မြန်မာနိုင်ငံရှိ ရဲရွာ RCC တမံမှာ ကမာ္ဘ့ဒသမမြောက် အမြင့်ဆုံးတမံဖြစ်ကြောင်းသိရ

klnMay 22, 20101min501

မြန်မာနိုင်ငံရှိ ရဲရွာ RCC တမံမှာ ကမာ္ဘ့ဒသမမြောက် အမြင့်ဆုံးတမံဖြစ်ကြောင်း နေပြည်တော်ပေါင်းလောင်းရေအားလျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးစက်ရုံရဲရွာခန်းမ၌ ပြုလုပ်ခဲ့သော အလုပ်ရုံဆွေးနွေးပွဲမှ သတင်းရရှိပါသည်။ အောင်မြင်စွာတည်ဆောက်ခဲ့သည့် ကမာ္ဘ့ RCC တမံကြီးများအကြောင်း အလုပ်ရုံ ဆွေးနွေးပွဲအား မေလ ၁၅ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး ယင်း အလုပ်ရုံဆွေးနွေးပွဲ၌ RCC တမံကြီးများအကြောင်း၊ အောင်မြင်စွာတည်ဆောက်ခဲ့သည့် RCC တမံကြီးများ၊ RCC တမံကြီးများ တည်ဆောက်ပုံနည်းစနစ်များ၊ အနာဂတ်အတွက်တည်ဆောက်မည့် RCC တမံကြီးများအကြောင်းနှင့်သုံးသပ်ဆွေးနွေးပွဲများပြုလုပ်ခဲ့ကြောင်းသိရှိရသည်။ ကမာ္ဘ့အမြင့်ဆုံး RCC တမံကြီးများ စာရင်းတွင် တရုတ်နိုင်ငံမှ Longtan RCC တမံမှာ ၂၁ရမီတာဖြင့် အမြင့်ဆုံးဖြစ်ပြီး မြန်မာနိုင်ငံတွင်တည်ဆောက်ပြီးစီးခဲ့သည့် ရဲရွာRCC တမံမှာ ဒသမမြောက်အမြင့်ဆုံး တမံစာရင်းဝင်ဖြစ်သည်။ ကမာ္ဘ့ထုထည်အကြီးမားဆုံး RCC တမံများစာရင်းတွင်လည်းတရုတ်နိုင်ငံမှ Longtan RCC တမံမှာ ထုထည်အကြီးမားဆုံးဖြစ်ပြီး မြန်မာနိုင်ငံရှိရဲရွာ RCC တမံမှာလည်း တတိယ ထုထည်အကြီးမားဆုံးစာရင်းဝင်ဖြစ်ကြောင်း သိရသည်။ ကမာ္ဘပေါ်တွင် အောင်မြင်စွာတည်ဆောက်နိုင်ခဲ့သည့် RCC တမံ ကြီးများ အနက် Upper Still water ( USA)၊ Shapai (China) ၊ Olivenhain ( USA) ၊ Ghatghar (India) ၊ Longtan (China) ၊ Yeywa ( Myanmar) ၊ Son La ( Vietnam) တို့အား တမံကြီးများအလိုက်အောင်မြင်စွာတည်ဆောက်ခဲ့သည့်နည်းစနစ်များနှင့်ပတ်သက်၍ ယင်းအလုပ်ရုံဆွေးနွေးပွဲတွင်ပြောကြားခဲ့ကြောင်း ၂၀၁ဝခုနှစ် မေလ ၂၁ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင်ဖော်ပြထားပါသည်။

One comment

  • zamte

    June 30, 2010 at 7:00 am

    နံပါတ် ၁ဝ ချိတ်တာ ဝမ်းသာစရာ၊ ဂုဏ်ယူစရာတော့ မဟုတ်ပါ။ အဲလို တမံတွေဆောက်လို့ တနှစ်ကို လူပေါင်း သန်း ၄ဝ လောက် အိုးအိမ်ရွေ့ပြောင်းရတယ်။ ရေလွှမ်းခံရတဲ့ဒေသတွေက သဘာဝအမွေအနှစ်တွေ၊ ပတ်ဝန်းကျင်တွေ ပျက်စီးတယ်။ တောရိုင်း တိရိစ္ဆာန်တွေ မျိုးတုန်းကုန်တယ်။ ဒါတွေက ဘာနဲ့မှ အစားထိုးလို့ ရတာတွေမဟုတ်။ တမံကျိုးရင် အားလုံး ရေလွှမ်းခံရမယ့် ဒုက္ခက ရှိသေးတယ်။ ငတုံး အစိုးရမို့လို့ ရေကာတာဆောက် လျှပ်စစ်ထုတ်တာ ဖြစ်ပါတယ်။

Leave a Reply