ခွင့်ပြုချက်မရဘဲ သီချင်းကို ကော်ပီလုပ်ရင် ဥပဒေသုံးမျိုးနဲ့တရားစွဲဆိုနိုင်

klnMay 22, 20101min780

သီချင်းတစ်ပုဒ်ကိုသီချင်းရေးဆရာရဲ့ခွင့်ပြုချက်မယူဘဲယူသုံးမယ်ဆိုရင် မူပိုင်ခွင့်အရနဲ့ကိုယ်ကျင့်သိက္ခာ( moral-right) အရ၊ ငွေကြေးဆိုင်ရာ ( economic- right) အရနစ်နာကြေးအတိုင်းအဆမရှိတောင်းခွင့်ရှိပါတယ်လို့သိရပါတယ်။ အခုဆိုသီချင်းတွေကိုတေးရေးဆရာမသိဘဲ ယူသုံးတာမျိုး၊သီချင်းကိုဖျက်ဆိုတာမျိုး၊ စာသားဖျက်ပြီးပြန်ဆိုထားတာမျိုးတွေရှိလာတာကိုတွေ့ရပါတယ်။ တေးဆိုသူရဲ့အသံကို effect နဲ့ဖျက်လုပ်တာကအစ ကြိုတင်ခွင့်ပြုချက်မယူခဲ့ရင် အသရေဖျက်မှုအထိ ကြီးထွားနိုင်သလို သီချင်းစာသားသံစဉ်တစ်ခုခုကို ပြုပြင်ဖျက်ဆီးအသုံးပြုထုတ်လုပ်ရင်သီချင်းရေးဆရာရဲ့ ဂုဏ်သိက္ခာထိခိုက်နစ်နာခဲ့မယ်ဆိုရင် ရာဇသတ်ကြီးဥပဒေ အသရေဖျက်မှု ပုဒ်မ ၅၀ဝနဲ့ပါ စွဲဆိုခံရနိုင်ဖွယ်ရှိပါတယ်။ MCL ကုမ္ပဏီတာဝန်ရှိသူက ‘အခုတလောတေးရေးသူမူပိုင်ရှင်မသိဘဲနဲ့ စီးပွားဖြစ်သုံးစွဲနေမှုတွေကို တွေ့ရတယ်၊ တေးရေးဆရာတစ်ယောက်ရဲ့ အထင်ကရသီချင်းတစ်ပုဒ်ကို copy သီချင်းထင်လို့ ကြော်ငြာသီချင်းတစ်ပုဒ်မှာ သံစဉ်ယူသုံးထားတယ်၊ နောက်ဗီဒီယိုဇာတ်ကားတစ်ခုမှာ လည်းဟာသဘောနဲ့ အငြင်းပွားစရာ၊ ဆင်ဆာငြိစရာစာသားတွေပြောင်းပြီးဆိုထားတာတွေ့တယ်၊ သီချင်းတစ်ပုဒ်နဲ့ပတ်သက်ပြီးကျွန်တော်တို့ သိထားရမှာက copy- right ဆိုတာအပြင် moral- right ပါရှိတယ်၊ သီချင်းတစ်ပုဒ်ကိုခွင့်တောင်းပြီးမှ သုံးရမယ်၊ ဒါ့အပြင်နာမည်ပွားတာ၊ မဖော်ပြတာတွေကလဲ moral-right အရရယ်၊ ငွေကြေးဆိုင်ရာ economic –right အရပါ နစ်နာကြေးအတိုင်းအဆမရှိတောင်းခွင့်ရှိပါတယ်’လို့ ပြောပါတယ်။ MCLC ကုမ္ပဏီအနေနဲ့လည်းဘယ်လိုမူပိုင်ခွင့်ချိုးဖောက်မှုတွေပဲတွေ့တွေ့၊ ပထမဆုံးဂီတအစည်းအရုံးမှာပဲညှိနှိုင်းဖြေရှင်းပါတယ်။ ဒါမှ မရရင်နိုင်ငံသားတို့လိုက်နာရမယ့်တရား ဥပဒေလမ်းကြောင်း အတိုင်းဖြေရှင်းသွားဖို့သတ်မှတ်ထားတယ်လို့သိရပါတယ်၊MCLCကတေးရေးသူတွေအနေနဲ့ ဥပဒေမဲ့လုပ်ကိုင်မှုမျိုးကိုဘယ်တော့မှ မလုပ်ကိုင်ဖို့ကိုလည်း စည်းကမ်းသတ်မှတ်ထားပါတယ်။ မြန်မာနိုင်ငံမှာမူပိုင်ခွင့်ဥပဒေဟာ ၁၉၁၄ခုနှစ်ကတည်းက ရှိလာတာဖြစ်ပြီး၊ အခုထိတိုင်တစ်ခုတည်းသော ဉာဏပစ္စည်းဥပဒေပဲဖြစ်ပါတယ်။ မူပိုင်ခွင့်ချိုးဖောက်မှုတွေဟာ အရင်ကလည်း ရှိခဲ့သလိုနောက်လည်းရှိနေနိုင်ပါတယ်။ ဘယ်လိုအနုပညာရှင်ဖြစ်ဖြစ် ဥပဒေနဲ့မူပိုင်ခွင့်ကိုလေးလေးနက်စောင့်ထိန်းလိုက်နာဖိုပလိုအပ်ပါတယ်လို့ဆိုကြောင်း ၂၀၁ဝခုနှစ်မေလ ၂၁ရက်နေ့ထုတ် မော်ဒန်ဂျာနယ်တွင်ဖော်ပြထားပါသည်။