ဒေဇီကြာပစ် နှင့် သရုပ်ဆောင်ကောင်းသူများ – ဆုံး

ဂ်စ္စူNovember 8, 20111min21721

အင်း..
ဝီတကီတော့..တစ်ပိုင်းကျိုးနေပြီ..ကျုပ်တို ့၂ယောက်လဲ ဝေတေတေဖြစ်နေပြီ…
ဒါပြီးရင်..ဘေးကပ်ရက်က ကေတီဗွီမှာ..သွားအော်မယ်…..
အော်ပြီးရင်..မြေအောက်ခန်းက မာဆတ်မှာပဲ အနှိပ်ခံပြီး..ဇိမ်ယူရင်း အိပ်တော့မယ်….
၂ယောက်သား ကိုယ့်အကြံနှင့်ကိုယ်..ဟုတ်နေလေ၏..
ထိုစဉ်..

“ပါးပါးလှီးသို ့ကြွရောက်လာသော ဧည့်သည်တော်မှ..တေးသံရှင် ဒေဇီကြာပစ်အား..နှစ်သက်ရာ..
တေးသီချင်းတစ်ပုဒ်ဖြင့် သီဆိုဖျော်ဖြေရင် တောင်းဆိုထားပါတယ်ရှင်.
တောင်းဆိုထားသော ဧည့်သည်တော်အား အထူပဲ ကျေးဇူးတင်ပါတယ်ရှင်”
ဟူ၍ အစီအစဉ်ကြေငြာသံကြားရပြီးသကာလ ဒေဇီကြာပစ် ထပ်တက်လာပြီး..
“စွတ်လေ.စွတ်လေ..ပိုချစ်လေ”
ဟူသော သီချင်းဖြင့်..ခုန်ပေါက်ဖျော်ဖြေနေပြန်၏

ထို ့နောက်..ခုနကပန်းကုံး တက်စွတ်သော ငနာမှ ပန်းခြင်း..ပန်းစည်း…ပန်းကုံး..သရဖူ တို ့ကို
ဝိတ်တာအား ကိုင်စေလျက်..တစ်ခုပြီးတစ်ခု စွတ်နေသော မြင်ကွင်းကို.. မြင်သောအခါ..ကျွန်ုပ် အင်မတန်မှ
ဒေါသထွက်ရလေပြီ။

“ကပေ..ဒီလူ ကျုပ်တို ့“ဇ” ကို စမ်းနေဘီ….ဒါတမင် စိန်ခေါ်နေတာကပေ..”ဟု ရှူးရှူး ရှဲ..ရှဲ.နှင့်..စားပွဲဝိုင်းအား
လက်ဝါးဖြင့် “ဖြန်း”ကနဲရိုက်ကာ…ပေါက်ကွဲသံဖြင့် ကပေ့ကိုပြောလိုက်သောအခါ..ကပေ က
“ဖော်ရီး..ငါဒို ့ကို ဒီလိုလာစမ်းလို ့..ရရိုးလားဂွါ..မပူနဲ ့ဟကောင်…BlackChaw ပြောတဲ့..“ဇ”တွေ င့ါဆီမှာ
အကုန်ရှိတယ်…..ငါလုပ်ပြမယ်..မင်းကြည့်နေ”
ဟူ၍ပြောပြီး….ခွက်ပြည့်ထည့်ထားသော ဝီစကီခွက်အား.“ဂွက်.ဂွက်.ဂွက်”နှင့်..တစ်ဆက်တည်းမော့ချလိုက်ပြီး.
ကုန်သွားသောအခါ..ပန်းသီးတစ်စိတ်နှိုက်ပြီး အချဉ်တို ့ကာ မြည်းလိုက်၏..
ကပေ..အမြည်းပန်းကန် မှားနှိုက်သည်ကို တွေ ့သော်ငြား သတိပေးချိန်ပင်မရလိုက်..
ပါးစပ်ထဲ“ပလွတ်”ခနဲ ထည့်ဝါးပြီး..ဝိတ်တာကို ခေါ်ကာ..အာလေးလျှာလေးဖြင့်..မှာနေလေ၏..

မကြာမီပင် ဝိတ်တာသုံးကောင်မှ ပန်းကုံးတွဲကြီးတွေ တစ်ပွေ ့တစ်ပိုက်နှင့်ကိုင်ကာ ကျွန်ုပ်တို ့ဝိုင်းသို ့
လျှောက်လာလေ၏….ထိုအခါ ပေရီးက.
“ဖော်ရီး..သွားစွတ်ပေရော့…”ဟူ၍ ဆရာကြီးလေသံဖြင့် ကျွန်ုပ်အား ပြော၏..

“ကျွန်ုပ်လဲ ကြိုက်ပြန်ဘီ ပေရီးရာ..”ဟု အာခေါင်သံကြီးဖြင့် ကျုံးဝါး၍..ထုံးစံအတိုင်း ခုံကိုလက်ဝါးဖြင့်
“ဖြန်း”ကနဲ ရိုက်ကာ….ယိုင်ထိုး ယိုင်ထိုးဖြင့် စင်ပေါ်သို ့..ဦးဆောင်တက်သွားပြီး…ဝိတ်တာသုံးကောင်ဆီမှ
ပန်းကုံး တစ်ကုံးချင်းဆွဲယူကာ….အငြိမ်မနေသော ဒေဇီကြာပစ် ကိုမိအောင်ဖမ်းပြီး..ခါး၊လည်ပင်း၊ပခုံး စသည့်
စွတ်လို ့ရသည့်နေရာမှန်သမျှ အကုန်စွတ်ထည့်လိုက်ရာ…ဒေဇီကြာပစ်လဲ..စောနက
ငနာစွတ်ထားသောပန်းကုံးနှင့်.ကျွန်ုပ်စွတ်သော ပန်းကုံးတို ့ကြောင့်….လူရုပ်ပျောက်သွားလေ၏..
ပန်းကုံးတွေကြား.မိုက်ကိုင်သည့် လက်တစ်ဖက်သာအပြင်ထွက်နေပြီး…လက်တစ်ဖက်က ကိုယ်လုံးပေါ်ရှိ
ပန်းကုံးများကို ပြုတ်မကျအောင် ထိန်းရင်း..ခုန်ပေါက်သီဆိုနေသည်မှာ…ကထိန်အတွက် အလှူခံလှည့်ရာတွင်
ကသော မြောက်ဝံကြီးနှင့်တူနေလေ၏..

ကျွန်ုပ်လဲ ဟိုငနာကို နှုတ်ခမ်းတစ်ခြမ်းမဲ့၍ “နင့်လောက်တော့ သနားတယ် ” ဟူသော အကြည့်ဖြင့်ကြည့်ပြီး
ဝိုင်းသို ့ပြန်လာထိုင်သောအခါ ဝိုင်းကိုင်သည့် ဝိတ်တာက လက်ကျန်ဖင်ကပ် ပုလင်းကို ခွက်နှက်ခွက်သို ့
အညီအမျှ ခွဲထည့်နေလေဘီ…။

ကျွန်ုပ်လဲ အဆင်သင့်ထည့်ထားသောခွက်ကိုမသောက်မီ ရေခဲနှင့်သမအောင် “ဂလောက်..ဂလောက်”နှင့်
လှုပ်နေရင်း..ဒေဇီကြာပစ်အဖြစ်ကြည့်ကာ ပေရီးနှင့် ၂ယောက်သား သဘောကျနေလေ၏..
မကြာမီဒေဇီကြာပစ်လဲ သီချင်းဆုံး၍ ဆင်းသွားတော့မှ ကိုင်ထားတဲ့ခွက်..သတိရပြီး..ချီးယား လုပ်ကာ
တစ်ငုံစီ ဂလုလိုက်ပါတော့တယ်..

“ဆက်လက်ပြီး ကြွရောက်လာသော ဧည့်သည်တော်မှ တေးသံရှင် ဒေဇီကြာပစ်အား “အိုးလးလှုပ်ပါဟေ့”
သီချင်းဖြင့် သီဆိုဖျော်ဖြေရန် တောင်းဆိုထားပါတယ်ရှင်..တောင်းဆိုပေးသော.ဧည့်သည်တော်အား..
အထူပဲ ကျေးဇူးတင်ရှိပါတယ်ရှင်.”

ထိုအသံကြားရသောအခါ..ကပေနှင့်ကျနော် မျက်လုံးပြူးသွားပြန်သည်..တစ်ဆက်တည်း..ဟိုငနာ
မွှေနေပြီဆိုတာလဲသဘောပေါက်လိုက်သည်..ထင်တဲ့အတိုင်းပါပဲ..
ဒေဇီလေး စင်ပေါ်တက်ဆိုတာနဲ ့..ဒင်းက ပန်းကုံးတွေစွတ်နေပြန်လေရဲ့….ထိုအခြေအနေကြိုတွက်မိသော
ကျွန်ုပ်ကလဲ..ဘယ်ရမတုန်း..ဟွင်း.ဟွင်း..ပန်းကုံး ကြိုမှာပြီးသား..ဒင်းစွတ်ပြီးတော့ ကျွန်ုပ်တက်စွတ်တာပေါ့..
ကျွန်ုပ်စွတ်ပြီး.တော့ ဘဲနာက တက်စွတ်ပြန်ကော…..အောက်က ဝိတ်တာတွေကလဲ လက်ခုပ်သံတဖြောင်း
ဖြောင်း တီး၍ အားပေးနေကြပေါ့..ဘေးဝိုင်းကလူတွေကလဲ..သူစွတ်ကိုယ်စွတ်.စွတ်နေကြသော..ကျွန်ုပ်တို ့
နှစ်ယောက်ကိုကြည့်ကာ..ပြုံးစိ..ပြုံးစိ..တစ်ချို ့လဲ တစ်ခွိ..ခွိ ရီနေကြလေ၏..ဒေဇီလဲ ပန်းကုံးတွေပိပြီး..ဂုတ်ပု
နေလေပြီ..လျှံကျနေတဲ့ ပန်းကုံးတွေကိုတော့ ဝိတ်တာတွေက ခုံတစ်လုံး ချ၍ တင်ထားပေးလေ၏..
ဒီလိုနဲ ့..သူစွတ်.ကိုယ်စွတ်..အပြိုင်စွတ်ကြရာ.. တစ်ချီတွင်မတော့..ပြိုင်ဘက်ငနာနှင့်
စင်ပေါ်တွင် အစွတ်တိုက်ဆိုင်လေသောအခါ..

“ဟင်….က.က..ကဖော်ရီး….”..ဟုကျွန်ုပ်ကိုကြည့်ပြီး..၎င်း၏ ချာလီချက်ပလင် ဦးထုတ်အားချွတ်ပြသောအခါ
ကျွန်ုပ်လဲ..“အင်…အင်..ဂဇာဂီ” ဟု အာမေဋိတ်ထွက်ကာ တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး အံဩနေကြ၏
“ဇာရီး…မင်းနှယ်ကွာ..ဖစ်ရမယ်..လာ..လာ..နာဒို ့ဝိုင်းလိုက်ခဲ့..ပေရီး ရှိဒယ်..”
သို ့နှင့် ကျွန်ုပ်တို ့ကို ဒုက္ခပေးနေသော.အနှီငတိမှာ..ရွာထဲ ပေါက်ကရေရေးဖော်ရေးဘက်.ကဇာဂီ ဖြစ်နေ၍
ပေကြီးလဲ တအံ့တဩ ဖြစ်ကာနေလေ၏….ပေကြီးမှ….
“ငဇာ.ဂျာပန်က ဘယ်တုန်းက ပြန်ရောက်သတုံး..ခိုင်လာသလား..”ဟုမေးရာ.ဂဇာဂီမှ…

“ကပေရေ..ဂျာပန်က မနေ ့က ပြန်ရောက်လာဒယ်..ဂျာပန်မှာ..မားကတ်တင်း မဆင်းပဲ..ဒါ့ပုံရိုက်လိုက်..
ဇာတ်လမ်းရေးလိုက်လုပ်နေလို ့..ဂျာပန်သထေးက မြန်မာပြည်ပြန်ပို ့လိုက်ဒါ..
အနော်လဲ..ဂျာပန်မှာ စုမိတဲ့ Cannon Camera လေး..ကစိန်သော့ကို အောက်ဈေးနဲ ့ရောင်းပြီး..
ရတဲ့ အဆံလေးနဲ ့..ဒီမှာလာပြီး..ဦးနှောက်ဆေးနေတဲ့အချိန်..ကဖော်ရီးက အနော်ခိုက်တဲ့ စကီလေးကို
တက်စွတ်လို ့..ကျုပ်လဲ..အားကျမခံစွတ်ရင်း..
ခုတော့…ခုတော့.အီး.ဟီး..ဟီး..ရွှတ်..ရွှတ်..ပန်းကုံးတွေကြောင့် အသပြာ ပြောင်ရပါတော့မယ်..ကိုရင်တို ့ရေ
အီး..ဟီး..ဟီး..ဟီး..ရွှတ်..ရွှတ်..”

ကဇာဂီလဲ ပြောလဲပြော…ကင်မရာရောင်းလို ့ရတဲ့ပိုက်ဆံကုန်မည်ကိုတွေးရင်း..ငိုလဲငို လုပ်နေလေ၏…
ထိုအဖြစ်ကိုကြည့်ပြီး ကပေကလဲ..
“အဟင့်..အဟင့်..ငါလဲ..ကုန်ပါဘီ….ကုန်ပါဘီ..ပန်းကုံးဘိုးတွေ….ငဖော်ရီး..လွှတ်စွတ်လို ့…အောင်မငှီး..ဟီး.”

ကျွန်ုပ်လဲ မိုက်တုန်းကမိုက်ပြီး အဖော်တွေ ့မှ…သတိရပြီးလွှတ်ငိုနေသော..သူတို ့နှစ်ယောက်ကိုကြည့်ကာ.
ကိုယ့်ကိုယ်ကို ပယောဂ မကင်းဟု ခံစားမိလေ၏..
ထို ့ကြောင့် ပန်းကုံးဘိုးတွေ မည်သို ့ပြန်ရှာရပါ့ဆိုပြီး..မုတ်ဆိတ်မပေါက်တဲ့ မေးစေ့ကို ပွတ်ရင်း…ပွတ်ရင်း.
အကြံရသောအခါ..“သိပြီကွ”ဟုအော်ပြီး..
ထုံးစံအတိုင်း စားပွဲဝိုင်းအား. လက်ဖဝါးဖြင့် “ဗြန်း”ကနဲ ရိုက်လိုက်သောအခါ ကပေနှင့် ကဇာဂီလဲ..
လန် ့ဖြန် ့၍ အငိုတိတ်ပြီး ကျွန်ုကို ဝိုင်းကြည့်ကြလေ၏..
ကျွန်ုပ်လဲ ရေးရင်း ရေးရင်း ဇာတ်သိမ်းပိုင်းကိုမရောက်နိုင်သော ဤပို ့စ်ကို အချဉ်ပေါက်လာသည်နှင့်.
၎င်းတို ့..နှစ်ယောက်၏ နား နှစ်ဘက်ကို ကျွန်ုပ်ပါးစပ်နား..ဆွဲ၍ အကြံအစည်ကို တီးတိုး ပြောပြလိုက်ရာ
၂ ယောက်သားသဘောတူညီမှုရသည်နှင့်..ကဇာဂီလဲ သူ ့မူလဝိုင်းသို ့ပြန်သွားလေ၏

ကျွန်ုပ်နှင့်.ကပေလဲ ပန်းကုံးဘိုးမကုန်ဘူးဟူ၍သဘောခွေ ့ကာ..ကျန်နေသာအမြည်းများကို လွှတ်စား…
ဝီစကီလဲ…တစ်လုံး ထပ်မမှာယုံ တမယ်..အကုန်မော့ချလိုက်၏…သို ့နောက်..ကပေ့ကို လက်မထောင်ပြကာ.
ဂဇာဂီဝိုင်းရှိရာသို ့.ရှူးရှူးရှဲရှဲနှင့် တစ်လှမ်းချင်းလျှောက်သွားပြီး ကဇာ့ စားပွဲဝိုင်းအား..ထုံးစံအတိုင်း..
လက်ဝါးဖြင့် “ဗြန်း”ကနဲ ရိုက်ကာ..စိန်ခေါ်လိုက်ပါတော့သည်..။

“ဟေ့ရောင်..မင်းနဲ ့ငါ..စာရင်းရှင်းကိုရှင်းရမယ်..သတ္တိရှိရင် ထွက်ခဲ့…”ဟု ပလုံးပထွေးသံကြီးဖြင့် ကဇာဂီအား
စိန်ခေါ်လိုက်သောအခါ…မန်နေဂျာ..ဘလူး နှင့် တပည့်ဝိတ်တာများ..အပြေးအလွှား ကျွန်ုပ်အား လာဆွဲကြ၏
မန်နေဂျာ ဘလူးမှ..“ဆာတို ့…ဆိုင်ထဲ ရန်မဖြစ်ကြပါနဲ ့ဗျာ..တောင်းပန်ပါတယ်….စခန်းနဲ ့မရှင်းချင်လို ့ပါ..”
ဟုတောင်းပန်လေ၏…ထိုအခါ..ကဇာဂီက..
ဟဟဟ.ကြိုက်တယ်ဟေ့ရောင်..ဂျာပွန်မှာ.. ယာကူဇာကိုတောင် ဖာလူဒါ လုပ်သောက်လာတာ..ဟဟဟ.
မင်းလောက်ကတော့..စာရင်းထဲကိုမထည့်ဘူး…” ဟု ကျွန်ုပ်အား  ပြန်ပက်တဲ့အခါ..မန်နေဂျာဘီလူးနှင့်..
ဝိတ်တာများက ကဇာဂီအား ဆိုင်ထဲ ရန်မဖြစ်ကြရန် တောင်းပန်ပြန်လေ၏…..ကျွန်ုပ်လဲ
“ဟဟဟ..ငချွတ်လေး….ဘလက်ချောပြောတဲ့ “ဇ”ရှိသူများ အကြောင်း..မင့်မဖတ်ဖူးသေးတော့ မင့်သိအောင်
ပြရသေးတာပ…ဆိုင်ပြင်ထွက်ခဲ့…..ဆိုင်ထဲ မဖြစ်ချင်ဘူး…
ဆိုင်ကျဉ်းတော့..မင့်မပြေးနိုင်မှာဆိုးလို ့..ထွက်ခဲ့…အပြင်မှာဖိုက်မယ်”

ဟုကျွန်ုပ်လဲ စိန်ခေါ်ပြီးသကာလ ဆိုင်နှင့်
ခပ်လှမ်းလှမ်း..မြက်ဖုတ်ထူရားနား ရွေး၍ ခါးထောက်..ရပ်စောင့်..နေလိုက်သောအခါ..ကဇာဂီလဲ..
ရှူးရှဲ လုပ်၍…မန်နေဂျာဘလူး ဆွဲထားသည့်ကြားမှ ရုန်းထွက်ကာ..ကျွန်ုပ်ဆီသို ့.လျှောက်လာလေ၏..
ကဇာဂီအနားရောက်သောအခါ..ကျွန်ုပ်လဲ ခြေစီးတော် ကြက်ပေါင်ဖိနပ်ကိုချွတ်၍ ဂျင်းဘောင်းဘီခါးကြားထဲ
ညှပ်လိုက်ပြီး..အသင့်ပြင်ထားလိုက်ပါတယ်.ပြီးတော့..ကဇာဂီနှင့် မျက်နှာချင်းဆိုင်ရပ်ပြီး..တစ်ယောက်ပခုံး
တစ်ယောက်ကိုင်ကာ မြက်ဖုတ်ထူရာသို ့ရွေးပြီး ၂ ယောက်သား ဖက်လျက် လှဲချလိုက်ပါတော့တယ်..
ပါးစပ်ကလဲ “အီး..အွတ်..အု..အား”..ပေါက်ကရတွေလျှောက်အော်ပြီး….
ဘယ်ဘက် သုံးပတ်.လှိမ့်…ထို ့နောက် ညာဘက် သုံးပတ် ပြန်လှိမ့်ပြီးသောအခါ နှစ်ယောက်သား
မျက်နှာချင်းဆိုင်.. ဒူးထောက်လျက်. ထိုင်လိုက်ကြပါတယ်…။ထို ့နောက် ကဇာဂီကစပြီး ကျွန်ုပ်ကို နှဖူး တစ်ချက်
စတင်တောက်သောအခါ….ကျွန်ုပ်က ပြန်ပြီး “ဒေါက်”ခနဲ ့ခေါင်းပြန်ခေါက်လိုက်..ပါတယ်..
ကဇာဂီက နာသွား၍လား မသိ..ကျွန်ုပ်ကို တံတောင်ဖြင့်ရမ်းလိုက်ယာ..ကျွန်ုပ်လဲ မြက်ဖုတ်ထူရာဘက်သို ့ရွေး၍
သုံးလေးပတ် လှိမ့်နေလိုက်နေစဉ်…ကဇာဂီမှ ..စတင် ပြေးပါတော့တယ်…

ကျွန်ုပ်လဲ လူးလဲပြန်ထပြီး ကဇာဂီပြေးရာနောက်သို ့..လိုက် ရန်ပြု ဟန်လုပ်ပြီး.
အော်ဟစ်ဆဲဆို၍ ကဇာဂီ ့နောက် မှီအောင်လိုက်ရပါတော့တယ်…ငဇာကား..
ရုပ်ကြည့်တော့ မထုံတတ်ထေးရုပ်နှင့်…ဒီလိုမျိုး..အတွေ ့အကြုံမည်မျှရှိသည်မသိ..ပြေးသည်မှာ
နောက်ကြောင်းပင် ပြန်လှည့်မကြည့်.. Spped 9 လောက်တင်ပြီး ပြေးသည်မှာ.ကျွန်ုပ်လိုက်၍ ပင် မမီ
ထို ့ကြောင့် အသဲအသန် ပြေးလိုက်ရင်း..ပါးပါးလှီးနှင့် အတော်အတန်ဝေးအောင် ပြေးပြီးတော့မှ..
ရှေ ့က.လှစ်..လှစ်လှစ်..လှစ် နှင့် နောက်မကြည့်..ပြေးနေသော ငဇာ အားလှမ်းတားရလေ၏..
“ဟေ့လူ..(ဟောဟဲ..ဟောဟဲ)ကျုပ်စောင့်ပါဦး.. (ဟောဟဲ..ဟောဟဲ)ခင်ဗျားကလဲ.. (ဟောဟဲ..ဟောဟဲ)”
လှမ်း..အော်တော့မှ..ကဇာဂီလဲ ရပ်စောင့်ပါတော့တယ်..ထို ့နောက်..လာနေသော တက်စီအား..လှမ်းတား၍
ကျွန်ုပ်တို ့..နှစ်ယောက်လဲ..(ဟောဟဲ..ဟောဟဲ)နှင့် ကားပေါ်ပါသွားပါတော့တယ်..။

ဆိုင်အပေါက်ဝမှ ပြူတစ်ပြူတစ်နှင့် ချောင်းနေကြသော..မန်နေဂျာဘလူးနှင့်..ဝိတ်တာတို ့အပါအဝင်
စပ်စုသူ အရက်သမားအချို ့လဲ..ကျွန်ုပ်တို ့နှစ်ကောင် မျက်စိအောက်က ပျောက်သွားတော့မှ..“ဟင်း”
ကနဲ သက်ပြင်းချကာ..ဆိုင်ထဲပြန်အဝင်….
“ဟင်..ဟိုလူ…ဟိုလူ…နဖူးပြောင်ပြောင်နဲ ့လူ..ဘယ်ရောက်….
အန်..
ဟေ့ရောင်တွေ…နဖူးပြောင်ပြောင်နဲ ့လူ..ဘယ်ရောက်သွားလဲ..အန်..အန်..”ဟု မန်နေဂျာဘလူးမှ
ကဇာဂီ ့ဝိုင်း.လက်ညှိုးထိုးလိုက်..ကျွန်ုပ်နဲ ့ကပေ ထိုင်ခဲ့သော ဝိုင်းအား လက်ညှိုးထိုး၍ ပြောလိုက်နှင့်..
အလန် ့တကြား.အော်တော့မှ.ကျန်ဝိတ်တာတွေလဲ..
“ဟာ..ဟင်…ရှိတော့ဝူး..” ဖြစ်ကုန်ကြတော့၏.

ဟုတ်ပါသည်..နဖူးပြောင်ပြောင်နှင့် ကပေကား. ကဖော်ရီးတို ဖိုက်တင်ပွဲကို..လူတွေအာရုံစိုက်နေခိုက်…
အီအီးထွက်သလိုလို..ရှူ.ရှူး..ထွက်သလိုလို လုပ်ကာ မယောင်မလည်နှင့်..
နောက်ဖေးပေါက်မှ..ခြေလှမ်းကျဲကြီးဖြင့်ပြေး၍ သုံးယောက်သား စုရပ်ဖြစ်သော Paradise Massage သို ့
အနင်းအနှိပ်ခံရန်အလို ့ငှာ..ကြိုတင်ရောက်ရှိနေပြီ မဟုတ်ပါလား..ခင်ဗျား..။

 

(-နောင်နေ ့များ၌ ခိုင်မာသောသတင်းရပ်ကွက်မှ သတင်းသဲ့သဲ့ ပြန်ကြားရသည်မှာ….
ပါးပါးလှီး ဘီယာစတေရှင်ပိုင်ရှင် မိုက်ခယ်လ် သဂျိုင်ခီး မှ ပေ၊ဇာ၊ဖော် အနှီသုံးကောင်အား..
တွေ ့ရာသင်္ချ ိုင်း..ဓါးမဆိုင်းပဲ..ပါးပါးချင်းစီ လှီးပစ်ရန် မန်နေဂျာ ဘလူးအား..တာဝန်ပေးထားသည်
ဟူသတည်း။-)

 

*********************************END*******************************

 အစပိုင်းသို ့>>>>>>

အနော်လဲ ရေးဒါဘဲ..ဘီလိုလုပ်ရှည်ရှည်ထွက်သွားမှန်းသိဘူးဗျာ..တီးခံ.အားပေးကြပါဦးရွာစားတို ့ရေ။

 

 

21 comments

  • windtalker

    November 8, 2011 at 8:23 pm

    လုပ်လိုက်ဟ
    မပြောင်တဲ့ နဖူး ၊ မရှိတဲ့ နှုတ်ခမ်းမွှေး နဲ ့
    ခန် ့ချောချော ဒီကမောင် က
    နင် ့ကို တွေ ့မှ
    ရွှေပန်းပေးဦးမှာ ။ ( စင်တင် မှာ စွပ်ရန် )
    ဟီဟိ

    • ပေါက်ဖော်

      November 8, 2011 at 8:32 pm

      တွေ ့လား..
      ကပေတောင် ဒါ့ပုံ ပြန်ပြောင်းသွားဘီ..
      အာဟီး..
      😆

  • Koyin Sithu

    November 8, 2011 at 8:35 pm

    ရွာထဲမှာလဲ သူ့ထက်ငါ လက်ဆပြင်းတဲ့
    လူစွမ်းကောင်းတွေချည်းပါလား…
    တားတားကြောက်ကြောက်…

    • ပေါက်ဖော်

      November 8, 2011 at 8:47 pm

      ကိုရင်စည်ရေ..
      ကပေ့လို..ဒါ့ပုံလေးတစ်ပုံလောက်တင်လို်က်ရင် နောက်ဇာတ်တွေမှာ ကရင်စည်.ပါပြီသာမှတ်..
      😆

      ကပေရေ..
      ချိတ်မချိုးနဲ ့နော်..ဒါ့ပုံလေးပြန်တင်ပါ….သတ်သတ်နောက်တာပါဗျား…
      တဂျီးတော့ တွားမတိုင်နဲ ့..အနော် တစ်တိန်းပြည့်ဖို ့ ၈ တောင်းပဲ လိုတော့တာမိုလို ့ပါ
      :mrgreen:

      • Koyin Sithu

        November 8, 2011 at 9:01 pm

        ကပေါက်ဖော်ရေ..
        အနော့်ဓါတ်ပုံတင်လိုက်ရင် ရွာထဲက အပျိုကညာတွေ
        အော်တိုရေးခိုင်းမှာစိုးလို့ ရှက်ရှက်
        ငယ်စဉ်တောင်ကျေး ကိုရင်နဲ့ပုံလေးပဲ..
        တင်ထားပါတယ်….
        နောက်ဇာတ်တွေလာအုန်းမယ်ဆိုရင်..
        ကိုရင်က ဇာတ်ခုံးအောက်က လက်ခုပ်တဗြောင်းဗြောင်းနဲ့
        ကပေါက်ဖော်တို့ Street Fighter များကို
        အားပေးနေကြောင်းပါ။ 😀 😀 😀 😀

      • windtalker

        November 9, 2011 at 8:20 pm

        လူဆိုး
        တစ်ခြားဟာ စိတ်မဆိုးဘူး
        နင့် ဒီကွန်မင့်ဘဲ ချိုးဒယ်
        ရဘူး
        ချီးဗက်စ် တစ်ပုလင်းထောင်ပေးမှ
        ချိတ်ချိုးပြေမယ်
        ဒါဘဲ

  • ကြောင်လတ်

    November 8, 2011 at 8:40 pm

    မျောက်ဝံ က နေတဲ့ပုံ ကိုတွေးပြီးအတော်ရီမိတယ်ဗျာ

  • inz@ghi

    November 8, 2011 at 9:05 pm

    အာ …
    လက်စားတွေချေနေဘီ ..
    ကပေါက်ဖော် …
    ကင်မလာလည်း ရောင်းရတေးတယ် ….
    ဘိရုမာပြန်လာပီးလည်း ဖနောင့်နဲ့တင်ပါး တသားတည်းကျရသေးတယ်…
    ဟင့် …အီတာလျံ မင်းသားလေးရယ်… အဖြစ်ဆိုးထှာ …

  • etone

    November 9, 2011 at 9:08 am

    ရေးထားတာ မြင်ယောင်ပြီး ရယ်ရလွန်းလို့ အူတွေတောင် နာတယ် 😀
    အတော်လည်း နောက်တဲ့ လူဒွေ …ငမ်းချင်တုန်းက ငမ်းပြီး … ရှင်းရခါနီးတော့မှ ထွက်ပြေးကြတယ် ဟား ဟား 😆

    • inz@ghi

      November 9, 2011 at 9:11 am

      ဒါမျိုးက တကယ်လုပ်ဖူးမှ ရေးလို့တတ်တာဗျ…
      ူသည်လူကြီးတွေ လွယ်ဝူး …
      တားကတော့ လူရိုးလေးချိုဒေါ့ ဒါမိုးနေရာတွေ
      သူရို့ခေါ်မှ ရောက်ဖူးတာ …ဒါတောင် စာထဲမှာ..

      • ကိုရင်စည်သူ

        November 9, 2011 at 2:56 pm

        ပေါက်ပေဂီ့တို့ အုပ်စုက အဲ့ဂလိုပဲ.. ကောင်းဝူး
        လုပ်ပြီး ရှောင်ကြဒယ်…
        တားတားက လုပ်ပြီး ရှင်းတဲ့ ကိုရင်လေး..
        လူဂရိုးလေးပါနော့… 😛 😛 😛

    • ပေါက်ဖော်

      November 9, 2011 at 10:20 am

      သူပဲ ကင်မလာရောင်းရငွေလေး ပြောင်ပါပြီ ငိုပြီးဒေါ့ တူများကို..
      ဟွင့်
      🙄

  • Moe Z

    November 9, 2011 at 1:59 pm

    တော်တော်အကျင့်မကောင်းတဲ့သူတွေ
    ဒီလိုနေရာမျိုးလာရင် ဒီလိုကုန်မယ်ဆိုတာမသိဘူးလား
    သူများစီးပွါးရေးကိုတုတ်နဲ့ထိုးတဲ့သူတွေ မိလို့ကတော့လား …
    (ပါးပါးလှီး ဘီယာစတေရှင်ပိုင်ရှင် မိုက်ခယ်လ် သဂျိုင်ခီး ကိုယ်စား)
    😀 😀

  • “ဘီလူးကြီး”ogre

    November 9, 2011 at 4:50 pm

    “ပေါက်ဖော်” “အင်ဇာဂီ”“မောင်ပေ”
    ရောက်ရာအရပ်မှ ..အရက်ကြွေး လာပေးပါရန်
    ဆိုင်ပေါက်ဝတွင် ဓါတ်ပုံနှင့်တကွ စာရေးကပ်ထားပါသည် 🙂 😛

  • MaMa

    November 9, 2011 at 9:01 pm

    တောကနေ ရန်ကုန်ကို ကုန်တက်ရောင်းတဲ့ အသိတစ်ယောက် အဖော်ကောင်းလို့ ညဖက် စားသောက်ဆိုင်သွားစားပြီး မူးမူးနဲ့ ပန်းကုံးစွပ်လိုက်တာ ပါလာတဲ့ ကုန်ဖိုး ၅သိန်းက ၃သိန်းပဲ ကျန်တော့တယ်။ ရွာပြန်ရောက်တော့ သူ့မိန်းမက ဓားမနဲ့လိုက်ခုတ်လို့ အိမ်ပေါ်က ဆင်းပြေးရတယ်။ တကယ့် ဖြစ်ရပ်မှန်နော်။
    ပေါက် ပေ ဂီ တို့ရဲ့ တကယ့်ဖြစ်ရပ်မှန်လေးလည်း သိချင်မိတယ်။ 😛

  • ပေါက်ဖော်

    November 9, 2011 at 9:11 pm

    ကပေရေ..
    ဖြေလိုက်ဦး..
    😆

    • windtalker

      November 9, 2011 at 9:20 pm

      စောန က ဘော်ဒါတစ်ယောက် က
      သူ ဒီနေ ့ကြုံခဲ့ရတဲ့ အဖြစ်ကလေး လာဖွသွားတာက
      ဒီနေ ့၊ စီးပွားရေးလုပ်ငန်းရှင် တစ်စု ဖဲစုရိုက်ကြတာ
      လားရှိုးကနေ ပိုက်ဆံ ၁၈သိန်း ပိုက်ပြီး မန်းတလေး မှာ လာကဲမယ်ဆိုတဲ့
      တစ်ယောက်ဟာဖြင့် ၊ ပါသမျှ ကုန်လို ့
      ဘီအီးနဲ ့ပဲ နှစ်ပါးသွားရပါပြီဟု ရေရွတ်ကာ
      အဖြူဆိုင်သို ့ချီတက်သွားပါသတဲ့

  • naywoonni

    November 9, 2011 at 10:40 pm

    တော်သေးတာပေါ့ အဖြူဖိုးကျန်လို့ ….။ နာ့လို ချက်ဆိုင်လိုက်မရှာရတာကံကောင်း….။

  • koaung

    November 10, 2011 at 3:16 am

    ကဲကဲညီလေး ကပေါက်ဖော်ညီ လဲမောပြီ နာဒို့ဆီမာဆတ်ကိုသွားကြစို့ အေကေ၄ရပါခေါ်သွားမယ် မန်းလေးဂဇက်မှာဂလုဂလု ဖြစ်တာကြာပြီ 😀

  • ပေါက်ဖော်

    November 10, 2011 at 4:50 pm

    ကပေရေ..
    ကျုပ်ရမ်းပြောလိုက်တဲ့ ဆိုင်က မန်းလေးမှာ ရှိသတဲ့….

    ကိုဆန်နီ(sonny) ပြောတာတော့.ဆိုင်နာမည်က.နို ့ပယ်..(NOBEL) ဆိုပဲ……

    စုံစမ်းထားလိုက်ပါ….

    လိုက်မဲ့လူတွေ စာရင်းပေးနေကြပြီ မိုလို ့..
    စိတ်ကူးတွေကို…လက်တွေ ့အကောင်အထည် ဖော်လိုက်ကြပါစို ့ဝေး……………………..
    😆

Leave a Reply