ကိုကြောင်သို့…..(၂) (ဂျပန်ကပေးတဲ့အကောင်းဆုံးLessons )

thit minNovember 10, 20112min28422

(ဆရာခိုင်၊ ကိုFR၊ ကိုကြောင် ၊ကိုဇာဂီ  ၊ကိုထူးဆန်း၊ ကိုပါလေရာတို့၏

ဆွေးနွေးချက်များအားကျနော့၏အသိလက်တွေ့ အမြင်များပေါင်းစပ်၍ပြန်လည်ရေးသားပါသည်။)

 

(၁)တိကျသေခြာမှု

(၂)စိတ်အဆင့်အတန်း

(၃)ရိုးသားခြင်း(မျက်နှာလွဲလို့ရခြင်း)

(၄)အစုံကျွမ်းကျင်လုပ်သား

(၅)လူကိုတန်ဘိုးထားခြင်း

(၆)အလုပ်ကိုတန်ဘိုးထားခြင်း

(၇) တသွေးတသံတမိန့် ( Comapny Warrior )

အထက်ပါရ ချက်ကတော့ အရင်ပို့စ်ကဂျပန်တို့ရဲ့အားထားပြုခဲ့တဲ့အဓိကအချက်တွေပါ။

အဲဒီအချက်တွေကိုခြုံငုံခေါင်းစဉ်အားဖြင့်စီးပွါးရေးဆိုဒ်ကအရင်ပြောပါမယ်နော်။

ခေါင်းစဉ်ဆိုပေမဲ့အောက်မှာရေးပါ့မယ်။ရှင်းချင်လို့ပါ။

(၁)တိကျသေခြာမှု

(၂)စိတ်အဆင့်အတန်း

(၃)ရိုးသားခြင်း(မျက်နှာလွဲလို့ရခြင်း)

(၆)အလုပ်ကိုတန်ဘိုးထားခြင်း

စွမ်းဆောင်နိုင်သောအရည်အသွေး(Capability=Absolute Advantage) = ပင်ကိုယ်အရည်အသွေးအပေါင်း၊

ပတ်ဝန်းကျင်ရဲ့ထိန်းကြောင်းမှုပါ, အရေးပါပါတယ်။ယူထိုက်တဲ့နည်းပါ။

(၄)အစုံကျွမ်းကျင်လုပ်သား

စရိတ်ခြိုးခြံထုပ်လုပ်ခြင်း(Cost-Effectiveness) =လူတယောက်ထဲနဲ့လစာတခုထဲနဲ့အများကြီးခိုင်းလို့

ရတာမျိုးပါ။အလုပ်သမားကိုစိတ်ဖိအားStress ရစေပါတယ်။အပေါ်က (Capability) ကိုကျသွားစေပါတယ်။

(၅)လူကိုတန်ဘိုးထားခြင်း

လူသားအရင်းအမြစ်ဖော်ထုတ်ခြင်း(GeneratingHumanResources) =သုံးလို့မရတဲ့သူမရှိဘူးဆိုတဲ့ခံယူချက်ပါ။

တော်တော်ကောင်းပါတယ်။လူကိုအသုံးဝင်လာအောင်လုပ်တဲ့နည်းမို့ယူထိုက်ပါတယ်။

(၇) တသွေးတသံတမိန့် ( Comapny Warrior =ကုမ္မဏီစစ်သည်တော်များ)

စီမံခန့်ခွဲမှုထိန်းချုပ်မှု (Managerial control system)=လုံးဝတင်းကြပ်လွန်းတဲ့အုပ်ချုပ်မှုစနစ်ပါ။

အပေါ်ကလိုဘဲစိတ်ဖိအားရခြင်း၊စွမ်းဆောင်ရည်ကျလာခြင်း၊စက်ရုပ်ဆန်လာခြင်း၊တို့နဲ့

အတူနောက်ဆက်တွဲကအပေါ်ကအချက်တွေကိုပါအလွန်အကျူးလိုက်နာလာပါတော့တယ်။မိသားစုနဲ့

ဝေးကွာလာပြီး၊အလုပ်မှအလုပ်ဖြစ်လာပြီး၊နောက်တဖြည်းဖြည်းဆုံးဖြတ်ချက်မချတတ်(သို့)

မှားယွင်းဆုံးဖြတ်မှုတွေဖြစ်လာတော့တာပါဘဲ။

ထူးခြားတာကသူတို့အားလုံးကွန်ဆာဗေးတစ်(ရှေးရိုးစွဲ)တွေဖြစ်မှန်းမသိဖြစ်ပြီးနောက်ဆုံးကျဆုံးရတာပါ။

ကျနော်ထပ်ပြောပါမယ်။အမိန့်နာခံလုပ်ဆောင်ခြင်းဟာကောင်းပါတယ်။လိုအပ်ပါတယ်။အများနဲ့

ညှိနှိုင်းပြီးဆုံးဖြတ်ချက်အပေါ်ကအမိန့်မျိုးကိုကျနော်တို့ဖန်တီးနာခံဖို့လိုပါလိမ့်မယ်။

တော်တော်(Morality) အကျင့်သီလပြည့်စုံတဲ့ ခေါင်းဆောင်တွေတောင်မှားရင်ဆေးမရှိပါဘူး။

ရိုးရိုးသားသားစေတနာအမှားဆိုပေမဲ့အမှားရဲ့နောက်ဆက်တွဲမကောင်းတဲ့ရလာဒ်ကိုအားလုံးခံကြရတာပါဘဲ။

စဉ်းစားသာကြည့်တော့မရိုးမသားMorality မရှိတဲ့ ခေါင်းဆောင်တွေမှားတာမျိုးကြတော့ လိမ့်နေအောင်ခံရတာ

ဘယ်ဆန်းမလဲဗျာ။

အောက်ကအချက်များကဂျပန်စီးပွါးရေးကိုဆိုးဝါးစေခဲ့တဲ့အဓိကအချက်များပါ။

တနည်းပြောရမယ်ဆိုရင်

ကောင်းတဲ့အချက်တွေကျနော်တို့ယူ၊မကောင်းတာတွေပယ်ပြီး၊လုပ်လို့ရမဲ့နည်းလမ်းလေးတွေရှာကြည့်ဖို့ပါ။

ဂျပန်ကပေးတဲ့အကောင်းးဆုံးလက်စင်Lesson တွေ

ဂျပန်ကပေးတဲ့အကောင်းးဆုံးလက်စင်Lesson တွေ ကိုအောက်မှာရေးကြည့်ရအောင်နော်

 

၁။ နည်းပညာအဆက်ပြတ်မှု

“အာကီယိုမိုရိတ”ဟာဥပဒေဘွဲ့ရ၊ရေတပ်စစ်ဗိုလ်လေးပါ။၁၉၄၆ကတည်းကလုပ်လာခဲ့တဲ့သူ့

ရဲ့ဆက်သွယ်ရေးကုမ္မဏီလေးကို၁၉၅၈ခုနှစ်မှာEnglishလို”Sound”ကိုလက်တင်လို(Sony)ဟုခေါ်

သောစကားလုံးကိုယူ၍ဆိုနီလို့အမည်တပ်နောက်ထရန်စစ်စတာရေဒီယိုလေးတွေကိုတကမ္ဘာလုံးကို(၇၂)

ဘီလီယံဘိုးရောင်းပြီးနာမည်ကျော်လာခဲ့ပါတယ်။

October3, 1999 မှာမိုရိတသေပြီးငါးနှစ် (၂၀၀၄ ခုနှစ်ပိုင်း) မှာဆိုနီဟာထိပ်ဆုံးကိုရောက်ခဲ့ပါတယ်။

ဒါပေမဲ့၂၀၀၅ ခုနှစ်ထဲမှာ ဆိုနီရဲ့နာမည်ကျော်ဖလက်တီဗီ(လုံးရေသန်းချီ) ပို့လိုက်တဲ့ အီးယူနိုင်ငံတွေက

” RECH/WEE”လို့ခေါ်တဲ့ကုန်သွယ်ရေးစည်းမျဉ်းအရRadiation ရေဒီရေးရှင်း(ဓာတ်ရောင်ခြည်)ဆိုးကျိုး၊Solid

Waste လျှပ်စစ်စွန့်ပြစ်ပစ္စည်းအကျိုးသက်ရောက်မှု၊လူသားကျန်းမာရေးစံနှုန်းလွဲညွန်ပြမှူ

(ဘယ်လောက်ကြာကြာကြည့်ရင်ဘယ်လိုဖြစ်တတ်တယ်ပေါ့)တွေ

ရေးထားတဲ့ လမ်းညွန်မပါလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ (မိတ်ဆွေရင်းကြီးကို)ညင်းလိုက်ပါတော့တယ်။

နည်းပညာနဲ့ဈေးကွက်ရဲ့အပြောင်းအလဲဟာသတိတချကလစ်လိုက်တာနဲ့ “မှောက်”ပါတယ်။

(မိုရိတက English စာ သင်ဘို့အားပေးခဲ့သူအဖြစ်ထင်ရှားပါတယ်၊

သူတို့ Company  တောင်အဲဒီလိုဖြစ်သေးရင်ဆိုတဲ့အတွေးစလေးပါ)

တိုရှိဘာ၊မစ်ဆုဘိရှိများထက်ဈေးကြီးတဲ့ဆိုနီရဲ့အဓိကဈေးကွက်တခုတဖြည်းဖြည်းပြိုလဲလိုက်လာတာကိုတွေ့

ရပါတယ်။

SONY အဲဒီနောက်ပိုင်းဈေးကွက်ပျက်မိတ်ပျက်ဖြစ်နေတုန်းက မက္ကစီကိုမှာ(၁၉၉၄)နတ်ဖတာ(NAFTA =North

American  Free Trade Area – USA,Canada and Mexico လို့

ခေါ်တဲ့အမေရိကန်ဖရီးထရိတ်ဂွင်ထဲကနေကနေအခွန်သက်သာစွာပို့လို့ရအောင်

အမြန်ဆုံးစက်ရုံလာတည်ထားတဲ့Korea samsungဆမ်ဆောင်းက သူ့ထက်ဈေးချိုတာကိုးဗျ။

ကိုဆမ်ဆောင်းကထိုးဖောက်တာမှ အမေရိကရော၊ ဥရောပရော၊ဂျပန်မချန်ကစ်တာနော်။

မရိုးသွားအောင်ဂိုးလ်စတား ကလဲကပ်လိုက်ပေးတော့။

ဈေးလဲမချနိုင်ဘဲ ဒို့ဟာကကွာလတီကောင်းတယ်ကွလို့ အော်ရင်းအော်ရင်း ဂျပန်အချင်းချင်းတောင်လတ်တို့

ပြီးရှောင်ကုန်ကြပါရောလား။

ကိုရီးယားမိတ်လေးတွေ ဈေးသက်သာတယ်၊သုံးပျော်ပါတယ်တဲ့…….။

ဘာလို့လဲဆိုတော့ဈေးကွက်ပါရမီရှင်အရည်ချင်းနဲ့ နည်းပညာမှော်အောင်ခဲ့တဲ့ဂျပန်ဟာဈေးကွက်မှာ

သူမယှဉ်နိုင်တဲ့ဈေးနှုန်းနဲ့အထိုးဖောက်ခံရလိုက်တုန်းမှာသူ့ရဲ့ (Tech-Wizard) ကသူ့ကိုကယ်စရာမှော်ကြိမ်လုံး

(သို့)(ဈေးကွက်ဝင်)နည်းပညာအသစ်၊မထွက်လာတော့ပါဘူး။

အံ့ဩရလောက်အောင်ကိုသူဟာဂလိုဘယ်လိုက်ဇေးရှင်းရဲ့နောက်ဆုံးလှိုင်း

(နည်းပညာပေါက်ကွဲမှုလှိုင်း=Wave of tech burst after tech boom )အောက်မှာတဖြည်းဖြည်းချင်းနစ်မြုပ်လို့

နေပါတယ်။

၂။ဘာသာစကားအတားအဆီး(Language Barrier)အရ ပြည်တွင်းဈေးကွက်တွင်”ဂျပန်”

ကိုဘဲတားဂတ်ထားဦးစားပေးထုတ်တဲ့လုပ်ရပ်

တိုကျိုရဲ့အကိရဘရ လိုမျိုး လျှပ်စစ်ဆိုင်အုပ်စုလောက်မှာဘဲEnglish Manual  မဲန်နူရယ်နဲ့

ပစ္စည်းဂျူတီဖရီး(Duty Free) ဆိုင်တွေမှာဝယ်လို့ရမည်။

ဆိုင်တချို့မှာလဲနဲနဲပါးပါးရနိုင်သည်။

သို့သော်အများစုကဂျပန်မဲန်းနူရယ်(Manual)ဘဲရှိသည်။

ဂျပန်ရောက်နိုင်ငံခြားသားများလိုချင်ရက်နဲ့တချို့ဂျူတီဖရီးဆိုင်ရှိရာပြေးရသည်။

အဲဒီဆိုင်မျိုးကနေရာတကာရှိသည့်မဟုတ်၊လိုချင်သောအရာတိုင်းလဲရှိသည်ဟုမပြောနိုင်။

မဖြစ်လောက်ဟုထင်စရာရှိသော်လည်း

ဈေးကွက်ဆိုသည်မှာဈေးကွက်သာဖြစ်၍တဖြေးဖြေးထိခိုက်လာတာကတော့အမှန်။

စင်ကာပူကဝယ်မယ်ဟုဆိုသူကဆိုသည်။

ရှေးရိုးဆန်စွာ(အပေါ်က ဘားသာစကားအတားအဆီးကိုဖယ်ထုတ်နိုင်အောင်) English စာမသင်ကြဘူး၊

သူများဘာလုပ်နေလဲလို့လိုက်မကြည့်နိုင်အားအောင်အလုပ်ရှုပ်နေတယ်။

KoreaမှာTOEFL တိုဖယ်အမှတ် ၅၀ဝ ကျော်မှအလုပ် ခန့်တဲ့ Company တွေများလာချိန်၊ Japan

တော်တော်များများကျနော်ပြောခဲ့သော”Howare you?”   နှင့် “Who are you?”

ကိုတောင်မှန်အောင်မပြောနိုင်သေး။ဝမ်းနဲစရာ။

 

၃။ ဈေးကွက်အမျိုးအစားနည်းပါးမှု

ဒီနေ့ခေတ်ကကမ္ဘာ့အကောင်းဆုံး Brand ဘရန်းတွေကိုရှာကြည့်ပါ။ဂျပန်တံဆိပ်ကTop Ten မှာမပါတော့ပါဘူး။

ပေါက်ခဲ့တုန်းကလဲဒီအီလတ်ထရောနစ်နဲ့ ကား၊ကားပစ္စည်းတာယာတွေမဟုတ်လား။ မဟုတ်လား။

ယူအက်စ်လို Jean, Adidas,စီးကရက်၊ရုပ်ရှင်၊ကိုကာကိုလာ၊ကော်ဖီဆိုင်၊ဟန်ဘာဂါ။ကြက်ကြော်၊ဒစ်စနေ၊

ဟယ်ရီပေါ်တာ၊အများကြီးနဲ့ထိန်းရကောင်းမှန်းမသိဘူး။

ဂျပန်ကား၊ဂျပန်ကားဘဲမဟုတ်လား၊အဓိကက။

ဒီအီလတ်ထရောနစ်နဲ့ကားလဲကားသွားရော၊ကယ်စရာတခြားဈေးကွက်မရှိတော့ပြီ။

စား၊ဝတ်၊နေရေး(Food,Clothing,Shelter)ဆိုတဲ့၃ခုအခြေခံမှာ သွားလာရေး(နေရေး)နဲ့ပတ်သက်တဲ့တခုထဲဘဲ

လောက်လောက်လားလားဆိုတော့နောက်ဆက်တွဲက  ဒီလိုဖြစ်တာပေါ့လေ။

 

၄။လူနည်းစုအုပ်စိုးဈေးကွက်စီးပွါးရေးပုံစံ

ဈေးကွက် ပုံစံ ၄ မျိုးရှိသည့်အနက် လူနည်းစုလက်ဝါးကြီးအုပ်ဈေးကွက်ပုံစံ (Oligopoly Market)

သည်ဂျပန်ဦးဆောင်သောအာရှသားတို့၏ပုံစံဖြစ်နေသည်ကလည်းအံ့ဩဘွယ်။အကျိုးဆက်ကတော့

အဲဒီ (Oligopolist) အုပ်စုကြီးပြိုလဲလျှင်နိုင်ငံပြိုလဲသည်။

သူတို့ဆုံးဖြတ်ချက်ကနိုင်ငံ၏ကံကြမ္မာတဝက်နီးပါး။သူတို့စွမ်းဆောင်ရည်ကျသောအခါနိုင်ငံ့စီးပွါးကျရော။

ဒါလဲကျဆုံးရသောအကြောင်းတရားတခု။

 

၅။ခေတ်နှင့်အညီမလိုက်နိုင်သောလေ့လာမှု

ခေတ်ကြီးကပြောင်းနေပြီ။

ငါတော်သည်၊ငါတတ်သည်ဆိုသောခေတ်မဟုတ်တော့။

နယ်ပယ်အသီးသီးတွင်”ရာဇာ”မရှိသောခေတ်ဖြစ်ပေပြီ။

(Vertical Learning) ထက်အောက်(ဆရာတပည့်)သင်ကြားရေး၊သည်အံမဝင်တော့ပြီ။

(Horizontal Learning)ဘေးချင်းယှဉ်သင်ကြားခြင်း(အတွေးအခေါ်၊အသိများဖလှယ်ခြင်း)ခေတ်ရောက်နေပြီ။

(ယခုမန်းဂေဇက်တွင်ကျနော်တို့၊ခင်ဗျားတို့ရှယ်ကြသလိုပေါ့နော်)

ငါ့လောက်”တန်ခိုးမကြီးတန်ရာ”ဟူသောစိတ်ဖြင့် မသင်ကြား၊မလေ့လာသောအခါ ဟောင်းသော

အိုင်ဒီအိုလိုဂျီသည် မှားသောအဆုံးအဖြတ်ကိုပေးတတ်သည်။

ကျရှုံးရခြင်းအကြောင်းတခုပေ။

ငါတော်သည်ငါတတ်သည်ဟု ထင်နေသူများသတိထားစရာ သင်ခန်းစာတခုနှယ်။

 

၆။ယှဉ်ပြိုင်နိုင်မှုစွမ်းရည်ကျဆင်းသွားခြင်း

အဖြစ်ကကိုယ့်အမြီးကိုပြန်နင်းနာလိုက်သည့်အဖြစ်မျိုး။

(knowledge based economy) နည်းပညာအခြေစိုက် ထုတ်လုပ်မှုသည် အဆင့် ၅ ဆင့် ရှိကြသည်။

1.သူဟာကိုအင်ပို့လုပ်(ကိုယ်ကဝယ်)၊(Importing country)

2.ဝယ်လဲဝယ်၊သူ့နည်းပညာကိုတုပြီးလုပ်ကြည့်(Learning by Doing and Import Substituted Industry=ISI)

3.ကိုယ့်နည်းနဲ့ကိုယ်ထုတ်  အိတ်စပို့လုပ်။(အပြင်ရောင်း)(Export Oriented Industry=EOI)

4.လုပ်ခဈေးပေါသောသူများနိုင်ငံတွင်ကိုယ့်နည်းပညာနှင့်သွားထုတ်လုပ်ကိုယ့်ဆီပြန်သွင်းယူ၊

တပြိုင်နက်ထဲကိုယ်ကနည်းပညာအသစ်နဲ့ ပစ္စည်းအသစ်ထုတ်။(Outsourcing and Foreign Investor)

5.အဲဒီနည်းအသစ်ကိုဘဲသူ့(လုပ်ခပေါတဲ့)ထုတ်ခိုင်းကိုယ်ကနောက်ထပ်နည်းအသစ်ထွင်။(Innovation)

အဲဒီ နောက်ဆုံး ” 5 ” မှာ အခက်တွေ့တာဘဲ။ကိုယ်ကလဲဒါမျိုးတွေကလွဲပြီးဘာမှမလုပ်တတ်ဘူးလေ။

နည်းအသစ်ကိုလဲထွင်နိုင်တဲ့အဆင့်ကိုမရောက်တော့…………..မတီထွင်နိုင်တော့(=cannot innovate )

ကိုယ်ပေးလိုက်တဲ့နည်းနဲ့သူကပေါပေါလေးပြန်သွင်းလာတာကိုပြိုင်ရရော……………

ငါးပါးမှောက်ရသောအကြောင်းတခုပါ။

 

၇။ ဒီဖလေးရှင်း(ငွေကြေးကြုံ့ခြင်း)

ဂျပန်ကိုအကြီးအကျယ်နာမကျန်းစေသောရောဂါကတော့ “ဒီဖလေးရှင်း= ငွေကြေးကြုံ့ခြင်း” ပါဘဲ။

(ကြုံ့=ကျုန့်)တာဖောင်းတာရဲ့ဆန့်ကျင်ဘက်ပါ။

(မြန်မာဆိုငွေကြေးဖောင်းပွတာပေါ့မြန်မာ့ငွေကြေးဖောင်းပွတာဖတ်ချင်ရင်ဒီဂေဇဇက်မှာဘဲ

“ရွှေစံချိန်စံနစ်ဆိုရာဝယ်…၂”  ဆိုတဲ့အမည်နဲ့ကျနော်ရေးထားတာရှာဖတ်ပါ)

Inflation=အင်ဖလေးရှင်း =ငွေကြေးဖောင်းပွခြင်း ကပစ္စည်းတွေဈေးကြီးပြီး၊လူတွေကမဝယ်နိုင်ကြဘူး၊

Deflation=ဒီဖလေးရှင်း= ငွေကြေးကြုံ့ခြင်း ဆိုတာကျတော့ပစ္စည်းတွေဈေးပေါတယ်၊လူတွေကမဝယ်နိုင်ကြဘူး၊

ဆိုတဲ့အနေအထားမျိုးပါ။ဒီဖလေးရှင်းရဲ့Concept(ကွန်ဆက်)ကိုရှင်းပြပါ့မယ်။

အပေါ်ကအပြည့်ပြိုင်ဆိုင်မှု(full competition)ကလာတာပါ။

၁။ပြည်တွင်းမှာဘဲဖြစ်၊ပြည်ပနဲ့ဘဲဖြစ်ဖြစ်အပြိုင်အဆိုင်ရောင်းရတော့မယ်ဆိုရင်ဈေး ကိုချရပါတော့တယ်။

(ရိုးရိးလေးပါ)

၂။ဈေးချရောင်းလိုက်ရလို့ရောင်းအားကျပြီး၊အမြတ်နဲသွားပါတယ်။

၃။အမြတ်နဲတော့အလုပ်သမားကိုလခ နဲပြီးပေးရတယ်၊ဒါမှမဟုတ် အလုပ်သမား လျှော့လိုက်ရပါတယ်။

၄။အလုပ်သမားရဲ့ဝင်ငွေနည်းသွားပါပြီ။

၅။အလုပ်သမားဆိုတာတဘက်ကလဲစားသုံးသူ၊ဈေးဝယ်တဲ့သူပါဘဲ။

၆။သူမဝယ်နိုင်တော့ပါဘူး။သက်သာတာလိုက်ရှာဝယ်ပါတယ်။ဈေးကြီးရင်မဝယ်နိုင်ပါ။

၇။ဈေးမကြီးအောင်၊ဝယ်နိုင်အောင်အပြိုင်အဆိုင်ဈေးလျှော့ဈေးချရပြန်ပါတယ်။ Services and Points

တွေပေးရပြန်ပါတယ်။ ထုတ်လုပ်မှုကိုလျှော့ရပါတယ်။ထုတ်လုပ်မှုကိုလဲကျဆင်းစေပါတယ်။

၈။ဈေးလျှော့ဈေးချလိုက်ရလို့အမြတ်ပိုနည်းသွားပြန်ပါပြီ။

၉။အလုပ်သမားကိုလုပ်ခလျှော့ရအုန်းမယ်။ဖြုတ်ရအုန်းမယ်။

၁၀။လူအများစုစားသူအလုပ်သမားလက်ထဲပိုက်ဆံမရှိတော့ပါ။ဈေးပေါမှဝယ်ပါတော့မယ်။

အဲဒီသံသရာကို ဂျပန်ဟာဆယ်စုနှစ်နဲ့ချီပြီးခံစားနေရတာပါ။

အဲဒီဒီဖလေးရှင်းကဂျပန်စီးပွါးရေးကိုကျသွားစေတဲ့အဓိကအကြောင်းလို့တောင်ဆိုကြတာပါ။

သူနဲ့အတူအီးယူကဆရာတွေရော၊ ယူအက်စ်လဲခံရပါတယ်။

ယူအက်စ်ကအဲဒီ  ဒီဖလေးရှင်းကို ကုစားလိုက်တာ ဂျပန် ဒုက္ခ ရောက်သွားကြောင်းအောက်မှာဆက်ဖတ်ပါ။

 

၈။မှီခိုအားထားသောဈေးကွက်ပျက်ခြင်း

ဂျပန်ဟာမြန်မာပြည်က ကားပွဲစား တွေနဲ့ တူပါတယ်။ သူပစ်မှတ်ကလဲ သူဌေးနဲ့သုံးနိုင်စွဲနိုင်သူတွေပါ။

ယူအက်စ်၊ဥရောပနဲ့အာရှလူချမ်းသာ၊တွေကိုပစ်မှတ်ထားတဲ့အတွက်အဲဒီသူဌေးတွေ စီးပွါးပျက်တာနဲ့

သူလဲစီးပွါးပျက်တော့တာပါဘဲ။

ဂျပန်လိုဘဲ အမေရိကန်ကြီးလဲ ဒီဖလေးရှင်းကိုခံနေရပါတယ်။တဘက်ကလဲ ဆိုဗီယက်က ခေါင်းဆောင်

ခရူးရှက်ကပိုလန်သံရုံးမှာ”မင်းတို့အားလုံးကိုမြေမြုပ်ပစ်မယ်”(See Note 1 at the end)

လို့အနောက်နိုင်ငံက သံတမန်တွေကိုကြိမ်းဝါးပြောဆိုလိုက်လို့လန့်သွားပြီး လုပ်လိုက်တဲ့

US က ကာကွယ်ရေးလက်နက်စက်ရုံတွေ၊စစ်အေးရဲ့အမြင့်ဆုံး ၁၉၈ဝ (၁၉၈၃)မှာရော်နယ်ရီဂင်ရဲ့

စတားဝါးစီမံကိန်းကြီး (See Note 2 at the end ) ရဲ့ကာကွယ်ရေးစက်ရုံတွေရဲ့စရိတ်ကလဲထောင်းသေး။

ဆိုဗီယက်ကြီးမရှိတော့ပေမဲ့ အဲဒီစက်ရုံတွေကအလုပ်သမားတွေကိုဖြုတ်လို့မလွယ်သေးဘူး။

အမေရိကန်နိုင်ငံထဲမှာကိုအလုပ်လက်မဲ့နှုန်းကတရိပ်ရိပ်တက်နေတာဆိုတော့။

ကုစရာကဈေးကွက်ထဲကို ငွေတွေ မောင်းသွင်းတဲ့ နည်း ပေါ့။

ဘဏ်ချေးငွေတွေရဲ့အတိုးနှုန်းတွေကိုအရမ်းလျှော့ချပလိုက်တယ်။ဒေါ်လာကိုတန်ဘိုးချပလိုက်တယ်။

ဘာနဲ့တူလဲဆိုတော့ဒီဖလေးရှင်း ရထားအကြိတ် မခံရအောင်ဘေးနားကချောင်းထဲခုန်ချလိုက်တဲ့သဘော။

အခန့်မသင့်ရင်ခြေထောက်လောက်တော့ကျိုးချင်ကျိုးမယ်၊မသေတော့ဘူးပေါ့နော်။

သူကမသေဘူး၊သေတာကသူနဲ့တွဲပြီးကြိုးချည်ထားတဲ့ ဂျပန်ကားဈေးကွက်။

အမေရိကန်ဒေါ်လာတန်ဘိုးကျလေခံရလေ။

အရင်ဒေါ်လာ တသောင်းနဲ့ရောင်းတဲ့ကား ခု ၈၀၀ဝ တောင်မရတော့ဘူး(ဒီနေ့ ၁ဒေါ်လာ ယန်း ၇၇.၇)။

အချိန်တော်တော်ကြာကြာယန်း၁၀ဝ နှုန်းကပုံမှန်ဆိုတော့။

၂၀% အရှုံးနော်။တိုယိုတာ ဖင်ထိုင်သွားတယ်။ Spare Parts စပယ်ရာပါတ်ထုတ်တဲ့စက်ရုံတွေပိတ်ပလိုက်ရတယ်။

အလုပ်တွေဖြုတ်တာကြားလို့တောင်မကောင်းဘူး။

ပြည်ပပို့ကုန်တွေရှုံးပြီး ပြည်တွင်းမှာရောသက်သာမယ်ထင်လား။

လွန်ခဲ့တဲ့ နှစ်က  ၅ ဒေါ်လာတန် ပစ္စည်း က ယန်း ၅၀ဝ တန်တယ်။

ခုယန်း ၄၀ဝ တောင်မပေးရတော့ဘူး။ဈေးကျသွားပြီ။

ကဲဟေ့ ………….ပြည်တွင်းကဟာတွေ လဲ လိုက်မချရင် မရောင်းရတော့ဘူးဆိုတော့ ဈေးချကြဟေ့ ပေါ့။

ဟော…အကောင်ပိုကြီးသွားပြီ အဲဒီ ဒီဖလေးရှင်းကြီး။(အပေါ်ကဒီဖလေးရှင်းကွန်ဆက်ကိုပြန်ဖတ်ပါ)

ကဲ……ဂျပန်မသေ ဘယ်သူသေမလဲ နော့။

ဒါဆိုလဲဗျာ။သူများနိုင်ငံ ကဟာတွေမသွင်းနဲ့ပေါ့လို့ပြောချင်လို့လား။

မရဘူးဆိုတာအောက်မှာဆက်ကြည့်နော်။

 

၉။လွတ်လပ်စွာကုန်သွယ်ရေး(Free Trade  Agreement )များ၏အကျိုးသက်ရောက်မှု

နိုင်ငံတနိုင်ငံကိုကြီးပွါးစေချင်ရင် ကုန်သွယ်ပေးလိုက်ပါတဲ့။

အကူအညီ= Aid  မလို၊ ကုန်သွယ်ရေး=Trade   နဲ့ လုပ်ပေးလို့ရပါသည်တဲ့။

(ဒါ့ကြောင့် Sanction ဆဲန်ရှင်ထိထားတဲ့ မြန်မာ  တိုးတက်မှု ပိတ်နေတာပေါ့)

အဲဒီကုန်သွယ်ရေးကြီးကို သွင်းကုန်ခွန်(Tariff =Inport Tax)နဲ့ တားဆီးပိတ်ဆို့ကြတယ်။

ကိုယ့်နိုင်ငံကကုန်ပစ္စည်းတွေနဲ့ပြိုင်ရောင်းရင်နိုင်အောင်။

မြန်မာမှာဆို စီးကရက်၊အရက် 200% အင်ပို့တက်က်စ်ယူတယ်။အဲဒီလို။

ဒါပေမဲ့…ခုနောက်ပိုင်း ပိုပြီးကုန်သွယ်လို့ရအောင်တဲ့ လွတ်လပ်တဲ့ကုန်သွယ်ရေး(အခွန်မဲ့ကုန်သွယ်ရေး)

(Free Trade Agreement=FTA) သဘောတူညီချက်တွေနဲ့ရောင်းဝယ်ကြတယ်။

လို  လိုအဖွဲ့လိုက်လုပ်သလို။ နှစ်နိုင်ငံချင်း (Preferencial Trade Agreement=PTA/ Bilateral Trade

Agreement=BTA) တွေအများကြီးလုပ်ကြတော့၊သွင်းကုန်ကိုတားစရာနည်းလမ်းတွေဖြစ်တဲ့

၁။သွင်းကုန်ခွန် (Tariff =အင်ပို့တက်က်စ)

၂။ ကိုတာ(Quota = အချိုးကျကုန်သွယ်ရေး)

၃။ ဆဲန်ရှင်(Sanction =စီးပွါးရေးပိတ်ဆို့မှု )

သုံးမျိုးစလုံးသုံးလို့မရတော့ဘူး။

ပိတ်လို့၊တားလို့မရတော့ဘူး။ ကိုယ်ကလဲရသလောက်လေးတော့ရောင်းချင်သေးတာကိုး။

အဲဒီလိုအခွန်လွတ်တွေဝင်လာတော့ ဈေးကပိုပေါ၊

ဒီဖလေးကထပ်ပြီးအကောင်ကြီး ၊ ဂျပန်ကိုနည်းနည်းချင်းစားနေတာ

ဂျပန် ရီဆက်ရှင်=(စီးပွါးရေးကပ်ဦးတည်အကျ) ထဲ ရောက်သွားပါရောလားဗျာ။

(ရေးရင်းရှည်သွားလို့”တရုတ်စီးပွါးရေး ဘာလဲ ၊ဘယ်လဲ” ကိုနောက်တပိုင်းမှာဆက်လက်တင်ပြပါ့မယ်လို့

အသိပေးပြောကြားလိုပါတယ်)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အားလုံးကိုလေးစားပါသည်

မောင်သစ်မင်း(^^)

 

Note:

1.(“We will bury you!” (“Мы вас похороним!”, transliterated as My vas
pokhoronim!) was a phrase famously used by Soviet premier Nikita Khrushchev
while addressing Western ambassadors at a reception at the Polish embassy in
Moscow on November 18, 1956)

Ref: Time Magazine, November 26, 1956

2.(On March 23, 1983, President Reagan proposed the creation of the Strategic Defense
Initiative (SDI), an ambitious project that would construct a space-based anti-missile
system. This program was immediately dubbed “Star Wars.”)

Ref: Disvoveries/News-http://www.wired.com/science/discoveries/news/2007/03/TECH_MARCH23)

22 comments

  • ကြောင်ကြီး

    November 10, 2011 at 10:52 am

    ဆရာက ဆရာပါပဲ ဆရာရယ်…. ဟား ဟား ဟား ဟား ။။။။ မရီပါနဲ့ ဆရာရယ် ဆရာ့လောက် ဆရာတဲ့သူတောင် မဆရာပါဘူး ဆရာရယ်…. ဟီး ဟီး ဟီး ဟီး။။။။ ဆရာအဲသလို ရီတော့ ကျနော်ငိုချင်တယ် ဆရာရယ်….. ဟိုး ဟိုး ဟိုး။။။။။ တော်ပါတော့ ဆရာရယ်၊ ဆရာ သိပ်ရယ်ရင် အူတွေနာကုန်မှာ စိုးလို့ပါ ဆရာရယ်…. ခွိ ခွိ ခွိ… တော်ပြီကွာ မင်းဟာပိုလွန်းတယ်။။။။ မင်းရယ်ခိုင်းတိုင်း ရီပေးရအောင် ငါ ငတုံးမဟုတ်ဘူး။။။။ 😡

    လွန်စွာမှ သဟုတုဗ ရပါတယ် ဆရာသစ်။ အများလိုက်နိုင်မယ့် စကားလုံးများ ရွေးသုံးပေးလို့ သာမာန်လူသားငကြောင်များ အဖို့ ဖတ်ရှုနားလည်ခွင့် ရပါတယ်။ တခု မရှင်းလို့ မေးပါရစေ။ “”””””သေတာကသူနဲ့တွဲပြီးကြိုးချည်ထားတဲ့ ဂျပန်ကားဈေးကွက်။
    အမေရိကန်ဒေါ်လာ တန်ဘိုးကျလေ ခံရလေ။ အရင်ဒေါ်လာ တသောင်းနဲ့ရောင်းတဲ့ကား ခု ၈၀၀ဝ တောင်မရတော့ဘူး(ဒီနေ့ ၁ဒေါ်လာ ယန်း ၇၇.၇)။ အချိန်တော်တော် ကြာကြာ ယန်း၁၀ဝ နှုန်းကပုံမှန်ဆိုတော့။ ၂၀% အရှုံးနော်။ “”””””””
    ဒေါ်လာကျသွားလို့ ပြန်လဲယူမယ့် ယန်းငွေပမာဏ နည်းသွားတာကို ပြောချင်တာလား။ ဂျပန်ဖက်က အိပ်စပို့လုပ်တဲ့ဈေး မပြောင်းရင် (ဥပမာ – ဒေါ်လာတသောင်းအတိုင်းထား) ရလာမဲ့ ဒေါ်လာ အပြောင်းအလဲ မရှိနိုင်ဘူး။ ကိုယ့်နိုင်ငံကနေ ပြည်ပဈေးကွက်ကို တိုက်ရိုက်သွင်းတဲ့အခါ ကိုယ့်ငွေတန်ဖိုးမြင့်သွားလို့ ငွေပြန်လဲတဲ့အခါ နေရင်းထိုင်ရင်း အရှုံးပြမယ်။။။။။ ကိုယ့်နိုင်ငံ ငွေတန်ဖိုးနဲ့သင့်ပြီး ရောင်းပြန်တော့လည်း ပြည်ပဈေးကွက်မှာ လိုကယ်မိတ်တွေထက် ဈေးမြင့်နေလို့ ပြိုင်မရောင်းနိုင်တော့ဘူး။ ဈေးချပေးပြန်ရင်လည်း အိပ်စိုက်ရောင်းရမယ်။။။။။ (အင်ပို့ဈေးကွက်လိုပဲ) သည်လိုနဲ့ ဂျပန်တွေဈေးကွက်ဝေစု ပြန်အလုခံရတာ မဟုတ်ဘူးလား။။။။။
    ဒါကြောင့် ဂျပန်တွေ အမေရိကန်နိုင်ငံမှာ ကိုယ်ပိုင်စက်ရုံ လာထောင်ကြတယ်လေ။ ဒေါ်လာနဲ့ရင်းပြီး ဒေါ်လာပြန်ယူတော့ ငွေလဲနှုန်း ခေါင်းအစား ခံစရာနဲတယ်။။။။
    ညဏ်တထွာတမိုက်နဲ့ စဉ်းစားမိလို့ မှားသွားရင် ခွေးလွှတ်ပါ။။။။။

    သစ်ပင်ပေါ်မှ ကြောင်ကြီး (ခွေးကိုက်မှာစိုးလို့) 😮

    • thit min

      November 10, 2011 at 12:52 pm

      ဟုတ်ကဲ့ပါ။
      ကိုကြောင်ရေ……

      စီးပွါးရေးဆိုတာ (Cost-Benefit)စရိတ်-အကျိုးအမြတ် စိစစ်ခြင်းလို့ဆိုလေတော့။

      စရိတ်ကို စဉ်းစားလိုက်ရင်ကိုကြောင်အဖြေရပါပြီနော်။

      သူက ရောင်းလို့ရလာတဲ့ ငွေအမျိုးအစားက ဒေါ်လာ။

      ဒီမှာ စရိတ်ပြန်ရှင်းပေးရတာက ယန်းငွေနဲ့ပါ။

      ၁။သူ့ဝန်ထမ်းတွေအတွက်လစာ၊စရိတ်တွေကိုရှင်းရတာက “ယန်း” နဲ့ပါ။

      ၂။ Toyota ဆိုတာသူတို့ကိုယ်ပိုင် ကားဘော်ဒီ ဒီဇိုင်းနဲ့ အင်ဂျင်ကလွဲရင် တော်တော်များများပစ္စည်းတွေက တခြား

      တွေကို Contract ပေးပြီးလုပ်ခိုင်းတာဆိုတော့၊ အဲဒီ နေရာတွေကိုပြန်ပေးရတဲ့ ငွေ က “ယန်း” ပါ။

      ဆိုတော့ အဲဒီငွေလဲနှုန်းကြီးက ရင်ခံစေပါတယ်။

      ကံမကောင်းရင်ရောင်းရငွေနဲ့စရိတ်ပေးလိုက်ရလို့အရင်းပြုတ်မှာတောင်စိုးရသေးနော်။

      ငွေပြန်လဲစရာမလိုဘူးလို့စဉ်းစားရင်တောင်အတိုင်းအတာတခုထဲဘဲနေလို့ရမှာပါ။

      ယန်းဈေးကျနေတာလဲ ၂နှစ်ကျော်လောက်ရှိပြီလေ။

      ၃။ပြီးတော့Toyota ရဲ့အရံငွေကြေးတွေကနိုင်ငံခြားဘဏ်တွေမှာကလားခုနေလိုလိုများပြန်ထုတ်ဂျပန်မှာပြန်သုံးရရင်

      သုံးလေ ပြာလေ။ဟေဟေဟေ့။

      အမေရိကမှာ ၁၄ ဘီလီယံ လောက်မြုပ်နှံထားပြီး၊အလုပ်သမား ၄သိန်းနီးပါးအလုပ်ခန့်ထားတဲ့ Toyota ဟာ

      “ပုံမှန်ဆိုရင်တော့”စက်ရုံတည်၊အမေရိကမှာနေ၊ဘယ်တော့မှငွေပြန်မလဲနဲ့ဆိုပြီးနေလို့ရပါတယ်။

      ဒါပေမဲ့ ဈေးပြိုင်အရောင်းခံရလို့

      (ကျနော်သာ ပရဲဆဲန်းဒန့်ဆိုရင်စိတ်ငြိမ်ဆေးသောက်ရမယ်ထင်ပါရဲ့)

      ၂၀၁၁ ရဲ့ ဟတ်ဖ်ယီးယား ရီပို့မှာ ၆ လစာရောင်းအားတွေကျတာ ရောင်းရငွေ အရင် ၄ ဘီလီယံ ဒေါ်လာ

      ကနေ ၁ ဘီလီယံ ဒေါ်လာဘဲ ရပါသတဲ့။

      ၅% အမြတ်နဲ့ရောင်းတယ်လို့စဉ်းစားရင်တောင် မရတော့တဲ့အမြတ်ငွေက မီလီယမ် ရာနဲ့ချီနေပြီနော်။

      မဟုတ်ပါဘူးတဲ့ ရှုံးပါတယ်တဲ့။အမြတ်ခွန်မပေးရသေးခင်အရှုံးက ၂ဝ မီလီယံရှိပါတယ်တဲ့။

      (ရှက်လို့ညာတာလားတိဝူး၊ဒီထက် ကလောက်ဘူးနော်(^^)

      “မပြိုင်နိုင်တော့တာ ကိုကြောင်ပြောသလို”

      Toyota-၆လစာစာရင်းတွေ(အစီးရေနော်)

      မြောက်အမေရိက(ယူအက်စ်၊ကနေဒါ၊မက္ကစီကို)မှာ ရ သိန်း(စီးရေ) ကနေ ၃ သိန်းခွဲဘဲရောင်းရတော့တယ်။

      တောင်အမေရိကမှာ ၅ သိန်းခွဲ ကနေ ၈ သောင်းဘဲရောင်းရတော့တယ်။

      အာရှမှာ ၆ သိန်း ကနေ ၄ သောင်းဘဲရောင်းရတော့တယ်။

      ဥရောပမှာ ၃ သိန်းခွဲ ကနေ ရ ထောင် ဆိုတော့။

      အမယ် ………………မင်း ဆိုပြီး ရင်ဘတ်စည်းတီးရမဲ့ သဘောပါလားကွယ်ရို့။

  • inz@ghi

    November 10, 2011 at 12:03 pm

    အောင်မယ်ငီး …
    ဆြာရဲ့ တားကိုပါ စာရင်းတို့ထားတယ်…

    ရေးချက်က ၉လောက်ချိတယ်…
    ကိုယ်တွေ့ ကြုံနေရသူမို့ အိမ်မှာ တကောင်တည်း ဖတ်မိရင်
    မျက်ရည်ဘူးသီးလုံးလောက်ကျမယ့် အိုင်ဗီချိတ်ရမယ့်
    (သွေးထွက်အောင်မှန်တာ သွေးအထွက်လွန်လို့) မဟာဂန္ဓဝင်ပို့စ်. …

    စရိတ်ခြိုးခြံထုပ်လုပ်ခြင်း(Cost-Effectiveness)
    ဟုတ်ပါ့ ဟင့် ……. တားတား ကို ရေ တိရား …တူရို့ အစုံခိုင်းတယ်…

    ဘာသာစကားအတားအဆီး …
    ဒါရဲ ဟုတ်ပါ့ …
    ဒါပေမယ့် တားတားက ဒါနဲ့လုပ်စားနေတာ အဟီး ….
    (CIM က ဟာတွေ တား ပုံတူကူးချပီး လုပ်စားတာ လျောက်ပြောရဝူးနော် ဆြာ …)

    ဈေးကွက်အမျိုးအစားနည်းပါးမှု
    ဒါလည်း တိန် ကနဲနေအောင်မှန်တယ်…(ပညာရှိများ ….)
    တူရို့က အဲ့သည့် အမျိုးအစား genre နည်းနည်းလေးကိုပဲ
    sector တွေ ခွဲပြီး specialized လုပ်ကြတော့ ….
    သက်ဆိုင်ရာ field တွေမှာ ရေလည် ဂျွတ်တယ်ဆြာ့ ….
    တား တောင် လူရှိန်အောင်
    Toyota ရဲ့ …Ishikawa Zu(Fishbone Model)ကို အာဂုံဆောင်ထားရသေး…

    ခေတ်နှင့်အညီမလိုက်နိုင်သောလေ့လာမှု
    ထောက်ခံပါသည်ခည..(ချိတ်ထမီဝတ်သော ဟိုလူကြီးများလေသံဖြင့် မဖတ်ပါရန်)
    ဘယ့်နှယ့် ကမာ္ဘကြီးက တဖက် ဂငယ်ကတဖက် …
    တား တိသလောက် ပြောရရင် …
    ခုထိ Google Chrome မသုံးသေးဝူး … IE မှ IEပဲ …
    ဂဘာမှာ Facebook ကြီး ဘယ်လောက်ပေါက်ပေါက်
    သူရို့က ဘိုးတော်ဘုရား ခေတ်က ဆိုရှယ်လ်မီဒီယာတွေ အသုံးများတုန်း…
    ခုနောက်ပိုင်း Facebook ကြီးက သူတို့ ကို တားဂတ် ထားပြီး
    သူရို့ အကြိုက် preference လေးတွေလုပ်ပေးတယ်…
    (Bloodtype ဖြည့်ရတာတို့ twitter acc နဲ့ ဝင်လို့ရအောင် လုပ်ပေးတာတို့)
    စာအုပ်ဆိုင်တွေမှာ ရောက်လာပါကောလား …
    how to use facebookတဲ့(facebook nyumonဆိုပီး…)
    ဖေ့်ဘုတ်သုံးတာ တားတို့ပြည်မှာတော့ အလယ်တန်းကျောင်းသားတောင်
    သင်ပေးစရာမလိုဝူး …သည်ကောင်တွေ ညံ့ချက် ….
    ဆိုတော့ တွေးစရာလေး ပေါ်လာတယ် ဆြာရေ့ …

    သည်လောက်တောင် risk ကို လန့်မှတော့ ဘယ်လိုလုပ်
    innovation ကိုသွားမလဲ …(Steve Jobs သေတော့ ရောင်းကောင်းလိုက်တဲ့
    Steve Jobs အကြောင်းစာအုပ်တွေ (ဂငယ်ဗားရှင်း)..ရထားစီးတိုင်း အဲ့ရာလေးတွေ
    ကိုင်ထားကြတဲ့ အထီးအမ တွေချည်းပဲ …)
    တား တိတာတော့
    သည်၆ချိုး မပြင်ရင် ဂငယ်ထဲက စတိဂျော့ဘ်လို ပုဂ္ဂိုလ် ထွက်လာမယ်မဟုတ်..
    နောက်တချက် ဂငယ်တွေ ဘိုလို မတတ်တဲ့ကိစ္စ …
    တတ်တဲ့လူက IELTS 7.0 အထက်လောက်တတ်တယ် ..ဒါကလူနည်းစု
    အများစုက ဘိုလို ကိုယ့်ကိုကိုယ်တောင် မိတ်မဆက်တတ်ဘူးရယ်…

    သည်တော့ တတ်တဲ့လူနည်းစုက ကမာ္ဘမှာ ထွက်သမျှ နာမည်ကြီး
    စာအုပ် စာပေ ရုပ်ရှင် ဂီတ ဆောင်းပါး နည်းပညာ ဘာသာရပ်
    အကုန်လုံး ဂငယ်လို ဘာသာပြန်ပြီး လုပ်စားတယ်…
    လူများစု က အော်ရီဂျင်ဒယ်ဗားရှင်း မဖတ်တတ်လေတော့
    ဘာသာပြန်တွေ ဝယ်ဖတ်တယ်..အဲ့သည့်မှာ ဘာသာပြန်ဆြာတွေရဲ့
    အုန်းကျုန်းတွေ ထင်မြင်ယူဆချက်တွေ bias ဝင်တယ်ပေါ့ဆြာ ….
    (Crossing the Chasmမှာ ဘာသာပြန်ဖတ်ပီး သူ့အမြင်ကို ဖင်ပိတ်ငြင်းတဲ့
    ဂငယ်တယောက် ကို ရိုက်သတ်ချင်လောက်အောင် စိတ်တိုဖူးကြောင်းပါ)

    သူရို့က တတ်တာကိုပဲ ဒီတေးလ် သွားတဲ့ လူစားတွေ
    အသစ်ရှာဖွေဖော်ထုတ်မှု အင်မတန် အားနည်းတယ်..(အများစု ပြောပါတယ်..)

    လွတ်လပ်စွာကုန်သွယ်ရေး(Free Trade Agreement )များ၏အကျိုးသက်ရောက်မှု
    (သည်အပေါ်က ငွေကြေးဆိုင်ရာ အချက်တွေကိုတော့ ဉာဏ်မမှီလို့ ကျော်ချသွားပါသည်)

    သည်မှာ အရာရာ ဈေးကြီးတယ်ခည…
    လူအိုကများ အခွန်ကထောင်း …အဟုတ်…
    ဂငယ် စလာရီမန်း ၂ဝကျော် ၃ဝလောက်ဆို အထင်ကိုမကြီးနဲ့….
    တလတလ …လူမှုရေးအရ အလုပ်အရ ..သောက်ပွဲတွေသွားရနဲ့
    အခွန်ဆောင်ရ .. ဘာအာမခံ ညာအာမခံသွင် း…
    ပိုက်ပိုက်က တလလုံးနေလို့မှ အိတ်ထဲ အစိန်း ၃၀ဝကျော်
    မထည့်ဘူးတဲ့ကောင်တွေ ပုံလို့ ….

    ဘယ်လိုစံနှုန်းတွေနဲ့ အခွန်ကောက်လည်းတော့
    တားလည်း ဉာဏ်မမီလို့ မသိဝူးဆြာ …

    တားတိတာပဲ ပြောရော့မယ်..
    တိုချိဂိ ခန်။ အုစုနိုမိယ စက်ရုံကထုတ်တဲ့ ကန်နွန် လန်စ်း တလုံး
    amazon.com ကဝယ်တာထက် amazon.co.jp ကဝယ်တာ
    ဈေး ၂ဆလောက်များတယ်ခည …
    အဲ့ရာနဲ့ တားလဲ ..amazon.com ကဝယ်မယ် ပို့ခ ပေးမယ်ဆိုလုပ်တော့
    စီနီယာ ဒါ့ပုံဆြာတယောက်ကပြောပါတယ်…
    အဲ့လို နိုင်ဂျံဂါးကဝယ် ရင် အခွန် လှိမ့်ပိန့်နေအောင် ဆောင်ရမယ်တဲ့..
    ဝယ်ချင်ရင် ဆီပုလင်း ခါးကြားလိမ်ထားတဲ့ ..
    တားရဲ ကြောက်လို့ ဝယ်ဖြစ်တော့ပါ…

    ခုတော့ ဘာဖစ်သလဲဆို ဒီဇို်င်းပိုင်းမှာ
    စောက်ကိုရီးယားတွေကို မယှဉ်နိုင် …သူတို့ကို ပြိုင်ပြီး မားကတ်တင်း
    လုပ်ဖို့ကျတော့လည်း ဘိုလိုကမတတ် ပိုက်ပိုက် ကမပေါ
    နယူး တက္ကနော်လော်ဂျီ ဆိုတာလည်း သည်ခေတ်မှာ
    ရီဗာ့စ် အင်ဂျင်နီယားရင်း လုပ်လိုက်ရင် ကုန်ပီ…
    အပေါ်ဈေးနဲ့ သွားဖို့ (Price skimming)ကြတော့လည်း
    ပိုက်ပိုက်မရှိလို့ ဘယ်သူမှ မဝယ်နိုင် …စရိတ် လျှော့ထုတ်ဖို့ကလည်း
    မဖြစ်နိုင်…

    သည်တော့ မရှိလို့ မလှူ မလှူလို့ မရှိ ဆိုတာလို …
    ပရုတ်လုံးလို လုံးပါးပါးလာပါကြောင်း…

    တဖြည်းဖြည်းပိန်လာတဲ့ အရှေ့တိုင်းက
    လူပိန် စိတ်ပိန်နေတဲ့
    ဂိုင်း အင်ဇာဂီ…

    • kai

      November 10, 2011 at 4:59 pm

      သည်တော့ တတ်တဲ့လူနည်းစုက ကမာ္ဘမှာ ထွက်သမျှ နာမည်ကြီး
      စာအုပ် စာပေ ရုပ်ရှင် ဂီတ ဆောင်းပါး နည်းပညာ ဘာသာရပ်
      အကုန်လုံး ဂငယ်လို ဘာသာပြန်ပြီး လုပ်စားတယ်…
      လူများစု က အော်ရီဂျင်ဒယ်ဗားရှင်း မဖတ်တတ်လေတော့
      ဘာသာပြန်တွေ ဝယ်ဖတ်တယ်..အဲ့သည့်မှာ ဘာသာပြန်ဆြာတွေရဲ့
      အုန်းကျုန်းတွေ ထင်မြင်ယူဆချက်တွေ bias ဝင်တယ်ပေါ့ဆြာ ….
      (Crossing the Chasmမှာ ဘာသာပြန်ဖတ်ပီး သူ့အမြင်ကို ဖင်ပိတ်ငြင်းတဲ့
      ဂငယ်တယောက် ကို ရိုက်သတ်ချင်လောက်အောင် စိတ်တိုဖူးကြောင်းပါ)

      မြန်မာပြည်ရဲ့ အခု ဘေဘီဘုမ်မာတွေအပေါ်ဩဇာရှိ(ခဲ့)တဲ့ စာရေးခဲ့သူ..ရေးနေသူ.. ဘုန်းကြီး..လူတွေလည်း အဲဒီအတိုင်းဖြစ်ခဲ့တယ်လို့.. ယူဆပါတယ်.။ ရှေးက.. ဗုဒ္ဓဘာသာ၊ ဆိုရှယ်လစ်၊ ကွန်မြူနစ်၊ ဒီမိုကရေစီ စတာတွေရဲ့ အော်ရီဂျင်နယ်တွေကို ဘာသာပြန်ဆြာတွေရဲ့
      အုန်းကျုန်းတွေ ထင်မြင်ယူဆချက်တွေ bias . တွေထည့်ပြန်တယ်လို့.. အော်ရီဂျင်နယ်တချို့ဖတ်မိတော့ ပြန်တွေ့ရတယ်..။

      ဒီဩဇာတွေကနေ.. အခုမြန်မာပြည်ကြီးကို မြင်နေရတာပဲလို့မှတ်ပါတယ်.။

      • inz@ghi

        November 10, 2011 at 10:40 pm

        သူ ဝင်လာပီ …
        ဝင်မှ မန့်ပါ့မလားလို့ ….

        ဟုတ်ကဲ့ သဂျီးခင်ဗျား …အဲ့သည့် bias က အတော် ဆိုးတယ်ခည…
        ဘယ်သူရေးရေး ဘယ်လောက်ရေးရေး … ရေးတဲ့လူရဲ့ စိတ်အခံ
        ဘွ ဖြတ်သန်းမှု အယူအစွဲ … အချစ်အမုန်း …အဲ့ဒါတွေပေါ်လိုက်ပြီး
        ဘိုင်းယက်စ် ဝင်တော့တာ ပေါ့…

        တားဆို …. အဲပယ်လ် က အချစ်ဦး ….
        မိုက်ခရိုဆော့်ဖ် က ဘွ လက်တွဲဖော် …
        ဒဲလ် က အိမ်ထောင်ဖက် …
        လီနော်ဗိုက မိဘပေးစားလို့ မချစ်မနှစ်သက်ဘဲ ယူထားရတာ …

        အဲ့ဒါတွေအကြောင်း တားတားရေးရင် ကျိန်းသေ ဘိုင်းယက်စ် ဝင်ပီပေါ့ခညား..

    • thit min

      November 10, 2011 at 9:19 pm

      ကိုဇာဂီရေ
      ညီနဲ့ကိုနဲ့ နှစ်ယောက်ပေါင်းပြီး ဆောင်းပါး ၅ ပုဒ်လောက်ဂျပန်လိုရေးပြီး စာအုပ်ထုတ်ရောင်းလိုက်ရင်
      ဂျပန်ကနေတို့နှစ်ယောက်ကို Exile လုပ်မလားမသိ။
      အင်း …….ကောင်းစေချင်လို့ပါ၊ ဒီနေရာလဲ ကိုယ့် Second Home လိုဖြစ်နေတော့လေ။

      • inz@ghi

        November 10, 2011 at 10:27 pm

        ဟုတ်လား ဆြာ …ကြုံရင် ဆုံချင်ပါတယ်ခဗျား …
        လေးစားလို့ပါ

        ဆြာနဲ့တော့ အတူယှဉ်ပီး တွဲပီး မရေးရဲပါ ခင်ဗျား …..
        ကျနော် နောက်၁ဝနှစ်မက စာဖတ်ရဦးမယ်ခင်ည …

        ကျနော် စာဖတ်သက် သိပ်နုသေးတယ်ဗျာ….
        စာကောင်းပေမွန်တွေ ညွှန်းပါဦး ….

  • nigimi77

    November 10, 2011 at 2:28 pm

    ကိုသစ်မင်း ။

    တကယ့်ကို ကောင်းတဲ့ အသိတွေကို ဖြန် ့ဝေတဲ့ အတွက် ကျေးဇူးတင်ပါတယ်။

    ဆက်ပြီး ရေးသားသွားဖို ့ကိုလည်း တိုက်တွန်းပါတယ်။

    ပါဝင် ဆွေးနွေးဖို ့တော့ အလှမ်းဝေးသွားတဲ့ ဘာသာရပ် ဖြစ်လို ့ ဖတ်ရုံ သိရုံ အသုံးချရုံ

    သက်သက်ပဲ ရပါတယ်။ ဒီလိုမျိုး ရေးသားတဲ့ စာတွေမှာ ပါဝင် ဆွေးနွေးသူတွေဟာလဲ

    တကယ်ကို ထက်မြက်ကြပါတယ်။ ကိုကြောင်ကြီးလိုမျိုး မာလ်တီ ပလေယာ တွေပေါ့ ။ 😛

    ဒီလို ပို ့စ် မျိုးမှာ ပါဝင် ဆွေးနွေးသူ အရေအတွက် ကလည်း ကိုသစ်မင်း ပြောခဲ့သလိုပဲ

    ပေါ့ပေါ့ပါးပါး အကြောင်းအရာတွေ အပေါ်မှာပဲ စုပြုံ ရေးသားနေတဲ့ အတွက် ဒီနေမျိုးမှာ

    အင်အားနည်းနေမှာ သေချာပေါက်ပါပဲ ။ ဘာကြောင့် ပေါ့ပေါ့ပါးပါးတွေမှာပဲ စုပြုံနေ

    ကြတာလဲ ဆိုတာနဲ ့ပါတ်သပ်ပြီး ပြောချင်တာက တော့ ပေါ့ပေါ့ပါးပါး ယဉ်ကျေးမှုမှာ

    အသားကျနေပြီလို ့ ဆိုတာပါပဲ ။ တခါတလေ အပြင်က လက်တွေ ့ မြန်မာပြည် လူနေမှု

    ယဉ်ကျေးမှု ၊ အသိ စရိုက် တွေနဲ ့ယှဉ်ထိုးကြည့်မိလိုက်ရင် ဒီ မန်းလေး ဂေဇာတ်ဟာ

    ကျွန်တော်တို ့က ဖြစ်ချင်နေတာတွေ ဖြစ်စေချင်တာတွေ ကို ရင်ဖွင့်ထုတ်နိုင်တဲ့ အိပ်မက် ကမ္ဘာ

    လိုပါပဲ ။ အပြင်လောကမှာက ကျွန်တော်တို ့ရေးနေတဲ့ စာထဲကလို လူတွေတကယ်ကို မရှိသလောက်ပါ။

    နောက်တခု ပြောချင်တာက မြန်မာနိုင်ငံသားတွေ တော်တယ်။ ဘယ်လိုနေရာမှာ တော်လည်းဆိုတော့

    အပြင်ဖက် ခွဲခြမ်းစိတ်ဖြာမှုမှာ တော်တယ်။ ဘောလုံးဆိုရင်လည်း ဘောလုံးကန်နေတဲ့ သူတို ့ထက်ကို

    ပိုသိတယ် ။ အဲဒီ သဘောပါ။ ကျွန်တော့်တို ့ အပြင် အကြောင်းကို အရမ်းသိပြီး ကိုယ့်အကြောင်းမသိ

    တာမျိုးဆိုရင်တော့ ပေးကားပေး၏ သို ့သော်လည်း မရ ဆိုသလိုမျိုး ဖြစ်မှာစိုးတယ်။

    ကျွန်တော် ကိုယ်တိုင် မြန်မာနိုင်ငံသားဖြစ်ပြီး မြန်မာနိုင်ငံသားတွေရဲ ့ ယဉ်ကျေးမှု ၊ စရိုက် ၊

    အတွေးအခေါ် ၊ စတာတွေကို ခုထိ နားမလည်နိုင်တာ ကိုယ့်ကိုယ်ကို ရှက်မိပါတယ်။

    ပိုစ့်နဲ ့ မဆိုင်တာမို ့လို ့ သည်းခံပါ။

  • small cat

    November 10, 2011 at 2:36 pm

    ဆရာသစ်ရေ ကျွန်တော်အတွက်တော့ ဗဟုသုတတွေ အလွန်တစ်သောင်းရပါတယ်။
    တကယ်လိုအပ်နေတဲ့အခြားသူတွေလည်းရပါစေ။

  • windtalker

    November 10, 2011 at 2:42 pm

    ကိုသစ်ရေ အားပါးတရ ဖတ်ရပါတယ် လို ့ဘဲ ပြောနိုင်ပါတယ် ခင်ဗျာ
    ကူးထားလိုက်ပြီး ထပ်ထပ်ဖတ်ဦးမယ်ဗျို ့

  • kai

    November 10, 2011 at 5:13 pm

    စိတ်ထဲ သတိထားမိတဲ့.. ပလေးဂိမ်းလေးအကြောင်း ပြောပြမလို့ပါ..။
    ယူအက်စ်မှာကားထုတ်သူတွေဖြစ်တဲ့.. ဂျီအမ်ရော..ဖိုဒ့်ရော. ခရိုင်စလာရော.. ယိုင်ကျလာတော့.. ကားဈေးကွက်ကို လှမ်းကြည့်ကြပုံရပါတယ်..။
    ဈေးကွက်မှာ အဲဒီတုန်းကတိုယိုတာက.. ဂျီအမ်ကို ကျော်တက်သွားတယ်လို့ မှတ်မိတယ်..။ တိုယိုတာ ကမ္ဘာ့အကြီးဆုံးကားကုမ္ပဏီဖြစ်သွားတယ်..မှတ်မိတယ်.။

    အဲဒီနှစ်ပိုင်းထဲ.. ဂျပန်ပိုင်နက်ထဲက.. ယူအက်စ်ရဲ့အိုကီနာဝါဘေ့စ်ကို.. သက်တမ်းတိုးခွင့်မှာ.. ဂျပန်တပြည်လုံးက ပြဿနာထရှာတယ်..။ အမေရိကန်မုန်းတီးရေးက..နည်းနည်းထောင်လာတယ်လို့ ထင်မိတယ်.။
    ဒါကို အားယူမဲဆွယ်တော့.. ဂျပန်ပါတီသစ်တက်လာပြီး.. အစိုးရတောင် ပြောင်းသွားတယ်မဟုတ်လား..။

    ယူအက်စ်က.. ဘာလုပ်သလည်းဆိုတော့..
    -တောင်ကိုရီးယားနဲ့ပေါင်း စစ်ရေးလေ့ကျင့်တာတွေလုပ်ပြီး မြောက်ကိုရီးယားကို သွားဆွတယ်.။
    ဟိုက..လှမ်းထုတော့.. ရူးချင်ယောင်ဆောင်ပြီး.. မြောက်ကိုရီးယားလက်နက်တွေက.. ယူအက်စ်ထိတောင်ရောက်မလိုလို မီဒီယာကအော်ပြတယ်.။
    နိုင်ငံကာကွယ်ရေးအတွက် ကိုယ်တိုင်အပြည့်လုပ်ဖို့ အားမရှိသေးတဲ့.. ဂျပန်တွေကို ခြောက်တယ်..။

    – တိုယိုတာကားမှာ ပါဝါပက်ဒယ်-လီဗာပြဿနာရှိတယ်ဆိုပြီး.. အရေးယူတယ်..။ မီဒီယာတွေမှာတင်တယ်..။
    လျှော်ကြေးမီလီယန်ပေါင်းများစွာတောင်းတယ်..။
    တိုယိုတာကားတွေ ရီကောပြန်လုပ်ရတာနဲ့အတူူတူ..လူတွေအယုံအကြည်မဲ့ကုန်တာကြောင့်… ဈေးကွက်ရှယ်ယာတွေ ပြတ်ကျကုန်တယ်လို့ တွေ့မိပါတယ်..။

    တပြိုင်ထဲ.. ဂျီအမ်၊ဖိုပဒ်၊ခရိုင်စလာစတဲ့ ကားကုမ္ပဏီကြီး ၃ခုလုံးကို ..ဖယ်ဒရယ်အစိုးရက ဘီလ်အောက်လုပ်ပေးတယ်.။
    ငွေတွေပုံချပေးပါတယ်..။

    အဲဒါလေး…ဆားဖြူးပေးလိုက်တာပါ..။ နိုင်ငံရေးကစားကွက်အနေနဲ့အဲဒီလိုမြင်နေလို့ပါ..။

    ဆရာသစ်ရဲ့.. ဟင်းထဲ..ဆားတွေများပြီး.. ငန်သွားရင် ဆောရီး..။:lol:


    ကြုံလို့ရေးထားရရင်..
    ဆဲဗင်းအီလဲဗင်းန်င်..။ ဒန်နီ စားသောက်ဆိုင်တွေက ဂျပန်ပိုင်တာလို့ သိထားပါတယ်..။
    ဂျပန်ဟာ.. ကမ္ဘာ့စီးပွားရေးထိပ်ပိုင်း ၅ထဲကတော့ နှစ်၅ဝလောက်အတွင်း..ထွက်သွားမယ်တော့ မထင်ပါဘူးခင်ဗျား..။

  • hmee

    November 10, 2011 at 8:06 pm

    ကိုသစ်မင်းရေ ဝင်ဖတ်သွားပါတယ်။ ပထမ တပုဒ်တည်းက တော်တော်စိတ်ဝင်စားလို့ အိမ်ကလူကြီးတောင် လက်တို့ လိုက်ပါသေးတယ်။ သေသေချာချာကို ဖတ်တာပါ။ ဗဟုသုတလည်း ရပါတယ်။ ဒါပေမဲ့ ပြန်လှန်ဆွေးနွေးဖို့တော့ ကိုယ့်ကိုကိုယ် အဆင့်မမှီမှန်းသိလို့ ဝင်မပြောတော့ပါဘူး။ ဗဟုသုတ အတွက် တကယ်ကို ကျေးဇူးပါပဲ။

  • thit min

    November 10, 2011 at 11:23 pm

    ကိုနိဂိမိရေ
    တော်တော်လေးလေးနက်နက်အကြံပြုပြောဆိုထားလို့ကျေးဇူးပါ။
    ပို့စ်တခုကိုဖတ်ပြီး ပလပ်စ်အယ်ဖာ(တနည်း)အတွေးအခေါ်သစ်ပေါင်းထဲ့ရေး ကပိုပြီးအရေးကြီးတာမှို့ မည်သို့သောတင်ပြဆွေးနွေးမှုမဆိုကြိုဆိုပါတယ်ဗျာ။

    ~~~~~~~~~~~~~~~~~~~~~~~~~

    ကိုစမောကက်ရေ
    ခုလိုကြားရတာအလွန်ဝမ်းသာမိပါတယ်။
    ကျနော် မက်ဆိတ်ချ်တခုခုပေးနိုင်အောင်ကြိုးစားရေးလေ့ရှိပါတယ်။
    အလှမ်းဝေးနေတဲ့သူတွေသိအောင်၊ ပြောပြပေးတာမျိုးပါနော်။
    ~~~~~~~~~~~~~~~~~~~~~~~~~

    ညီမောင်ပေရေ
    အမြဲအားပေးဖော်ရတာကိုအသိအမှတ်ပြုကျေးဇူးတင်ပါတယ်။
    ဖတ်ပြီးလို့ နားမရှင်းရင်လဲမေးပါနော်။
    ~~~~~~~~~~~~~~~~~~~~~~~~~~

    ဆရာခိုင်ရေ
    ဆားခတ်ရုံမက၊ လိုအပ်သလိုပြူပြင်အရသာလဲထဲ့ပေးပါခင်ဗျား။အထူးကျေးဇူးပါလို့။
    ကျနော်တို့လဲ ဆဲန်မိနာ လုပ်နေကြသူတွေဆိုတော့ Contribution တွေ Arguement တွေကိုကြိုဆိုပါတယ်။
    အဲဒီကမှ ပြီးပြည့်စုံမှုကိုရောက်တာကိုး။

    ကျနော်လဲပြန်ဆွေးနွေးကြည့်ပါရစေ (Arguement ) ဆိုဒ်ကနေပေါ့ခင်ဗျာ။

    တခါတုန်းက ဂျပန်ဂေါ်ဇီလာ ရုပ်ရှင်းတွေ ခေတ်ကောင်းခဲ့တာမှတ်မိမှာပါ။
    အဲဒီမှာ ယူအက်စ်က ကင်းကောင်ဆိုပြီး ပေါ်လာပါတယ်။အဲဒီ ရုပ်ရှင်ထဲမှာ
    ဂေါ်ဇီလာကိုကင်းကောင်ကနိုင်တာကိုပြပါတယ်။
    ဆိုလိုတာက နည်းပညာပိုင်းတွေမှာ ယူအက်စ်ကသာကြောင်း ပြ လိုက်တာပါ။
    အဲဒီအချိန်ကဂျပန်တို့ရဲ့ အလယ်ဆင့်နည်းပညာပေါင်းစပ် လုပ်သားကဲ ဈေးကွက်လှေကားထစ် (Labour Intensive with medium tech) ကနေ အဆင့်မြင့်နည်းပညာကဲ
    (High Technological Intensive) ဈေးကွက်လှေကားထစ်ကို စ တက်တဲ့အချိန်ခင်ဗျ။
    Japan မင်းနုပါသေးတယ် ပေါ့ဗျာ၊အဲဒီလိုပါးပါးလေးပါ။
    သူကြီးပြောတဲ့ အထူစားကြီးမျိုးတော့မဟုတ်ပါဘူး။
    သူကြီးပြောတဲ့ အိုကီနာဝါ စစ်တပ်ဆက်ထားရေးမထားရေး…
    အဲဒီတုန်းကတော့ အိုကီနာဝါကိစ္စ Japan ဝန်ကြီးချုပ် လေကြီးသွားလို့ သူစကားနဲ့သူ ထွက်သွားတာတော့ရှိခဲ့တာပါဘဲ။
    ဆက်စပ်မှုတွေ၊ကောက်ချက်ဆွဲပုံဆွဲနည်းလေးတွေကတော့ သူကြီးတို့လို ဂျာနယ်လစ် တွေကပိုကျွမ်းမှာပါခင်ဗျ။
    ခုတလော ဂျပန်တီဗီမှာ နိုင်ငံရေး၊စီးပွါးရေး၊အစုံအစုံသောတော့ပစ် တခုချင်းစီကို ရှင်းလင်းပြောပြနေတဲ့
    池上彰 (いけがみ あきら=အိခဲဂမိ အကိရ) တို့များပြောနေရင် မင်သက်မိ ရပါတယ်။
    ဪ … ကျနော် thit min ဘာမှမသိသေးပါလားလို့ နားလည်လိုက်ရပါတယ်။

    ဆိုတော့ သူကြီးပြောတဲ့ အဲဒီလိုမျိုး ရွှေ့ကွက်မျိုးလေးတွေက တွေ့ရလေ့ရှိပေမဲ့
    တကယ်လားဆိုတာမျိုး(ကျနော်တို့လို သက်သေပြရှင်းဘို့လိုသူတွေအတွက်)ပြောရခက်တဲ့အခါလေးတွေရှိပါတယ်။
    ဆိုလိုတာကတကယ်တမ်း သက်သေရချင်တာမျိုးပါ။မဟုတ်ပါဘူးလိုဆိုလိုခြင်းမဟုတ်ပါခင်ဗျာ။
    ဒီလိုအကြောင်းတရားတွေနဲ့တော့တိုက်ဆိုင်ခဲ့ပါတယ် လို့တော့ပြောနိုင်တယ်ပေါ့ခင်ဗျာ။
    တိုက်ဆိုင်မှုကြောင့်ဖြစ်တယ်လို့ဆိုရင်တော့ တရားခံဟာသံသယအကျိုးခံစားနိုင်တယ်ပေါ့နော်(^^)

    ဆဲဗင်းတို့၊ဒန်နီတို့ဟာဂျပန်ပိုင်ပါတယ်။ဒါပေမဲ့ ထုတ်လုပ်မှုသဘောမဆောင်တဲ့ ဝန်ဆောင်မှုဖြစ်နေလို့ပါ။အဲဒီလိုလေးပေါ့နော်။

    လေးစားစွာဖြင့်

    ~~~~~~~~~~~~~~~~~~~~~~~~~

    မမှီရေ
    ကျေးဇူးပါ။ ဘာမဆိုဝင်ပြောလို့ရပါတယ်။
    ဆွေးနွေးတဲ့သဘောမို့ နားမရှင်းဘူးကစလို့ရတာမျိုးပါ။
    သီးသန့်လယ်ဗယ်မရှိပါဘူးခင်ဗျ။

  • Foreign Resident

    November 11, 2011 at 4:11 am

    ကိုသစ်မင်း Post ဖတ်ပြီး Japan ကို သနား တောင်သနားလာတယ် ။
    ဂေရှားမယ်လေးတွေ ကမာ္ဘအနှံထွက်လာဖို့များ ရှိသေးလား ။ ဟီဟိ ။

    အပေါ်က သဂျီးရဲ့ Comment ကိုသဘောတူပါတယ် ။
    ကျွန်တော့်ရဲ့ တရုတ်ကြီး နားရွက် Post ထဲကလိုပါပဲ ။
    ” ဒါကြောင့် တရုတ်ကြီးကို ချမ်းသာအောင်တော့ ဆွဲခေါ်ခဲ့တယ် ။
    ဒါပေမယ့် ငါ့ကိုတော့ မကျော်စေနှင့် ။ ဒါ အမေရိကန်ရဲ့ အဓိက ပေါ်လစီပဲ ”

    အဓိကက Politic နိုင်ငံရေး ကျားကွက်ပါပဲ ။
    အမေရိကန်ဟာ တကမာ္ဘလုံးရဲ့ စီးပွားရေး စစ်ရေး လူမှုရေး အတွေးအခေါ် နိုင်ငံရေး
    အားလုံးကို နောက်ကွယ်ကနေ ပါးပါးနပ်နပ်လေး Monopoly လုပ်နေတယ် ထင်မိတယ် ။

    အမေရိကန်ကိုတော့ အပြစ်မတင်ရက်ပါဘူး ။
    ပထမအချက် သူကလုပ်နိုင်တဲ့ နေရာရောက်နေတာကိုး ။
    ဒုတိယအချက် သူ့ National Interest အတွက်သူလုပ်တာပဲ ။
    တတိယအချက် သူကမှ ပါးပါးလေး ခံကောင်းယုံ လုပ်တာလေ ။
    တချို့ဆို ( တရုတ်ကြီး ) ပညာမပါတော့ အရမ်းအဝင်ဆိုးတာ ။

    တကယ်က ဂျပန်ကို အရင်ကတည်းက သိပ်တော်တယ် မထင်လှပါဘူး ။
    ဂျပန် နှင့် ကိုရီးယား က
    အမေရိကန်ရဲ့ နူကလီးယား ထီးရိပ်အောက်ကို ဝင်ခိုလိုက်တော့
    စစ်ရေးဘက်ကို လှည့်ကြည့်စရာမလိုတော့ဘူးလေ ။
    စီးပွားရေးဘက်ကိုပဲ ဇောင်းပေးလုပ်လိုက်ပြီး ။
    အမေရိကန်ရဲ့ တပည့်ကြီးလုပ်လိုက်တော့
    အမေရိကန်က သူ့တပည့်ကြီးများအတွက်
    သူ့ဈေးကွက်ကို ဖွင့်ပေးလိုက်တာမှာ
    ထောင်တက်ပြီး ချမ်းသာလာတာပါ ။

    ဒါပေမယ့် အမေရိကန် ခွင့်ပြုသလောက်ပဲ
    ချမ်းသာခွင့်ရှိတဲ့ လက်ဝေခံ အဆင့်လောက်ပဲရှိတာပါ ။
    အမေရိကန်ကြီး ဒီနေ့စိတ်ဆိုးရင် နောက်နေ့
    ခွက်စွဲရမယ့် အခြေအနေရှိပါတယ် ။

    မယုံရင် အမေရိကန်ကြီးက သူ့ရဲ့ Seventh Fleet ကို
    Pacific Theatre ကနေ ခဏလေးပဲဖြစ်ဖြစ် ဖယ်ကြည့်လိုက်ပါလား ။
    Asian နိုင်ငံတွေ China, Korea, Japan, Taiwan, Vietnam
    အကုန်လုံး စစ်စရိတ်ထောင်းပြီး ချက်ချင်း ခွက်စွဲသွားမှာ ။

    အခုရက်ပိုင်းက အမေရိကန်ကြီးကိုယ်နှိုက်ကလည်း
    နဲနဲ မွဲ လာပြီဆိုတော့ သူ့တပည့်ကြီးများကိုလည်း
    သိပ်မညှာတာနိုင်တော့တဲ့ အခြေအနေဖြစ်နေပြီ ထင်ရတယ် ။

    နောက်တစ်ချက်က Deflation
    Japan ဟာ သူ့ငွေတန်ဖိုးကို ဘာလို့မချရတာလဲ ။
    မာန်မာနများ ခံနေသလား ။
    ပြောင်းလွယ် ပြင်လွယ်များ မရှိလို့လား ။
    ပြည်သူတွေရဲ့ မဲမရမှာ စိုးလို့လား ။

    စီးပွားရေး ပညာရှင်အားလုံး လက်ခံထားတာပဲ
    Annually Zero to 5 % Controlled Inflation ဟာ
    တိုင်းပြည် စီးပွားရေး ကောင်းဖို့အတွက် လိုအပ်တယ်ဆိုတာ ။

    အမေရိကန်ကြီးဆို ဘယ်လောက်မြန်လဲ
    သူ့ဒေါ်လာတန်ဖိုးကို ၃ဝ % နီးနီးကို
    ၁ နှစ် ၂ နှစ် လောက်အတွင်း ဆွဲချပြစ်လိုက်တာ
    တရုတ်ကြီးဆို မျက်ရည် ဘူးသီးလုံးလောက်ကျ ။
    အီးယူ နှင့် ဂျပန် ဆို စီးပွားပျက်သလောက် ဖြစ်သွားတာ ။
    Flexible သိပ်ဖြစ် Respond သိပ်မြန်တယ် ပြောရမယ် ။

    ” ပြည်သူတွေရဲ့ မဲမရမှာ စိုးလို့လား ” နဲ့ပါတ်သက်ပြီး
    အမေရိကန်ကြီးက Monetary Authority ဗဟိုဘဏ် ကို
    အစိုးရနှင့်မဆိုင် Independent ခွဲထုတ်ထားတာ
    ဒါကြောင့်ပဲထင်တယ် တွေးတာခေါ်တာ တော်လိုက်ကြတာ ။

    • thit min

      November 11, 2011 at 5:29 am

      ကမ္ဘာ့ အတော်ဆုံးစီးပွါးရေး ပညာရှင်တွေမွေးထုတ်ပေးနေတဲ့ Harvard, Standford လို တက္ကသိုလ်ကြီးတွေကလဲရှိ၊နိုင်ငံတကာက ဦးနှောက်တော်တော်များများလဲရှိ ၊ရှိသောသူများကိုလည်းလုပ်ပိုင်ခွင့်ပေးလို့ ဘရာသာပြောသလို Chairman of the Federal Reserve၊ ဂရင်းစပန်းကြီး Alan Greenspan ကယူအက်စ်ရဲ ့Moneatry Authorityကိုအနှစ် ၂ဝ နီးပါးကိုင်ပြီးထိန်းပေးလို့ရခဲ့တာပေါ့။
      ဂျပန်ကအမေရိကန်လို ဈေးကွက်ထဲ ငွေတွေသွင်းတာမျိုးလုပ်ခဲ့ပါတယ်။ ဘီအိုဂျေ (Bank of Japan) ကလုပ်ငန်းတွေကိုငွေတော့ထုတ်ပေးတာမျိုးပေါ့။ မထိရောက်ခဲ့ဘူးလိုဘဲဆိုရမှာပါ။ ဂရင်းစပန်းကစားခဲ့သလိုအတိုးနှုန်း လျှော့ချဘို့ဆိုတာကလဲနဂိုထဲကေ တာ်တော်နိမ့်ပြီးသားလေ။ လုပ်လဲပိုထူးစရာမရှိနိုင်ဘူး။

      ဖူကုရှိမားနဲ့ဆူနာမီကိစ္စတွေကလဲမရှင်းနိုင်သေးဘူး။ တချို့နေရာတွေမှာ လျှပ်စစ်ချွေသုံးနေရတုန်း၊ 24% ကျော်သွားပြီးဖြစ်တဲ့ Ageing Society သက်ကြီးလူ့အဖွဲ့အစည်းရဲ့ Dependency Ratio မှီခိုအချိုးကြီးရဲ့ ဝန်ထုတ်ဝန်ပိုးနဲ့ဆိုတော့ ငွေကြေးပေါ်လစီအပြောင်းမှာ ဖြစ်လာမဲ့ဂယက်ရဲ့ပြင်းအားကိုလဲ မှန်းလို့မရနိုင်အောင်ဖြစ်နေပုံရတယ်။အများကြီး Risk ရှိတာကိုး။
      အဲငွေတန်ဖိုးချရင် တဘက်က ပစ္စည်းတွေ ရုတ်တရက် ဈေးတက်တဲ့ဒဏ်ကို လုပ်ငန်းတွေ ခံရမယ်။ လူတွေလက်ထဲလဲငွေတွေရှိမှာဘဲလေ သူလဲဈေးတက် ကိုယ်လဲဝင်ငွေတက်(မြန်မာပြည်လိုပေါ့)လို့ထင်စရာရှိပေမဲ့
      ဈေးပေါတာကို အသားကျနေပြီးဒစ်စကောင့်စာလုံးကိုဘဲလိုက်ရှာတတ်တဲ့ ဂျပန်လူမျိုး၊ချွေတာပြီဆို “လန်ချားဆွဲတဲ့ ကုလားတောင်သနားတယ်” ဆိုတဲ့ ဂျပန်လူမျိုး က”မဝယ်တော့ရင်” ဆိုတဲ့ ဒိုမက်စတစ်ပိုင်းအချက် တခု။ ပြိုင်နေရပါတယ်ဆိုတဲ့လမ်းကြောင်းပေါ်မှာေ ဈးကွက်ပျောက်သွားမှာစိုးတာက တကြောင်း၊
      အဲ နောက်ဆုံးတခု International ကျပြန်တော့ ယူအက်စ်ဒေါ်လာကကမ္ဘာသုံး၊သူ့ယန်းက ငွေမာလို့ဆိုပေမဲ့ကြားခံလုပ်လို့ ရတဲ့ငွေမဟုတ်တော့။ ယူအက်စ်နဲ့အကျိုးသက်ရောက်မှုက မတူနိုင်ဘူး။
      ယူအက်စ်လို သူ့ငွေဈေးချ ပြီး ပြည်တွင်းမှာဈေးတက်ပေမဲ့နိုင်ငံတကာ ကုန်သွယ်ရေးအသာရအောင်လုပ်တာ(တနည်း)နိုင်ငံခြားဈေးကွက်မှာယှဉ်နိုင်အောင် လုပ်တာမျိုးသူမလုပ်နိုင်ဘူးပေါ့နော်။

  • yuki

    November 11, 2011 at 10:54 am

    ဒီဆောင်းပါးဖတ်ပြီး နဂိုကတည်းကဂျပန်မှာကျောင်းလာတက်မိလို့ စိတ်ဓာတ်ကျနေတာပိုဆိုးသွားတယ်။
    yuki က ကောလိ်ပ်တခုမှာ Electrical တက်နေတာ။ကျောင်းတက်ရင်း သူတို့ဆီကအူကြောင်ကြောင်
    နိုင်တဲ့ နည်းတွေနဲ့ နည်းနည်းတော့ဒုက္ခရောက်တယ်။ဥပမာပြောရရင် ၁နဲ့ ၂၃၄၅စားတဲ့ပုစာ္ဆကို calcaularနဲ့တွက်တာဆိုပါတော့ ။၂၃၄၅ ကို ရိုက်ပြီး inverse ခလုတ်နှိပ်တာကိုလက်မခံဘူး။၁နဲ့ပဲ အတင်း
    စားခိုင်းနေတယ်။အဖြေတူတူပဲဆိုတာကိုလက်မခံဘူး။ကောင်းတာတွေလဲအများကြီးရှိပေမယ့် တခါခါတော့ သူတို့ရဲ့ အယူအဆတွေနဲ့စိတ်ညစ်ရတယ်။

    • thit min

      November 11, 2011 at 3:26 pm

      ခုခေတ်ကြီးမှာ ဘယ်နေရာမှ 100% ပတိရူပအရပ်လို့ပြောဘို့ခက်နေတာတော့မှန်တယ်။
      ဒါပေမဲ့ ယုကိ ပြောသလို “ကောင်းတာတွေလဲ ရှိပါတယ်” ဆိုရင်ကောင်းတာကိုယူပါ။
      ယုကိကြည့်ရတာကိုယ်ပိုင်အတွေးအခေါ်ရှိပုံပေါက်လို့ အကောင်းတွေထဲကမှအကောင်းဆုံးကိုရွေးနိုင်မယ်
      လို့ယုံကြည်ပါတယ်။

  • nozomi

    November 11, 2011 at 11:33 am

    ဖတ်ပြီးကာစ ဘာမန်းရမှန်း မသိအောင်ကို ဖြစ်သွားတယ် အခု ဒုတိယ အကြိမ်ထပ်ဖတ်ရတာ
    ကိုသစ်ရေ ဆွေးနွေးနိုင်ဘို့ နေနေသာသာ နားလည်အောင်တောင် မဖတ်နိုင်သေးဘူး ဖြစ်နေတယ်
    အရင်ဆုံးကူးထားပြီး ပြန်ဖတ်လိုက်ဦးမယ်
    မသိတာ၊ သိချင်တာ ရှိတော့မှ ထပ်မေးမယ်

  • eveningstar

    November 11, 2011 at 11:38 am

    ဥိံးတို့တွေက နိင်ငံရေး,စိံပွားရေး,လူမူ့ရေး တွေမှာ အသိရောအမြင်ရောလက်တွေ့ရောမှာပါ
    အရမ်းကိုပဲ ပြည့်စုံပါတယ်။
    ဥိံးတို့လိုလူတော်တွေသာ ကျွန်တော်တို့နိုင်ငံမှာပဲ ဆိုရင်……….

    • thit min

      November 11, 2011 at 3:32 pm

      ဟုတ်ကဲ့ပါ ကိုနိုဇိုမိရေ
      မေးပါ။ ကျနော်သူများနိုင်ငံရဲ့ တိုးတက်အောင်လုပ်ဆောင်တဲ့ လမ်းကြောင်းနဲ့ ကျဆုံးရတဲ့အကြောင်းလေးတွေကိုရေးထားတာပါ။

      ~~~~~~~~~~~~~~~~~~~~~
      eveningstar ရေ
      ဦးတို့ကလူတော်တွေတော့မဟုတ်ပါဘူးကွယ်။
      သူများမသိတာကိုသိတယ်လို့ပြောလို့ရမယ်ထင်တယ်။လောကမှာကျွမ်းကျင်ရာလိမ်မာတဲ့။။
      ဦးတို့မသိတာတွေလဲအများကြီးပေါ့ကွယ်။
      ဘာဘဲဖြစ်ဖြစ် ဦးတို့ချစ်တဲ့မြန်မာပြည်ကြီးကို အပြောမဟုတ်ဘဲ “သဲ” လေးတပွင့်နေရာကနေအလုပ်လုပ်ပေးမယ်ဆိုတာ
      သိထားပေးပါ။သူများနိုင်ငံမှာတသက်လုံးနေဖို့စိတ်ကူးမရှိပါဘူးနော်။

  • parlayar46

    November 11, 2011 at 1:06 pm

    ပိုစ့် အရင်းက ကျယ်ပြန့်လွန်းတာကြောင့် ဖတ် မှတ် သင်ယူ ရုံမျှသာ တတ်နိုင်ပါတယ်။ တနေ့နေ့မှ နဲနဲစီဖဲ့ပြီး ဆွေးနွေးချင်သေးတယ်။
    အခုတော့- ကိုဖေါရင်း ရဲ့ကွန်မင့် နဲ့ ကိုသစ်မင်းရဲ့ reply လေးထဲကပဲ နဲနဲလောက် ကွက်ပြီးပြောမလားလို့။ လက်ရှိ မြန်မာ့ငွေကြေးအခြေအနေနဲ့လည်း နဲနဲဆင်နေတော့။
    “Japan ဟာ သူ့ငွေတန်ဖိုးကို ဘာလို့မချရတာလဲ ။”
    “ငွေကြေးပေါ်လစီအပြောင်းမှာ ဖြစ်လာမဲ့ဂယက်ရဲ့ပြင်းအားကိုလဲမှန်းလို့မရနိုင်အောင်ဖြစ်နေပုံရတယ်။”

    ဂျပန်ကို (ဂျပန်ရဲ့ဦးကိုင် အစိုးရနှင့် ဂျပန်ပညာရှင်တွေကို) သိပ်တော့ လျှော့မတွက်မိဘူး။
    ကိုယ့်ငွေတခုထဲ ငုတ်တုတ်ထိုင်ပြီးမာနေတာ ဆိုးကျိုးများတယ်ဆိုတာ ထင်ရှားပါတယ်။
    ငွေတန်ဘိုး လျှော့ချဘို့ကလည်း နည်းလမ်းများစွာရှိနေတာပါ။ လွယ်တဲ့စကားပြောရရင် စက္ကူတွေရိုက်ထုတ် လူတွေလက်ထဲထည့် အသံနဲ့ခြောက် ပေါ့လေ။ (တစ်ခါတုန်းက လူတွေကို ပိုက်ဆံတွေထုတ်ပေးပြီး ဈေးဝယ်ဘို့မြှောက်ပေးတာ သူပဲလားလို့။ ကျုပ်လဲမေ့တေ့တေ့။) ဒါပေမယ့်အဲဒါရဲ့ အကျိုးဆက်က လှည့်လည်ငွေပမာဏကြီးလေ မှန်းရခက်လေဖြစ်မယ် ထင်ပါတယ်။

    ဒေါ်လာနဲ့တော့ မယှဉ်နဲ့ပေါ့လေ။ ယူအက်စ်ဒေါ်လာဆိုတာ အမေရိကန်ရဲ့ငွေသီးသန့်မှ မဟုတ်တော့တာ။ အဲဒါကမ္ဘာ့ငွေကြေးဖြစ်နေပြီ။ ဒေါ်လာရဲ့ ကြမ္မာဟာ ကမ္ဘာ့ ကံကြမ္မာပဲ။ ဒေါ်လာရဲ့ လားရာဟာ ကမ္ဘာ့စီးပွားရေးလားရာပဲ။ ကမ္ဘာနဲ့ဒေါ်လာ တသားတည်းဖြစ်နေနှင့်ပြီ။ (အဲဒါနားလည်လို့ ဒီနှစ်ပိုင်းတွေမှာ တရုတ်ကြီး ယွမ်ကိုပွဲထုတ်ဘို့ကြိုးစားလာတယ် ထင်မိတယ်။)

    တဝင်းတခြံထဲမှာပဲ လှည့်မယ့်ငွေမျိုးအတွက် ငွေတန်ဘိုးချပြီးရင်-
    ၁။ငွေတန်ဘိုးကျ
    ၂။ဝင်ငွေတက် (သွက်လက် လွတ်လပ်တဲ့စံနစ်ကြောင့်)
    ၃။ပစ္စည်းဈေးလည်းတက်တော့တက် ။ ယှဉ်ပြိုင်မှု့ကြောင့် ဝင်ငွေအချိုးလောက် မရှိ။
    ၄။ဝယ်ယူသုံးစွဲမှု့ပိုများ
    ၅။ထုတ်လုပ်ဝန်ဆောင်မှု့တွေတက်

    အဲဒါဆို စီးပါွးရေးကို ဆွဲလှည့်သလိုပေါ့။ ဒီလိုမှမဟုတ်ပဲ နောက်တမျိုးဖြစ်လာရင်ရော ?

    ၁။ငွေတန်ဘိုးကျ
    ၂။ဝင်ငွေမညီမမျှ အချိုးမကျစွာ တဖြေးဖြေးတက် (ညံ့ဖျင်း ဒေါင့်မစေ့တဲ့စံနစ်ကြောင့်)
    ၃။ပစ္စည်းဈေးက ဝင်ငွေထက်ပိုတက်။ (supply အကန့်အသတ်ရှိတာနဲ့ ယှဉ်ပြိုင်မှု့ လွတ်လပ်မှု့မရှိတဲ့စံနစ်ကြောင့်)
    ၄။ဝယ်ယူသုံးစွဲမှု့ လျှော့ ။ အရင်လောက်မသုံးနိုင်။
    ၅။ထုတ်လုပ်ဝန်ဆောင်မှု့တွေ တုန့်နှေးသွား။

    အဲသလိုဆိုရင်တော့ ဆေးမှားပြီ။
    ဆိုချင်တာက ကိုယ့်ဆေးကိုယ်စိတ်ချမှ ဖေါ်သောက်လို့ဖြစ်တာ။

    ဒါကတော့ ဒီဖြစ်စဉ်အတိုင်းဖြစ်တယ်/မယ် လို့ မဆိုလိုပါ။ ဥပမာသဘောပြောတာပါ။
    တကယ့် လက်တွေ့စီးပွားရေးဆိုင်ရာ ဖြစ်စဉ်တွေ၊ ပရိယါယ်တွေ၊ ဥပဒေသတွေ က ဒါ့ထက်များစွာ ရှုပ်ထွေးမှာပါ။

    အရှေ့ကျွန်းက နဂါးအိုကြီး
    ရေတိုပြဿနာတွေကိုရှောင်ရင်း ရေရှည်ပြဿနာတွေကို ဖန်တီးမိနေသလားလို့ ထင်မိပါကြောင်း။

    • thit min

      November 11, 2011 at 1:37 pm

      ကိုပါလေရာရေ အဲဒီအဆုံးထိ သွားလိုက်လေ။အဆုံးမှာ အင်ဖလေးရှင်း(Inflation)ရောက်ပါတယ်။

      အမ်၃ ၊အမ်၄ လို့ခေါ်တဲ့မန်းနီးဆပ်ပလိုင်းက အရမ်းဝင်သွားရင်လဲ

      မြင်းရိုင်းတကောင်လိုထိန်းရခက်တယ်။

      အဲဒီဒဏ်ကိုဂျပန်လဲအရင်က ခံခဲ့ဘူးတယ်။(Asset) အက်ဆက်တွေဈေးတက်တာ။

      အက်ဆက်အင်ဖလေးရှင်းကရိုးရိုးအင်ဖလေးရှင်းလိုမဟုတ်ဘူးမလား။အားကြီးတယ်။

      ကျနော်ပြောခဲ့သလိုဘဲ သူတို့တတ်ပါတယ်။နဲနဲအကောင်ကြီးတော့ စွန့်ရမှာမရဲဖြစ်နေတာ။

      နောက်အားနဲချက်တခုက အရည်အချင်းရှိတဲ့နိုင်ငံခေါင်းဆောင်ခုတလောမတွေ့ရဘူးဗျ။

      ခေါင်းဆောင်ကောင်းကောင်းတယောက် ၁ဝ နှစ်ပါတ်ဝန်းကျင်လောက်ထိန်းပေးရမဲ့အနေအထားပဲ။

      နောက်အားနည်းချက်တခုက ခုဟာ ဗျူရိုကရေစီစနစ်လိုလိုခံစားနေရတယ်။အဲဒီခေါင်းဆောင်ပိုင်းနဲ့စနစ်ကို

      လဲ အားမရဘူး။

      အသေးစားနဲ့အလတ်စားလုပ်ငန်းတွေကတော့လည်ပတ်နိုင်လို့အန်အမ်စီMNCs (Multinational Corporations)

      တွေအထိနာလည်း ရုတ်တရက်ကြီးတော့ လဲကျသွားစရာဘာမှမရှိပါဘူး။

      အဲ World Ranking လေးတော့ချိန်းသွားနိုင်တယ်ဗျာ။

      အဲဒီ ဂျိုင်းယဲန်းကြီးတွေ (Big Company) မှာလဲ လောလောဆယ်တော့ Reserve Fund အရံငွေတွေ”ကျန်”

      နေပါသေးတယ်တဲ့။

Leave a Reply