ဘုရင်တစ်ပါး၏ ချစ်ခြင်းတရား အပို်င်း (၂)

SonnyNovember 9, 20115min22120

2

The Prince of Wales

ဝေလမင်းသား

Every Friday the teacher took me to my father’s room. “And what has my son learnt this week, Mr.Hansell?” the King asked.

ကျွန်တော့်ဆရာ က သောကြာနေ့တိုင်း ကျွန်တော်ကို အဖေ့အခန်း  ကို ခေါ်သွားတယ်။ ပြီး  ဖခမည်းတော် ဘုရင် ကြီးက ဆရာ့ ကို “ဆရာ ဟန်စော ကျုပ်သား ဒီတစ်ပတ် ဘာတွေတတ် မြောက်လေ့လာပြီးပြီလဲ” လို့မေးလေ့ရှိပါတယ်။

And the answer was always: “Not very much I’m afraid, Sir. Edward doesn’t like his lessons. He never listens to what I say.”

ဆရာအမြဲ ဖြေနေ ကျ ကတော “စိတ်မကောင်းပါဘူး အရှင်၊ အက်ဒဝပ် ကသူ့ သင်ခန်းစာ တွေကို စိတ်ဝင်စားမှု့မရှိပါဘူး၊ ကျွန်ုပ်ပြောသမျှ ကိုလည်း ဘယ်တော့မှအာရုံထားနားမထောင်ပါဘူး။”

When Mr. Hansell left the room, my father was angry with me. “What’s wrong with you, child?” he said. “Are you stupid? Why can’t you learn anything?”

ဆရာ ထွက်အသွား ဖခမည်းတော် က စိတ်ဆိုးလေပြီ။ “သားတော် ဘာများ ဖြစ် ကုန်ပြီလဲ။ မိုက်မဲ လှချည် လား။ ဘာကြောင့် ဘာတစ်လုံးမှ မတတ်မြောက်ရတာလည်း။”

“But the lessons are so boring, Sir,” I replied. “And Mr Hansell hits me.”

ကျွန်တော် ပြန်ပြောပုံ ကတော့ “သင်ခန်းစာတွေ က ပျင်းစရာ ကြီး ပါ ခမည်းတော်၊ ဆရာ ကလည်း သားတော်ကို ရိုက်နှက် ဆုံးမပါတယ်”

“I don’t understand you Edward. And you’re a baby. You’re so weak. You’ll never be a good king. A king must be strong. Go to your room and stay there until the morning.”

ဖခမည်းတော်က “သားတော်ကို ဖခမည်းတော် နား မလည် နိုင်တော့ဘူး။ သားတော်က ခလေး ပဲရှိသေးတယ်လေ။ ဉာဏ်ပညာမှာ လွန်စွာမှ အားနည်းသေးတယ်။ ဘယ်လိုလုပ်တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ ဘုရင် ကောင်းတစ်ယောက် ဖြစ်နိုင်ပါ့မလဲ။

ဘုရင်းမင်းကောင်းတစ်ယောက်ဆို တာ လက်ရုံးရည် နှစ်လုံးရည် ပြည့်ဝရမယ်လေ။ သွား…အိပ်ခန်းဆောင် ထဲမှာ နောက်နေ့ နံက် ထိ နေရမယ်…”

“I spent many days alone in my room,” Edward wrote later. “I’ve never played with other children and I didn’t have any friends. I lived in the most beautiful house in England but I was always lonely and sad. I say my mother once a day at dinner time and I saw my father three or four times a week, but they never gave me any love. I was afraid of them and everything I did was wrong.”

အက်ဒဝပ် က သူအကြောင်းရေးတဲ့စာထဲမှာ…

“ကျွန်တော့် ဘယ် ကလေးတွေနဲ့မှ အတူ မကစားဘူးဘူး..သူငယ်ချင်းအပေါင်း အသင်း လည်း ဝေလာဝေး…အင်္ဂလန် တဝှမ်း လုံးမှာ အလှဆုံး အခန်းနားဆုံးအိမ် ကြီးနဲ့တော့ နေရပါရဲ့..ဝမ်းနည်းအထီးကျန်လွန်းလှတဲ့ ဘဝပါ…မယ်တော်ကိုလည်း ညစာ စားချိန်မှာမှ တစ်နေ့တစ်ခါပဲတွေ့ရပြီး.. ဖခမည်းတော်ကိုတော့ တစ်ပတ် သုံးလေး ခါပဲတွေဆုံကြရပါတယ်..ဒါပေမဲ့ ကျွန်တော်လိုချင် တဲ့ နွေးထွေးတဲ့ မိဘမေတ္တာ ကိုတော့သူတို့တွေ ကျွန်တော့်ကို မမျှဝေ နိုင်ခဲ့ကြပါ… မယ်တော် နဲ့ ဖခမည်းတော် ကိုလည်း ကြောက်လှပါပြီ..ကျွန်တော်လုပ်သမျှ လည်း အမှားဘက်ချည်းဖြစ်ကုန်ပါပြီ…”

In the spring of 1911 King George called Edward into his room and said: “Next month I’ll make you Prince of Wales and these are your clothes for the ceremony.”

၁၉၁၁ ခုနှစ် တစ်ခုသော နွေဦးပေါက်နံက်ခင်းမှာ..ဘုရင်ကြီး ဂျော(ချ်) ဟာ အက်ဒဝပ် ကို ခေါ် ပြီး “ နောက်လ ရောက် ရင် သားတော်ကို ဝေလမင်းသား အဖြစ် ခန့်အပ်မယ်..ဒီ ချပ်ဝတ်တန်ဆာ( အဝတ်အစား ) တွေဟာ မင်းသားအဖြစ်ခန့်အပ်မဲ့နေ့ အခမ်းအနားမှာ ဝတ်ဖို့ပဲ..” လို့ ပြောပါတယ်။

The king opened a small cupboard and Edward started to cry. “But father,” he said, “I’m sixteen years old now. I can’t wear soft shoes and a skirt. I’ll look like a girl. Why can’t I dress like other people?”

ဘုရင်ကြီး အဝတ်အစား ဘီရို ကို လည်းဖွင့်ရော အက်ဒဝပ် ငိုတော့တာပါပဲ..အက်ဒဝပ်က “ခမည်းတော် သားတော် ကအခုမှ ၁၆ နှစ် ပဲရှိသေးတာ ဒီလို နူးညံ့ညံ့ ရူးဘိနပ် နဲ့ အမျိုးသမီးဝတ် စကပ် ကိုမဝတ်ဆင်နိုင်ပါဘူး..
သားတော်ကအမျိုးသမီးနဲ့တူနေမှာပေါ့..သားတော် က သာမန် လူတွေလို ဘာ့ကြောင့်များ မဝတ်ဆင် ရတာလည်း..”

“Because you’re different and special,” his father replied, “and one day you’ll be the king.”

အက်ဒဝပ်ရဲ့ ဖခမည်းတော် က “သားတော်က သာမန်လူတွေနဲ့ မတူဘူး ထူးခြားတဲ့ အမျိုးနွယ် လေ..တစ်နေ့မှာဘုရင်မင်းတစ်ပါးဖြစ် လာမှာလေ..”

Edward cried for the next two days, but there was nothing he could do.

        အက်ဒဝပ် ဘုရင် မလုပ်ချင်လွန်းလို့် နောက် နှစ်ရက် ဆက်တိုက် ငိုပွဲ ဆင်တော့တာပါပဲ။  အက်ဒဝပ် တစ်ယောက် ဘာမှ မတတ်နိုင်တော့ပါ။

And so, on the 10th June 1911, the family drove to Caernarvon Castle in North Wales and the ceremony began.

ဒါနဲ့ပဲ.. ၁၉၁၁ ခုနှစ် ဇွန်လ ၁ဝ ရက်နေ့မှာ ဘုရင်ကြီးတို့မိသားစု ဟာ မြောက်ပိုင်းဝေလနယ် မှာရှိတဲ့ ကာနာဗွန် ရဲတိုက်ကြီး ကိုသွားရောက်ပြီး ဝေလမင်းသား တင်မြောက်ပွဲ အခမ်းအနား စတင်ခဲ့ပါတယ်။

The King put a small gold crown on Edward’s head. There was music and dancing and the crowd began to shout.

ဘုရင်ကြီး က သားတော်နဲ့အနေတော် ရွှေသရဖူ ကို သားတော် အက်ဒဝပ် ရဲ့ခေါင်းပေါ် ချီးမြှောက်လိုက်ပါတယ်၊ ဂီတသံပျံ့လွင့်လာခြင်းနဲ့အတူ ကကြခုံကြ နဲ့ လူထုပရိတ်သတ် ကြီးကလည်း အော်ကြဟစ်ကြနဲ့ပေါ့။

The new Prince of Wales closed his eyes. “I feel terrible,” he said. “Can we go home now?”

ဝေလမင်းသားသစ်ကလေးက သူ့ခမည်းတော်ကို..

“ နေလို့မကောင်းလိုက်တာ..သားတော်တို့နန်းတော်ကိုပြန်လို့ ရပြီလား  ခမည်းတော်”

“Not yet,” the King replied. “The people want to see you.”

“မပြန်နိုင်သေးဘူးသားတော်..ပြည်သူပြည်သားတွေက သားတော်ကို မြင်တွေ့ ချင်

ကြမှာသားတော် ရဲ့..”

Edward walked to the front of the castle and looked down at the crowd. He was shaking and his face was red.

အက်ဒဝပ် က ရဲတိုုက် ကြီးရဲ့ ရှေ့မျက်နှာစာ ကိုထွက် ပြီး ပြည်သူပြည်သား တွေကို ငုံ့ ကြည့်လိုက်တယ်။ တုံလှုပ်ချောက်ချားပြီး ရှက်သွေးဖြန်းသွားလေရဲ့။

“Smile, Edward,” the King said. “You are happy!”

ဖခမည်းတော်ဘုရင်ကြီးကတော့.. “သားတော် ပြုံးပြုံးနေပါ..သားပျော်ပျော်နေပါ”

A few hours later the family were driving back to Windsor. Wasn’t that a lovely day?” Queen Mary said.

နာရီ အနည်းငယ်ကြာတော တော်ဝင်မိသားစု ဟာ ဝင်ဆာ ရဲတိုက်ကြီးကိုပြန်ခဲ့ကြပါတော့တယ်။ ဘုရင်မကြီး မေရီ ကတော..  “ထူးမြတ်တဲ့နေ့လေးတစ်နေ့ပါလား” လို့ ဆိုခဲ့တယ်။

Edward took off his shoes and looked out of the window. “Never again,” he thought. “Never again!”

အက်ဒဝပ် သူ့ရှုးဘိနပ် ကို ချွတ်ပြီး ပြူတင်းပေါက်ကိုငေးကြည့်ရင်း တွေးမိတာက..
“ဘယ်တော့မှ ဒီလိုပွဲမျိုးနောက်နောင် ငါ့တစ်သက် မဖြစ်စေရဘူး..”

အခန်း (၂) ပြီး၏..ဆက်လက်ရှု ့စားပါရန်..လေးစားစွာဖြင့်..ကိုဆန်နီ။

ချပ်ဝတ်တန်ဆာဖြင့် အက်ဒ်ဝပ်၏ပုံ….

I can't wear soft shoes and a skirt. I look like a girl.

 

“Buckingham Palace was very big, and people sometimes got lost.”

20 comments

  • ပေါက်ဖော်

    November 9, 2011 at 10:01 am

    ကျေးဇူး ကိုဆန်နီရေ
    အပင်ပန်းခံ ဘာသာပြန်.စာရိုက်ပေးတဲ့အတွက်..အသိအမှတ်ပြုပါ၏..
    ဆက်ပါဦး..

    အဲဒီမင်းသားက ကျနော့်အတိုင်းပဲ..ဗျာ..
    အရုပ်နဲပြီး စာများရင် ..စိတ်ဝင်စားဘူး….တစ်ကယ်တော့ မီကောင်းဝူးဗျ
    🙄

  • Sonny

    November 9, 2011 at 1:29 pm

    ကိုပေါက်ဖေါ် ကျေးဇူးပါ အသိအမှတ်ပြုတယ်ဆိုလို့
    ကျွန်တော့် ရည်ရွယ်ချက်က နောက်လာနောက်သား လူငယ်တွေ အင်္ဂလိပ်လို အကျွမ်းဝင်စေချင်တာနဲ့ပါ။
    အချို ့စာဖတ်သူတော့ဖတ်ဖူးပြီးသားဆိုရင်၊ အင်္ဂလိပ်စာကျွမ်းဝင်ပြီးသားဆိုရင်ပျင်းကြမယ်ထင်ပါတယ်။
    အပင်ပန်းခံ ဘာသာပြန်.စာရိုက်ပေးရ ကျိုးနပ်ပါတယ်ခင်ဗျာ။ ကိုပေါက်ဖေါ် ပိုစ်တွေကိုလည်း ဖတ်ဖြစ်ပါတယ်။ အကြိုက်ဆုံးကတော ကိုပေါက်ဖေါ်ကိုင်ထားတဲ့ ပုလင်းလေးပါ..ဟဲ ဟဲ ..ဆရာဆိုတော့..
    တွေ့ရတာဝမ်းသာပါတယ်။ ဆက်ရေးမှာပါ..အားတိုင်းပေါ့..

  • Sonny

    November 9, 2011 at 1:35 pm

    ကိုပေါက်ဖေါ် အဲဒီမင်းသားကို နောက်ပိုင်းကျပိုပြီးလေးစားလာပါလိမ့်မယ်ထင်ပါတယ်။ ကိုပေါက်ဖေါ် အချစ်နဲ့အာဏာလဲဘူးတယ်တင်တယ်နော်…ရွှင်လန်းချမ်းမြေ့ပါစေ…ချစ်ခြင်းအားဖြင့်..ကိုဆန်နီ..

  • etone

    November 9, 2011 at 3:59 pm

    ကိုဆန်နီရေ …သူပြောသလိုပဲ သူတို့ နန်းဝတ်နန်စားက စကတ်ကြီးနဲ့ဆိုတော့ … ဘယ်ဝတ်ချင်ပါ့မလဲနော် … ။
    ချိတ်လေးဘာလေး ဆင်ပေးတာ မဟုတ်ဘူးနော် အဟီး 😀

  • ပေါက်ဖော်

    November 9, 2011 at 4:52 pm

    @ etone > အဲမင်းသားကို အားကျလို ့နေမယ်..
    တစ်ချို ့.ပန် ့ခ် ဆိုလား..နော်ဇယ်ဆိုလား..လူငယ်လေးတွေ..ဆံပင်ထောင်ထောင်ပြီး
    ဖင်ကျပ်ဘောင်းဘီမှာ.စကပ် ထပ်ဝတ်တာ ရှိတယ်..
    စကော့တလန် ပန် ့ခ် လို ့ခေါ်တယ်ထင်တယ်….
    @ကိုဆန်နီ >..အချစ်နဲ ့အာဏာ မလဲဖူးပေမဲ့..အချစ်နဲ ့ ဘီယာ လဲဖူးပါတယ်
    နောက်ဒါ…ဟီး.ဟီး.
    အေဘီစီတောင် ဇက်ထိ မရတဲ့အနော်တို ့အတွက်..ဂွတ်တယ်….အားပေးလျက်ပါ..

  • Shwe Ei

    November 9, 2011 at 4:55 pm

    ကျမတော့ မြန်မာလိုဘဲ ရွေးဖတ်လို့လားမသိဘူး ဖတ်ရတာ နည်းလိုက်တာ။

  • pooch

    November 9, 2011 at 6:24 pm

    အော်..သိလာသလိုလိုပဲ…… ဇာတ်လမ်းကို တော့ မဖတ်ဖူးဘူး .. .. ဒါပေမဲ့ ကြားဖူးတယ်…

    စကားထစ် တဲ့ဂျော့ချ် ဘုရင်ရဲ့ အကိုတော်အကြောင်းထင်တယ် ဟုတ်လား ….

    ဒါဆို အခုလက်ရှိ အဲ့လိဇဘတ် ဘုရင်မကြီးရဲ့ ဦးရီးတော်အကြောင်းပေါ့ … စိတ်ဝင်စားစရာပဲ..

    ဒါနဲ့ ရွာထဲကလူတွေကို မိတ်ဆက်ပေးရအုန်းမယ် … ဟီး… 🙂

    ကိုဆန်နီက ရွာထဲက ဝမ်းသာလည်း ငို ဝမ်းနည်းလည်း ငိုတတ်သော သူ တယောက်ရဲ့ သားတယောက်ပါ…
    english အသံထွက်ရော စကားပြောပါ အလွန်အင်မတန်ကောင်းပြီး အလုပ်လည်း အင်မတန်များသော အလွန် ရှက်တတ်သော လူပျိုကြီးတယောက်ဖြစ်ပါတယ် …..(ကြော်ငြာဝင်ပေးတာ 😛 )

    • Foreign Resident

      November 10, 2011 at 11:46 am

      ” ရွာထဲက ဝမ်းသာလည်း ငို ဝမ်းနည်းလည်း ငိုတတ်သော သူ ”
      TTNU ကတော့ အဲလိုတစ်ခါပြောထားတာ မှတ်မိတယ် ။

  • Sonny

    November 9, 2011 at 11:24 pm

    etone ရေ..ဟိုးရှေးတုံးကတော့အဲဒီလိုပဲဝတ်စားကြတယ်ထင်ပါတယ်။
    ခေတ်တစ်ခုမှာတော့အလှတစ်ခုနေမှာပါ။ခုခေတ်ချိတ်လုံချည်လည်းလှမှာပါ။ အလှဆိုတာကြည့်သူပေါ်မှာပဲမူတည်ပါတယ်။ BEAUTY IS IN THE EYES OF BEHOLDER.တဲ့ဆရာလုပ်တာမဟုတ်ဘူးနော်..ဒါပေမဲ့ကျွန်တော်တော့နန်းဝတ်နန်းစားတို့ ယူနီဖောင်းတို့ဆိုရင် ဝတ်လိုစိတ်မရှိဘူး…အထူးသဖြင့်တာဝန်နဲ့ဝတ်ရတဲ့အဝတ်အစားတွေပေါ့။ ချစ်ခြင်းအားဖြင့်..ကိုဆန်နီ…..
    …………………………………………………………………………………………………..
    ကိုသောက်ဖော်..ဆောရီး..ဟား ဟား..ကိုပေါက်ဖော်…အချစ်ရော..အာဏာရော..ဘီယာရော..မူးရင်မကောင်းပါဘူး..
    အဲမနက်ဖြန်လာအုံးမလား
    ဆေးပေါင်းခမယ်လေ…..မင်းသားအက်ဒဝပ်ကိုရောခေါ်လိုက်မယ်…. ကိုပေါက်ဖော်
    အေဘီစီတောင် ဇက်ထိ မရတဲ့အနော်တို ့ ဆိုတာတော့ မယုံချင်ဘူး..ခေတ်ရှေ့ပြေးပြီး အင်တာနက်တောင် ကျွမ်းကျင်တာပဲ…….ချစ်ခြင်းအားဖြင့်.ကိုဆန်နီ
    …………………………………..
    Shwe Ei ညီမလေး(သို့)ညီမကြီး…ဟားဟား…တစ်ခါတရံအင်္ဂလိပ်လိုဖတ်ရတာက
    အရသာရှိတတ်တယ်..
    ဖတ်ကြည့်စေချင်တယ်..plain English နဲ့ရေးထားတာ..ချစ်ခြင်းအားဖြင့်…ကိုဆန်နီ
    …………………………………….
    pooch ရေ…ကြော်ငြာအတွက်ကျေးဇူးတင်ပါတယ်…ရှက်ကြောလေးဘယ်လိုဖြတ်ရင်
    ်ကောင်းမလဲ…..
    Well how are you? It has been a long silence. I have read some of your writings.
    You could even make a good writing career since i find your writings are very investigative.ချစ်ခြင်းအားဖြင့်….ကိုဆန်နီ…..

  • kai

    November 10, 2011 at 4:53 am

    You’ll never be a good king. A king must be strong.
    ဘယ်လိုလုပ်တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ ဘုရင် ကောင်းတစ်ယောက် ဖြစ်နိုင်ပါ့မလဲ။
    ဘုရင်းမင်းကောင်းတစ်ယောက်ဆို တာ လက်ရုံးရည် နှစ်လုံးရည် ပြည့်ဝရမယ်လေ။


    I lived in the most beautiful house in England but I was always lonely and sad.
    they never gave me any love.

    အင်္ဂလန် တဝှမ်း လုံးမှာ အလှဆုံး အခန်းနားဆုံးအိမ် ကြီးနဲ့တော့ နေရပါရဲ့..ဝမ်းနည်းအထီးကျန်လွန်းလှတဲ့ ဘဝပါ…
    နွေးထွေးတဲ့ မိဘမေတ္တာ ကိုတော့သူတို့တွေ ကျွန်တော့်ကို မမျှဝေ နိုင်ခဲ့ကြပါ

    ==
    အဲဒီအပေါ်က ဘာသာပြန်မြန်မာစာတွေကို ဘာလို့ မျဉ်းတားပေးထားတာလည်း သိချင်ပါတယ်..။

  • MaMa

    November 10, 2011 at 9:56 am

    “Buckingham Palace was very big, and people sometimes got lost.”
    အရမ်းကြီးမားခမ်းနားမှုတွေကြားထဲမှာ ပျောက်ဆုံးနေတယ်ဆိုတော့
    ချစ်ခြင်းမေတ္တာကို ပြောတာများလား ???????
    ဘုရင်မလုပ်ချင်ဘူးဆိုတော့ တေမိမင်းသားဇာတ်တော်ကိုတောင် သွားသတိရမိတယ်။ 🙂

  • parlayar46

    November 10, 2011 at 12:08 pm

    အဲဗျ..
    ကျုပ်အမြင်တော့ သူကဘုရင်လုံးလုံးမလုပ်သင့်ဘူး..
    (လုပ်လဲမလုပ်ခဲ့ပါဘူး)
    ဘုရင်ဆိုတာ သံပုရာသီးကိုချဉ်မှန်းသိရက်နဲ့ “အချဉ်ကြိုက်လို့စားတယ်ကွာ” ဆိုတဲ့ လူမျိုးတွေပဲလုပ်သင့်တာ။
    သူက လုပ်ချင်းလုပ် MG မှာ စာရေးဆရာလုပ်သင့်တာ..။

    • Sonny

      November 10, 2011 at 3:38 pm

      ကိုParlayar46 ရေ..ဟုတ်ပါ့ ခင်ဗျာ..တစ်ချို ့ မင်းတွေက ခါးမှန်းသိရက်နဲ့ဝါးချင်ကြတာ..
      ဒါပေမဲ့ ဗိုလ်ချူပ် လို ဘုရင် တော့ဖြစ်ချင်တယ်ဗျာ…ချစ်ခြင်းအားဖြင့်..ကိုဆန်နီ 🙂

  • Sonny

    November 10, 2011 at 3:18 pm

    kai မင်္ဂလာပါ
    ဘာသာပြန်မြန်မာစာတွေကို ဘာလို့ မျဉ်းတားပေးထားတာလည်း ဆိုတော့ ဒီလိုပါ
    (၁)a good king ဆိုတဲ့နေရာမှာ ဘာသာပြန်ရတာ ဆီလျော်မှု့ ရှိဖို့သတိထားရပါတယ်။ strong ဆိုတဲ့နေရာ မှာပိုလို့ပင် ခက်တယ်ထင်မိပါတယ်။
    အဲဒီ strong အတွက် စကားလုံးရှာရာမှာ မြန်မာနိုင်ငံမှာလစဉ် ထုတ်တဲ့
    The future ဆိုတဲ့ Myanmar Business Report ကိုဖတ်ရင်းသွားတွေ့တယ်. (Oct Issue)
    “လက်ရုံးရည် နှစ်လုံးရည် ပြည့်ဝ” အဲဒါလေးသဘောကျလို့ပါ။ ကျန်စစ်မင်း၏ Resolution
    Monthly the Future Myanmar Business Report, October 2011, Vol.5 မှစိတ်ဝင်စားမိသော စာပိုဒ်လေးပါ၊ စာမျက်နှာ၁၄ မေးခွန်းနံပါတ် ရ လက်ရုံးရည် နှင့်နှလုံးရည် ကို ဆရာ သောင်းဝေဦးမှ……ဖြေထားပုံမှစိတ် ဝင်စား စရာ ကောင်းလှသည်။
    (လက်ရုံးရည် ကတော့အခြေခံ လိုအပ်ချက်ဖြစ်ပြီး
    နှလုံးရည် ပြည့်စုံသူမှသာ တို်င်းပြည်ကို ကြာရှည်အောင် အုပ်ချုပ်နိုင်မည် ဖြစ်သည် ) တဲ့။

    ထို့အတူ ပုဂံ ကျန်စစ်သားမင်း၏ ရွှေစည်းခုံ ကျောက်စာ တွင်ရေးထိုးထားသည့် ကျန်စစ်မင်း၏ မွန်မြန်မာစစ်ပွဲများကြောင့် ဒုက္ခခံစားခဲ့ကြသူပြည်သူများအတွက် အောက်ပါအတို်င်းရေး ထိုးခဲ့သည် ဟု ဆရာ သောင်းဝေဦးမှ တင်ပြထားသည်။ အလွန်ကောင်းသောတင်ပြချက်ပါ။

    “ များစွာသောခပ်သိမ်းသူအပေါင်းတို့သည် သားတကွဲမယားတကွဲ မိတကွဲ ဖတကွဲ ဖြစ်ကြရကုန်၏။ ထိုသူတို့၏ဆင်းရဲခြင်းဒုက္ခကို ငါငြှိမ်းပါအံ့။ ထိုသူတို့၏ မျက်ရည်ကိုငါသုတ်ပါအံ့။ ငါ၏လက်ဝဲလက်ဖြင့် ဝတ်စားတန်ဆာ ကို ငါပေးအံ့။ ငါ၏လက်ယာလက်ဖြင့် စားရေရိက္ခာကို ပေးအံ့။ အမိသည်သားငယ်ကို ရင်ခွင် တွင် နှစ်သိမ့်ပေး သကဲ့သို့ ငါသည်လည်းတိုင်းသူပြည်သားတို့ကို နှစ်သိမ့်ပေးအံ့ “ ဟု ဆိုခဲ့၏။
    ကျန်စစ်မင်း၏ Resolution (ခိုင်မာသော ဆုံးဖြတ် ချက် ) ကို ခံစားကြည့်ကြပါ။ You will feel something encouraging from it, yeah?
    ဆိုတော့ အကိုခိုင်ရေ…..(၂)အချက်ကကျွန်တော်ချစ်သောမြန်မာနိုင်ငံမှာလည်း
    နှလုံးရည် ပြည့်စုံသူမှသာ တို်င်းပြည်ကို ကြာရှည်အောင် အုပ်ချုပ်နိုင် စေချင်တဲ့ ကျွန်တော် ကိုယ့်ဘက်ဆွဲ
    ယူတဲ့အတွေးလေးကြောင့် လိုင်းတားရတာပါ..
    နောက်တစ်ခုကတော့ မြန်မာနိုင်ငံက မိဘတွေများ ဖတ်မိရင် ကလေးတွေကိုသူတို့ ဆန္ဒ ရှိတဲ့ အတိုင်းဇွတ်ပုံသွင်းတတ်ကြတာတွေ့ ရပါတယ်။ Properties and materials ( ရုပ်ဝထ္ထု ) အရေးမကြီးပဲ
    မေတ္တာတရားသာ သားသမီး ကို ပျော်ရွင်ချမ်းမြေ့စေတာ စေတနာနဲ့သိစေချင်ပါတယ်။
    (၃)အချက်က ဘာသာပြန်ရတဲ့ အနေအထားကိုလည်း English စာ လေ့လာသော မိတ်ဆွေ တွေအတွက်ပါ။ ကျွန်တော်ဘာသာပြန်တာ အတိမ်းအစောင်း မှားယွင်းရင်လည်း ပြုပြင်ပေးရန် ဖိတ် ိခေါ်ပါတယ်။ ချစ်ခြင်းအားဖြင့်…ကိုဆန်နီ…

    • kai

      November 10, 2011 at 3:44 pm

      ဘာသာပြန်တာလှလို့.. အဲဒီနေရာလေး သတိထားမိတာမို့.. မေးရတာပါ..။
      ဆရာကြီးသခင်ဘသောင်းလည်း အဲလိုပြောဘူးတယ်.။
      ဟိုဖက်ယဉ်ကျေးမှု..ဒီဖက်ယဉ်ကျေးမှု နားလည်ပြီးပြန်သင့်တယ်တဲ့..။

      အခုလို ရှင်းပြတာကျေးဇူးနော..။

  • Sonny

    November 10, 2011 at 3:31 pm

    MaMa ရေ..အပိုင်း(၁)မှာ ရှိတဲ့ context အရတော့ နန်းတော်အိမ်ကြီးကျယ်လွန်းလို့ ပွဲတော်တည်ခင်းတဲ့
    အစေခံမလေး Dining Room ဟင်းပွဲတွေသယ် အသွားလမ်းပျောက်သွားတဲ့သဘောပါ။
    Context အလွတ်တွေးမယ်ဆိုရင်တော့ ချစ်ခြင်းမေတ္တာပျောက်သွားတဲ့
    ခမ်းနားတဲ့အိမ်ကြီးကို သရော်(Satire) ထားတဲ့သဘော ရမှာပါ။ ဟုတ်ပါတယ် တေမိမင်းသားဇာတ် နဲ့ဆင်တူပါတယ်။ အာဏာမမက်တဲ့ ဘုရင်တွေဆို ကျွန်တော်သိပ်ကြိုက်တယ်။
    မမရော..မေတ္တာတွေ လှိုင်ဝေနေတဲ့ အိမ်ကြီးမှာနေသလား…:)
    ချစ်ခြင်းအားဖြင့်…ကိုုဆန်နီ…

    • MaMa

      November 10, 2011 at 9:04 pm

      ဆရာဆန်နီရေ-
      မေတ္တာတွေ လှိုင်ဝေနေတဲ့ အိမ်ကြီးမှာနေသလားဆိုတော့ …..
      မိဘတွေဆီကနေ အမွေရတဲ့အထဲမှာ ကိုယ်ကချစ်သော ကိုယ့်ကိုချစ်သော မိသားစုလေးက ကျမတန်ဖိုး အထားရဆုံးပါ။ 🙂

  • hmee

    November 10, 2011 at 8:21 pm

    အင်း တို့ရွာထဲတော့ အခုတလော ဝင်လာတဲ့သူတွေက မခေသူတွေ ကြည့်ပါပဲလား။ လေးစားရမဲ့သူတွေ တယောက်ပြီး တယောက် ထပ်ထပ်တိုးလာ ပြန်ပြီ။ စာကောင်းလေးတွေ ဖတ်လာရတာလည်း တကယ့် အခွင့်အရေးပါပဲ။ ကျေးဇူးတင်ပါတယ်။ မမကို မေးထားလို့ ကြားက ဝင်ပြောလိုက်ဦးမယ် ငယ်ငယ်ကတည်းက အဖေက အမြဲပြောတယ် “လူဆိုတာ ကိုယ်က အချစ်ခံခဲ့ရပါမှ သူတပါးကို တပြန် ချစ်တတ်တာ”တဲ.။ ကျွန်မကတော့ မေတ္တာတွေ လှိုင်ဝေနေတဲ့ အိမ်ကြီးမှာ တသက်လုံး နေခဲ့ရတော့ အခုဆို ကိုယ်တိုင် ကိုယ်နေတဲ့ အိမ်ကို မေတ္တာတွေ လှိုင်ဝေနေတဲ့ အိမ်ကြီး ဖြစ်အောင် ကြိုးစားနေပါတယ်။ 🙂

    • Sonny

      November 10, 2011 at 10:13 pm

      Hmee ရေ..လေးစားရမဲ့သူတွေ တစ်ယောက်ပြီး တစ်ယောက် ထပ်ထပ်တိုးလာ ပြန်ပြီ ဆိုတာ ဖတ်ရတော့ ကျေးဇူးတင်ပါတယ်။ ကိုယ့်ကိုယ်ကိုတော့မလေးစားမိသေးပါဘူး ကျွန်တော်ကိုဆန်နီ အများကြီးလူ့ကောင်းကျိူးအတွက်ကြိုးစားရဦးမှာပါ။ မှီတို့လို၊Kaiတို့လို၊Mamaတို့လို၊TTNUတို့လို၊ကိုပေါက်ဖေါ်တို့လို၊ကိုသစ်မင်းတို့လို၊poochတို့လို၊
      parlayar46တို့လို၊Foreign Residentတို့လို၊Shwe Eiတို့လို၊etoneတို့လို၊ရွှေအိမ်စည်တို့လို ၊ကိုပေါက်မန္တလေးတို့လို၊ စုံလှတဲ့ရွာ၊ မေတ္တာတွေ လှိုင်ဝေနေတဲ့ ရွာ Mandalay Gazette ကြီး ရှိနေသမျှတော့ကျွန်တော်ဆက်ပြီးဘာသာပြန်စရာတွေရှိပါသေးတယ်..
      ချစ်ခြင်းအားဖြင်..ကိုဆန်နီ…

  • windtalker

    November 14, 2011 at 8:49 pm

    ဆြာနီ ရေ
    အချို ့က ဆြာ ကို မြန်မြန်ရေးဖို ့ပြောနေပေမယ့်
    ကျုပ်အတွက်ကတော့ ဆြာ့ စာတွေ က ဖြေးဖြေးချင်း ဖတ်ရတဲ့
    အင်္ဂလိပ်စာ လေ့လာခွင့်ရတဲ့ ၊ ဖတ်လို ့အကျိုးရှိတဲ့ စာတွေပါ
    ထပ်ပြီးကူးထားလိုက်ပါပြီနော်
    တင့်ခရု ဗဲရီးမက်ချ် ပါ

Leave a Reply