အလိုရှိသည်

“အလိုရှိသည်”

အနံကြီးကွင်းကျယ်သူကို မကြိုက်တဲ့
ချစ်လူမိုက်က အရင်ရောက်လာပါတယ်။
“မပန်းရယ်မငိုနဲ့” လို့ချော့တတ်တဲ့
“တပင်ထဲရင်ထဲကနွယ်”ဆိုသူလဲပါရဲ့။
ဆိုးပေမိုက်လို့ နံပြားကြိုက်တဲ့သူက
ဘုန်းကြီးပါစေ အသက်ရှည်စေလို့ ဆိုရင်းအရောက်
ကျနော်သွားတော့မယ်လို့ တရားဝင်နှုတ်ဆက်တဲ့
မျှားဘုရင်ကလဲ ဧရာဝတီလို့ငိုညည်းရင်းဝင်အလာ
“မအေးကိုချစ်လို့ပါကွယ်”ဆိုပြီး မှပန်းနုရေလိုတမ်းတသူကလဲ
မထင်မှတ်ဘဲရောက်ခဲ့။
ဟင်္သာတို့ရဲနန်းတော်ရှေ့ကနေ “မိဖူး”ကိုတမ်းတနေသူ
အမှောင်ညကိုစွန့်သွားသူနဲ့အဉ္စလီ
ဒဏ္ဍာရီသီချင်းကို အတူညည်းနေကြမလား။
ချစ်ခြင်းအားဖြင့်လို့ ဆိုသူနောက်
တေးမြုံငှက်ပိုင်ရှင်ကလဲ ရောက်အလာ
ဂစ်တာလေးကိုဗိုက်ကြီးပေါ်တင် တင်တီးတတ်တဲ့
ကြက်ခြံထဲကလွမ်းတဲ့သူ။
ဟိုင်းဝေးစတားလို့အော်ရင်း
ဘေ့စ်ဂစ်တာကို လက်စွမ်းပြတဲ့ကိုတော်မီ။
ရေးသူ ဆိုသူ လူတော့စုံနေပြီ
ကီးဘုတ်ကိုစီးချက်နဲ့တီး
ဒရမ်ကြီးကိုခပ်ပြင်းပြင်းနှက်မယ့်သူ
နှစ်ယောက်တော့လိုနေပြီ
ကဲ ဘယ်သူအရင်လာမလဲ? ? ?

ကိုပေါက်လက်ဆောင် အတွေးစဉ်
9-11-2011)

9 comments

  • ပေါက်ဖော်

    November 9, 2011 at 9:24 am

    ကဖော်ရီး အရင်ရောက်လာပါဒယ်..လေးဘောက်ရ 😆

    ခေါင်းစဉ်မှာ အလိုရှိသည် မီဟုတ်ဘဲ..
    …………….အလိုရှီသည် ဖစ်နေဒယ်..
    တမင်ရေးထားတာလား ဆာပေါက်
    🙄

  • ပေါက်ဖော်ရေပြင်လိုက်ပါပြီ။
    မနေ့က မနက်က မန်းလေး32လမ်း-လမ်း80က တော့ချိုက်မှာတစ်ခါ
    နေ့လည်ရောက်တော့ လမ်း30။82-83ကြားကလက်ဖက်ရည်ဆိုင်မှာတစ်ခါ တေးရေးမင်းချစ်သူကိုမြင်လိုက်တယ်လေ။
    အဲဒီမှာ ဒီကဗျာလေးဖြစ်သွားတာ။
    အစကတော့ အတည်ရေးမလို့နောက်တော့ ထုံးစံအတိုင်း
    …………………………………….
    ဘယ်သူတွေသွားမလဲတော့ မသိဘူးနော်?

    • inz@ghi

      November 9, 2011 at 9:44 am

      ဟို မအောင်မြင်တဲ့တေးရေးရီးကို ခေါ်လိုက်ဗျာ ..
      အဲ့မှာ ချို တူ အောင်မြင်ရင် အောင်မြင်မှာ ခစ်ခစ်..

    • ပေါက်ဖော်

      November 9, 2011 at 10:10 am

      အဲလိုရှင်းပြမှပဲ ကဗျာ အဓိပ္ပါယ်ပေါက်တော့တယ်..
      အဟီး.
      🙄

    • ကိုရင်စည်သူ

      November 9, 2011 at 4:26 pm

      ကီးဘုတ်ကိုစီးချက်နဲ့တီး
      ဒရမ်ကြီးကိုခပ်ပြင်းပြင်းနှက်မယ့်
      ကျုံးတော်ကြီးမှာ ဗုံတော်ကြီးနဲ့
      အပြတ်တီးမယ့်… 😀 😀
      ဟော့ဒီက ဒလမ်သမား ကိုရင်က
      အသင့်ပါ.. ဖလာ့… 🙂 🙂 🙂

  • ကြောင်ကြီး

    November 9, 2011 at 10:02 am

    အလိုရှိဒယ်
    ပိုမိတယ်
    ဆိုမိတဲ့
    ငါ့အပြစ်..
    ခွေးလွှတ်ပါ
    ယုန်လွှတ်ပါ
    မွတ်တားရယ်
    ကျေနပ်ပါ။။။ 🙁

  • Moe Z

    November 9, 2011 at 4:21 pm

    ဒရမ်တော့မတီးချင်ဘူး ဗုံဆိုရင်တော့ တီးချင်တယ် 😛

  • windtalker

    November 9, 2011 at 7:58 pm

    ဘယ်သေသေ မနက်ဖန် ဘယ်သူ ့သားမက်ဖြစ်ဖြစ် ဆိုသော
    ကီးဘုတ် ပလေယာရှင်တို ့၊ ဒုတ် နှစ်ချောင်းကိုင်တို ့သတိပြုကြပါကုန်

Leave a Reply