ပါတယ်။အခြားသိသင့်၊စဉ်းစားသင့်တဲ့ အချက်တွေကိုလည်းထည့်သွင်းနှိုင်းယှဉ်ပေးစေလိုပါတယ်။ဘတ်ဂျက်ကိုစဉ်းစားစရာမလိုပါ၊ဘယ် ဘရန်း၊ဘယ်မော်ဒယ်ကိုဝယ်ရမယ်သိရင် ရှင်းပြ၊ ညွှန်ပြပေးစေချင်ပါတယ်။ ဟိုတုန်းက ရွာထဲမှာ မိုဘိုင်းဟန်းဆက်တွေအကြောင်းရေးတဲ့ဆရာတစ်ယောက်တွေ့ခဲ့ဖူးပါတယ်၊အခုမတွေ့တော့ပါ၊ မန္တလေးက မိုဘိုင်းအရောင်းနဲ့ဆားဗစ်ဆိုင်ကလို့ထင်ပါတယ်။ မည်သူမဆိုရွာထဲကသေချာသိသူတစ်ရောက် က ညွှန်ပြပေးပါရန် လေးစားစွာတောင်းဆိုအပ်ပါတယ်။ အတည်မေးမြန်းစုံစမ်းခြင်းဖြစ်ပါတယ်။

    • inz@ghi

      November 8, 2011 at 6:11 am

      တယောက်က အင် တဲ့
      သည်တယောက်က ဇာဂီ တဲ့ ..
      တေဘီဆြာပဲ …
      ရသ စာရေးဆြာ …ဆြာကြောင်လေးရေ့
      စိတ်မဆိုးဘူးဆိုရင်လေ.. အလွယ်ဆုံး အတိုဆုံး ဖြေမယ်နော်..
      အဟီး … အိုင်ဖုန်း ဝယ်လိုက်ပါ ..

  • ကြောင်လတ်

    November 7, 2011 at 10:22 pm

    ဆရာတော်ကာရေ ကျွန်တော်ရန်ကုန်ရောက်တုန်းက ကွန်ပျုတာပစ္စည်းတစ်ခုလိုက်ရှာဝယ်ဖူးပါတယ်၊
    ဆရာပြောသလိုဆေးဂဲချောချောလေးတွေကိုလိုက်ငန်းတာပါ၊ ဆိပ်ကမ်းသာလမ်းကဆိုင် (၁၀)ဆိုင်ကျော်ကျော်လောက်ကို (အားနေလို့) ၂ ရက်လောက်အချိန်ယူပြီး လျှောက်မေးတာပါ၊ အဲဒီမှာ သဘောကောင်းကောင်းနဲ့စိတ်ရှေရှေသေချာရှင်းပြတဲ့ ဆိုင်တစ်ဆိုင်တွေ့ခဲ့ပါတယ်၊ ကောင်မလေးနာမယ်က စုသက်တဲ့၊ ဆိုင်နာမည်က ပါဝါကင်းပါ။ ချောမချောတော့ ကိုယ်တိုင်သွားကြည့်ပါ။ ကျွန်တော်အဲဒီဆိုင်ကပဲ ပစ္စည်းဝယ်ဖြစ်ပါတယ်၊ နောက်လိုရင်လည်းလူကြုံနဲ့လှမ်းမှာဖြစ်ပါတယ်၊ အဆင်မပြေရင်လည်းပြန်လဲပေးပါတယ်။ အခြားသူတွေအတွက်တော့ ဘယ်လိုနေမယ်မသိပါ၊ကျွန်တော့်ရဲ့အတွေ့အကြုံကိုသာပြောတာပါ။

  • Foreign Resident

    November 8, 2011 at 2:38 am

    ကို Inz@ghi ရေ

    တန်ဖိုးရှိတဲ့ Post ပါဗျာ ။ ကျေးဇူးတင်ပါတယ် ။

    အဘလည်း နှစ်လ လောက်အတွင်း Laptop ဝယ်ဖို့ရှိပါတယ် ။ မှန်းထားတာတော့
    CPU = i-5 / RAM = 4 GB / GPU = 2GB / HDD = 500 GB / 15″ / Gaming
    Nowadays, Game တွေက တော်ရုံ RAM တော်ရုံ Graphic နဲ့ မ Run တော့ဘူး ။
    Brand ကတော့ Acer သုံးဖူးတော့ ဆက်သုံးရ ကောင်းမလားပဲ ။
    နောက်ပြီး Acer က Authorized Centre မြန်မာပြည်မှာ ရှိတယ် ။

    အဲဒီ Laptop ကို မြန်မာပြည်မှာပဲ သုံးမှာဆိုတော့
    Yangon မှာပဲဝယ်ရင်ကောင်းမလားလို့ ။
    ဈေးသက်သာပြီး Customized / Tailored Service ရမလားလို့ ။

    OS ကို 7 Home နှင့် Kaspersky internet Security နှစ်ခုကို Genuine ဝယ်မယ်လေ ။

    တခုမေးချင်တာက
    OS ပါပါပြီးသား Laptop package ဝယ်လိုက်ရင် ၊
    အဲဒီ Laptop ရဲ့ HDD ကို Partition ခွဲလိုက်ရင် ၊
    Genuine OS ကဘာဖြစ်သွားမလဲ ။
    Warranty void ဖြစ်သွားမလားလို့ ။

    နောက်တစ်ခုက Portable Folder Protector နှင့်
    Portable Folder Hide ထဲက ဘယ်ဟာ ကောင်းသတုန်းကွဲ့ ။
    အဘ USB Stick ထဲမှာထည့်ထားဖို့ပါ ။

    အဘ ညီတစ်ယောက်ကလည်း အရင်က Japan မှာ
    System Analyst အနေနှင့် တစ်နှစ် သင်တန်းတက်ပြီး
    System Analyst အနေနှင့်ပဲ တစ်နှစ် အလုပ်လုပ်ခဲ့ဘူးပါတယ် ။

    ကို ကြောင်လတ်ရေ

    ဆိုင်နာမည်က ကင်းပါဝါ မဟုတ်ဘူးလားဗျ ။
    အဘသိသလောက် ကင်းပါဝါ ကလည်းဈေးမှန်သဗျ ။ ဆိုင်လဲကြီးတယ် ။
    သမီးလေးတွေကတော့ အဘအမြင် ဆိုင်တိုင်း ချောပါ့ဗျာ ။

    • thit min

      November 8, 2011 at 2:57 am

      ဘရာသာ F R ရေ
      အခုဘရာသာဝယ်မယ်ပြောတဲ့ Laptop (Acer) ကိုကျနော်လက်ရှိသုံးနေပါတယ်။
      တချက်တချက် Heat တက်လို့လားမသိဘူး၊သိပ်အသံအကျယ်ကြီးမဟုတ်ပေမဲ့ ဝူးဝူးနဲ့ ခပ်တိုးတိုးလေးအော်ပါတယ်။
      အဲ….ဆိုင်မှာဆိုကြားရမှာမဟုတ်ဘူးခင်ဗျ.အိမ်မှာတိတ်ဆိတ်နေတော့ ကြားရတာမျိုးပါ။

      HP Laptop တွေလဲအော်တာတွေ့ဘူးပါတယ်။
      ကျနော်အရင်ကသုံးတဲ့ Fujitsu(Biblo) ဖူဂျစ်ဆုကတော့ ဘာသံမှမကြားရဘူးဆိုတော့ ဒီ Acer ကအားလုံးကောင်းနေပေမဲ့အော်တာသဘောမကျတဲ့ကျနော်တော့ နဲနဲကသိကအောင့်ဖြစ်ရပါတယ်။

      Kaspersky ကတော်တော်လေး”တယ်လို့(ကျနော်အထင်ပါ)
      NOD32 နဲ့ Norton ကိုကျနော်ကတော့သဘောကျကြောင်းပါ။
      အဲဒါလေး……

      • Foreign Resident

        November 8, 2011 at 4:51 am

        ဒါပေမယ့် ကို thit min ရဲ့
        ကျွန်တော်က အဲဒီ Laptop ကိုမြန်မာပြည်မှာသုံးမှာ ဆိုတော့ ။
        Fujitsu က မြန်မာပြည်မှာ Authorized Agent မရှိရင်
        After Sale Service ကျခက်မယ်ထင်တယ် ။

      • Foreign Resident

        November 8, 2011 at 4:57 am

        ဒါနဲ့ ကို thit min ရဲ့
        ဒီလောက် Speed နှင့် စက်တွေမှာ Kaspersky နှေးတာ မသိသာဘူးထင်တယ် ။
        အဓိကက OS အတွက် မရှိမဖြစ်လိုတဲ့ File တွေကို Virus နှင့်မှားပြီး မသတ်လိုက်ဖို့ပါပဲ ။

        Heat တက်လို့အော်တာဆိုရင်တော့ Laptop Cooling Pad လေးဝယ်တပ်လိုက်တာပေါ့ ။

      • inz@ghi

        November 8, 2011 at 6:25 am

        ဆြာသစ်ရေ …

        Fujitsu က သည်မှာ made in Japan ပဲ ရတယ်ခင်ည…
        (နောက်ပိုင်း ဂျပန်မှာကို made in Japan ဆိုတာ ပြန်ခေတ်စားလာတယ်..)
        အံ့ဩချက် .. သူရို့လည်း QC နိုင်နိုင်စစ်တဲ့ကြားက ကိုတရုတ်ကြီး
        ဂျင်းသုတ်တွေ ရင်ပြည့်အောင် စားလိုက်ရတယ်ထင်ပါ့ …
        Fujitsu က ဈေးကြီးတယ်ခည …သူများ ၁ထောင်တန်ရင် သူက ၁ထောင့်၅ရာလောက်
        (ထုတ်လုပ်မှုစရိတ်ကြီးတာကိုး …မာလည်းမာ ကောင်းလည်း ကောင်းတယ်လို့ သုံးနိုင်သူတွေပြောပါတယ်)
        ပြည်ပထုတ်ရောင်းတဲ့ ဖူဂျစ်ဆု ကတော့ ဘာမိတ်လည်း မသိပါခင်ဗျား…

        Antivirus ကတော့ ဘယ်ကောင်မှ ၁၀၀%ပြည့် မယုံရလို့
        ကိုယ်နဲ့ အသားကျတာ သာ အကောင်းဆုံးဖြစ်ပါကြောင်း

    • inz@ghi

      November 8, 2011 at 6:35 am

      http://www.jbhifionline.com.au/computers-laptops/laptops/asus-n55sf-s2086v-15-notebook-white/655750

      အဘတို့ ဆီက ဆိုက်ဒ်ထင်တယ်ခည ..ဒါလေးတွေ့မိကြောင်း…
      ၁၂၀ဝပျော့ပျော့လေးပါ ..

      ရန်ကုန်မှာလည်း ဆင်တူရိုးမား spect: ရှိနိုင်ကြောင်းပါခင်ဗျ။

      partition ခွဲရင်ဆိုတဲ့ မေးခွန်းက သည်လိုရှိပါတယ်အဘရေ …
      တချို့တွေက စလာကတည်းက
      Windows_OS(C:\) သူကတော့ HDD ရဲ့ spaceအများဆုံး
      Restore(Q:\) သူကတော့ restore data ရဲ့ size သာသာလောက်သာ
      ဆိုပြီး ၂ခုပါလာတယ်ခဗျ…

      တချို့မှာ Q ကို မမြင်ရပါဘူးခင်ဗျား …မြင်အောင် ဖော်ကြည့်လည်း access လုပ်လို့ မရပါ
      သည်၂ခုကြားမှာ Data(D:\) ဆိုပြီး C ကနေခွဲရင် ခွဲနိုင်ပါတယ်ခင်ဗျ…ပြဿနာမရှိပါ
      Q ကတော့ အစကတည်းက space နည်းတာတကြောင်း သူ့ မတို့မထိသင့်တာ တကြောင်းမို့…

      ဒုတိယမေးခွန်း အရတော့ …ကျနော်ကတော့ protector ကို ပိုသဘောကျကြောင်းပါခင်ဗျ..
      thumbnails မြင်နေရတာတောင် ဖွင့်မရဝူး ဖြစ်ပီး ဒေါသချောင်းချောင်းထွက်တာကို
      ကျလိကျလိ နဲ့ အရသာခံရလို့ပါ …..
      (အော်… when i was young and beautiful တုန်းကပေါ့ အဘရယ်..ခစ်ခစ်…)

      Inz@ghi

    • ကြောင်လတ်

      November 8, 2011 at 7:22 am

      ဟုတ်တယ်ဦးဖောရေ၊ ကျွန်တော် ဘီယာသောက်၊ငါးကင်စားတဲ့ ဆိုင်နာမည်နဲ့မှားသွားတာပါ။
      ဆိုင်နာမည်က ကင်းပါဝါ ပါ၊လိပ်စာက အမှတ်(၁၃၁) မြေညီထပ်၊ဆိပ်ကမ်းသာလမ်းပါ၊ ဖုန်းနံပါတ်က 73030586၊398008၊385824 ဖြစ်ပါတယ်။

      • Foreign Resident

        November 8, 2011 at 7:34 am

        အဲသလိုလုပ်ပါ ဦးကြောင်လတ် ရဲ့

        အဲသဟာကြောင့် အဘ လည်း ဒီခလေးမ
        နာမည်ကော ရုပ်ကော ငါမှတ်မိပါတယ် ။
        ဘယ့်နှယ် ဆိုင်နာမည်ကျလွဲနေရသလဲပေါ့ ။

        အဘ ဖောကို လျှော့မတွက်ကြနှင့် ရွာသားတို့ရေ
        ဩဇီမှာ နေနေပေမယ့် သမီးလေးတွေ အကြောင်းကတော့
        မျက်ခြေမပြတ် လှပါကွယ် ။ ဟီဟိ ။

        • inz@ghi

          November 8, 2011 at 7:39 am

          တိန်……
          မှတ်သားလောက်ပါတယ်ခည ….
          အဘဖောနဲ့ ကိုရင်ကြောင်ရေ…

          ပြောတဲ့လူကလည်း နာမည်နဲ့ ဖုန်းနံပါတ်နဲ့ တဂွ
          မှတ်မိတဲ့လူကလည်း အတိအကျ
          ဘယ်မှာ မှည့် ရှိ ဘာညာများ ကွန်ဖမ်း ကြဦးမား မတိ…

          တားကတော့ လေးထောင့်ပုံး ဒက်စတွတ် တွေပဲ စိတ်ဝင်စားတဲ့ လူရိုးလေး ဆိုဒေါ့ ……
          😛

  • အီးတီ

    November 8, 2011 at 3:28 am

    လက်ပကျွတ်မဝယ်ခင် ဒီပို ့စ်လေး အရင်ဖတ်ဖြစ်အောင် ဖတ်သွားမှ။
    အဖက်ဖက်က ပြည့်စုံအောင်အပင်ပန်းခံ ရှင်းပြထားပေးတဲ့အတွက် ဆြာဂီကို သင့်ခရု

  • inz@ghi

    November 8, 2011 at 6:53 am

    စာကျန်သွားလို့ ထပ်ဖြည့်လိုက်တယ်ခင်ည…
    အဲ့ဒါကတော့ dealer ကနေ ဝယ်မလား
    dealer ကနေ တဆင့်ပြန်ယူပီး တင်တဲ့ဆိုင်က ဝယ်မလား ဆိုတာပါ
    အဲ့ဒါကတော့ ပုံသေ မရှိဘူး လို့ ပြောပါရစေ..

    ဥပမာဗျာ..ကပေ က Pae420 ဆိုတဲ့ မော်ဒယ်လ် ကိုသွင်းလာတယ်..
    ၄သိန်းနဲ့ …၄သိန်းခွဲ သတ်မှတ်ပီးရောင်းတယ်…
    သူတယောက်တည်း မရောင်းနိုင်တော့ မိတ်ဘက် ဆိုင်တွေကိုတဆင့်ပြန်
    တင်ခိုင်းတယ်… ဖြုန်းအား ကိုကြည့်ပြီး အကောင်းဆုံးရောင်းနိုင်တဲ့လူတွေကို
    ၁နှစ်တခါ ဖူးခက်တွေ ဘာတွေ ပို့တယ်ပေါ့ဗျာ…
    အဲ့သည့်မှာ ကပေ က နောက်ပေါက်ဈေး နဲ့ ကပေါက်ဖော် တို့ ကိုရင် တို့ကို တင်ဖို့
    ပေးတယ်ဆိုပါစို့ရဲ့…(ရိုင်းတာမဟုတ်ပါ ဆြာတို့.. ဆုံးအောင်ဖတ်ပါ)

    showroom တွေက ဂိုထောင်နဲ့ တွဲထားတော့ ဆိုင်ချင်းဆိုင်ချင်း ပေးတဲ့ဈေး.. လက်ကားဈေး
    ဂိုထောင်ဈေး ပေါ့ဗျာ ..(အဲ့သည့်လောကထဲမှာ တကယ်ပဲ နောက်ပေါက်ဈေး လို့ ခေါ်တာပါ)
    ၄သိန်း ၂သောင်း နဲ့ ပေးတယ်ဗျာ.. သို့သော် ၄သိန်း ခွဲ ရောင်းမယ် လို့တိုင်ပင်ကိုက်ထားကြတယ်..

    dealer ကိုယ်တိုင်ကလည်း အဲ့ထက် လျော့ရောင်းလို့ မရဘူး …ဟုတ်တယ်လေ
    ကပေက အဲ့လို လျော့ရောင်းလိုက်ရင် သူ့ပစ္စည်း ဘယ်သူဝယ်တင် ပေးတော့မလဲ…
    သည်လိုနဲ့ ကပေါက်ဖော် နဲ့ ကိုရင်တို့ဟာ အလိုလို ပြိုင်ဘက်တွေ ဖစ်လာပြီး..
    နှစ်ကုန်ခါနီးမှာ သူ ဖူးခက်ရမလား ကိုယ်ဖူးခက်ရမလား …ကြုံလာတော့

    ဈေးပွဲတော် တွေမှာ user ကို dealer ဆီက ပွိုင့်ပဲ စားပါတော့မယ် အရင်းအတိုင်းပဲ
    (နောက်ပေါက်ဈေးအတိုင်းပဲ) ယူသွားပါတော့ ဆိုပီး ၄သိန်း၄သောင်းနဲ့ ထုတယ်ဗျ
    ၅ထောင် ၁သောင်းဖိုးလောက် လက်ဆောင်ပေးလိုက်ဦး …(အသားတင် ၁သောင်းမြတ်ပီးသား)
    ယူဇာတွေကတော့ စေဒနာ ဘလပွ မှတ်တာပေါ့ …သိတယ်မလား …အကယ်ဒမီရှော့တွေ

    ဆိုတော့ တခါတရံမှာ dealer ထက် တဆင့်ပြန်ယူရောင်းတဲ့ နေရာက ဈေးချိုတတ်တာ
    သည်လို နောက်ကွယ်က ဇာတ်လမ်းလေးတွေ ကြောင့်ပါ ခင်ဗျား…

    လိုကယ်က ကွန်ပျူတာဆိုင်တွေဝိုင်းရိုက်မှာ စိုးတာကြောင့်
    တော်သေးပီ …

  • NK

    November 8, 2011 at 10:45 am

    Core i7 မှာ core 8 ခုပါတာလားလို့ပါဗျာ..အလုပ်လုပ်တာကိုသိချင်ရင်Task manager မှာကြည့်လို့ရပါ၏

  • သခင် Mobile

    December 1, 2012 at 9:14 am

    အင်မတန် အကျိုးရှိစေတဲ့ ပို့စ်တစ်ပုဒ်ဖြစ်ပါတယ်ခင်ဗျား . …….

  • ရွာသူ jujuma .

    December 1, 2012 at 12:15 pm

    လက်ပကျွတ်လေးတစ်လုံး ဝယ်မလို့ စဉ်းစားနေတုံး …
    တိုက်တိုက်ဆိုင်ဆိုင် ဒီပိုစ်လေးဖတ်မိလိုက်ရတာ…
    အကြီးကြီး ရှဲရှဲ ပါ ဗျို့ …

  • ဦးကြောင်ကြီး

    December 1, 2012 at 12:33 pm

    ကြောင်လတ်နဲ့ ဦးဖောပြောတဲ့ ကင်းပါဝါဆိုင်က သမီးလေး စုသက်ကို ဦးကြောင်ကြီး ခြစ်မိနေပီလို့ ပြောပေးကြပါလားကွယ်… 😳

  • Chan Myae Aung Soe

    April 25, 2013 at 6:28 pm

    ကဲ ဆာ အင်ဇာဂီ ရေ ရေးလက်စနဲ့ တစ်ခုလောက်ကူညီပါအုန်း။ ညီ Hp လက်ပကျွတ်လေး မားသားဘုတ်ကြွသွားတယ်ပြောတယ်။ ဘယ်ဆိုင်မှပြင်လို့ အဆင်ပြေမလဲပြောပြပေးပါအုန်း။ ဆိုင်ပြကြည့်တာ နှစ်ဆိုင်တော့ရှိပြီ။ Spare parts မရှိဘူးပဲပြောနေတယ်။ ဘယ်ဆိုင်မှာပြင်လို့အဆင်ပြေနိုင်မလဲဗျာ။ လက်ပကျွတ်ကတော့ netbook လေးပါ။

    • S@i S@i Fin K@i

      April 25, 2013 at 7:02 pm

      တိန်
      ဘယ်တုန်းက အဟောင်းတေသွားဖွသတုန်းကွယ်.

      လက်ပကျွတ်တေဘုတ် ကြွသွားရင် ပစ်ရတာများတယ်
      ဘာကြောင့်လဲဆိုတော့ သူက အရွယ်အစားကအစ ဘော်ဒီနဲ့အံဝင်ခွင်ကြဖြစ်အောင်ထည့်ရတာကိုး
      သည်တော့ စီးရီးစ်တူ မော်ဒယ်တူမဟုတ်ရင် တခုနဲ့တခုအံဝင်ခွင်ကျ မတူညီနိုင်ဘူး.

      အသစ်သာဝယ်ပါဗျာ.

      အာဟိ.

      Netbooks တွေ ဆိုတာ ဈေးချိုတာကလွဲရင် ဘာတခုမှ မကောင်းဘူးခည
      ( ကျနော်ပြောတာမဟုတ်ဘု သွားလေသူဘဘဂျော့်ဘ် ပြောသွားတာ)

  • uncle gyi

    April 25, 2013 at 11:14 pm

    ရှင်းရှင်းလေးနဲ့နားလည်အောင်ရေးနိုင်ပါပေတယ်ကိုရင်ရယ်

  • MaMa

    April 26, 2013 at 7:15 am

    ကင်မရာတစ်လုံးတော့ ရွေးချယ်ဝယ်ယူပြီးသွားပြီ။
    ဒါပေမယ့် ကင်မရာမှာပါတဲ့ခလုတ်တွေကို ဘာမှန်းမသိလို့…..
    အဲဒါ ကင်မရာက ခလုတ်တွေအကြောင်း တစေ့တစောင်း ဆိုပြီး အမေးပိုစ့်လေး တင်မလားလို့။
    ဆြာသမားရေ အားမွေးထား။ :harr:
    (အမှန်တော့ ဒီလိုပိုစ့်မျိုးတင်ရမှာ သဂျီးကို အားနာလို့ တင်ရကောင်းမလား စဉ်းစားနေရတယ်။)

  • Chan Myae Aung Soe

    April 29, 2013 at 8:46 am

    Core 2 dual က core 4ခုဖြစ်ပြီး i3 က core 2ခုဆိုတော့ Core 2 Dual က ပိုမြင့်တဲ့သဘောဖြစ်မနေဘူးလားဗျ။

  • Alinsett@Maung Thura

    March 19, 2015 at 3:02 am

    အခုလက်ရှိ ဈေးနှုန်းနဲ့ အမျိုးအစား အချက်အလက်လေးတွေ
    ဘယ်မှာ ကြည့်လို့ရနိုင်လဲခင်မျ
    ဆိုင်င်္တွေဆီ သွား ကြည့်တယ်ဆိုတာက ရန်ကုန်က အရောင်းဝန်ထမ်းတွေရဲ့ ငေါက်လွှတ်မှာ ကြောက်ရလို့
    ရှင်းပြတာတို့ မဝယ်ဖြစ်တဲ့သူကို စိတ်ရှည်ပေးတာတို့နဲ့က
    ရန်ကုန်က ဆိုင်ဝန်ထမ်းအတော်များများမှာ မတွေ့ရသမို့

    စာမျက်နှာပေါ်က လေ့လာလို့ရရင် အရင်လေ့လာပြီးမှ သွားဝယ်မလားလို့
    .နောက်ပြီး ရန်ကုန်မှာ ဘယ်ဆိုင်က ပစ္စည်းမှန် ဈေးမှန်လဲလည်း သိချင်သား

    • kai

      March 19, 2015 at 4:30 am

      ပိုက်ဆံကို..အထုတ်ကလေးထုတ်သွားပြီး.. ဘုတ်ဆို… အရင်တင်ပြပြိးမှ.. ပစ္စည်းအကြောင်းမေးရင်ကော.။ :k:

      • naywoon ni

        March 19, 2015 at 6:56 am

        ကျ​နော်​့သူငယ်​ချင်​း တစ်​​ယောက်​လည်​း သူဂျီး ​ပြောသလိုသွားဝယ်​တာဗျို့ ။ တစ်​နှစ်​​လောက်​​တော့ရှိဘီ ။ ဘာမှ​တော့ ​ပြောသံမကြား​သေးဘူး ။ သွားတာက သူနဲ့ ကျ​နော်​နဲ့ နှစ်​​ယောက်​ထဲ ။ သူလုပ်​ချင်​တာက စာစီစာရိုက်​တို့ ပိုတို​ရှော့ တို့ပါချင်​တယ်​ ။ ဂိမ်​းလည်​း​ဆော့မယ်​​ပေါ့ဗျာ ။ ​နောက်​အ​ခွေ ကူးတာကို အဆင်​​ပြေ​အောင်​လုပ်​​ပေး​ပေါ့ ။ ကျ​နော်​တို့ဆီမှာလဲ ဒီ​လောက်​သုံးတတ်​ရင်​ ဆရာကြီး ဖြစ်​​နေတာကိုး ။ အဲ့​တော့ ဆိုင်​ရှင်​က သူပါလာတယ်​​ပြောတဲ့ ပိုက်​ဆံနဲ့ ကိုက်​မဲ့ အမျိုးအစား ထုတ်​​ရောင်​းလိုက်​တာပဲ ။ အဲ့​တော့မှ သူလိုချင်​တဲ့ ​ဆော့ဝဲ ထည်​့ဖို့ အဆင်​​ပြေမ​ပြေ​မေး ။ ရှိရင်​လည်​့ထည်​​ပေး​ပေါ့ ။ ဥပမာ CS 3 ထည်​့ထားတာ 4 ထည်​့ခိုင်​းတာတို့ ။ ​အော့ စုက ​နေ နီရို ထည်​့ခိုင်​းတာတာ ။ ဝပ်​က 2003 က​နေ 2007 ​လောက်​ ဖြစ်​နိုင်​ရင်​ 2010 ​လောက်​​ပြောင်​းခိုင်​းတာတို့​လောက်​​ပေါ့ ​။ သူ့ လက်​ပကျွတ်​ကို ကီးဘုတ်​နဲ့ ​မောက်​စ်​ ကို အပြင်​ထုတ်​​ပေးခိုင်​းတာဗျ ။ ​နောက်​ ​ဖောင်​့ ​တွေ ထည်​့ခိုင်​းတယ်​ ။ ကျ​နော်​တို့ဆီမှာ အလွယ်​တစ်​ကူနဲ့ အခက်​အခဲ ဖြစ်​​နေတာက ​ဖောင်​့ ဗျ ။ မြန်​မာစာလုံး​ဖောင်​က အများကြီးရယ်​ ။ သင်​တန်​းက သုံးတာက အပြင်​ဆိုင်​မှာသုံး​လေးသုံးထ ရှိတဲ့ ဝင်​း​ဖောင်​့ ။ အင်​တာနက်​နဲ့ ကမ်​ပနီ အချို့က ​ဇော်​ဂျီ ရုံးသုံးက မြန်​မာ 2 နဲ့ 3 အဲ့​ဖောင်​့က အလွယ်​တစ်​ကူမရှိရင်​ တစ်​လဲလဲ ပဲ 🙂

      • Alinsett@Maung Thura

        March 19, 2015 at 8:42 am

        ပိုက်ဆံ ပါမှာသိလောက်တယ်….
        ဝယ်နိုင်တာ သိလောက်တယ်ဆိုရင်တောင်…. မဝယ်လည်း တောက်ဂရုမစိုက်ဘူးဆိုတဲ့ အထာတွေနဲ့ ရောင်းကြတာ….
        တစ်ခွန်းကနေ နှစ်ခွန်း ရှင်းပြလာရရင်…တော်တော် စိတ်မရှည်တဲ့ပုံစံဖြစ်ဖြစ်ကုန်လို့…
        ဒါတောင်..ဝယ်မယ်ဆိုတဲ့ကိုယ်က ဆိုင်ထဲဝင်တာနဲ့ ပြုံးပြီး..မင်္ဂလာပါ…လို့… ဦးအောင် သူတို့ကို နှုတ်ဆက်ထားတာနော်…
        ကိုယ် နှုတ်ဆက်တော့လည်း မင်္ဂလာပါ ပြန်ပြောဖို့တောင်…ဝန်လေးနေတဲ့ ..တောင့်တောင့်ကြီးတွေ…
        ဒါကြောင့် …ပစ္စည်းတစ်ခု ဝယ်မယ်ဆိုရင် …
        မေးစမ်းစရာမလိုလောက်အောင် သိနေပြီးမှ… သွားဝယ်ချင်တော့တယ်…

        • Mr. MarGa

          March 19, 2015 at 9:34 am

          internet journal လိုမျိုး
          netguide journal လိုမျိုး
          အဲ့လို ဂျာနယ်တွေမှာ ဈေးနှုန်းတွေ ထည့်ပေးတတ်တယ်
          ရှာဖတ်ကြည့်
          လိုင်းပေါ်မှာပါ နည်းနည်း မွှေပေါ့

        • Alinsett@Maung Thura

          March 19, 2015 at 11:38 am

          ဇူးဇူး… အဲ့ ဂျာနယ်တွေတော့ ဖတ်ပါ့…
          မကြာခဏ

          :k:

  • manawphyulay

    March 19, 2015 at 12:57 pm

    မနောကတော့ Dell Core i7 ကို အကြွေးနဲ့ ဝယ်ပြီး သုံးနေပါတယ် :mrgreen:

Leave a Reply