ကျနော့ အတွေးခန်းတွင်း အဖြေထုတ်ကြည့်ခြင်း….

who whoNovember 9, 20111min560

ကျနော် မသိသေးတာတွေ သိလာရပြီးတဲ့နောက် ကျနော့ အတွေး များ ထဲမှာက ဒီလွတ်မြောက်ရာလမ်းရဲ့ မှတ်တိုင်များနှင့် သေခြင်း အကြောင်း တွေသာ ပြည့်နေပါတော့သည်။ ကျနော်စဉ်းစားကြည့်သည်။ ကျနော်လို နလပိန်းတုံးတောင် ခုမှသိပြီး ခုပဲ လွတ်မြောက်ရာလမ်းကို လျှောက်ချင် လာတယ်ဆိုတော့ သူများတွေကရော မသိကြသေးတာလား။ ဒါမှ မဟုတ် သိ ပြီးတော့ပဲ မလျှောက်ကြသေးတာလား ။ ဘာလို့ပါလိမ့် လို့ လျှာတွေ ရှည်နေ ပြန်ပါတယ်။ ကျနော်ကတော့ အရင်တုန်းက မသိခဲ့သေးတုန်းကတော့ ဘဝ ကြီးဟာ ဘာမှလည်း မဟုတ်သလို ခံစားရတယ်။ ခုတော့ အော် လူ့ဘဝ ရခြင်းသည်ပင် တန်ဖိုးမဖြတ်နိုင်ပါလားလို့ တန်ဖိုးထားတတ်လာပြီလေ။ နောက်ပြီး သေခြင်းတရား နှင့် ပတ်သက်လို့လည်း ကျနော် အပါယ်က လွတ် အောင် မရုန်းနိုင်သေးသမျှတော့ မသေချင်သေးဘူးလေ။ ဘာလို့လည်း ဆိုတော့ မတော် ဘာမှမလုပ်ရသေးပဲသာ သေသွားခဲ့ရင် ကျနော်တော့ အပါယ်သို့သာ တန်းသွားရပေဦးမယ်လို့လည်း ကိုယ်ကိုယ်ကို တွက်ထားတာမို့ နောက်ပြီး အပါယ်ကနေ ခုလို လူ့ဘဝရဖို့ ၊ သာသနာနဲ့ဆုံဖို့၊ ဆရာကောင်းနဲ့ တွေ့ဖို့ ဆိုတာတွေကလည်း ပြန်ရဖို့က မလွယ်တော့ဘူးမလား။ ဒီတော့ ကျနော့်အတွက် အသေမဦးခင် ဉာဏ်ဦးအောင် လုပ်နိုင်မှ ဖြစ်တော့မယ်။ ဒါတွေကြောင့် ကျနော် မသေချင်သေးဘူး။
ဒီနေရာမှာပဲ ကျနော့ရဲ့ ဒုတိယ မေးခွန်းလေးရဲ့ အဖြေက ထွက်သွား ပါတယ်။ ဒီအဖြေကလည်း ကျနော့ ရဲ့ ဉာဏ်ကလေး တစ်ထွာလောက်နဲ့ မြင် သလောက် တိုင်းဆပြီး ဖြေကြည့်ခြင်းပါနော်။ “လူတွေ ဘာလို့ သေမှာ ကြောက်ရသလဲ။” ဆိုတဲ့ မေးခွန်းရဲ့ အဖြေကို ကျနော် ဖြေကြည့်လိုက်မိတာ ကတော့ အပါယ်ကို ရောက်မှာ ကြောက်လို့ပဲလို့ အဖြေထွက်တယ်။ အကယ် လို့ ကျနော်တို့သာ အပါယ်ကနေ လွတ်ရာလွတ်ကြောင်းတွေနဲ့ အပါယ်လွတ် လမ်းကို ရောက်သွားအောင် ကျင့်ကြံနိုင်ခဲ့မယ်ဆိုရင် ဘာလို့ ငိုနေစရာ ၊ ဝမ်း နည်းနေစရာလိုလဲဗျာ။ သေပြီးရင် ဒီ့ထက်ကောင်းတဲ့ ဘုံဘဝတွေကို တက် လှမ်းရမှာပဲလေ။ ဘာကိစ္စ သေမှာ ကြောက်နေတော့မှာလဲနော်။ သေမှာ ကြောက်တယ်ဆိုတာကိုက သေပြီးရင် ရောက်ရမယ့် အပါယ်ဘုံကို မရောက် ချင်ကြလို့ ၊ ရောက်မှာ ကြောက်နေကြလို့ပဲလို့ ကျနော်တော့ အဲလိုပဲ ယူဆ မိတယ်လေ။ အင်း…ဒီမှာပဲ ကျနော့ စိတ်ထဲမှာ အမြဲသိချင်နေတဲ့ ဘာလို့ သေမှာ ကြောက်ကြရတာလဲဆိုတဲ့ မေးခွန်းလေးရယ်။ နောက်ပြီး ဘယ်လိုလူတွေ သေမှာ မကြောက်ကြ တာလဲဆိုတဲ့ မေးခွန်းတွေရဲ့ အဖြေက ထွက်သွားပါပြီ။
အင်း အရင်ကတော့ မသေခင် ဒီမေးခွန်းရဲ့ အဖြေလေးတော့ သိချင် သေးတယ်လို့ ရည်မှန်းထားခဲ့တာလေး ပြည့်သွားပေမယ်။ ခုတော့ သေလို့ မဖြစ်သေးပါဘူး။ သိပြီး မကျင့်ပဲ သေသွားလို့ကတော့ ကျနော်လည်း အပါယ် ရောက်မှာ ကြောက်ပြီး သေရတဲ့ အဖြစ်မျိုးနဲ့ ကြုံရဦးမှာမို့ ခုရှိတဲ့ ရှင်နေဆဲ အချိန်လေးကို တန်ဖိုးထားလို့ အပါယ်လွတ်ဖို့သာ ကြိုးစားရုန်းထွက် ပါတော့မယ်ဆိုတာ သံဓိဋ္ဌါန်ချရင်း ကျနော့ရဲ့ ဘဝမေးခွန်းလေးကို ဖြေလိုက်ရပါတော့တယ်။