အိမ်မဲကျောင်းဘုံကထိန်ကျင်းပ

htet wayNovember 8, 20111min390

ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့ရှိ အထက်တန်းကျောင်းနှစ်ကြောင်းယနေ့(၈.၁၁.၂၀၁၁)ရက်နေ့တွင်ကျောင်းဘုံကထိန်ကျင်းပ
ကြောင်းသတင်းရရှိပါသည်။
အိမ်မဲမြို့တွင်အထက်တန်းကျောင်းနှစ်ကြောင်းရှိရာ(အ.ထ.က)အိ်မ်မဲနှင့်အိမ်မဲကြီးအထကကျောင်းနှစ်ကြောင်းတို့သည်
ယနေ့နံနက်ရနာရီတွင်ကျာင်းဘုံကထိန်ကျင်းပ၍မြို့တွင်းလှည့်လည်ကြောင်း၊(အ.ထ.က)အိမ်မဲကျောင်းကဦးစွာလှည့်လည်သည်
ကိုတွေ့ရပါသည်။မရှေးမနောင်းပင်အိမ်မဲကြီးအထကမှလှည့်လည်လာသည်ကိုတွေ့ရပါသည်။
သူငယ်တန်းမှ ၁ဝတန်း(တက္ကသိုလ်ဝင်တန်း)အထိပဒေသာပင်များဝေဝေဆာဆာပါဝင်ပြီးတန်ကြေးမှာတစ်သိန်းမှ
လေးသိန်၊ငါးသိန်းအထိတန်းဖိုးရှိပစ္စည်းနှင့်ငွေသားပါဝင်ပါသည်။(အထက)အိမ်မဲနဝမတန်း(A)နှစ်သိန်းခွဲငွေသားချည်းပဒေသာပင်သီးပါသည်။
ကျောင်းသားတစ်ဦးလျှင်၂၀၀ဝမှ၇၀၀ဝအထိထည့်ဝင်လှူဒါန်းကြပါသည်။တက္ကသိုလ်ဝင်တန်း(၁၀)တန်းကျောင်းသူ၊ကျောင်းသားများက
တစ်ဦးကိုအနည်းဆုံး(၅၀၀၀)ကျပ်မှ၁၀၀၀ဝအထိထည့်ဝင်ကြသည်ဟုကြားသိရပါသည်။
အိမ်မဲကြီးအ.ထ.ကကျောင်းလည်းအိ်မ်မဲ(အ.ထ.က)ဖြင့်လူအင်အားနည်းသော်လည်းယခုနှစ်ကထိန်မှာယခင်နှစ်ထက်
ဝေဆာလှပသည်ကိုတွေ့ရပါသည်။ယခင်နှစ်ကဲ့သို့ကျောင်းနှစ်ကျောင်းစလုံးအားတက်သရောရှိနေသည်ကိုတွေ့ရှိရပါသည်
ကျောင်းသားမိဘများလည်းလမ်းမဘေးရပ်လျှက်ကြည့်ရှူအားပေးကြသည်ကိုဝမ်းမြောက်ဖွယ်တွေ့မြင်ရသည်။
တဆက်တည်းဘုန်းတော်ကြီးကျောင်းများသို့ပို့ဆောင်လှူဒါန်းသည်ဟုသိရပါသည်။ကျောင်းသူ၊ကျောင်းသားများကို
အတင်းအကြပ်အလှူခံခြင်းမျိုးမရှိဘဲစေတနာအလျှောက်သာထည့်ဝင်နိုင်ကြကြောင်းဝမ်းသာဂုဏ်ယူဖွယ်သတင်းရရှိပါသည်။