ကြုံတတ်တဲ. အကုသိုလ်

ထာ၀ရNovember 9, 20111min10013

 

ငြိမ်းလူ မင်းလဲ အသက်ကမငယ်တော.ဘူး ခုထိမိုက်နေတုန်းဘဲလား

ရွာဦးကျောင်းဆရာတော်ရဲ. ဆိုဆုံးမစကားသံပါ

 

မှန်လှပါ တပည်.တော် ကျိုးစားပြီး သီလဆောက်တည်နေပါတယ်ဘုရား လို.

ပြန်လျောက်လိုက်တော.  ဆရာတော်ကပြုံးပြီး  ဟေ.. လုပ်စမ်းပါအုံး

ဘယ်လိုသီလတွေဆောက်တည်နေတာလဲ ဆို ပြီးပြန်မေးတယ်လေ..

 

တပည်.တော် သူများ အသက်ကိုမသတ်အောင် ရှောင်ကျဉ်ပါတယ်ဘုရား

ယုတ်ဆွအဆုံး  ခြင်လေးတကောင်တောင်  သေစေလိုတဲ.စိတ်နဲ.

မသတ်တော.ပါဘူးဘုရား ဒါပေမယ်.လမ်းသွားရင်းနဲ.အကောင်တွေ

ဘာတွေတော. တက်နင်းမိတာပေါ. ဘုရား

ဒါလဲ မနောကံနဲ. ဝစီကံနဲ. သေစေလိုတဲ.စိတ်နဲ.တော. နင်းသတ် ခဲ.တာ

မဟုတ်ပါဘူး ဘုရား  ကျန်တဲ.  သူများပစ္စည်းခိုးတာတို. သူတပါးသားမယား

ပြစ်မှားတာတို. လိမ်ညာပြောတာတို.  အရက်သေစာသောက်စားတာတို.ကတော.

တခါတလေ မနောကံမှာ ပေါ်လာပေမယ်.  ကာရကံမြောက် မကျုး လွန်ဘူးပါဘူးဘုရား

လို. စာသံပေသံနဲ. ဘုန်းဘုန်းကိုပြန်လျောက်ထားလိုက်တော. ဘုန်းကြီး လဲ

ပြုံးပြီးသာဓု ခေါ်တာပေါ. နောက်တော. ဆရာတော်ကို ဦးချပြီး ကျောင်းပေါ်ကပြန်

ဆင်းခဲ.တယ်လေ

 

 

ပြသနာက အဲ.ဒီမှာစတာ….

ကျောင်းအောက် ရောက်တော.  ချွတ်ထားခဲ.တဲ.ဖိနပ် က မရှိတော.ဘူး မနေ.ကမှ

ဝယ်စီးတဲ.ဖိနပ် အသစ် လေး ဆိုတော. နှမြော တာပေါ.. ကျောင်းကကိုရင်လေး

တွေကူပြီးဝိုင်းရှာပေးတော. ပြန်တွေ.မယ်.တွေတော. ကျောင်းမှာ မွေးထားတဲ.

ခွေးကကိုက်ထားတာ စုတ်ပြတ်သတ်လို. စိတ်ထဲက ထောင်းကနဲ ထွက်လာတဲ.

ဒေါသကို အမြန်မြိုချလိုက်ရတယ်၊

 

 

ကျောင်းကကိုရင်တွေကဖိနပ်တရံပြန်စွန်.လိုက် လို.စီးပြီးအိမ်ပြန်လာပေမယ်.

ကို.ဖိနပ်အသစ်လေး ကိုနှမြောတဲ.စိတ်ကတော.ကျန်နေတာပေါ. အိမ်နားရောက်လို.

ခြံထဲဝင်မလို.လုပ်တုန်း ပြုန်းဆို ခြံထဲ ကနေ ခွေးတကောင် ထွက်လာတာတွေ.ရတယ်

သူ.ပါးစပ်မှာလဲ ဖိနပ်တဖက်ကိုက်ရက်သား …..

 

 

ဘာပြောကောင်းမလဲ ခုနကဒေါသက ၂ဆ တက်သွားပြီလေ…

ပါးစပ်ကလဲ ဆဲရင်းသေစမ်းကွာဆိုပြီး နီးစပ်ရာမှာတွေ.တဲ. ခဲ နဲ.ကောက်ထုလိုက်တာ

အကုသိုလ် များ အကျိုးပေးချိန်ရောက်တော. ၁ဝခါပစ် ၁ဝခါလွဲမယ်.လက်က ဒီ

တခါ ဒေါသနဲလဲ ပစ်ရော ခွေးကိုချက်ကောင်း ဖြစ်တဲ.ခေါင်းတန်းမှန်တော.တာဘဲ

ခွေး လဲ တချက်ဘဲ အော်နိင်ပြီး ပေတရာလမ်းပေါ် လဲကျသွားတယ်

ဖြစ်ချင်တော.အဲဒီအချိန်မှာဘဲ ကားတစီးကလဲ ဖြတ်အမောင်း မြင် မကောင်းအောင်

ဘဲ တပိုင်းစီ ဖြစ်သွားတော.တယ်

 

ခွေးအဖြစ်ကိုမြင်ပြီး ပထမဆုံး သတိယသွားတာက ငါဟာ ဒေါသကြောင်.

မနောကံနဲ. ခွေးကိုသေစေချင်ခဲ.တယ် ဝစီကံ နဲ.လဲသေစမ်းဆိုပြီးအော်မိခဲ.တယ်

ကာယကံမြောက်လဲ ခဲကျိုးနဲ.ထုမိခ.ဲတယ် ခွေးလဲသေသွားပြီ   ငါတော.

ပါဏာတိပါတာကံကို အတိအကျ ကျူးလွန်မိပြီနဲ.တူတယ်ဆိုပြိီး စိတ်ထဲမှာ

ဒီအပြစ်ကိုဘယ်လို ဖြေရမလဲဆိုပြီး ဘုန်းဘုန်းကိုမေးလျောက် ဘို.ခြေလှမ်းတွေ

ကို ရွာဦးကျောင်းဆီ ပြန်လှည်.မိပါတော.တယ်….

 

 

 

 

( ပုံပြင်လေးတပုဒ်ပါ  အဲဒီပုံပြင်ထဲကလူကြီးလိုမျိုး အပြင်မှာ

လည်းကြုံတတ်တာမို. အတွေ.အကြုံလေးများရှိရင်

ဘယ်လို စိတ်ကိုဖြေနိင်မလဲ ရွာသားတွေကျေးဇူးပြုပြီး အကြံ ပေးကြပါအုံး )

 

 

 

 

13 comments

  • small cat

    November 9, 2011 at 1:05 pm

    ကိုအမြဲတမ်းရယ် ၊ အကိုစားမဲ့ ဟင်းကို
    ကြောင်လေးတစ်ကောင်နှိုက်စားရင် ဒေါသကိုထိမ်းဖြစ်အောင်ထိမ်းလိုက်ပါနော်၊
    နော်လို့။

  • Foreign Resident

    November 9, 2011 at 1:23 pm

    ပါဏာတိပါတာကံ မထိုက်ဘူးထင်ပါတယ် ။
    ကိုယ့်ကြောင့်ခွေးသေတာမဟုတ်ပါဘူး ။

  • amatmin

    November 9, 2011 at 1:37 pm

    ကျွန်တော် အဲဒီအဖြစ်ဆန်ဆန်ပို့စ်လေးတင်ခဲ့တုန်းက..ဆရာကိုသစ်မင်း မန့်ထားတာလေးကို ပြန်ရှယ်လိုက်ပါတယ်ဗျာ.

    “..အကုသိုလ်ကိုမေ့ပျောက်ရာ၏
    ကုသိုလ်ကိုကားအဖန်ဖန်တလဲလဲသတိရ ရာ၏။
    ကိုယ်မလုပ်သောအကုသိုလ်ကို ကိုယ်လုပ်သကဲ့သို့မခံစားရာ
    ကိုယ်မလုပ်သော ကုသိုလ်တရား ကို ကိုယ်လုပ်သကဲ့သို့ ဝမ်းမြောက်ဝမ်းသာ နုမောဒနာပြုရာ၏.. “

  • small cat

    November 9, 2011 at 1:38 pm

    အကိုဖောရေ ၊ခဲနဲ့ပစ်လိုက်တုန်းက ဒေါသကြောင့်သေစေချင်တဲ့စိတ်ရှိနေရင်၊ သူ့ရဲ့ပယောဂကြောင့် သေခြင်းကိုဖြစ်ပေါ်စေတယ်လို့စိတ်ထဲမှာမှတ်နေရင်၊အသက်ရှိတဲ့ခွေးလည်းဖြစ်တယ် ၊သေလည်းသေသွားတယ်၊သေမှန်းလည်းသိတယ်၊ ဆိုတော့….
    ခဲနဲ့ပစ်လိုက်တာဟာ သူ့စိတ်ထဲမှာ သေအောင်အားထုတ်လိုတဲ့ဆန္ဒရှိမရှိရယ်၊ ပစ်တုန်းက သေစေလိုတဲ့စိတ်ရှိမရှိဆိုတာက သူပဲ သိနိုင်ပါလိမ့်မယ်။

    • Foreign Resident

      November 9, 2011 at 3:04 pm

      ခွေး က ကားကြိတ်လို့ သေတာလေ ။
      ခဲ ထိလို့သေတာမှမဟုတ်တာ ။

  • forever

    November 9, 2011 at 2:17 pm

    ကြောင်ငယ်ရေ
    ( ကြောင်သေး လို.ဘာသာပြန်ရတာမကောင်းလို. )
    အကိုက သတ်သတ်လွတ်စားတာ ဆို တော. အကို.ဟင်းကို
    ကြောင်လေးကြိုက်မယ်မထင်ပါဘူး ဝင်နိက်စားရင်လဲ အသံလေးတော.ပေးနော်
    တော်ကြာ မသိဘဲကြောင်ငယ်လေးပါရောဝါးမိလို…. အဓိဋ္ဌန် ပျက်မှာစိုးလို.
    ( ဟာဟား စတာနော်)

  • kai

    November 9, 2011 at 3:39 pm

    ခွေးပိုင်ရှင်ရှိရင်.. ကြွေးထားတဲ့သူရှိရင်တော့ ..အကုသိုလ်ဖြစ်မှာပဲ..။
    အဲဒီသူနဲ့ရှင်းရလိမ့်မယ်..။ တောင်းပန်လိုက်ပေါ့..။

    လောလောဆယ်တေ့ာ.. လမ်းဘေး..ခွေးတကောင်သေနေတဲ့အတွက်.. လမ်းသွားလမ်းလာတွေ ကားအသွားအလာ.. အနှောက်အယှက်ဖြစ်ပါတယ်.။
    ကိုယ့်ပယောဂမကင်းတာမို့.. ကားနဲ့တိုက်သူက ဂရုမစိုက်ထားခဲ့ရင်လည်း.. ကိုယ်တိုင်..ခွေးကိုအမှိုက်ပုံပစ်..လမ်းကို ဆေးကြော…သန့်စင်ပေးလိုပါကြောင်းနဲ့..။
    ဘေးမှာ ကလေးသူငယ်များရှိရင်လည်း သွေးသံရဲရဲကြောက်တတ်သွားမှာမို့.. သွားရှင်းပြ ချော့မော့..အုပ်ထိန်းသူကိုတောင်းပန်..စတာတွေလုပ်ပေးလိုက်ရင်ကောင်းမှာပါ..။

    တဒင်္ဂဒေါသရဲ့အကျိုးဆက်တွေပေါ့နော..။ 😆

  • ပေါက်ဖော်

    November 9, 2011 at 5:43 pm

    ဆတ်သားခြောက်ထဲ ရောဖို ့…သာကေတ သွားပို ့ရင် ခိုင်မယ်နော်..
    စိတ်ကူးမလွဲနဲ ့….
    😆

  • forever

    November 9, 2011 at 7:13 pm

    သကြီးကတော. ကန်.လန်တိုက်ပြီ..
    ကိုယ်ကြောင်. ခွေးသေပြီ ဆိုပြီး ငါတော.အကုသိုလ်ဖြစ်ပြီ
    ဆိုပြီး တကိုယ်ကောင်းဆန်စွာ ခွေးသေရတာကို မစာနာဘဲ
    ကိုယ်.ဘို.ဘဲ တွက်ပြီး ခြောက်ခြားနေတဲ.လူကြီး က
    ခွေးသေကို အမိုက်ပုံယူသွားပစ်ဘို. လမ်းကိုသန်.ရှင်းရေးလုပ်ဘို.
    ခိုင်းနေသေးတယ် ( သူကြီးစကားအတိုင်းမတူတဲ.အမြင်နဲ. ပြော ကြည်.တာနော် )

    နောက်ပြီး ခွေးကြောင်ကျွဲနွား တွေကို ပိုင်ရှင်တို. သခင် တို. အမည်တတ်ပြီး
    ခို်င်းစားနေတဲ.လူတွေဟာ တကယ်တော. တိရိစ္ဆန် အခွင်.အရေးကို ချိုးဖေါက်
    နေတာဘဲ …. ဟုတ်တယ်နော် ကိုကြောင်ကြီး….

  • windtalker

    November 9, 2011 at 7:38 pm

    အဖြေတော့ မပေးတတ်ပေမယ့်
    ကိုငြိမ်းလူ အရေးအသားကတော့ ရှယ်ဘဲဗျာ
    ကွက်ကွက်ကွင်းကွင်း မျက်လုံးထဲ မြင်မိသလိုပါဘဲ

  • koyinmaung

    November 9, 2011 at 8:58 pm

    ကိုဖောရေ…ဒီလိုတွေးကြည့်ပါလား
    ခွေးလေးရေ ငါငရဲကြီးပေမဲ့
    မင်းခွေးတိရတ္ဆန်ဘဝကလွတ်မြောက်သွားပြီလို့…..
    ဖြေတွေးလိုက်ပေါ့…….

  • naywoonni

    November 9, 2011 at 10:04 pm

    ကိုရင်မောင်ရယ်…။ ခွေးက တိရိစ္ဆာန်ဘဝက လွတ်ပေမဲ့…။ ဘယ်ဘဝရောက်သွားမှန်းမှမသိတာဗျာ….။ သတ္တဝါတွေ သေရမှာကြောက်တာ အဲဒါပဲဗျ…။ ကိုယ်သေရင် ဘယ်ဘဝရောက်မယ်မှန်းမသိလို့…။ ခုလက်ရှိတဲ့မြင့်မဲ့နေရာကိုရောက်မယ် ဆိုရင် သေမှာဘယ်ကြောက်နေမလဲဗျာ…။ ဒါပေမဲ့ …အရင်ဘဝတို့နောက်ဘဝတို့ဆိုတာက ကိုထီးသီချင်းထဲကလို ရေကြည်ထဲကလရိပ်လေးပါဗျာ…။ ခုဘဝမှာကောင်းတာလုပ်တာက သေချာပါတယ်…။ ကိုယ်လည်း သေသေချာချာသိရတယ်…။ နောက်ဘဝတွေ အရင်ဘဝတွေက မသေချာလှပါဘူး…။

    • ဟုတ်ပေ၏။ မှန်ပေ၏။ ရှေ့ဘဝ၊ နောက်ဘဝဟူသည်ကား လွန်စွာမှပင် ပုံပြင်ဆန်လှပေသည်။ အဘယ်သို့ကြည့်ကြည့် မသိမြင်နိုင်ကုန်။ မောဟများ ဖုံးလွှမ်းလွန်းနေသောကြောင့်သာ ဖြစ်ပေလိမ့်မည်။ အသက်ရှင်သော သတ္တဝါတိုင်း မိမိအသက်ကို ချစ်မြတ်နိုးကြသည်သာဖြစ်သည်။ ချစ်မြတ်နိုးခြင်း အလျဉ်းမရှိတော့သောသူများမှာ တန်ဖိုးမထားကြသူများသာ ဖြစ်ကြပေလိမ့်မည်။ ရုပ်နှင့်နာမ် တွဲလျက်ရှိနေစဉ်သာ ” ကံ “ဟူသော အမှုကို ပြုနိုင်ကြပေသည်။ ခွေးတစ်ကောင် သေဆုံးသွားခြင်းအတွက် ဝမ်းနည်းနေသူမရှိသည့်အတွက် တန်ဖိုးမရှိဟုမဆိုအပ်။ ထိုခွေးအတွက်မူကား ကြီးစွာသော ဆုံးရှူံးခြင်းသာ ဖြစ်တော့သည်။ မြန်မာဘာသာဝင်များ(မည်သည်ဟုမဆိုလို) သတိကြီးစွာ ထားအပ်ပေတော့သည်။

Leave a Reply