အထက်လူကြီးနှင့် ခေါင်းဆောင်တို့ကြားခြားနားချက်

ေအမီNovember 10, 20111min33432

အေမီ သဘောကျမိတဲ့ စာလေးကို ပြန်ရှဲ လိုက်တာပါ။

အဖွဲ့အစည်းတစ်ခုရဲ့ အကြီးအကဲ နေရာယူထားသူ တစ်ယောက်ဟာ အထက်လူကြီး အဆင့်လား၊ ခေါင်းဆောင်လား ဆိုတာ အမေရိကန်ပြည်ဖွား ဗြိတိသျှ Selfridges Departmental Stores များတည်ထောင်သူ Gorden Selfridge ပြောပြတဲ့ အောက်ပါ အချက်တွေနဲ့ ချိန်ထိုးခွဲခြားလို့ရပါတယ်။

  • အထက်လူကြီးက လူတွေကို မောင်းသည်။
  • ခေါင်းဆောင်က နည်းပေးလမ်းပြ လုပ်သည်။
  • အထက်လူကြီးက အာဏာကို အားကိုးသည်။
  • ခေါင်းဆောင်က ချစ်ခင်ရင်းနှီးမှုနှင့် စိတ်ကောင်းစေတနာကောင်းကို အားကိုးသည်။
  • အထက်လူကြီးက ကြောက်အောင် လုပ်သည်။
  • ခေါင်းဆောင်က စိတ်အားထက်သန်အောင် လုပ်သည်။
  • အထက်လူကြီးက “ငါ” ဟု သုံးသည်။
  • ခေါင်းဆောင်က “ငါတို့” ဟု သုံးသည်။
  • အထက်လူကြီးက ပြသနာ ဖြစ်လျှင် အပြစ်တင်သည်။
  • ခေါင်းဆောင်က ပြသာနာကို ကုစားသည်။
  • အထက်လူကြီးက “သွားကြ” ဟု ပြောသည်။
  • ခေါင်းဆောင်က “သွားကြစို့” ဟု ပြောသည်။

(Gordan Selfridge)

Translated by: ဒေါက်တာသီဟသစ်

From: MM Daily News

32 comments

  • koyinmaung

    November 10, 2011 at 4:45 am

    အမှတ်တမဲ့ သတိမထားမိခဲ့ဘူး……….
    ရှဲ…ရှဲ..

  • kai

    November 10, 2011 at 6:26 am

    ဘုန်းကြီးတွေ.. ဘာသာရေးခေါင်းဆောင်တွေကို ဘာလို့ပြောရမလည်းဟင်င်င်…
    ခြားနားချက်လေးတွေ လုပ်ပါဦး.. 😆

    • အေမီ

      November 10, 2011 at 8:07 pm

      သူကြီးမေးခွန်းကို မဖြေပါရစေနဲ့……….ဖြေလိုက်ရင် ရှော့ခ်ရှိနိုင်တယ်…..အဟဲ
      ယုန်လေး နှာစေးလိုက်ဦးမယ်…. 😛 😛 😀

    • ကိုရင်စည်သူ

      November 16, 2011 at 7:43 pm

      ဟယ်… မီလေး.. ချိတ်မပူနဲ့ …
      သဂျီးးးး မေးဒါ.. ကိုရင် အစားဖြေပေးမယ်နော့…
      မီခလေး ရှော့ခ်ဖြစ်ရင် ကိုရင်ဖြစ်သလိုပါပဲလေ… ပြောမယ်ဆိုရင်လဲ.. 😳 😳 😳
      ဘုန်းကြီးက (၁) ဆွမ်းခံစားရမယ်.. ကတုံးတုံးရမယ်… သင်္ကန်းဝတ်ရမယ်
      (၂) ဗုဒ္ဓရဲ့ အဆုံးအမတိုင်း ကျင့်ကြံနေထိုင်ရမယ်…

      ဘာသာရေးခေါင်းဆောင် မှာတော့ ဘာသာအမျိုးမျိုးက ခေါင်းဆောင်တွေရှိတယ်…
      သူတို့ကတော့ ဘာသာရေး ဖိုက်တာတွေလို့မြင်တယ်..
      ဘာသာရေးနဲ့ ပတ်သက်ပြီး ဦးဆောင်ပြီး ရှင်းဟယ် လင်းဟယ်
      ပြောဟယ်ဆိုဟယ်လုပ်တယ်…။ ဘာသာရေးနဲ့ပတ်သက်ပြီး ဦးဆောင်ပေးနေသူ
      လို့မြင်ပါတယ်ဂျ..

      ဟီးဟီး.. သိတော့ဝူး သိသလောက်ဝင်ဖောလိုက်တာ..
      အားလုံးက မီခလေးအတွက်… ငွဲငွဲ… :mrgreen: :mrgreen:

      • အေမီ

        November 16, 2011 at 8:28 pm

        ကိုရင်စည်သူ့ စေတနာကို ကျေးဇူးတင်ပါတယ် 😀 😀

  • small cat

    November 10, 2011 at 7:31 am

    ကျွန်တော်တို့ ဆီမှာတော့ “အထီးလူကျက်” တွေများမယ်ထင်တယ် အမရာအေမီရေ။

  • aye.kk

    November 10, 2011 at 8:29 am

    အထက်လူကြီးပီပီ အဘလို့ခေါ်မှကြိုက်တဲ့သူတွေ အဘခေါ်ပြီးဖားနေတဲ့သူတွေ
    အထက်လူကြီးဆိုတာ မသတီစရာ အဘခေါ်နေတဲ့သူတွေကသနားစရာ
    ခေါင်းဆောင်ဆိုတာ လေးစားစရာ အဲဒီလိုကွာခြားတယ်လို့မြင်ပါတယ်

  • MaMa

    November 10, 2011 at 9:35 am

    နည်းနည်းလေးပဲ ကွာပြီး
    အများကြီး ခြားနားနေတာကို
    လွယ်လွယ်လေးနဲ့ နှိုင်းယှဉ်ပြလိုက်တာမို့ မှတ်သားလောက်ပါပေတယ်။

  • အေမီ

    November 10, 2011 at 8:19 pm

    ဟုတ်……ရွာသူ/သား တွေသဘောကျတယ်ဆိုရင် ဝမ်းသာပါတယ်။

  • Don Juan Ronald

    November 10, 2011 at 9:07 pm

    တော်တဲ့ boss တွေလည်း၊သူ့အလုပ်သမားကိုအခြားလူနဲ့မိတ်ဆက်ပေးတဲ့အခါ၊
    “ကျနော့အလုပ်သမား” လို့မပြောဘ၊ဲ
    “ကျနော့ရဲ့လုပ်ဖော်ကိုင်ဖက်” ဟုပြောလေ့ရှိသည်။

  • Sky ko ko

    November 11, 2011 at 9:47 am

    နည်းနည်းလောက်ဖြည့်ချင်ပါတယ်….. အပြုသဘောမျိုးနဲ့ပါ..
    မိဘကဲ့သို့ အုပ်ချုပ်မှရသောအဖွဲ့စည်း ရှိသလို၊ အမိန့်အာဏာသုံးပြီး အမိန့်ပေးစေခိုင်းမှ ရသောအဖွဲ့အစည်း ဆိုတာရှိတဲ့အတွက် တစ်ချို့သောသူတွေကို မိဘသဖွယ်အုပ်ချုပ်ရပါတယ်…. တစ်ချို့သောအဖွဲ့အစည်းကိုတော့ အမိန့်ပေးစေခိုင်းပြီး အုပ်ချုပ်ရပါတယ်… မိသားစုတစ်ခုအတွင်းမှာတောင် အိမ်ထောင်ဦးစီးတစ်ယောက်အတွက် သားကတစ်မျိုး၊ သမီးကတစ်မျိုး၊ မိန်းမကတစ်မျိုးဆိုပြီး ဖြစ်နေလို့ အုပ်ချုပ်သူအတွက် ဘယ်လောက်ခက်ခဲသလဲဆိုတာသိကြမှာပါ.. လူပုဂ္ဂိုလ်မျိုးစုံပါတဲ့အဖွဲ့အစည်းမျိုးမှာဆိုရင် မိဘလိုအုပ်ချုပ်ရင်လွယ်ကူနိုင်ပါ့မလား?၊ ကျနော်ဆိုလိုတာက တစ်ချို့တွေကိုတော့အမိန့်ပေးစေခိုင်းပြီး အလုပ်လုပ်စေမှ ကျနော်တို့လုပ်ငန်းတစ်ခုက အောင်မြင်နိုင်မှာပါလို့ အကြံပြုချင်ပါတယ်…
    လူတိုင်းမှာ နှလုံးသားပါကြပါတယ်…. ချစ်တတ်ပါတယ်.. ခင်တတ်ပါတယ်… ကြင်နာတတ်ပါတယ်… သနားတတ်ပါတယ်…

    • အေမီ

      November 16, 2011 at 7:15 pm

      မှန်ပါတယ်…….မိသားစုတစ်ခုတည်းတောင်မှ သား/သမီး အနေအထား အကျင့်စရိုက်ပေါ်မူတည်ပြီး ဆုံးမပုံ မတူနိုင်ပါဘူး။ Sky Ko Ko ပြောတာကို အေမီ လက်ခံပါတယ်။
      ခုမှ ဖတ်မိလို့ စာပြန်တာနောက်ကျသွားတယ်………. 😀 😀 🙂

  • ကြောင်ကြီး

    November 11, 2011 at 10:48 am

    အေမီ အမရာ
    အဖေဆီ ခဏလာ
    ဘေဘီ တကာ
    ကြွေပြီငါ့မှာ။။။ 😳

  • AKKO

    November 11, 2011 at 4:25 pm

    အထက်လူကြီးက စာနာ နားလည်စိတ်ရှိပြီး
    ခေါင်းဆောင်မှာတော့ ညှာတာသနားစိတ် ရှိကို ရှိသင့်ပါတယ် ။

  • blackchaw

    November 14, 2011 at 12:46 pm

    ကျွန်တော် လေ့လာမိသလောက် ဝင်ပွားတာပါဗျာ။
    အရင်တုန်းက ခေါင်းဆောင်ဆိုတာ မွေးရာပါ တဲ့။
    မွေးကတည်းက ခေါင်းဆောင် ကျင့် ခေါင်းဆောင် ကြံ နဲ့
    ခေါင်းဆောင်ဗီဇ ပါလာကြတာပေါ့ဗျာ။
    အဲဒီလို မွေးရာပါ ခေါင်းဆောင်တွေက အင်မတန်ရှားပါတယ်ဗျာ။
    အခု နောက်ပိုင်းတော့ ခေါင်းဆောင်ဆိုတာ မွေးရာမပါလည်း
    လေ့ကျင့်သင်ကြားလို့ ရပါတယ်ဆိုပြီး ဖြစ်ပြန်ရေ။
    ဒါပေမယ့် မူရင်းစိတ်ကိုတော့ ပြင်လို့မရလောက်ဘူးလို့ ထင်တယ်။
    ဘာလို့လဲဆိုတော့ အချက်အလက်တွေသိအောင် ဦးနှောက်ထဲ ရိုက်ထည့်လို့ရတယ်။
    လူ့အကျင့်အကြံ စိတ်နေစိတ်ထားကတော့ နှလုံးသား ကိစ္စ ဖြစ်သွားပြီ။ ရိုက်ထည့်လို့
    မရတော့ဘူး။ မွေးရာပါပဲ။ ဟဲဟဲ
    စာအုပ်တွေ ဖတ်ပြီး လျှောက်ပွားတာပါဗျာ။ ကိုယ်ပိုင်အသိကတော့ ဇီးရိုးပါ။

    • ပေါက်ဖော်

      November 16, 2011 at 9:00 pm

      ဟုတ်တယ်..အန်ကယ်..
      မွေးရာပါ…ဗီဇိကို….ဖျောက်ဖို ့ခက်တယ်….
      လူရဲ့ မူရင်းစိတ်ခံလဲ လိုသေးတယ်..

  • အေမီ

    November 16, 2011 at 7:28 pm

    နည်းလမ်းဆိုတာ နောက်လူကိုလွယ်ကူစေဖို့၊ နမူနာယူနိုင်ဖို့ ပေးခဲ့တဲ့အကြံညဏ်ပါ။ အမြဲတမ်း ပေးခဲ့တဲ့နည်းလမ်းအတိုင်း တသွေမတိမ်း လုပ်ဖို့မလိုပါဘူး၊ ကိုယ့် အခြေနေအရ အဆင်ပြေဆုံးဖြစ်အောင် ပြုပြင်ပြောင်းလဲ သင့်ရင်လည်း ပြောင်းရမှာပေါ့လေ……… 😀 😀 😀

  • inz@ghi

    November 16, 2011 at 7:55 pm

    Coaching Vs Management လို့ ယူဆတယ်ဗျ …..
    Leader Vs Manager ဆိုလည်း ပြောလို့ရတယ်…
    ဆိုတော့ ရယူထားတဲ့ position နဲ့ လိုက်ပြီး လုပ်ရတဲ့ function ပိုင်းကွာခြားတာ လို့ ပြောချင်ပါတယ်..
    Coach ပဲ ကောင်းတယ် Management မကောင်းဘူး သည်လို မဆိုလိုပါဘူးဗျာ

    ၂ခုလုံး လိုအပ်တာပါပဲ ….. သူတို့ ၂ဦးအပြင် လက်အောက်ငယ်သား ဆိုတာကလည်း အရေးကြီးပါတယ်…
    ကျနော့် အမြင်ကတော့ management နဲ့ follower ကြားမှာ leader ဆိုတဲ့ role ရှိနေပြီး သူက ပေါင်းကူးပေးရမှာပါ…
    အရေအတွက် quantity ရော အရည်အသွေး quality ပါ မျှတ မှ အောင်မြင်မှု ရမှာပါ
    ဗိုလ်တရာ ရဲဘော် တယောက် နဲ့ အလုပ်မဖြစ်သလို မိုက်မဲတဲ့ အထက်လူကြီးကလည်း သင့်တင့်မျှတတဲ့ အရည်အချင်းရှိတဲ့
    followers တွေကို အောင်မြင်အောင် ဦးဆောင်နိုင်မှာမဟုတ်ပါဘူး..

    နည်းနည်း စကားလုံး ထွားထွား သုံးရရင် leader နဲ့ follower က tactical ပိုင်း တာဝန်ယူရပြီး
    management ဘက်ကတော့ strategy ပိုင်း ပါ ..
    leader ဆိုတာ တခါတုန်းက follower ပါပဲ ဆိုတော့ သူသည် senior staff ဖြစ်လေတော့
    မိမိကို coaching လုပ်ပေးနိုင်ပါသည် ..သည်နေရာမှာ သည်လိုလုပ် ဒါလေးတော့ သတိထား ဟိုဟာတော့ မလုပ်မိစေနဲ့
    အစရှိသဖြင့်ပါ

    Manager ကတော့ strategy ပိုင်း (strategy making ပိုင်းမဟုတ်သေးပါခင်ဗျား …သူသည်ပင်လျင် အဖွဲ့ အစည်းကြီးရင် ကြီး
    သလို သူ့အထက်က strategy makers ဖြစ်တဲ့ directors, executives တွေရဲ့ follower ပါပဲ strategic direction follower ပေါ့ )
    သည်တော့ သူ့ဆီကတော့ coaching ကို မျှော်လင့်လို့မရပါဘူးခင်ဗျား (အကြမ်းဖျင်း ဆိုလိုပါသည်)
    သူသည် သွားမယ့် လမ်းကြောင်းကိုပဲ ထိန်းမတ်ဖို့ တာဝန်ရှိတာပါ။ သူ သိရင်တတ်ရင်တောင် သင်မပေးနိုင်ပါ။

    ဒါကတော့ သူ့နေရာ ဝင်ကြည့်ရင် ခံစားလို့ ရမှာ ဖြစ်ပါတယ် ….ဥပမာ သူ့လက်အောက် leader 2ယောက်
    တယောက်စီအောက် follower ၁ဝယောက် စီလောက်ရှိတဲ့ သူအပါအဝင် လူ ၂၃ယောက်ပါ အဖွဲ့ အစည်းဆိုပါတော့
    သူသည် တယောက်သော followerကို အချိန်ပေး coach လုပ်မယ်ဆိုရင် ကျန်လူတွေအပေါ်မမျှမတ ဖြစ်ပါလိမ့်မယ်
    နောက်တချက် သူ့ အဓိက အလုပ်ဖြစ်တဲ့ flow management ကို ထိခိုက်ပါလိမ့်မယ် …
    flow management ကတော့ ဝန်ထမ်းတွေ လုပ်တဲ့အလုပ်ရဲ့ quality, time-consume ဖြစ်မှု နဲ့ cost-effectiveness တို့ပါ ..
    ဒါတွေကို သူထိန်းချုပ်နိုင်မှ သူ follow လုပ်ရတဲ့ strategic လမ်းကြောင်းအတိုင်းသွားနိုင်ပြီး အားလုံး အောင်မြင်မှု ရမှာ
    ဖြစ်ပါတယ်…

    သည်အတွက် သူဟာ ဝန်ထမ်းတွေ ရဲ့ အလုပ်အပေါ် အကဲဖြတ်တာ ..ခေါ်ယူသတိပေးတာ လုပ်ရမှာပါ…
    အကဲဖြတ်တာ မကဘူး အပြစ်ရှာတဲ့အဆင့် …ခေါ်ယူသတိပေးဆွေးနွေးတဲ့ အဆင့် မဟုတ်ဘူး ..ဆူပူကြိမ်းမောင်းတဲ့အဆင့်
    ဆိုရင်တော့ မကောင်းဘူးပေါ့ဗျာ..

    ကိုယ့်အဆင့်မှာကိုယ် ကျေပြွန်စွာ ထမ်းဆောင်နိုင်ကြပါစေ

    ထင်သလို ဝင်ရွှီး သွားတဲ့
    Inz@ghi

  • blackchaw

    November 16, 2011 at 8:26 pm

    ကျွန်တော်ဆိုလိုတာက မန်နေဂျာတွေကို သင်ပေးလို့ရတယ်ပေါ့ဗျာ။
    ဒါက ဦးနှောက်နဲ့ ဆိုင်တဲ့ ကိစ္စ ကိုးဗျ။
    ခေါင်းဆောင်ဆိုတာက နှလုံးသားနဲ့ ဆိုင်တဲ့ ကိစ္စ ဖြစ်သွားပြီဗျာ။
    လေ့ကျင့်သင်ကြားပေးလို့ မရသောအရာကို ခေါင်းဆောင်လို့
    ကျွန်တော် (ကျွန်တော်တစ်ယောက်တည်းနော်)
    လို့ သတ်မှတ်ချင်တယ်ဗျာ။
    အခု မအေမီရေးပြတာကို ကျွန်တော် ကောင်းကောင်းနားလည်တယ်။
    သဘောပေါက်ပါတယ်။ အဲဒီလို နားလည်သဘောတာက
    ခေါင်းဆောင်တစ်ယောက်ရဲ့ လုပ်နည်းလုပ်ဟန်
    တွေးနည်းတွေးဟန်ကိုပဲ တုလို့ရမှာပါ။
    ခေါင်းဆောင်တစ်ယောက်ရဲ့ နှလုံးသားစစ်စစ်ကိုတော့
    ရလိမ့်မယ်မဟုတ်ပါဘူး။
    ရိုးရိုးသားသား ဝန်ခံရရင် ကျွန်တော်ကိုယ်တိုင် နောက်လိုက် တစ်ယောက်ဖြစ်ခဲ့ဘူးလို့
    ခေါင်းဆောင်ကောင်းအချို့နဲ့ ကြုံခဲ့ဘူးပါတယ်။
    နောက်တစ်ခါ အဖွဲ့အစည်းတစ်ခုကို ကျွန်တော်ဦးဆောင်ခဲ့ဘူးပါတယ်။
    ခုနက အေမီရေးပြတာတွေ ကျွန်တော် ဖတ်ခဲ့ဘူးသင်ခဲ့ဘူးတာပါပဲ။
    ကျွန်တော် ခေါင်းဆောင်ကောင်းတစ်ယောက် မဖြစ်ခဲ့ပါဘူးဗျာ။
    ဒီအသက်အရွယ်မှာ မရှက်မကြောက် ဝန်ခံတာပါ။
    ခေါင်းဆောင်ကောင်းဆိုတာ သင်ယူရုံနဲ့ မဖြစ်နိုင်ပါဘူး။
    ဘာလို့လဲ ဆိုတော့ ဒါက နှလုံးသားနဲ့ ဆိုင်တဲ့ ကိစ္စ ဖြစ်လို့ပါဗျာ။
    နည်းနည်းရှည်သွားရင် ခွင့်လွှတ်ပါဗျာ။

    • inz@ghi

      November 16, 2011 at 8:38 pm

      ဟုတ်ကဲ့အစ်ကို ကျနော် ထပ်တူမဟုတ်တောင် နားလည် ခံစားမိပါတယ်ဗျ

      ကျနော် ပြောချင်တဲ့ point of view ကတော့ နေရာ အဆင့် စတဲ့ ခြည်နှောင်မှု တခုမှာ…
      coach လုပ်ပေးချင်လျက် လုပ်ပေးတတ်လျက် မလုပ်ပေးလိုက်ရတဲ့ manager တွေ ….
      management skill ရှိလျက်နဲ့ တသက်လုံး ဓါးသွေးကျောက်ဘဝနဲ့ အရိုးထုတ်သွားရတဲ့
      မွေးရာပါ leader တွေ အကြောင်းပါဗျာ….

      တိုက်ဆိုင်မှုတွေ ရှိလို့ comment တောင် တော်တော် ရှည်သွားတယ်ဗျာ post ရှင်ကို အားနာလိုက်တာ …
      ကျနော်က လျာရှည်တယ် …ခုလည်း ကိုယ့် senior ကြီးကို ဝင်ရှည်မိပြန်ပီ …

      အမှားပါရင် ဆောရီးနော် အစ်ကို ….

      ခင်တဲ့
      inzaghi

  • အေမီ

    November 16, 2011 at 8:39 pm

    ကိုအင်ဇာဂီရေ…..လေးစားရပြန်ပြီ။ အဲဒိသဘောတရားမျိုးတွေ အေမီ မဖတ်ဖူးဘူး။
    အေမီ ကြိုးစားပြီး နားလည်အောင်ဖတ်ပါတယ်။

    ကိုအင်ဇာဂီရော….ကိုဘလက်ချောရော…..ဝင်ရောက်ဆွေးနွေးတာ ကျေးဇူးအထူးတင်ပါတယ်။ မှတ်ချက်တွေကို အေမီ ဝမ်းမြောက်ဝမ်းသာစွာ လက်ခံပါတယ်။ ပြောရရင် အေမီက ဘာလက်တွေ့ အတွေ့အကြုံမှ မရှိသေးတဲ့ စာတွေ့ပဲရှိတဲ့လူငယ်တစ်ယောက်ပါ။ ဒါကြောင့် အေမီ အရေးမတတ်တာရှိရင် ခွင့်လွှတ်ပါ။

  • အေမီ

    November 16, 2011 at 8:41 pm

    ကိုအင်ဇာဂီရေ…..လေးစားရပြန်ပြီ။ အဲဒိသဘောတရားမျိုးတွေ အေမီ မဖတ်ဖူးဘူး။
    အေမီ ကြိုးစားပြီး နားလည်အောင်ဖတ်လိုက်ပါတယ်။

    ကိုအင်ဇာဂီရော….ကိုဘလက်ချောရော…..ဝင်ရောက်ဆွေးနွေးတာ ကျေးဇူးအထူးတင်ပါတယ်။ မှတ်ချက်တွေကို အေမီ ဝမ်းမြောက်ဝမ်းသာစွာ လက်ခံပါတယ်။ ပြောရရင် အေမီက ဘာလက်တွေ့ အတွေ့အကြုံမှ မရှိသေးတဲ့ စာတွေ့ပဲရှိတဲ့လူငယ်တစ်ယောက်ပါ။ ဒါကြောင့် အေမီ အရေးမတတ်တာရှိရင် ခွင့်လွှတ်ပါ။

    • inz@ghi

      November 16, 2011 at 8:45 pm

      ဆြာ ဘလက်က ရေလည် စီနီယာ ကြီးဗျ …. မယှဉ်ရေးအပ်ပါဘူးခင်ဗျား
      ကျနော်က ဘာကောင်မှ မဟုတ်ပါဘူး …
      ကျနော့် ကိုယ်တွေ့ နည်းနည်းလေးနဲ့ ဒဲ့လာထိတဲ့ အကြောင်းအရာမို့ ကျနော် ဆွေးနွေးနိုင်တာပါဗျ…

      • အေမီ

        November 16, 2011 at 9:12 pm

        ဘရာသာများ အားလုံး………….
        အေမီ ဘယ်သူ့ကိုမှ မယှဉ်ရပါဘူး……..မြင်သလို ထင်သလို ရေးလိုက်တာပါ။ သူများတွေ အတွက် အနှောက်အယှက်ဖြစ်ရင် ဘရာသာတို့ တာဝန်ရှိသူတွေ ကြိုက်သလိုလုပ်နိုင်ပါတယ်။ ဖျက်လိုက ဖျက်နိုင်ပါတယ်နော်…………

  • blackchaw

    November 16, 2011 at 8:54 pm

    မဟုတ်ဘူးဂိုင်းရေ။ ဂိုင်းလိုလူကို ကိုဘလက်က မရည်ရွယ်ရဲပါ ခင်ဗျား။
    မအေမီကိုသာ ဆွေးနွေးခြင်းဖြစ်ပါတယ်။
    အစာစားရင် အစာကြေဘို့လိုပါတယ်။
    ဒါမှ စားတဲ့ အစာကခွန်အားဖြစ်မှာပါ။
    စာဖတ်ရင်လည်း စာကြေဘို့လိုပါတယ်။
    ဒါမှ ဖတ်တဲ့ စာက ဖတ်သူကိုခွန်အားပေးမှာပါ။
    အစာမကြေတော့ စားတဲ့သူကို ဒုက္ခပေးပါတယ်။
    စာမကြေတော့ ဖတ်တဲ့ လူကို ဒုက္ခပေးပါတယ်။
    အခုလည်း မအေမီကို ကိုယ့်ထက်ငယ်တယ် ထင်လို့
    အတွေ့အကြုံလေး ရှင်းပြပေးတာပါ။
    ဂိုင်းကတော့ ကိုယ်လေးလေးစားစား ဖတ်နေရတဲ့
    ဆရာတစ်ယောက်ပါ။ အတည်ပြောတာနော်။
    နောက်တာမဟုတ်ပါဘူး။
    အပေါ်မှာ ကိုယ်ရေးခဲ့တဲ့ ကွန်းမန့်က
    ဒီညနေ ကိုယ်ရေးခဲ့တဲ့ ပို့စ်တစ်ခုရဲ့ စာလေးတစ်ပိုဒ်ပါ။
    ဒါပေမယ့် မတင်ဖြစ်တော့ပါဘူး။ ဘာလို့လဲဆိုတော့
    မအေမီက သူ့အရွယ်နဲ့ သူ့ အမြင် လှပါတယ်ဗျာ။
    ကျွန်တော် မုဒိတာ ပွားပေးရမယ့် ကိစ္စ မျိုးပါ။
    နောက်ကြုံရင် အဲဒီ ကိစ္စလေးကို ပို့စ်တစ်ခုတင်ပါဦးမယ် ဂိုင်းရေ။
    ကိုမှောင်ချော ပြောမှားဆိုမှားရှိရင် ခွင့်လွှတ်ပါ။ မှောင်ချောကိုလည်း
    ဂိုင်းရေးတဲ့ ပို့စ်ထဲမှာ ဆီမာဆတ်လေးဘာလေးပို့ပါဦးဟ။

    • inz@ghi

      November 16, 2011 at 9:03 pm

      မနောက်ပါနဲ့ဆြာ ….
      ကျနော်က ငယ်သေးသလို အတွေ့အကြုံလည်း အရမ်းနုလို့ ဆြာ အခေါ်မခံဝံ့ပါခင်ဗျား …
      ဖြတ်သန်းခဲ့ရတာတော့ နည်းနည်းစုံတယ်ပြောရမယ်ဗျာ..

      နည်းနည်း စုံတယ်ဆိုတာ …နည်းနည်းစီနဲ့ အစုံ လုပ်ရတာ ကိုပြောတာပါ..
      ဒါ့ကြောင့် ကျနော့်မှာ ဘယ်ဘက်မှာမှ… ဝမ်းစာမပြည့်သေးပါခင်ဗျား

      အလှည့်အပြောင်းတွေကြားမှာ skillပိုင်းထက် knowledge-base ဘက်ကို
      ဇောင်းပေးဖတ်ခဲ့ရတဲ့ စာသင်သားတယောက်မို့ … ပါ …

      ကျနော်လည်း တိုက်ဆိုင်ရင် ကျနော် ဖြတ်သန်းရတာတွေကို ရေးပါဦးမယ်. …
      အစ်ကိုတို့ကို စနောက်နေဖြစ်ပေမယ့် တကယ်လေးစားပါသည်ခင်ဗျား …

      ဒါနဲ့ …….ဆြာလည်း ညောင်းတတ်သကိုးဗျ…..

      P.S ဆြာဘလက်နှင့် စကားပြောခွင့် နှီးနှောခွင့် ရလို့ ပို့စ်ရှင် မ အေမီကို ကျေးကျေးပါလို့….
      ကောင်မလေးတွေဆို လွှတ်သဘောကောင်းတဲ့ ….
      ကျောက်ဆင်းတု ခေါင်းညှိမ့် အင်ဇာဂီ. …

  • blackchaw

    November 16, 2011 at 9:27 pm

    ဘရာသာတို့မှာ ဘာတာဝန်မှ မရှိပါဘူး အေမီရေ။
    ဒီလိုလေး အားလုံးဝိုင်းဆွေးနွေးကြတဲ့ အကြောင်းအရာလေးတစ်ခုကို
    တင်ပေးတဲ့ အတွက်တောင် ကျေးဇူးတင်ပါသေးတယ်။
    အေမီရဲ့နောက်ပို့စ်လေးဖြစ်တဲ့ အပင်ထိပ်က ပန်းသီးလေးများကလည်း
    မြိုင်မြိုင်ဆိုင်ဆိုင်နဲ့
    လှပါတယ်ဗျာ။ နွေးထွေးစွာ ကြိုဆိုပါတယ်ဗျာ။
    ဒါပေမယ့် ကျွန်တော် ကတော့ တာဝန်ရှိသူ မဟုတ်ပါခင်ဗျား။

  • inz@ghi

    November 16, 2011 at 9:28 pm

    ဆြာဘလက်နဲ့ စကားပြောခွင့်ရလို့ ကျေးကျေးပါဆိုမှ သူကဇွတ်….

    အဲ့ဆြာက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ အင်ဇာဂီတို့ ချာတိတ်ဘွ ကတည်းက
    အင်ဇာဂီ လုပ်တဲ့အလုပ်တွေကို သိနေတတ်နေ လုပ်နေတာခဗျ….

    ကျနော်က ငချွတ် …. ကျနော်နဲ့ ကိုဘလက် ကဆွေးနွေးနေတာပါခင်ဗျား ….
    ကျနော်တို့က post ပိုင်ရှင်ကို ဆွေးနွေးခွင့်ရလို့ ကျေးဇူးတင်တာပါ ..
    သည်လိုပြောတာပါဗျ …. different point of view ကနေ ပြောကြတဲ့အခါ အလွန် ပညာရပါတယ်ခင်ဗျား…
    ကျနော်တို့ ပြသနာတက်နေတာ မဟုတ်သလို ရန်ဖြစ်နေ ငြင်းခုန်နေတာလည်း မဟုတ်ပါခင်ဗျား …
    topic က အလွန်ကောင်းမွန်လို့ ကျနော်တို့ စကားလက်ဆုံ ကျနေခြင်းသာ ဖြစ်ပါတယ်…
    ဆြာ ဘလက်လည်း သည်လိုယူဆမယ် ထင်ပါတယ်…

    ဖျက်ပစ်စရာမလိုတဲ့အပြင် ကျနော်တို့ ကိုယ့် position အရ အလုပ်သဘောအရ သိပ်
    အစွန်းထွက် သွားတဲ့အခြေအနေတွေ ရောက်တဲ့အခါ ..ပြန်ပြန် ဖတ်သင့်သော ပိုစ့်လို့
    ညွှန်းချင်ပါတယ်ခင်ဗျား ……

    ဂေဇက်စောင့်ဆြာရေ့ ဘယ်လို သဘောရပါသလဲဗျာ……..

  • windtalker

    November 16, 2011 at 9:47 pm

    အေမီရေ
    ဘာမှ တော့ မဆိုင်ဘူးပေါ့ကွယ်
    မောင်ပေ ဖတ်ခဲ့ဖူးတဲ့ ကာတွန်းကျော်စံကေး ရဲ ့ ပတ်ခွါစာ ဖျာလိပ်သိမ်း ဆိုတဲ့ကာတွန်းစာအုပ်ထဲမှာ
    ရှေ ့ထွက်မင်းသမီး ကို ရှူရှူးမ လို ့ခေါ်သတဲ့
    နောက်ထွက်မင်းသမီး ကို တော့ အီအီးမ လို ့ခေါ်ပါသတဲ့ကွယ် ။

    • အေမီ

      November 16, 2011 at 10:09 pm

      အဲဒိတော့……………………….ဘာကို ဆိုလိုပါလိမ့် ဘရာသာရယ် ???

  • weiwei

    November 16, 2011 at 9:49 pm

    အခုမှ ဖတ်ကြည့်မိတယ် … ကွန်မန့်တွေမြိုင်မြိုင်ဆိုင်ဆိုင်နဲ့မို့ ဗဟုသုတရပါတယ် …
    ကျွန်မလဲ အခုအချိန်မှာ ခေါင်းဆောင်နေရာအထိရောက်နေပြီမို့လို့ ခေါင်းဆောင်ကောင်းဖြစ်အောင် ကြိုးစားနေပါတယ် … နောက်လိုက်ကောင်းတစ်ယောက်မဖြစ်ခဲ့လို့ ခေါင်းဆောင်လုပ်ရချိန်မှာ တော်တော်လေးအဆင်မပြေဖြစ်နေတယ် …
    ဒါလေးမှတ်ထားပြီး နောက်နေ့တွေကျရင် အသုံးပြုကြည့်အုန်းမှပဲ ….

  • blackchaw

    November 16, 2011 at 9:55 pm

    သိတ်ဟုတ်တာပေါ့ အိုင်ပီ အင်ကြီးရေ။
    ဆားပုလင်းမှောင်ချော ရဲ့ လုပ်ဖေါ်ကိုင်ဘက်တစ်ယောက်ပဲ
    အိုင်ပီအင်ကြီးက ဘယ်ညံ့လိမ့်မလဲ နော အင်ကြီးရယ် နော။

Leave a Reply