ကိုကြောင်သို့…..(၃) (တရုတ်နိုင်ငံဖွံ့ဖြိုးမှုဆိုသည်မှာ…)

thit minNovember 18, 20111min26425

(အချိန်ရမှအေးအေးဆေးဖတ်ရန်ဖြစ်ပါသည်)

ကျနော် မောင် သစ်မင်းရဲ့ “စူပါပါဝါဖြစ်ဖို့ဆိုတာ… (၂)” မှာ ကိုကြောင်မေးခဲ့တဲ့မေးခွန်း

နံပါတ်သုံးရဲ့အဆက်ပေါ့ဗျာ။

Question 3: ဂျပန်ဘာကြောင့် တန့်နေပြီး တရုတ်ဘာကြောင့် တက်လာသလဲ၊ ဂျပန်ကြုံသလို

တရုတ်ကြီးကိုမကြုံနိုင်ဘူးလား။ ကြုံမယ်ဆို ဘယ်နည်းဘယ်ပုံ ဘယ်တော့လောက်ဖြစ်မလဲ။

သူတို့မှာ ဘာကန့်သတ်ချက်၊အားသာချက်တွေ ရှိကြလဲ။

~~~~~~~~~~~~~~~~~

ဂျပန်ဘာကြောင့် တန့်(Stagnation) နေတာလဲကို ကိုကြောင်သို့ …..(၂) မှာဖြေပြီးပီနော်။

အဲဒီမေးခွန်းထဲကကျန်တဲ့အပိုင်း

(တရုတ်ဘာကြောင့် တက်လာသလဲ၊ဂျပန်ကြုံသလိုတရုတ်ကြီးကိုမကြုံနိုင်ဘူးလား။ ကြုံမယ်ဆို

ဘယ်နည်းဘယ်ပုံ ဘယ်တော့လောက်ဖြစ်မလဲ။သူတို့မှာ ဘာကန့်သတ်ချက်၊အားသာချက်တွေ

ရှိကြလဲ။)

ဆိုတာတွေကိုအခုဆက်ပြောပြပေးပါမယ်။

~~~~~~~~~~~~~~~~~~

အထူးမှတ်ချက်။             ။ကျနော် နိုင်ငံတွေရဲ့ စီးပွါးရေးဖွံ့ဖြိုးမှုပုံစံတွေကို လေ့လာရတာ

ဝါသနာပါတယ်ဗျ။ဘာလို့လဲဆိုတော့ ကျနော်တို့ နိုင်ငံအတွက် လုပ်ခွင့်သာလာတဲ့တနေ့

လုပ်နိုင်မဲ့ပုံစံလေးတွေ (သို့)အခု ဘောင်ထဲကဘဲ လုပ်လို့ရတာလေးတွေကိုရှာဖွေကြည့်ချင်လို့

ပါဘဲ။

တကယ်တော့ နိုင်ငံ တခုလို့သာ ရည်ရွယ်တာပါ။စာဖတ်သူ ဉာဏ်ရှိရင်

ကိုယ်ပိုင်စီးပွါးရေးတိုးတက်မှုပုံစံအနေနဲ့အသုံးပြုနိုင်မယ်ဆိုတာ မမေ့ပါနဲ့လို့။

 

တရုတ်က ဘယ်လိုတိုးတက်လာတယ်။ ဘယ်လောက်အတိုင်းအတာထိရောက်နေတယ်။

နောက်ပိုင်းဘယ်လိုဖြစ်လာနိုင်တယ် ဆိုတဲ့ဟာတွေကို ဆန်းစစ်ဖို့အတွက်ပေါ့လေ။

ဂျပန်စီးပွါးရေးဖွံ့ဖြိုးမှုနောက်ပိုင်းဆက်လိုက်လာတဲ့ အေရှန်နစ်စ် Asian NICs (သို့)

အာရှရဲ့ ထွန်းသစ်စီးပွါးရေးအာရှနဂါးလေးကောင်လို့ခေါ်တဲ့ဟောင်ကောင်၊စင်ကာပူ၊ကိုရီးယား၊ထိုင်ဝမ်ဆိုတဲ့

လေးနိုင်င၊ံ ပြီးတော့ အာဆီယမ် ဖိုး ASEAN-4 (သို့)အာရှကျားလေးကောင်လို့ခေါ်တဲ့

မလေးရှား၊ထိုင်း၊ဖိလစ်ပင်း၊အင်ဒိုနီးရှားပေါ့ဗျာ။

အဲဒီနိုင်ငံတွေရဲ ့တိုးတက်မှုလမ်းပေါ်က လိုက်နာအပ်တဲ့ သင်ခန်းစာတချို့တင်ပြပေးပါ့မယ်။

 

အဲဒီ လက်တွေ့ဖြစ်ရပ်သင်ခန်းစာ ပေတံ လေးတွေနဲ့ တိုင်းကြည့်ကြတာပေါ့နော်။

ရှင်းအောင်လို့ အုပ်စုလေးတွေဖွဲ့ပြီးရေးပေးပါ့မယ်။

စီးပွါးရေးလုပ်ငန်းလေးတခု တောင်အရင်းအနှီးက စ ကြည့်တယ်မဟုတ်လား။

ရိုးရိုးလေးဘဲ အဲဒီနေရာက စမယ်ဗျာ။

 

အေရှန်နစ်စ် Asian NICs စီးပွါးဘယ်လိုတက်။

အဓိကမောင်းနှင်အား

1. မြင့်မားသော ငွေစုနှုန်း နှင့် အရင်းအနှီးအချိုး၊

အခွင့်သာမှုများ

2. ကောင်းသောအင်ဖရာစထရက်ချာရှိခြင်း၊(လမ်းပန်းကောင်းဆက်သွယ်ရေးကောင်းရေရရှိမှုလျှပ်စစ်ဓါတ်အားရရှိမှုအစရှိ၍)

3. ပညာရေအဆင့်အတန်းနှင့် လုပ်သားလေ့ကျင့်ရေးသင်တန်းများအဆင့်မြင့်မားခြင်း၊

4. လုပ်ခသက်သာခြင်း၊

5. ငွေဖောင်းပွမှုနှုန်းမြင့်မားမှုမရှိခြင်း၊

အစိုးရ၏အခန်းကဏ္ဍ

6. ခိုင်မာ၍ယုံကြည်စိတ်ချရသောအစိုးရတရပ်ရှိခြင်း၊

7. စွမ်းဆောင်ရည်ပြည့်ဝသော၊ ရိုးသားသော ပြည်သူ့အုပ်ချုပ်ရေးစနစ်ရှိခြင်း၊

8. နိုင်ငံရေးတည်ငြိမ်မှုရှိခြင်း၊

စီးပွါးရေးမူဝါဒဆိုင်ရာ

9. စွမ်းရည်ပြည့်ဝသော ခေတ်မှီလယ်ယာကဏ္ဍရှိခြင်း၊

10. အဓိက စီးပွါးရေးကဏ္ဍကို လယ်ယာကဏ္ဍ မှ စက်မှုကဏ္ဍသို့ အသွင်ပြောင်းလဲကြခြင်း၊

11. ပို့ကုန်(အိပ်စ်ပို့တ်)ဦးစားပေးစီးပွါးရေးပုံစံကိုလက်ခံကျင့်သုံးခြင်း၊

ဈေးကွက်ဆိုင်ရာ

12. ပို့ကုန်(အိပ်စ်ပို့တ်)တွင်လည်း လုပ်သားကဲ (လုပ်သားအသုံးများ)စက်မှုပို့ကုန်အချိုးအများဆုံးပါဝင်နေခြင်း၊

13. စက်မှုနိုင်ငံများ(သို့) ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံများ၏ ဈေးကွက်ကိုအဓိကထားခြင်း၊

14. စက်မှုကဏ္ဍတွင်လည်းအချိန်နှင့်အမျှ ပြောင်းလဲတိုးတက်မှုရှိခြင်း၊

15. နည်းပညာတိုးတက်မှုကိုမျက်ခြေမပြတ်လိုက်နိုင်ခြင်း၊

16. Quality Control-QC  ကိုအလေးထားထိန်းကြခြင်း(သို့)အများလက်ခံနိုင်သောကွာလတီရှို

ထုတ်ကုန်များကိုသာထုတ်လုပ်ခြင်း၊

 အခြေခံလိုအပ်ချက်များ

17. တိုင်းပြည်ဝင်ငွေတိုးတက်နှုန်း  ကို ၁ဝ နှစ် ကျော် ၁၅ နှစ်အထိတောက်လျှောက်ထိန်းထားနိုင်ခြင်း၊

18. လူဦးရေတိုးနှုန်းမမြင့်မားခြင်း

19. မှီခိုသူအချိုး မမြင့်မားခြင်း

20. ညီမျှသော ဝင်ငွေခွဲဝေမှုရှိခြင်း၊

အဲဒီအပေါ်ကအချက်တွေနဲ့ တူနေတာတွေကိုထပ်မဖော်ပြတော့ဘဲ အာဆီယမ် ဖိုး ရဲ့

သီးခြားမတူတဲ့အချက်တွေကိုပြောပါ့မယ်။

 

အာဆီယမ် ဖိုး ASEAN-4 စီးပွါးဘယ်လိုတက်။

21. နိုင်ငံခြားရင်းနှီးမြုပ်နှံမှု (အဓိကမောင်းနှင်အား)

22. နိုင်ငံရေးနှင့်စီးပွါးရေးကိုခွဲခြားကိုင်တွယ်ခြင်း၊

23.  နိုင်ငံရပ်ခြား ပညာသင်ကြားရေးနှင့် လုပ်ငန်းခွင်သင်တန်းများအထူးပြုလုပ်ခြင်း၊

24. နိုင်ငံတကာစီးပွါးရေးဆိုင်ရာအဖွဲ့အစည်းများတွင်ပါဝင်ခြင်း၊(Such as Free Trade Agreement, WTO)

25. (Overall growth) ဘက်စုံတိုးတက်ရေးကိုလုပ်ဆောင်သောစီးပွါးရေးပုံစံဖြစ်ခြင်း၊
ကဲ အားလုံး ၂၅ ချက် ဆိုတော့ တစ်ချက် ၄ မှတ် ပေးပြီးတိုင်းကြည့်ချင်တယ်ဗျာ။

အကုန် အိုကေ ရင် အမှတ် ၁၀ဝ အဲဒီနိုင်ငံ မြေကြီးလက်ခတ်မလွဲ တိုးတက်ပြီပေါ့ဗျာ။

လာထား ကိုတရုတ်ရေ ကြည့်ရအောင်။

အပေါ်ကအချက်တွေ တခုချင်းစီကို တရုတ်ရဲ့ Data (ဒေ တာ) တွေနဲ့ ကြည့်လိုက်မယ်ဆိုရင်..

 

နံပါတ် ၁ အချက်  မြင့်မားသော ငွေစုနှုန်း နှင့် အရင်းအနှီးအချိုး၊ ( မှတ်ပေးသည်)

ဝင်ငွေရဲ့ 35% ကနေ 50% အထိစုပြီးအရင်းအနှီးလုပ်ခဲ့တဲ့ အဲဒီ ကိုရီးယား၊စင်ကာပူတွေတုန်း

ကနဲ့တထပ်ထဲပါဘဲဗျား၊ခု၂၀၁ဝ မှာ တရုတ်ကြီးက သူ့ဝင်ငွေရဲ့ 53% ကိုစုသတဲ့၊(အဲဒီစုငွေထဲကအပါအဝင်)သူ့

ဝင်ငွေ ရဲ့ 43% အရင်းအနှီးကို ပြန်ရင်းသတဲ့။

ပြောဘူးတယ်နော် အရင်က 10% ပုံမှန်ရင်းနိုင်ရင်တောင် ကြီးပွါးတယ်လို့။

 

နံပါတ် ၂ အချက် ကောင်းသောအင်ဖရာစထရက်ချာရှိခြင်း၊(လမ်းပန်းကောင်းဆက်သွယ်ရေးကောင်းရေရရှိမှုလျှပ်စစ်ဓါတ်အားရရှိမှုအစရှိ၍) (၂ မှတ် ပေးသည်)

မြို့ပြ၊ကျေးရွာကွာဟချက်တွေရှိနေသေးပေမဲ့ မဆိုးဘူးလို့ပြောလို့ရနေပြီဆိုတော့။

 

နံပါတ် ၃ အချက် ပညာရေအဆင့်အတန်းနှင့် လုပ်သားလေ့ကျင့်ရေးသင်တန်းများအဆင့်မြင့်မားခြင်း၊ (အမှတ်မပေး)

အဲဒါကတော့ (UNDP -Education Index)ယူအင်ဒီပီရဲ့ ပညာရေးညွန်ကိန်း အရ အဆင့် ၉ရ တဲ့၊ အမေရိကန် ၂၀

ဗျာ၊ဂျပန် ၃၄ ဗျာ၊မလေးရှား ၉၆ ထက် တဆင့်နည်းတယ် တရုတ် ၉ရ က၊ ဗျာ… မြန်မာ လား အဆင့် ၁၃၈ တဲ့..

 

နံပါတ် ၄ အချက်  လုပ်ခသက်သာခြင်း၊(၄ မှတ် ပေးသည်)

လုပ်ခကတော့ အိုကေ

 

နံပါတ် ၅ အချက်  ငွေဖောင်းပွမှုနှုန်းမြင့်မားမှုမရှိခြင်း၊  (၄ မှတ် ပေးသည် )

အဲဒါလဲ အိုကေဗျ။

 

နံပါတ် ၆ အချက်  ခိုင်မာ၍ယုံကြည်စိတ်ချရသောအစိုးရတရပ်ရှိခြင်း၊   (၂ မှတ်)

100% လက်မခံနိုင်သေးလို့ တဝက်တော့ပေးမယ်၊ (ရှင်ကန်ဆဲန်မှောက်တုန်းကရက်စက်ပုံလေးသတိရလို့)

 

နံပါတ် ရ အချက် စွမ်းဆောင်ရည်ပြည့်ဝသော၊ ရိုးသားသော ပြည်သူ့အုပ်ချုပ်ရေးစနစ်ရှိခြင်း၊  (၂ မှတ်)

ဒါလဲတဝက်ဗျာ။

 

နံပါတ် ၈ အချက် နိုင်ငံရေးတည်ငြိမ်မှုရှိခြင်း၊(၄ မှတ်)

ဒီအချက်တော့ အပြည့်ပေးမယ်။

 

နံပါတ် ၉ အချက် စွမ်းရည်ပြည့်ဝသော ခေတ်မှီလယ်ယာကဏ္ဍရှိခြင်း၊

ဒီအချက်က ဒေသအလိုက်ကွာဟမှုတွေရှိနေလို့ အမှတ်ပေးလို့မရဘူး။

 

နံပါတ် ၁ဝ အချက်  အဓိက စီးပွါးရေးကဏ္ဍကို လယ်ယာကဏ္ဍ မှ စက်မှုကဏ္ဍသို့ အသွင်ပြောင်းလဲကြခြင်း၊

(၄ မှတ်)

ဒါကတော့ ပေးတယ်။

 

နံပါတ် ၁၁ အချက်  ပို့ကုန်(အိပ်စ်ပို့တ်)ဦးစားပေးစီးပွါးရေးပုံစံကိုလက်ခံကျင့်သုံးခြင်း၊ (၄ မှတ်)

ပေးတယ်အမှတ်

 

နံပါတ် ၁၂ အချက် ပို့ကုန်(အိပ်စ်ပို့တ်)တွင်လည်း လုပ်သားကဲ (လုပ်သားအသုံးများ)စက်မှုပို့

ကုန်အချိုးအများဆုံးပါဝင်နေခြင်း၊ ပေးတယ်အမှတ်    (၄ မှတ်)

 

နံပါတ် ၁၃ အချက်  စက်မှုနိုင်ငံများ(သို့) ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံများ၏ ဈေးကွက်ကိုအဓိကထားခြင်း၊

ပေးတယ်အမှတ် (၄ မှတ်)

 

14. စက်မှုကဏ္ဍတွင်လည်းအချိန်နှင့်အမျှ ပြောင်းလဲတိုးတက်မှုရှိခြင်း၊

15. နည်းပညာတိုးတက်မှုကိုမျက်ခြေမပြတ်လိုက်နိုင်ခြင်း၊

16. Quality Control-QC ကိုအလေးထားထိန်းကြခြင်း(သို့)အများလက်ခံနိုင်သောကွာလတီရှို

ထုတ်ကုန်များကိုသာထုတ်လုပ်ခြင်း၊

နံပါတ် ၁၄ အချက် နံပါတ် ၁၅ အချက် နံပါတ် ၁၆ အချက် တွေ ကိုတော့အမှတ်ပေးဖို့သဘောမတူဘူး။

ကိုယ်ပိုင်နည်းပညာအခြေမခံထားတဲ့စီးပွါးရေးပုံစံမို့ အဲဒီအချက်တွေကဘောင်မဝင်ဘူး။

 

17. တိုင်းပြည်ဝင်ငွေတိုးတက်နှုန်း  ကို ၁ဝ နှစ် ကျော် ၁၅ နှစ်အထိတောက်လျှောက်ထိန်းထားနိုင်ခြင်း၊

18. လူဦးရေတိုးနှုန်းမမြင့်မားခြင်း

19. မှီခိုသူအချိုး မမြင့်မားခြင်း

နံပါတ် ၁ရ အချက် နံပါတ် ၁၈ အချက် နံပါတ် ၁၉ အချက်  ၄ မှတ်စီပေးတယ်၊ အောက်မှာရှင်းပြပေးမယ်နော်။

(ပေါင်း ၁၂ မှတ်)

 

၁၉၈ဝနှစ်များကနေ ၁၉၉ဝ ၊အထိ တိုင်းပြည်ဝင်ငွေတိုးတက်နှုန်းအတက်အကျတွေရှိခဲ့ပေမဲ့၊

ဒီ 1990 နောက်ပိုင်းကနေ 2000/2010 ဆယ်စုနှစ်မှာတော့ ဝင်ငွေတိုးနှုန်းကို Double Digit (ဒါဘယ်ဒစ်ဂျစ် )လို့

ခေါ်တဲ့ ၁ဝ ရာနှုန်းကျော်တိုးတာကို ထိန်းထားနိုင်တဲ့ ကိုတရုတ်ပါဘဲ။

ဒါကြောင့် ၂၀၁ဝ ခုနှစ်မှာ 5878 ဘီလီယမ် ဝင်ငွေ ရပြီး ကမ္ဘာစီးပွါး ရေးအဆင့်  နံပါတ်၂ မှာရပ်တည်နေတာကိုး။

(International Monetary Fund- IMF) ကမ္ဘာငွေကြေးရံပုံငွေအဖွဲ့ရဲ့ဒေတာအရအမေရိကန်က

14526 ဘီလီယမ် နဲ့ကမ္ဘာစီးပွါး ရေးအဆင့်ပထမ၊ဂျပန်က 5458 ဘီလီယမ်နဲ့ကမ္ဘာစီးပွါး ရေးအဆင့် တတိယတဲ့။

ဝင်ငွေတိုးနှုန်းကို  ၁ဝ ရာနှုန်းကျော်တိုး-ဆိုလိုတာက ဗျာ ၊ လခစား ဆိုရင် သူရဲ့ လစာရဲ့ ၁ဝ ရာနှုန်းစီ

နှစ်စဉ်တိုးတယ်ပေါ့။

နိုင်ငံတနိုင်ငံအတွက်တော့တော်တော်ကြီးတဲ့ဂဏန်းတခုဘဲဗျ။

၁၀ဝ ဘီလီယမ်ကို ၁ဝ ဘီလီယမ်တိုးတာနော် ကိုယ့်လူ။

ခု တရုတ်  တိုင်းပြည်ဝင်ငွေ(ဂျီဒီပီလို့ခေါ်တယ်ဗျာ) က 5878 ဘီလီယမ် ဆိုတော့ တနှစ်နှစ် တိုးရတဲ့ငွေ က 587

ဘီလီယမ်ဗျ။

အမယ်လေးလေး၊  …အဲဒီ တိုးလာတဲ့ငွေလေးကမြန်မာဝင်ငွေ(ဂျီဒီပီ) 41 ဘီလီယမ် ရဲ့ ၁၃ ဆကျော် ဗျ။

သူ့မူရင်းကြီး GDP=5878 နဲ့ ဆို ၁၃ဝ ဆ ကျော် ပေါ့ဗျာ၊ ကောင်းလိုက်တဲ့ဝင်ငွေ။

ဝင်ငွေကတော့တိုးပါရဲ့ ကလေးတွေမွေးရင် ဘယ်လောက်မှာလဲ လို့ပြောမလား။မှန်ပ။

အဲဒါကို နိုင်ငံအနေနဲ့ကြတော့ လူဦးရေတိုးနှုန်းလို့ခေါ်တယ်ဗျာ။

ဝင်ငွေ ၁ဝ ရာနှုန်းတိုး လူဦးရေလဲ ၁ဝ ရာနှုန်းတိုးရင် အနေအစား က အရင်အတိုင်းဘဲပေါ့နော။

လူဦးရေတိုးနှုန်းက ဝင်ငွေတိုးနှုန်းထက် မကျော်မှ တဖြည်းဖြည်း ချမ်းသာလာတယ်လို့ ပြောလို့ရတာလေ။

ကဲ….. ကိုတရုတ် လူဦးရေတိုးနှုန်းကယခင် တင်းကြပ်ခဲ့တဲ့ မိသားစုစီမံကိန်း(one child policy)

အရှိန်ကြောင့်တော်တော်နည်းသွားတာဗျ။ ခုတော့မတင်းကြပ်တော့ပါဘူး၊ ဒဏ်ကြေးဆောင်ပြီးမွေးနိုင်တယ်လို့

သိရပါတယ်..

အဲဒါ တရုတ် လူဦးရေတိုးနှုန်းက ၁၀၀ဝ မှာ ၄ ယောက် တဲ့။ 0.4  ပါဆင့်ပေါ့ဗျာ။

ကြည့်လိုက်ပါအုန်း ဝင်ငွေက ၁၀% ဆယ်ဆတိုး လူဦးရေက 0.4% ဆိုတော့ ချမ်းသာပြီပေါ့ ရှေးယခင်ထက်.. ။

စီးပွါးရေးတိုးတက်မှုဆိုတာ အဲဒီလိုကြည့်တာပေါ့နော်။

မှီခိုသူအချိုးဆိုတာ အသက် ၆ဝ ကျော် တွေများတာကိုဆိုလိုတာ။ အခု ဂျပန်ကအဆိုး ဆုံးဘဲ 27% လူ၁၀၀

မှာ၂ရ က အသက် ၆ဝကျော် မှီခိုတဲ့၊လက်တွေ့မှာတော့ဂျပန်မှာ၇၀ ကျော်တွေတောင်အလုပ်လုပ်နေကြတာမို့

ခံသာနေတယ်ထင်ပ)

တရုတ် က 9% ဘဲ ရှိတာ။ အေးဆေးနွေးထွေး။

 

နံပါတ် ၂ဝ အချက် ညီမျှသော ဝင်ငွေခွဲဝေမှုရှိခြင်း၊(အမှတ်မရ)

ဒီအချက်ကတော့ တရုတ်တို့ရဲ့အဆိုးဆုံးအချက်ပါဘဲ။ ၁၃ အချိုး ၁ လို့ တွေ့ရတယ်။

ဆိုလိုတာက လူချမ်းသာ ၁ယောက် ရှိ ရင်ဆင်းရဲသား တစ်ဆယ့်သုံး ယောက်ရှိတယ်ပေါ့နော်။ဂျပန်ဆို ၃ အချိုး ၁။

 

နံပါတ် ၂၁ အချက် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု (၄ မှတ် ပေး)

ပြောပြီးပြီနော် စုထားတဲ့ငွေတွေများတယ်လို့၊

ခုနိုင်ငံခြားရင်းနှီးမြုပ်နှံမှုက တော်တော်စိတ်ဝင်စားစရာကောင်းတယ်။

အဲဒီလောက်ကြီးတဲ့ ဖစ်ဂါမျိုး အာဆီယမ်ဖိုးရဲ့ ရာဇဝင်မှာတောင် မမြင်ဘူး ဘူး။ တနှစ် တနှစ်ဝင်တဲ့

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကဘီလီယမ် ၅ဝ နဲ့ ၆ဝ ကြားမှာ ။ ၁၉၉ဝ ကနေ ၂၀၀၄ အထိ တဲ့ တရုတ်မှာ

ရှိနေတဲ့သူများအရင်းအနှီးက ၅၄၅ ဘီလီယမ်တဲ့။

ကြောက်စရာက လာအရင်းအနှီးထဲ့ ထားတဲ့အဓိက နိုင်ငံတွေက သူ့အမျိုးတွေ။ ဟောင်ကောင် နဲ့ မကာအို တဲ့။

ထိုင်းတို့ လို သူများငွေတွေနဲ့ စီးပွါးရေးကိုမောင်းတင်၊ ချမ်းသာလာတော့အိမ်တွေဝယ်။မြေတွေဝယ်။

ဟိုလာပြီးအရင်းထည့်တဲ့ကောင်တွေက မကိုက်လို့လစ်ရော ၁၉၉ရ မှာ ကပ်ဆိုက်တာမျိုး ကိုတရုတ်မဖြစ်နိုင်ဘူး။

မကာအိုကလောင်းကစားသမား၊ ဟောင်ကောင်ကနဂိုထဲက အေရှန်နစ်စ်နိုင်ငံ၊သူတို့ငွေမဲတွေရှိရင် လျှော်လို့

ဖွတ်လို့ရတဲ့နေရာကတရုတ်။ ဟုတ်နေတာဘဲ။

နံပါတ် ၂၂ အချက် နိုင်ငံရေးနှင့်စီးပွါးရေးကိုခွဲခြားကိုင်တွယ်ခြင်း၊ က အိုကေတယ် (၄ မှတ် ပေးမယ်)

 

နံပါတ် ၂၃ အချက် နိုင်ငံရပ်ခြား ပညာသင်ကြားရေးနှင့် လုပ်ငန်းခွင်သင်တန်းများအထူးပြုလုပ်ခြင်း၊ကမရဘူး။

 

နံပါတ် ၂၄ အချက် နိုင်ငံတကာစီးပွါးရေးဆိုင်ရာအဖွဲ့အစည်းများတွင်ပါဝင်ခြင်း၊(Such as Free Trade

Agreement, WTO)က အိုကေတယ် ၊ (၄ မှတ်)

၂၀၀၁ မှာ(WTO-World Trade Organization) ဝင်တယ်။ASEAN plus three (ASEAN + China + Japan+

Korea) တို့ဘာတို့ ဝင်တယ်ဆိုတော့။

 

နံပါတ် ၂၅ အချက် (Overall growth) ဘက်စုံတိုးတက်ရေးကိုလုပ်ဆောင်သောစီးပွါးရေးပုံစံဖြစ်ခြင်း၊

ကတော့မဖြစ်သေးဘူး။

 

ကိုတရုတ်  Total (62 ) မှတ်ရတယ်နော်။

ကျနော်အဲဒီလို လုပ်ကြည့်နေတာနိုင်ငံတွေကို ….. ၅ဝ မှတ်ကျော်ရင်စီးပွါးရေးတိုးတက်တာတွေ့ရတာဘဲ။

မြန်မာလား သိဘူး။(^^)Check yourself plz.

တရုတ်ရဲ့အဓိကအားနဲ ချက်ကမြို့ပြကျေးရွာ ဖွံ့ဖြိုးမှုကွာဟချက်၊ ပညာရေးကွာဟချက်၊နည်းပညာလိုအပ်ချက်၊

ကိုယ်ပိုင်ဘရန်းမထုတ်နိုင်သေးတဲ့အချက်၊ဘက်စုံတိုးတက်မှုကိုမလုပ်နိုင်သေးတဲ့အချက်၊

လုပ်အားကဲကုန်ထုတ်လုပ်ငန်းကိုသာအဓိကထားနေရသေးတဲ့အချက်တွေဟာအားနည်းချက်တွေလို့ပြောရမှာပါ။

တနည်းအားဖြင့်အဲဒီဟာတွေကဘဲရှေဆက်ရမဲ့ခြေလှမ်းတွေဖြစ်နေပြန်တော့စီးပွါးကတော့ဆက်တက်အုန်းမှာပါဘဲ။

တခုဘဲ ဈေးကွက်စီးပွါးရေးဆိုတော့ဈေးကွက်ကဘဲဆုံးဖြတ်တာမို့ Ethic-အကျင့်သိက္ခာပိုင်းနဲ့

QC ပိုင်းကိုထိန်းထားပြီးဆက်လျှောက်ရမှာပါ။

နည်းပညာ အရွေ့ကိုလည်းခပ်မြန်မြန်သွားရမှာပါ။

တရုတ်ရဲ့ အကြီးဆုံးအားသာချက်က ငွေကြေးအရင်းအနှီးပါ၊= Financial Resources

သဘာဝသ ယံဇာတအရင်းအနှီးလဲအထိုက်အလျှောက်ရှိပြီးသားမို့၊= Natural Resources

လူသားအရင်းအမြစ်အရည်အသွေးလိုအပ်ချက်ရယ်။=Human Resources and Energy = စွမ်းအင်(လောင်စာ)

လိုအပ်ချက်ရယ်ကတရုတ်စီးပွါးရေးရဲ့အဓိကအသက်ဖြစ်သွားပါပြီ။

ဒါကြောင့် ငတိ က ဧရာဝတီကိုလာလုပ်တာလေ။ အားလုံးသိပြီးသားဘဲ နော့။

ဂျပန်လိုဖြစ်နိုင်လားဆိုတော့ နှိုင်းလို့ရတဲ့ ဆိုဒ်မဟုတ်ပါဘူး။စီးပွါးရေးဆိုတာဆိုဒ်တူမှနှိုင်းလို့ရတာပါ။

ဒီမှာတော့ နဲနဲ ဇွတ်နှိုင်းကြည့်ပေးမယ်နော်။(ခင်လို့ပါ)(^^)

ဂျပန်ကစီးပွါးရေးကျတယ်ဆိုတာ မွေ့ရာပေါ်မှာသာသာလေးပါ။

သူ့ရဲ့ အလတ်တန်းစားလုပ်ငန်းတွေကိုထိန်းထားနိုင်ပါတယ်။

Nissan-နစ်ဆန်းပြိုလဲခါနီးမှာ Reynold-ရေးနောဒ်ကို ရှယ်ယာ70% ထိုးအပ်ပြီးကုစားတာမျိုးဂျပန်လုပ်တတ်တာမို့

အောက်ဆုံးထိတော့ရောက်မသွားနိုင်ပါဘူး။နည်းပညာအခြေခံ ရှိပြီးသားလေ။

၁၉၅ဝ ခုနှစ်က စပြီး ပြေးခဲ့တဲ့ ဂျပန် ဟာ ၁၉၇၅ ခုနှစ် ၂၅ နှစ်အကြာမှာထိပ်တန်း နိုင်ငံဖြစ်ပါတယ်။ ၂၀၀၀

ခုနှစ်နောက်ပိုင်းမှာ စီးပွါးရေးတန့်လာတယ်ဆိုတော့ ၂၅ နှစ်ကြာကောင်းကောင်းကြီးစံစားခဲ့တာပါဘဲ။

(GDP) တိုင်းပြည်တခုလုံးရဲ့ ဝင်ငွေအရ တရုတ်World Ranking နံပါတ် ၂ (2010) ဆိုပေမဲ့ တရုတ်ရဲ့

(Per Capita GDP) တဦးကျဝင်ငွေ 7544  ဒေါ်လာ ဟာ အဆင့် ၉၄ ဖြစ်လို့………….

ဂျပန်ရဲ့ အဆင့် ၂၄ ဝင်ငွေ 33885 ထက် ၄ ဆခွဲ ကျော် နည်းပါတယ်။

မလေးရှားရဲ့ 14774 ဒေါ်လာ ရဲ့တဝက်ဘဲရှိတာပါ။

အပေါ်ကစကားကိုပြန်ကောက်ရရင် တရုတ် က ၁၉၇၉ မှာ စပြီး ပြောင်းလဲရေးဆိုပေမဲ့ ပီပီပြင်ပြင်လုပ်ခဲ့တာ ၁၉၈၅

ဆိုတော့ ခု ၂၀၁ဝ ဟာ ၂၅ နှစ်ပါဘဲ။ နောက်ထပ်တက်စရာ လမ်းတွေ၊ အဆင့်တွေအများကြီးမလို့

အခုအရှိန်အတိုင်းဆိုရင်တော့နောက် ၂၅ နှစ်ထိကတော့ စိတ်ချရပါတယ်။

နည်းပညာကိုတော့ဆက်လုပ်ရမှာပေါ့နော်။

ပြီးတော့ ရောသမမွှေ တရုတ်ပါရာဒိုင်းမှာ အများစုက အခုထိစီးပွါးရေးတည်တံ့နေတဲ့နိုင်ငံတွေရဲ့

အချက်အလက်တွေနဲ့သုံးပုံနှစ်ပုံလောက် ကိုက်ညီနေတာကလဲ ကောင်းသောအလားအလာပါဘဲ။

အဲ တခုဘဲ လူသားအရင်းအမြစ်ကို”သင်ရင်းတတ်” = Learning by doing ပုံစံနဲ့သွားနေတာမျိုးထက်

သေသေချာချာ Vocational Training  လုပ်ပေးဘို့တော့အလွန် လိုအပ်ပါကြောင်း ကိုတရုတ်ရေ့။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကို သစ်မင်း ရာ ဘာတွေရေးထားတာလဲ တကြောင်းထဲရေးပြဗျာဆိုရင် အောက်မှာဖတ်လိုက် ကိုယ့်လူ။

(1)ကောင်းမွန်သော အစိုးရတရပ်၏ (2) မှန်ကန်ဆီလျှော်သော မူဝါဒအရ၊

(3) ငွေအရင်းအနှီးရနိုင်မှုကိုအခြေပြု၍ (4)အရည်အချင်းပြည့်ဝသူများအား (5)ပါဝင်လုပ်ပိုင်ခွင့်

ပေးခြင်းသည် တိုင်းပြည်တိုးတက်ခြင်းပင်ဖြစ်ပေသည် ဟု တွံ အသင် သည် ဂဏှာဟိ မှတ်လော့ ငါ့ရှင်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အားလုံးကိုလေးစားပါသည်

မောင်သစ်မင်း(^^)

25 comments

  • kai

    November 19, 2011 at 2:02 am

    သတင်းတခုကို.. မောက္ခမှာ ဘာသာပြန်ထားတာတွေ့တာမို့.. အားဖြည့်ပေးတာပါ..။
    အချက်အလက်တခုအနေနဲ့ပါပဲ..။
    တကယ်လို့.. ယူအက်စ်က.. အခုလို.. ငွေရှင်တွေကို.. ဆွဲယူလိုက်ရင်… တရုတ်စီးပွားရေး.. ဘာဖြစ်သွားမလည်းဆိုတာလေး.. သိချင်လို့ပါ..။

    ကျုပ်အနေနဲ့ကတော့.. မြန်မာပြည်က.. အဲဒီလူတွေ.. ဆွဲယူလိုက်စေချင်တယ်..။ 😆 အခုအခြေအနေဆို.. လူဝင်မှုကြီးကြပ်ရေးဥပဒေတချို့.. ပြင်ပေးလိုက်ရင်.. ငွေရှင်ကြေးရှင်တွေ လှိမ့်ဝင်လာမှာပဲ..။
    အရင်တခါကပြောဖူးတဲ့အတိုင်းပဲ..
    မြန်မာပြည်ထဲ.. ဒေါ်လာ သိန်းဂဏန်းသာယူလာခဲ့..။ ငွေကြေး..ဘဝ.. အာမခံချက်နဲ့အတူတူ… အမြဲတန်းနေထိုင်ခွင့်ပေးပြီး.. ၅နှစ်နေ မြန်မာနိုင်ငံသားပေးပစ်တာမျိုး လုပ်စေချင်တယ်..။

    အောက်မှာယူအက်စ်လုပ်ပုံ တချို့ ပြထားပါတယ်.။ မြန်မာပြည်နိုင်ငံတော်သစ်မှာ.. လွှတ်တော်ထဲ..ပုံစံဆင်တူတဲ့.. ဥပဒေတခု မြန်မြန် ပြဌာန်းသင့်တယ် ထင်ပါကြောင်း..။

    http://www.uscis.gov/portal/site/uscis/menuitem.eb1d4c2a3e5b9ac89243c6a7543f6d1a/?vgnextoid=facb83453d4a3210VgnVCM100000b92ca60aRCRD&vgnextchannel=
    facb83453d4a3210VgnVCM100000b92ca60aRCRD

    http://www.visabureau.com/america/eb5-investor-visa.aspx
    Investor: EB5 Visa

    The Investor (EB5) Visa allows qualified individuals to obtain permanent residence status on the basis they have entered into a commercial enterprise in America. To be eligible under this category, the applicant must have invested or be in the process of investing the required amount of capital into a commercial enterprise.
    Who have invested, or are actively in the process of investing, in a new commercial enterprise:

    At least $1,000,000; or

    At least $500,000 where the investment is being made in a targeted employment area; and

    ==
    တရုတ်မီလျံနာများ အမေရိကကို ပြောင်းရွှေ့ဖို့ကြိုးစား
    Sunday, 13 November 2011 11:13 ဝင့်ထန်း

    တရုတ်ပြည်မှာ သန်းကြွယ်သူဌေး မြောက်များစွာကို မကြုံဖူးအောင် ထုတ်လုပ်နေပေမဲ့၊ ၎င်းသူကြွယ်တွေက သူတို့ကို ချမ်းသာအောင် လုပ်ပေးတဲ့ တိုင်းပြည်ကနေ ထွက်ခွာဖို့ ပြင်ဆင်နေကြသည်။

    မကြာခင်ကပြုလုပ်တဲ့ တရုတ်ဘဏ်ရဲ့ စစ်တမ်းနဲ့ Hurun Report ဖော်ပြချက်အရ၊ တရုတ်ပြည်မှ မီလျံနာ ၉၈ဝ ဦး (ဒေါ်လာ ၁.၆ သန်း အထက် ချမ်းသာသူများ) မှာ နိုင်ငံရပ်ခြားကို ပြောင်းရွှေ့ဖို့ ကြိုးစားနေသည်ဟု ဆိုသည်။ ၎င်းတို့ထဲမှ ၁၅ ရာခိုင်နှုန်းက နို်င်ငံသစ်တွေမှာ အခြေချဖို့ အားလုံးစီစဉ်ဆောင်ရွက်ပြီး ဖြစ်ပြီး၊ အများစုက အမေရိကန်ပြည်ထောင်စုကို ဦးစားပေး ရွေးချယ်ကြသည်။ အချို့က ကနေဒါနှင့် စင်္ကာပူကို ရွေးချယ်ကြသည်။

    တရုတ် အပတ်စဉ်ထုတ်စာစောင် the Economic Obsever က စင်ဝှာတက္ကသိုလ်မှ ပညာရှင် Cai Jiming ကို မေးမြန်းကြည့်ရာ၊ တရုတ်မီလျံနာတွေ နိုင်ငံရွှေ့ပြောင်းလိုတဲ့ အဓိကအချက်နှစ်ချက်မှာ ‘သားသမီးတွေရဲ့ ပညာရေးအတွက်နှင့် ပုဂ္ဂလိကပိုင်ဆိုင်ခွင့်ကို စိုးရိမ်သောကြောင့်’ ဖြစ်သည်ဟု ဆိုသည်။ အခြားအသေးအဖွဲ အကြောင်းပြချက်များကတော့ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ညံဖျင်းမှုတို့ကြောင့်ဟု သုံးသပ်သည်။

    Cai Jiming ရဲ့ ပြောဆိုချက်အရ ချမ်းသာတဲ့ တရုတ်မိဘတိုင်းက သူတို့ကလေးတွေကို အနောက်နိုင်ငံတွေက မူလတန်းကျောင်းတွေမှာ ထားချင်ကြသည်။ နောက် တက္ကသိုလ်ကောလိပ် အတွေ့အကြုံ ရရှိစေချင်သည်။ “အဲဒီ နှစ်ချက်လုံးကိုကြည့်ရင် ကျနော်တို့ ပညာရေး ဘာဖြစ်နေလဲဆိုတာ လေးလေးနက်နက် ပြန်စဉ်းစားဖို့ လို့ရပါတယ်” ဟု ပြောခဲ့သည်။

    နောက် တရုတ်မှာ ပုဂ္ဂလိကပိုင်ဆိုင်ခွင့် (property rights) အသေချာ မရှိသေးကြောင်း၊ တရုတ်အစိုးရက တစ်ဦးချင်းရဲ့ ပိုင်ဆိုင်မှုနဲ့ ဓနကို မသိမ်းပါဘူးလို့ အာမခံထားပေမဲ့၊ မီလျံနာလက်သစ်တွေက အမြဲ စိုးရိမ်နေကြောင်း ပြောဆိုသည်။

    “လက်တွေ့အားဖြင့် ပုဂ္ဂလိက ပိုင်ဆိုင်ခွင့်ကို အကာအကွယ်ပေးမှု အားနည်းပါတယ်။ ပြီးခဲ့တဲ့နှစ်တွေကို ကြည့်ရင် ကော်ပိုရေးရှင်းတွေက အစိုးရနဲ့ပေါင်းပြီး မြေတွေ လယ်တွေ သိမ်း၊ လူနေအိမ်တွေကို မတရား ဖြိုချခဲ့တာတွေ မြင်ကြရတယ်။ ဒါတွေက ဥပဒေကို မလေးစားရာ ပြနေတယ်။ နို်င်ငံသားတွေရဲ့ ပုဂ္ဂလိက ပိုင်ဆိုင်ခွင့်ကို အာမခံချက် မပေးနို်င်သေးတာပဲ။ ဒီတော့ ချမ်းသာတဲ့လူဆိုတာလည်း အစိုးရနဲ့ အဆင်မပြေတဲ့တစ်နေ့ သူ့ပိုင်ဆိုင်တာတွေ အသိမ်းခံရနို်င်တယ်လေ”

    ယခုနှစ်မှာ တရုတ်သူဌေး ၉၃ဝ ဦးက ရွှေ့ပြောင်းနေထိုင်ခွင့်ဗီဇာရဖို့ အမေရိကန်သံရုံးကို လျှောက်ထားခဲ့သည်။ ၎င်းတို့မှာ အမေရိကန်လုပ်ငန်းများတွင် တစ်ဦးကို အနည်းဆုံး ဒေါ်လာ ၅၀၀,၀၀ဝ ရင်းနှီးမြှုပ်နှံထားသည်ဟု အမေရိကန် လူဝင်မှုကြီးကြပ်ရေးဌာန Wealth Report က ဖော်ပြခဲ့သည်။

    ဝင့်ထန်း

    Source: Time & the Wall Street Journal

    http://www.maukkha.org/index.php?option=com_content&view=article&id=1971:2011-11-13-11-19-43&catid=120:2010-10-11-07-37-22&Itemid=374

    ==
    http://business.blogs.cnn.com/2011/11/01/report-half-of-chinas-rich-want-to-leave/
    Report: Half of China’s millionaires want to leave
    Posted by:
    CNN, Tian Shao

    Beijing (CNN) – Nearly half of Chinese millionaires are thinking about leaving the country, while 14% have or are in the process of applying for emigration, according to a Hurun Research Institute and the Bank of China report.

    Their joint “Private Banking White Paper 2011” talked to individuals with assets of more than 10 million yuan (US$1.57 million) in18 cities to find out how China’s super rich manage their wealth. The average asset holdings of the 980 surveyed are 60 million yuan (US$9.44 million), with the average age of 42.
    ..
    One-third of the rich surveyed own foreign assets, which accounts for 19% of their investment assets. Another one-third are planning to invest abroad. The most popular investment is property.

    The outflow of super-rich is worrisome to some China observers. Hu warns that if the cash fails to flow back to the mainland due to recession, Chinese economy might face a collapse.

  • koyinmaung

    November 19, 2011 at 3:32 am

    ကိုသစ်မင်းပို့ဒ်ကတော့ဆိုဖွယ်ရမရှိဗဟုသုတများရပါ၏…..
    သဂျီးကောမန်ကလဲပံပိုးပေးသွားပါသေးတယ်…
    တရုတ်ပြည်အနေနဲ့တစ်ပါတီအုပ်ချုပ်တဲ့စနစ်နဲ့သွား
    သတင်းနဲ့စာနယ်ဇင်းက ပွင့်လင်းမြင်သာမှု့မရှိ
    ကြောက်စရာကောင်းတဲ့နိုင်ငံထဲမှာဒီနိုင်ငံပါ ပါတယ်
    ဒါကြောင့်လဲသူ့နိုင်ငံကသူဌေးကြီးတွေမယုံကြတာနေမှာပေါ့…..

  • thit min

    November 19, 2011 at 5:49 am

    ခေတ်သစ်အမဲလိုက်ခြင်း ၃ မျိုးတွေ့ရတယ်။ဆရာခိုင်ရေ သေနတ်မလိုဘူးနော်။

    ချမ်းသာမှုကိုအမဲလိုက်ခြင်း(သို့)လူချမ်းသာများကိုအမဲလိုက်ခြင်း (Hunting the rich)
    နိုင်ငံကောင်းကိုအမဲလိုက်ခြင်း၊ (Hunting the better country)
    လူတော်၊လူကောင်း၊အင်အားရှိသူ ကိုအမဲလိုက်ခြင်း၊(Hunting the master)
    လို့စဉ်းစားမိတာဘဲ။

    မုဆိုးနဲ့သားကောင်ဆိုပေမဲ့ မုဆိုးလဲသားကောင်ပြန်ဖြစ်နိုင်တာမျိုးနော်။
    သားကောင်အထာသိပြီး ကိုင်တွယ်တတ်ဘို့ လိုတာပေါ့။
    အမေရိကန်မုဆိုးကြီးကတော့ တောကျွမ်းပြီးသား ခင်ဗျ။စိတ်ချရတယ်။
    နောက်တခုက
    ငါးကြီး မွေးမယ်ဆိုရင်တော့ ရေကန်ကလဲကြီးအုန်းမှဆိုပါတော့။

    ~~~~~~~~~~~~~~~~~~~

    ကိုရင်မောင်ရေ
    ကျနော်က တရုတ်ကျောင်းသားတွေဆီကစာတမ်းတွေ၊ပြောတာတွေရယ်၊စာအုပ်စာတမ်း
    အချက်အလက်တွေအရပြောတာဆိုတော့ လိုအပ်သွားတာများရှိရင် လက်တွေ့သိမြင်နေတဲ့ကိုရင်မောင်
    အနေနဲ့ပြောလိုတာများရှိခဲ့ရင်ကြိုဆိုပါတယ်ခင်ဗျာ။

    • koyinmaung

      November 19, 2011 at 9:28 am

      ကိုသစ်မင်းရေ
      ကျနော်ကလက်ရှိတရုတ်ပြည်ထဲမှာမိသားစုနဲ့အတူအလုပ်နေကြတာပါ
      ကျနော်ပါတ်ဝန်းကျင်ကိုကြည့်ယင်တော့စီးပွားရေးအတော်တိုးတက်နေတာ
      မြင်သာပါတယ်စက်ရုံအဆောက်ဦးတွေအသစ်အသစ်တွေတည်ဆောက်နေတုန်း
      လူနေအဆောက်ဦးတွေဆိုတာလဲ မြို့တော်အိမ်ရာအဖြစ်နဲ့အံမခန်တွေ့နေရပါတယ်
      တရုတ်ပြည်ကလူတွေကိုလေ့လာယင်အသက်၄ဝအထက်ရှိတဲ့လူတွေကအလုပ်အပေါ်
      အရမ်းလေးစားကြပါတယ်..
      ဒီလိုဖြစ်ရတဲ့အကြောင်းတွေကလဲသူတို့ငယ်စဉ်အခါကအလွန်ဆင်းရဲတဲ့ဘဝကိုဖြတ်သန်းလာခဲ့ရတော့
      တနေ့မနက်ရးဝဝ က ညနေ ၆းဝဝ အလုပ်လုပ်လုပ်နေရပေမဲ့မညီးမညူလုပ်နေကြပါတယ်…
      အသက်၆ဝကျော်၇ဝတွေတောင်လုပ်ငန်းတွေထဲမှာတွေ့နေရတုန်းပါ ပိတ်ရက်မရှိနေစားအဖြစ်နဲ့လုပ်နေကြတာပါ
      ဒီနိုင်ငံတိုးတက်တဲ့အကြောင်းရင်းထဲမှာဖေါးဖေါးသီသီရတဲ့ ဒီလိုလုပ်သားတွေကြောင့်လဲပါ ပါတယ်
      ခုနောက်ပိုင်းတော့ လုပ်သားရှားစပြုလာပါပြီ နှစ်သစ်ကူးပြီးတဲ့အချိန်အခါဆိုလမ်းဆုံလမ်းခွတွေမှာ
      အလုပ်ရုံတွေကလူခေါ်တဲ့စာရွက်တွေကမ်းနေတာတွေ့နေရပါပြီ….
      ကျောင်းသားတွေစာသင်တာကိုကြည့်ယင်လဲတရုတ်စာသာအဓိကထားသင်ကြပါတယ်
      အင်္ဂလိပ်စာလုံးပေါင်းပြီးရေးတဲ့တရုတ်စာကိုအတန်းငယ်ထဲကသင်ရပေမဲ့၃တန်းကျမှ
      အင်္ဂလိပ်စာကိုသင်ကြတာတွေ့ရပါတယ်..
      ကမာ္ဘပေါ်မှာအင်္ဂလိပ်စာလိုက်စားမှု့ကအိန္ဒိယာနိုင်ငံကိုတောင်ကျော်တယ်လို့ဆိုပေမဲ့
      ကျနော်ပါတ်ဝန်းကျင်ကတရုတ်တွေကတော့အင်္ဂလိပ်စာအတော်ညံတာတွေ့ရပါတယ်
      သတင်းလွတ်လပ်ခွင့်ကလဲအတော်ဆိုးကြပါတယ်နိုင်ငံရေးနဲ့ပါတ်သက်လို့ကတော့အင်တာနက်ထဲမှာ
      youtube facebook အပါအဝင်ကျနော်တို့နိုင်ငံကနိုင်ငံရေးဆိုက်အချို့တောင်ဖွင့်လို့မရပါဘူး
      အတော်စိတ်ပျက်ဘို့ကောင်းတဲ့နိုင်ငံပါ
      အောက်ချေမှာလပ်စားမှု့ဆိုတာရှိနေတုန်းပါ
      ရဲနဲ့သူခိုးပေါင်းစားနေတာ
      ပစ္စည်းအတုလုပ်စားနေတာ
      အကျင့်ပျက်နေတာတွေအများကြီးပါ
      ဒီလိုနိုင်ငံမျိုးမှာဖောက်ပြန်တဲ့အစိုးရတက်မလာဘူးလို့မပြောနိုင်ပါဘူး…
      ကိုသစ်မင်းရေ သူ့နိုင်ငံမှာအားကျစရာတွေရှိသလို
      စိတ်ပျက်စရာတွေကလဲအများသားဗျို……….

      • thit min

        November 19, 2011 at 10:34 am

        ဟုတ်တယ်ဗျ။ကိုရင်မောင်ရေ……………

        ကျနော်ဒါကြောင့် ကျနော်စာထဲကအစိုးရနဲ့ပတ်သက်တဲ့ အပေါ်က ၂ခု ကိုအမှတ်ဝက်ဘဲပေးထားတာ။

        စီးပွါးရေးပိုင်းကိုဖွင့်တယ်ဆိုပေမဲ့ လာဘ်စားမှုနဲ့

        မရိုးသားမှုတွေကတော့ရှိနေဆဲဆိုတာ

        လေ့လာသိရှိထားလို့ပါဘဲ။ကျနော်အမြင်ကတော့ အဲဒီဟာမျိုးတွေဟာ အာရှပုံစံလို့တောင်ဆိုရမလိုဘဲ။

        ပြီးတော့ ခုတလော စီးပွါးရေးကောင်းတဲ့နိုင်ငံတွေရဲ့

        Freedom House က Index အရ တစိတ်တပိုင်း Partly Freedom နဲ့ဘဲ အလုပ်ဖြစ်နေကြတာဗျ။

        ပြောရရင်နိုင်ငံရေးနဲ့စီးပွါးရေးခွဲခြားလုပ်ဆောင်ခြင်းပေါ့ဗျာ။

        ဒါပေမဲ့ အဲဒါဟာ ခြစားမှု တွေရှိနေတတ်လို့ ရေရှည်မခံဘူးဆိုတာ ထိုင်း ကိုဥပမာအနေနဲ့ ကြည့်နိုင်တယ်ဗျ။

        ဒါကြောင့်တရုတ်ကျမယ် ဆိုရင် Ethic and Corruption ကြောင့်ဘဲ။ လူကြောင့်ဘဲဗျ။

        နောက်တခုက Disparity ကွာဟချက်တွေကို နည်းနိုင်သမျှနည်းအောင်မလုပ်နိုင်ရင်

        စီးပွါးရေးက ကမောက်ကမဖြစ်ပြီးရေရှည်မတည်တံ့ပြန်ဘူးဗျ။

        ဒါကြောင့် ခုနောက်ပိုင်း တရုတ်ရဲ့ Disparity ကိုဆက်ပြီးလေ့လာမိနေတယ်။

        ဘာလို့လဲဆိုတော့ အာရှဈေးကွက် 50% နဲ့

        ဥရောပ+အမေရိက ဈေးကွက်ရဲ့ 50% ကို ယူထားတဲ့ တရုတ်ရဲ့အိတ်စ်ပို့က လွှမ်းမိုးထားတာလေ။

        သူ့စီးပွါးရေးအတက်အကျကအာရှနိုင်ငံတွေနဲ့ ချိတ်ဆက်နေတယ်။

        ဒါးဗို့စ်(ဆွစ်ဇာလန်)Davos ဖိုရမ် လို့ခေါ်တဲ့ World Economic Forum ကပြောတဲ့စကားကို ကိုးကား ရရင်

        အဲဒါကို Pivotal Theory = ဂျင်သီအိုရီ လို့ခေါ်တယ်ခင်ဗျ။

        နိုင်ငံတွေရဲ့ ချိတ်ဆက်လည်ပတ်မှုပေါ့နော်။

        နောက်မှ ရေးပါအုန်းမယ်။(ဟင်း ရေးစရာတွေကပိုလာပြန်ပြီ)

  • blackchaw

    November 19, 2011 at 8:34 am

    ကိုသစ်ရေ။
    ပျောက်နေတဲ့ အချိန်တွေအတွက်
    ဒီပို့စ် တစ်ခုနဲ့ တင် ကျေနပ်ပါတယ်ဗျာ။
    မနေ့ကတည်းက အင်ဇာဂီက ပြောပါတယ်။
    ိdraft ထဲမှာ နှစ်ရက် သုံးရက်ရှိနေပြီလို့။
    ကျွန်တော် နားလည်အောင် အေးအေးဆေးဆေး ဖတ်ပါဦးမယ်။
    အခုလောလောဆယ် ကွန်းမန့်လေး ကို သဘောကျသဗျာ။
    ခေတ်သစ်အမဲလိုက်ခြင်းတဲ့။ ကျေးဇူးတင်ပါတယ်ဗျာ။

  • ကြောင်ကြီး

    November 19, 2011 at 11:14 am

    ဟိုက် ရှားလဘား……. တကယ်ကို ပြည့်စုံတဲ့ ပို့စ်ဖြစ်ပါတယ်။ ဆရာသစ်က မြန်မာနိုင်ငံကို အမှတ်မပေးတတ်ဘူးဆိုထားတယ်နော်။ ကိုယ့်လူကိုယ်မှဆွဲမတင် ဘယ်သူ့ဆွဲတင်မလဲလို့ မြင်ကြည့်ပြီး မော်ဒရေးရှင်းပေးတင်ကြည့်ပါလားဗျာ။ မော်ဒရေးရှင်းတွေ လှိုင်လှိုင်ပေးတဲ့ခေတ် ဆယ်တန်းအောင်လာလို့ ကိုယ်ချင်းစာစိတ်နဲ့ မေးကြည့်တာပါ။ အောင်သွားတော့လည်း မထူးပါဘူး၊ အားလုံး အတူတူနဲ့ အနူနူပဲ။ ဘယ်သူမှ မတတ်ဘူး။။။။။ 😆

    • thit min

      November 19, 2011 at 12:21 pm

      ကိုဘလက်ရေ
      ကျေးဇူးပါ၊ ပြန်လည်ဆုံတွေ့ရလို့လဲ ဝမ်းသာပါတယ်။အေးအေးဆေးဆေးဖတ်ပါ။
      မရှင်းတာရှိလဲ မေးပါ။
      ကော်မန့်လေး က အမဲလိုက် အက သီချင်းလေးဆိုကြည့်ချင်လာတယ်ဗျ။

      ~~~~~~~~~~~~~~~~~~~~~~~~

      ကိုကြောင်ရေ
      အဲဒီလိုမလုပ်နဲ့လေဗျာ၊ လုပ်ပါအုန်း ကိုကြောင်အာဘော် လေး ။
      ထုံးစံအတိုင်း ဘာမှ မပြောသွားတော့ နဲနဲ လွမ်းသွားပါတယ် လို့။

      • ကြောင်ကြီး

        November 19, 2011 at 12:27 pm

        ကြောင်ကြီး မဲရှုံးလို့ စိတ်ညစ်နေတယ် ဆရာသစ်ရေ။။။။ ဝါသနာပါရင် ဝိုင်းကူညစ်ပေးပါလား။။။။ မီးတုတ်မီးတုတ် ရှို့ရှို့….မီးတုတ်မီးတုတ် ရှို့ရှို့….မီးတုတ်မီးတုတ် ရှို့ရှို့….မီးတုတ်မီးတုတ် ရှို့ရှို့….မီးတုတ်မီးတုတ် ရှို့ရှို့….မီးတုတ်မီးတုတ် ရှို့ရှို့… 👿 😡 👿 😡 👿 😡 👿 😡 👿 😡 👿 😡 👿 😡 👿 😡 👿 😡 👿 😡

  • inz@ghi

    November 19, 2011 at 11:14 am

    အားပါးပါးစ် ….
    တကယ့်အဆီ အနှစ်တွေပါပဲ
    အလွန်ပညာ ရပါသည် ဆြာ…

    ဆြာဘောင်မဝင်ဘူး သတ်မှတ်လို့ အမှတ်မပေးပဲ ချန်သွားတဲ့ အချက်တွေ ရှိတာတောင်
    ၁၀ဝမှာ ကိုတရုတ် Total (62 ) မှတ်ရနေလေတော့…(ဒါတောင် ချန်ခဲ့တဲ့အချက်တွေမှာ အများဆုံး
    ၅မှတ်ထိ plus alpha လုပ်နိုင်သေးတယ်ဆိုတော့…..)

    တရုတ်စာ သင်တော့မယ် ဆြာရေ့ …တရုတ်မှာ သွားလုပ်စားဖို့
    😀

    အတည်မေးချင်တာ တခုရှိတယ်ဆြာ ….
    တရုတ်ကြီး လူများတာ သိပါတယ်. ..
    စီးပွားရေး အရ ဘီလူးကြီးဆိုတာလည်း သိပါတယ်
    ပညာရေးညွန်ကိန်း အရ အဆင့် ၉ရ ဖြစ်နေတယ် ဆိုတော့

    သူ့အိုး သူ့ဆန် တန်ပါရဲ့လားခင်ဗျာ
    အရည်အသေးမြင့် လုပ်သား အင်အား အတွက်ကလည်း
    Learning by doing ပုံစံနဲ့သွားနေတယ် ဆိုထားတော့
    တားတားတို့လို လူငယ်တွေအတွက် တရုတ်သည် အလုပ်အကိုင်
    အခွင့်အလမ်းကောင်းများ ရရှိနိုင်တဲ့ လုပ်သားဈေးကွက် ဖြစ်လာနိုင်ပါသလား ဆြာ

    ဒါမှမဟုတ် Vocational Training မြန်မြန်ပြောင်းသွားနိုင်ပြီး…
    သူ့လူနဲ့သူပဲ အဝစားသွားလို့ ဘေးကလူတွေ ဝင်မစားနိုင်ဖြစ်နိုင်ပါသလားခင်ဗျား..

    ရိုသေလေးစားစွာဖြင့်

    😛
    အခွင့်သာရင် တရုတ်စာ မသင်တောင် တရုတ်မ အရယူမယ့်
    ကျောက်ဆင်းတု ခေါင်းငြိမ့် ဂိုင်း အင်ဇာဂီ…

    • thit min

      November 19, 2011 at 1:20 pm

      ကိုဘကြီးရေ

      မှန်ပါတယ်ခင်ဗျ။ အဲဒီ ဘတ်စ် ပုံစံကတော့ ဖွံ့ဖြိုးပြီးနိုင်ငံတိုင်းမှာရှိနေတဲ့ စနစ်ပေါ့နော်။

      လုပ်နေတယ်ဆိုတာလက်ခံပါတယ်။

      ဒါပေမဲ့ ကျနော်တို့က Transparency =ပွင့်လင်းမြင်သာမှု၊ Responsibility=တာဝန်ယူမှု၊

      Accountability=ပါဝင်လုပ်ကိုင်နိုင်သောလုပ်ပိုင်ခွင့် တွေနဲ့ပါတ်သက်နေတဲ့ ရုံးပြင်ကနား

      အနေအထားတွေ ရယ် ပရိုဒတ်ရှင်းပိုင်းတွေရယ် ကိုကြည့်လိုက်ရင်တော့

      အဲဒီ လိုကျင့်ဝတ်=Morality တွေကိုအားရဖွယ်မရှိသေးလို့ ပါ။အဲဒီလိုပါခင်ဗျာ။

      သာမန်ပြည်သူတွေကြားမှာအဲဒီ Morality တွေရှိနေတာဝမ်းသာစရာပါဘဲ။

      ~~~~~~~~~~~~~~~~~~~
      ညီမောင်ပေရေ

      ဟာ မဟုတ်ပါဘူးညီရဲ့၊ လိုရာသုံးပါ။

      အကယ်၍ပေါ့ကွာ။ ဒါနဲ့ပတ်သက်လို့ သုံးချင်တယ်ရေးချင်တယ်ဆိုတဲ့သူများရှိခဲ့ ရင် “ကိုးကားရည်ညွန်း” လို့

      ရေးပြီးသုံးနိုင်ပါတယ်။

      ဒေတာ တွေကတော့ (IMF)အိုင်အမ်အဖ် နဲ့World Bank ကပါ။စိတ်ချရပါတယ်။အကို ခွင့်ပြုပါတယ်လို့။

      ခင်မင်စွာဖြင့်(^^)

  • ba gyi

    November 19, 2011 at 12:26 pm

    ကိုသစ်ကြီးရေ။ကျနော် ပရင့်ကူးထားပါတယ်၊ သူတို့ တိုင်းပြည်ရဲ့ အင်ဖရာစထရက်ချာတွေကောင်းအောင်အခြေခံတွေလုပ်နိုင်တဲ့အပြင်၊တရုတ်ခေါင်းဆောင်တွေက ဘယ်အချိန်မှာ ဘာလိုပြောင်းရမယ်ဆိုတာသိခဲ့ပါတယ်၊ တစ်နိုင်ငံ စနစ်နှစ်မျိုး၊ဆိုလုပ်ခဲ့တာတို့၊ ကဗ္ဘာ့ စီးပွါးရေးအဝန်းအဝိုင်းထဲအပြန်အလှန်ဈေးကွက်ဗဟိုပြုခွင့်ရနိုင်အောင်၊အမေရိကန်ကြီးနဲ့ နေတိုးကို အကြမ်းဖက်နှိမ်းနင်းရေးကိစ္စတွေမှာ (ကွန်မြူနစ်အာဏာရှင်ဆန်ဆန်)မကန့်ကွက်တော့ပဲ ညှိနှိုင်းမှု လက် ံပြီးသူရို့နိုင်ငံအကျိုးစီးပွါး၊အခွင့်အရေးရစေ ခဲ့တာ တွေ။ သူတို့ ရဲ့ကားလ်ချား ကိုကဗ္ဘာပြန့်အောင် အခွင့်အရေးယူနိုင်၊ကျိုးပမ်းနိုင်တာတွေ ဆော့ပါဝါတွေပေါ့၊ ကိုသစ်တို့ သူကြီး တို့မိန့်သလို ကွန်ဖျူးရှပ် အင်စတီကျု့ဆိုပြီးအမေရိကန် တက္ကသိုလ် အချို့မှာတောင်ဖွင့်ခွင်ရထားတာတွေ၊(ဘုသ် အစိုးရလက် ထက် မှာကိုအဲသည်အတွက် ထောက်ပံ့ခဲ့တယ် လို့ဖတ်ဖူးပါသည်)။အပေးအယူပေါ့။
    ခုဆို တရုတ်ဗုဒ္ဓဘာသာကျောင်းတွေပြန့်နှံ့လာသလို၊တရုတ်စာတွေက်ို သင်ယူသူတွေတောင် များလာပါပြီ။
    ခု မြန်မာပြည်မှာ ပိုက်ဆံရှိသားသ္မီးတွေဆို အင်္ဂလိပ်ရော တရုတ်စာပါသင်နေကြပါတယ်။ ဘယ်လောက် လွှမ်းမိုးလာသလည်းဆိုတာ၊သူတို့လူမျိုးတွေမှာ မကောင်းတဲ့အမူအကျင့်တွေရှိသလို၊ကောင်းတဲ့အချက်ပေါ့
    ကျနော်ကိုယ်တွေ့သိမြင်တာလေး- ပိုက်ဆံကိုဘယ်လိုရရ မရရအောင်ရှာမယ်၊အလုပ်လုပ်ရမယ်ဆိုတဲ့
    အသိ၊လောဘကြီးတဲ့သူများတယ်၊ နောက်တစ်ချက်က ၊ ကျနော် ကူမင်းကိုရောက်တုန်းက ကြာ တော့ ကြာပြီ။(2000)ခုနှစ်လောက်ကပါ၊ အဲမှာ ဘတ်စ်ကားစီးတော့၊ မောင်းသူက မိန်းမတွေဗျား ယောက်ကျား တွေနဲ့ရင်ဘောင်တန်းလို့၊ အဲသည်ကားဟာမည်သူမဆို ရှေ့ပေါက်ကတက်၊ ပုံသေကါးခ ကိုယာဉ် မောင်း နောက်မှာတပ်ထားတဲ့ ပုံးထဲထည့်၊ အဲဒါ စပယ်ယာမပါဘူးနော်၊ ကားပေါ်တက်သူတိုင်း ပိုက်ဆံထည့် ကြသဗျား၊ကါးခိုးစီးသူမတွေ့ခဲ့ဘူး။ မှတ်တိုင်ရောက်လို့ဆင်းရင် နောက်ပေါက်ကဆင်းရတယ်၊ဘယ်သူ မှ ရှေ့ပေါက်ကမဆင်းကြဘူး။ မကြိုက်ပေမည့် ကောင်းတာလေးတွေတော့ အတုယူစရာပါပဲ။

  • windtalker

    November 19, 2011 at 12:41 pm

    ဆရာသစ်ရေ
    ပို ့စ်ကို စဝင်ဝင်ချင်းမှာဘဲ ဆရာသစ်ရဲ ့
    “(အချိန်ရမှအေးအေးဆေးဖတ်ရန်ဖြစ်ပါသည်)” ဆိုတာလေးကို အရင်ဖတ်လိုက်ရတော့ ပြုံးမိတယ် ။
    အခုဆိုရင် အားလုံးသိနေကြပါပြီ ဆရာသစ်ရယ် ။
    ဆရာသစ်ရဲ ့ ပို ့စ်တွေက တစ်ပုဒ်ဆို တစ်ပုဒ် ဗဟုသုတ ၊ တွေးစရာ ရှယ်ရတာကလား
    အခု ပို ့စ်ကိုလည်း ကူးထားလိုက်ပါတယ်နော် ။
    လုပ်စားဖို ့မဟုတ်ကြောင်းပါ နော် ။
    အချိန်ယူပြီး အေးအေးဆေးဆေးဖတ်ချင်လို ့ပါ ခင်ဗျာ ။
    ဝင်ဆွေးနွေးနိုင်ဖို ့ကတော့ ၊ အများကြီးလေ့လာလိုက်ပါဦးခင်ဗျာ

    • thit min

      November 19, 2011 at 1:29 pm

      Comments Arrangement တွေလွှဲသွားတယ်။ ကော်မန့်ရေးတင်လိုက်တာ အမှောင့်ပယောဂ ဝင်သွားပုံဘဲ။

      ညီဇာဂီ ရဲ့ ရီပလိုင်းက အောက်ရောက်။

      ကိုဘကြီး နဲ့ ညီမောင်ပေ တို့ကအပေါ် ရောက်။

      တွေ့မယ် ငါနဲ့ လာစမ်း ပယောဂ မှန်ရင်တုံဆင်းသွားစေရမယ်။(^^)

  • thit min

    November 19, 2011 at 12:54 pm

    ဟုတ်တယ် ညီဇာဂီရေ………..

    အဲဒီ ဝိတ်မညီတာ။

    အဲဒီလိုစီးပွါးတက်တာကို Bubble Economy Boom လို့ခေါ်တယ်။

    “လေ” တခုခုနဲ့ ထိုးသွင်းလိုက်လို့ ပူဖောင်းကြီး ဖောင်းသွားတာ။

    သူ့ အရင်းအနှီး (=လေ) ကြီးက လန့်စရာကြီး ၊ ခက်တာက ပညာမပါလာလို့။

    Boom ရှိပြီဆိုတော့ Burst ရှိလာတော့မယ်။

    အဲဒီ Boom ဖြစ်နေတုန်းကိုယ်က ဝိုင်းပြောင်းကစားနိုင်မှတော်ကာကျမယ်။

    ပြောင်းလို့ရတဲ့နည်းက နည်းပညာအဆင့်မြှင့်ပြီး၊ ကိုယ်ပိုင်ပရော်ဒတ် ထုတ်တဲ့နည်းပေါ့နော်။

    ပြောရရင် သူတို့ရောင်းနေတဲ့အိတ်စ်ပို့ကုန်တွေကလည်း ရိုးရိုးလူအင်အားနဲ့လုပ်လို့ရတဲ့

    အဆင့်နိမ့်နည်းပညာ ထုတ်ကုန်(Labour-intensive product) ကအဓိက။ အဲဒီ ထုတ်ကုန်နဲ့က ရေရှည်သွားလို့မရဘူးလေ။

    နည်းပညာ မြှင့် မှရမှာ။

    ဒီ Post မှာ Natural Resources/ Financial Resources/ Human Resources လို့ရေးထားတယ်နော်။

    Natural Capital/ Financial Capital/ Human Capital လို့ လဲခေါ်လို့ရတယ်။အတူတူဘဲ။

    Natural Resources ရှိတဲ့တို့မြန်မာလိုတိုင်းပြည်ဘဲ ဖြစ်ပါစေ။

    ထပ်ဆင့်ပေါင်းတန်ဘိုး(ကုန်ချောထုတ်) Value Added လုပ်ဘို့

    Financial Resources နဲ့ Human Resources ကလိုကိုလိုတယ်။

    အဲဒီတော့ တရုတ် က Financial Resources ရှိပြီးသားဆိုတော့ မလွှဲမသွေ Human Resources ကိုလုပ်ယူရမှာဘဲ။

    လုပ်နည်းက ကနေဒါ၊ ယူအက်စ်နဲ့ စင်ကာပူ လိုနိုင်ငံခြားကသွင်းမလား။

    ကိုရီးယားလို ရှိတဲ့စက်မှုလုပ်ငန်းငယ်လေးတွေလုပ်နေရင်းကိုယ့်နိုင်ငံကလူကို အချိန်ပေး

    (အနည်းဆုံး အနှစ်၂၀) ယူပြီး မွေးယူမလား။

    နှစ်နည်းစလုံးကို တပြိုင်နက်ထည်း လုပ်မလားဆိုတာဘဲ။

    အိုဗာဆီးချိုင်းနားအဆက်အသွယ် ပညာရှင်အဆင့်တွေ နောက်ပိုင်းတရုတ်ကို ပြန်ရောက်နိုင်ပါတယ်။

    ပြီးတော့နောက် တနည်းက အဖြူတွေကိုအဓိကထားဖိတ်ခေါ်ပြီး (5 or 10 ) နှစ်လောက် မောင်းလိုက်တဲ့ နည်းကို

    အာရှနိုင်ငံက ASEAN-4 လိုကောင်တွေသုံးကြတယ်လေ။သမိုင်းကြောင်းအရ။

    ဆိုတော့……..ကိုယ်ထင်တာတော့ အဖြူ (သို့) တရုတ်မဟုတ်ရင်တော့အခွင့်အလန်းနည်းမယ်ထင်တာဘဲ။

    တရုတ်မယူရင်တော့တမျိုးပေါ့နော်။(^^)

    • ကြောင်ကြီး

      November 19, 2011 at 1:10 pm

      တရုတ်မလေးကို ကြောင်ကြီးလိုပေမဲ့ မရလို့ ခက်နေတယ်။ Aပေး တရုတ်တွေ လူပါးဝတယ်၊ ဆော်ပစ်ကွာ မီးတုတ် မီးတုတ် ရှို့ရှို့….မီးတုတ် မီးတုတ် ရှို့ရှို့….မီးတုတ် မီးတုတ် ရှို့ရှို့….မီးတုတ် မီးတုတ် ရှို့ရှို့….မီးတုတ် မီးတုတ် ရှို့ရှို့….မီးတုတ် မီးတုတ် ရှို့ရှို့…. 🙂 😐 🙁 😥 😡 👿 🙂 😐 🙁 😥 😡 👿 🙂 😐 🙁 😥 😡 👿 🙂 😐 🙁 😥 😡 👿

  • ba gyi

    November 19, 2011 at 1:53 pm

    ကိုကြောင်ကြီးရေ။ လောလော ဆယ် တော့။ မီးတုတ်လုပ်ဘို့ သစ်တွေကမလောက်မင ဖြစ်တွားပြီ။
    သူ့ကိုရှို့မည့် မီးတုတ်ကို ကိုကြောင်ကြီးတစ်နေ့ မြှောက်ပေးမယ်ဆိုတာကြိုသိလို့ တရုတ်က အကုန်မသွားပါကြောင်း။

  • ba gyi

    November 19, 2011 at 3:04 pm

    ကိုသစ်ကြီးရေ။ကိုသစ်ကြီးစိုးရိမ်တဲ့-
    Morality ကိစ္စ ကတော့ ပြုင်ရေး၊လုပ်နိုင်ဘို့ရာ၊ လွတ်လပ်ပြီး၊တရာမျှတမှု နဲ့ လူတိုင်းကောင်းမွန်တဲ့ရပိုင်ခွင့်၊ရေးနိုင်ခွင့်ဝေဘန်နိုင်ခွင့်၊တရားစီရင်နိုင်ခွင့်၊ဒါတွေနဲ့ထိမ်းရမှာပဲ။
    အဲသည်တံခါးဖွင့်ဘို့လိုပါတယ်၊သည်အတွက် မှန်ကန်တဲ့ နိုင်ငံရေးစံနစ်တစ်ခုကို အားလုံး ညီညီညွတ်ညွတ် နဲ့သွားဘို့လုပ်နေကြပါပြီ။ပညာရေး၊အတွေးအခေါ်တွေကစလို့ပြုင်ရမှာပါပဲ၊
    ပွင့်လင်းမှု၊ တာဝန်ယူမှု စတာတွေ အားလုံး Accountability ထင်သာမြင်သာရှိပြီး။ဖွံ့ဖြိုးလာဘို့ကတော့
    ကောင်းအောင်ပြုင်လိုတဲ့စိတ်ရင်းခံရှိတဲ့၊ပွင့်လင်းရိုးသားတဲ့ခေါင်းဆောင်တွေပူးပေါင်းမိဘို့အရေးကြီးပါတယ်။
    အဲသည်အင်အားစုတွေများသထက်များများပူးပေါင်းမိဘို့လိုပါတယ်။
    ကွန်ဖျူးရှပ် အတွေးအမြင်စာအုပ်ကလေးမှာ ကျနော်မစို့မပို့ဖတ်ဖူးတာလေးမျှဝေပါတယ်-
    ရာဇဝင်မှတ်တမ်းများစာအုပ်မှာ၊ ကျင်မြို့စားပြောခဲ့တာလေးပေါ့
    သူ့မှာပရိယာယ်မာယာမရှိဘဲ၊ဟန်မဆောင်တတ်တဲ့ ဝန်ကြီးတစ်ပါးသာရှိတယ်ဆိုရင်
    သူဟာထူးချွန်ထက်မျက်တဲ့ ဘယ်လိုအရည်အသွေးမှပိုင်ဆိုင်တော့မှာမဟုတ်ဘူး။
    ဒါပေမဲ့ သူဟာပွင့်လင်းတဲ့ စိတ်ရင်းကောင်းတဲ့ နှလုံးသားတော့ရှိကိုရှိရမယ်
    ဒါဆိုရင်- တခြားသူတစ်ဦးရဲ့၊ထူးချွန်ထက်မြက်မှုတွေကို သူကိုယ်တိုင်မှာအဲသည်အရည်အသွေးတွေရှိနေသလို လေးစားရိုသေမှုရှိလိပ်မယ်။
    နောက်ပြီး သူဟာ အဲသည်ထူးချွန်ထက်မြက်သူကို နှုတ်ခမ်းဖျားလေးနဲ့ ချီးကျူးတာမဟုတ်ဘဲ၊
    ရင်ထဲ၊နှလုံသားထဲကနေတကယ့်စိတ်ရင်းနဲ့ မြတ်နိုးတန်ဘိုးထားလိပ်မယ်။
    ကျွှန်ုပ်ရဲ့ သားစဉ်မြေးဆက်နဲ့ ကျွန်ုပ် ရဲ့ပြည်သူတွေကိုကာကွယ်စောင့်ရှောက်မယ့် ဝန်ကြီးမျိုး
    ကျွန်ုပ်မှာရှိရင် တိုင်းနိုင်ငံတစ်ခုလုံးကြီးမားစွာသောအကျိုးစီးပွားကိုလည်း
    သူကရယူပေးနိုင်မှာဖြစ်ပါတယ်တဲ့ဗျား။
    ( လေးစားစွာဖြင့်)။

    • thit min

      November 19, 2011 at 3:41 pm

      ဟုတ်ကဲ့ လေးစားပါတယ် ခင်ဗျ။

      ကိုရီးယားကပတ်ချုံဟီး ၊ စင်ကာပူ ကလီးကွမ်းယူ တို့ ဟာ အဲဒီလို လူမျိုးတွေပါဘဲ။

      သူတို့ဟာ စိတ်ဓာတ်ရေးရာ ကောင်းယုံမက တော်လဲတော်ကြတာမျိုးမလို့ အခုထိအဲဒီ

      နိုင်ငံတွေ လမ်းကြောင်းပေါ်မှာရှိနေခဲ့တာပါဘဲ။

      တကယ်တော့ အဲဒီလို လူမှုစီးပွါးပြည့်စုံသော နိုင်ငံတနိုင်ငံ ဖြစ်ဖို့အတွက်

      မဏ္ဍိုင်ငါးတိုင်ရှိရတယ်လို့လူမှုဖွံ့ဖြိုးမှုပါရဂူ တယောက်ရဲ့ အကိုးအကားအရ

      ကိုဘကြီးရဲ့ ဆွေးနွေးချက်ကအကျုံးဝင်ပါတယ်။

      ၁။ ငြိမ်းချမ်းရေး

      ၂။ ဒီမိုကရေစီ

      ၃။ လူမှုရေးမောင်းနှင်အား

      ၄။ နည်းပညာဆိုင်ရာအသုံးချနိုင်မှု

      ၅။ ဂလိုဘယ်ဖွံ့ဖြိုးမှုအင်ဂျင်

      ပါတဲ့။အဆင့်လိုက်သွားရတာမျိုးပေါ့ဗျာ။

      ကျနော် မြန်မာ လာအို ဗီယက်နမ် ၃ နိုင်ငံကိုလေ့လာထားတာရှိပါတယ်။

      မြန်မာလိုပြန်ရေးဘို့အစီအစဉ်ရှိပါတယ်။

      လူ့အခြေခံစားဝတ်နေရေး ကနေ လူပီသစွာနေထိုင်နိုင်မှု၊အဲဒီကနေ

      လူသားလိုအပ်ချက်အဲဒီ မဏ္ဍိုင် ၅ ခုထိသွားတဲ့ပုံစံလေးပါ။

      လူ့ဘဝမှာအရေးကြီးတဲ့အချက် ၉ ချက် ကိုအခြေခံပြီး တွက်ယူထားတဲ့………

      လူ့ဘဝနေထိုင်မှုအရည်အသွေး Quality of Life (QOL Index) ညွန်းကိန်းတွေနဲ့ကိုက်ညှိကြည့်ထားတာပါ။

  • Don Juan Ronald

    November 19, 2011 at 4:57 pm

    ဆရာသစ်ရေးသမျှကောင်းမှကောင်းဗျာ။
    ဒ ီတခါ တရုတ်ကြီးအကြောင်းရေးတော့၊ ကျနော်လည်းနဲနဲမန့်ပါရစေ~~~
    ၁။တရုတ်ကြီးကတပါတီစနစ်ပေမယ့်အာဏာရှင်စနစ်မဟုတ်တော့ဘဲ စုပေါင်းအုပ်ချုပ်ခြင်းကြောင့်ပိုပြီးထိရောက်သည်။
    ၂။ဆိုရှယ်လစ်ယနာ္တရားကြီးနဲ့အရင်းရှင်စနစ်ကိုတည်ဆောက်တော့ရှောရှူတယ်၊ အစွမ်းထက်တယ်၊ ဒ ီကောင့်ဆီမှာဒ ီမိုကရေစီနိုင်ငံများတွင်မရနိုင်တဲ့အခွင့်အရေးအားလုံးရနိုင်တယ်၊ ဒ ါကြောင့်နိုင်ငံခြား
    စီးပွားရေးသမားများကြိတ်တိုးပြီးဝင်လာတယ်။
    ၃။တရုတ်ခေါင်းဆောင်းများသည်၊ အများအားဖြင့်ကြမ်းတမ်းသော ဘဝခရီးစဉ်ကိုဖြတ်ကျော်ခဲ့ပြီး၊ ဆင်းရဲဒ ုက္ခအမျိုးမျိုးခံရခဲ့ဘူးသည်။ အထူးသဖြင့်ကွန်မြူနစ်များ၏ဖြုတ်၊ ထုတ်၊ သတ်ကျင့်စဉ်အောက်မှကျန်ရစ်နိုင်ခဲ့တဲ့ကောင်တွေဆိုတော့၊ နည်းသည့်အရည်အချင်းရှိသူများမဟုတ်ပါ၊ ဒ ါကြောင့် ကုလားဖြူများရဲ့ချောက်ရင်ကြောက်၊ မြောက်ရင်ကြွတဲ့ကောင်တွေမဟုတ်ပါ၊ ဂျပန်၊ ကိုးရီယား၊ ထိုင်ဝမ်စသဖြင့်နိုင်ငံကခေါင်ဆောင်တွေက အဲယားကွန်းအောက်ကနေလာတာ၊ မတူဘူး။
    ၄။တရုတ်ကြီးကိုဖျက်ဆီးချင်ရင်၊ ဒ ီကောင့်ကို full democracy ပေးလိုက်၊ မကြာခင်ပြိုကွဲပျက်ဆီးသွားမယ်။

    စကားမစပ်၊
    နောင်တက်လာဖို့ရာထားတဲ့တရုတ် သမတ ကြီးသည်၊ အရင်ဗမာပြည်ဆိုင်ရာတရုတ်ပြည်သူ့သမတနိုင်၏ သံအမတ်ကြီးမစ္စတာ ကိန်ပြောင်(耿飈)၏တပည့်အရင်းခေါက်ခေါက်ဖြစ်ပါသည်။
    ၎င်းသံအမတ်ကြီး၏တရုတ်နာမည်တွင်ဒေ ါသမီး ၄စင်းရှိသည့်အပြင်လေပါပါ လိုက်သေးသည်(အဲဒ ီတုံးကကျနော်တို့က၊ လေနဲ့မီးပါလာရင်နမိတ်မကောင်းဘူးလို့တောင်နောက်ပြောင်ပြီးပြောခဲ့သေးတယ်)၊ ၊
    နောက်ပိုင်းဆို တကယ်လည်းဘဲ၊ သူရန်ကုန်မြို့၌နေစဉ်၊ တရုတ်-ဗမာအရေးအခင်းဖြစ်ပွါးခဲ့တော့သည်၊ တရုတ်သံရုံးထဲတွင်ဗမာပြည်ကို စက်ရုံလာရောက်တည်ဆောက်ပေးသောတရုတ်ပါရဂူတယောက်ကို၊
    ဗမာအကြမ်းဖက်သမားကဝင်ရောက်သတ်ဖြတ်ခဲ့သည်မှာ၊ ၎င်းသံအမတ်ကြီး၏ဒေ ါသမီး၄စင်းပေါ်သို့လေနဲ့အတူဓါတ်ဆီ ထပ်လောင်းလိုက်ချင်းနှင့်တူသွားပါသည်ခင်ဗျား။

  • ba gyi

    November 19, 2011 at 5:28 pm

    ကိုသစ်ကြီးရေ၊ သဘောတရားရေးရာဗဟုသုတ ဘဏ်တိုက်ကြီးလို့ တစ်လေးတစ်စား တင်စားပါရစေဗျား။
    ကျနော်တို့နဲ့ နိုင်ငံရေးအုပ်ချုပ်မှု၊အခြေခံတူခဲ့တဲ့ နိုင်ငံတွေရဲ့ တိုတက်မှုဖြစ်စဉ်တွေ စိတ်ဝင်စားစရာပါပဲ၊အီဘော်လူးရှင်း ပေါ်ရောက်နေပြီဖြစ်တဲ့ ကျနော်တို့နိုင်ငံ အတွက် လေ့လာစရာတွေ ဖြစ်ပါတယ်။စောင့်မျှော်နေပါ့မယ်။မျှဝေပေးတဲ့စေတနာအတွက်ကျေးဇူးပါခင်ဗျား။
    ဒီမိုကရေစီ စံ ဖြင့်ဖွံ့ဖြိုးတိုးတက်စေရာတွင်လည်း၊တရုတ်၏တိုးတက်မှုနှုန်းမြန်ရခြင်းနှင့်၊ အမေရိက၊ အိန္ဒိယတို့၏တိုးတက်မှုနှေး ကွေးလာရခြင်းကိုအချက်တစ်ရပ်အနေနဲ့၊အချို့ ပညာရှင်များက အောက် ပါအတိုင်း နှိုင်း ယှဉ် ပါသည်။
    အမေရိကတို့၊အိန္ဒိယတို့မှာ –
    ပရောဂျက်တစ်ခုအတွက်အဆင့်ဆင့်သောအများသဘောတူညီချက်ရလျှင်တောင်မှ၊
    အခြားပတ်ဝန်းကျင်ဆိုင်ရာထိမ်းသိမ်းရေးအဖွဲ့အစည်းတွေကန့်ကွက်ပြီး၊လူထုမှ ပါဝင်လာပြီဆို ထိုကိစ္စ
    အတွက်ရှေ့ဆက်ရန်ခက်ခဲကြန့်ကြာနေတဲ့အချိန်မှာ၊ သူနဲ့တစ်ချိန်ထဲ ပရောဂျက်ချ၊ဆုးံဖြတ်လုပ်ကိုင်ရတဲ့
    တရုတ်ပြည်ကပရောဂျက်တွေကမြန်မြန်ဆန်ဆန် ရုပ်လုးံပေါ်ပြီးဖြစ်တာဟာ ဖွံ့ဖြိုးတိုးတက်မှုမြန်စေတာရဲ့
    အကြောင်းတစ်ရပ်ဖြစ်တယ်လို့ဆိုပြန်ပါတယ်။ သည်တော့ ဒီမိုကရေစီ စံနှင့် ဖွံ့ဖြိုးတိုးတက်မှု ချိန်ခွင်ကို
    ကျနော်တို့လိုစလုံးရေစ နိုင်ငံတွေအတွက်တော့ တော်တော်ပါးပါနပ်နပ်ကိုင်တွယ်ရမယ်ထင်ပါရဲ့။
    ကိုသစ်ရေ ခရီးထွက်ဘို့ပြင်ဆင်ရအုန်းမှာမို့-ပြန်လာမှပဲကိုသစ်ကြီးဆွေးနွေးတာ ဆက်ဖတ်ပါ တော့ မည်။ ်

  • ကြောင်ကြီး

    November 20, 2011 at 1:55 pm

    ဆရာသစ်ပေးထားတဲ့ အချက်တွေက အများကြီးပဲ။ ထားပါတော့ ပညာရှင်ဆိုတော့ ဂလောက်တော့ ရှိရမပေါ့။ ကျနော် ဆွေးနွေးချင်တာ အဲဒီ နဂါးလေးကောင်နဲ့ ကျားလေးကောင် အကောင်ရှစ်ကောင်ရဲ့ တူညီချက်သည် (၁) အမေရိကန်၊ ဥရောပ နိုင်ငံများနဲ့ ဆက်ဆံရေးအဆင်ပြေလို့ ကုန်သွယ်ခွင့်ရတယ်၊ ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာ အတတ်ပညာများရတယ်။ (၂) ၁၉၉ဝခုနှစ်များမှာ ဖြစ်ပေါ်ခဲ့တဲ့ ကမာ္ဘ့နိုင်ငံရေး၊ စီးပွားရေး ပုံစံသစ်များကို မှီခဲ့တယ်။ (၃) တရုတ်ကြီးဩဇာ ထိန်းညှိဖို့ အနောက်နိုင်ငံများရဲ့ အရေးပေး ဆက်ဆံမှု ရခဲ့တယ်။
    အနောက်နိုင်ငံများ နိုင်ငံရေး၊ စီးပွားရေး ခေတ်ကောင်းနေချိန်မှာ ပေးလာတဲ့ အခွင့်အလမ်းများကို အမိအရ ဖမ်းဆုပ်ထားနိုင်လိုက်တယ်။ တရုတ်ကြီးကြောင့် ဈေးကွက်အသစ်များ ပွင့်လာတယ်လို့ မြင်ကြည့်ရင်လည်းရပါတယ်။ နဂါးလေးကောင်ကတော့ အစောပိုင်းထဲက အနောက်ကမာ္ဘနဲ့ ကုန်သွယ်စီးပွား ဖြစ်နေပြီးသားပေါ့လေ၊ ပြောင်းလဲသွားတဲ့ခေတ်မှာ ပိုကြီးပွားလာတယ်။

    တရုတ်ကြီးလည်း ထိုနည်းလည်းကောင်းပဲလို့ ပြောမရနိုင်ဘူးလား။

    သူဌေးနဲ့ အလုပ်သမား အပြန်အလှန် မှီခိုတယ် ဆိုပေမဲ့ အားခြင်းမတူပါဘူး။ အခြေအနေပေါ် မူတည်ပြီး အပြောင်းအလဲရှိပေမဲ့ ယေဘူယျသဘောမှာ သူဌေးဖက်မှာ ချိန်ခွင်လျှာ အလေးပိုပါတယ်။
    ဒီလိုပြောလို့ ကြောင်ကြီး ကြောက်တတ်လှချီလား၊ ဘိုလမ်းနီးချင်လွန်းတယ် မထင်ပါနဲ့။ ကြောင်ချီးပျော့ရင် ပိုနံပါတယ်။ ကြောင်းကျိုး စပ်ဆက်ပြောရင် ဖွင့်လိုက်လို့ ဝင်လာတဲ့လေကို အသုံးချတတ်တယ်၊ ဆက်ပြီးအသုံးချနိုင်သူက လေအကျိုးကို ခံစားရမယ်၊ နောက်ဆုံးမှာ လေကိုနိုင်သွားဖို့ အားထုတ်ရပါမယ်။ သာဓကအားဖြင့် အာရှတိုက်မှာ အနောက်ကမာ္ဘ အထူးသဖြင့် အမေရိကန်နဲ့ မတည့်သူ သို့မဟုတ် လမ်းကြောမတည့်သူများသာ နောက်ကျကျန်ခဲ့ပါတယ်။ အရှေ့တောင်အာရှမှာ မြန်မာ၊ ကမော္ဘဒီးယား၊ လော၊ (ဗီယက်နမ်) တို့လို ဆိုရှယ်လစ်နိုင်ငံများ၊ တောင်အာရှမှာ အစောပိုင်း အိန္ဒိယ (ဆိုဗီယက်ယိမ်းခဲ့)၊ ပါကစ္စတန် (အစ္စလာမ်မစ်အစွန်းရောက်) နဲ့ သူတို့အနားကနိုင်ငံများ ( အရေးမပါ)၊ အရှေ့အာရှမှာ မြောက်ကိုရီးယား (ရန်သူ) စတဲ့နိုင်ငံများသာ ဆင်းရဲကျန်ခဲ့ပါတယ်။ အချို့ကလည်း အမေရိကန်ဦးဆောင်ပြီး ပိတ်ဆို့ထားလို့ (မြောက်ကိုရီးယား၊ မြန်မာ) အချို့ကလည်း ဈေးကွက်စီးပွားရေး မကျင့်သုံးလို့ စသဖြင့် ဘေးဖယ်ချန်ထား ခံရပါတယ်။ အကြောင်းအမျိုးမျိုးနဲ့ ပြန်တည့်သွားတော့ ပစားပေးခြင်းခံရပြီး စီးပွားတက်လာတယ်။ ပိုက်ဆံရှိလာတော့ ကျန်ကဏ္ဍများလည်း သူ့နည်းသူ့ဟန် တိုးတက်လာတယ်။ ပြန်မကျသွားဖို့ကတော့ ကာယကံရှင်နိုင်ငံများရဲ့ ပါးနပ်လိမ္မာမှု၊ အမြော်အမြင်ရှိမှု၊ စွမ်းဆောင်ရည်ရှိမှုများအပေါ် မူတည်မယ်လို့ ထင်ပါသည်။

  • thit min

    November 20, 2011 at 5:44 pm

    ပို့စ် ဘဲတင်လိုက်တော့မယ်ဗျာ။
    ပြောစရာတွေများသွားလို့။ ဆက် ဆွဲ ရ အောင် ကိုကြောင်ရေ။

  • alinsett

    November 20, 2011 at 7:37 pm

    ကိုသစ်မင်းရေ…
    နိုင်ငံတကာရေးရာလေးတွေ..ဝေမျှပေးလို ့ကျေးဇူးပါ ။

    ကိုသစ်မင်းရဲ ့တွေးနိုင်အား..နဲ ့ရေးနိုင်အား..
    အနုပညာနဲ ့အတတ်ပညာ စွမ်းအားကို လေးစား အားကျရပါတယ် ။

    တကယ်ပါ။ ဆက်လုပ်ပါဦး။ စောင့်မျှော် ဖတ်ရှု နေလျက်ပါ။

  • Sonny

    November 22, 2011 at 1:26 pm

    ကိုသစ်မင်းရေ…..ဉာဏ်ပညာနဲ့ ဗဟုသုတ ရှာဖွှေမှု့ လုပ်ကိုင်လိုစိတ် အလွန်ရှိမဲ့ သူတစ်ယောက်လို့ထင်မိပါတယ်။ ကိုသစ်မင်းလို လူသား တစ်ယောက် နိုင်ငံရေး အတွက် (in shaping our truly democratic country of New Burma) လိုအပ်ပါတယ်။ မြှေက်ပြောခြင်းမဟုတ်ပါ ခန့်မှန်း ကြည့်ခြင်းပါ။
    ‘တရုတ်က ဈေးကွက်ကိုနားလည်ပြီး ပါးနပ်ပါတယ်။ တိုင်းတပါး ရဲ့ soft spot ကိုသိတယ်’
    လို့ထင်မိပါတယ်။ ချစ်ခြင်းအားဖြင့်..ကိုဆန်နီ…..

Leave a Reply