ဇောက်ထိုးအိပ်သူများ

ထာ၀ရNovember 11, 20112min12512

မိတ်ဆွေ တယောက်က သူ.မွေးနေ.မှာ မယ်သီလရှင်တွေကို

ဝတ်စုံလှူချင်တယ် ဆွမ်းကပ်ချင်တယ် တကယ်လိုအပ်တဲ.

ကျောင်းကိုရှာပေးပါလို. အကူညီတောင်းလာတော.

နီးစပ်ရာတွေနဲ.  ကုသိုလ်ရေးမို. လိုက်ရှာရင်း ရောက်ခဲ.တဲ. သီလရှင်ကျောင်းလေးပါ

ပုလဲမြို.သစ် လမ်းမကြီးကနေညာဘက်ကိုဝင်သွားပြီး လမ်းဆုံးခါနီးမှာ တည်ရှိတဲ.

ရှေးဘုရားတဆူ ရဲ.ဘယ်ဘက်မှာကပ်ပြီးတည်ရှိတဲ.ကျောင်းလေးပါ

ထူးခြားတာက အဲဒီကျောင်းမှာ ပေါက်နေတဲ. နှစ်ချို.သစ်ပင် ကြီး  ၂ပင်မှာ

မှီခိုနေကြတဲ. လင်းဆွဲခေါ်မလား လင်ဝက်ခေါ်မလား လင်းနို. ထက်တော.ကြီးတယ်ဗျာ

ပါလာတဲ.ကင်မရာကအော်တိုဖိုးကပ်မို. အနီးရိုက်ချက်တွေက မပီပြင်ပါဘူး

ရွာထဲက ဓါတ်ပုံ ဆရာကြီးတွေ  ကင်မရာအကောင်းစားနဲ. အနီးကပ် ဆွဲရိုက်ရင်

တကယ်ကောင်းတဲ.ပုံတွေ ရနိင်ကြောင်း …..လမ်းညွန်လိုက်ရပါတယ်

အမှောင်ကြိုက်တဲ.ညဘက်မှထွက်တဲ.ဂူအောင်းသတ္တဝါမျိုးတွေ နေလည်အလင်း

ရောင်အောက်မှာ နေတာဆိုတော.ထူးဆန်းနေသလားလို. …..

အဲဒီသီလရှင်ကျောင်းလေးက အရင်ကတဲကျောင်းသာသာ လေးပါ

တနေ.ထိုင်းကလာတဲ.ဘုန်းကြီးတပါးရဲ. သာသနာပြုမှုကြောင်.အခုတော.

တိုက်ကျောင်းလေးဖြစ်လာပါပြီ ပုံမှာပါတဲ. စာတန်းကတရုပ်လိုရေးထားတာထင်တယ်

ဘာသာပြန်တတ်သူဆို ဘာရေးထားလဲသိနိင်မှာပါ အုတ်တတိုင်းမှာရောတိုက်ကျောင်းလေး

မှာပါစာတမ်းထိုးထားတာပါ…

12 comments

  • forever

    November 11, 2011 at 9:33 am

    ရန်ကုန်တရုပ်တန်းကစဉ်းအိုးတန်းလမ်းထိပ်မှာ အရင်တုန်းက
    အဲဒီအကောင်တွေ ရောင်းတာတွေ.ဘူးတယ်
    တရုပ်ဆေးနဲ.ပေါင်းစားကြတာလို.သိရတယ်…ဘာကောင်းလဲတော.မသိ

  • ကြောင်ကြီး

    November 11, 2011 at 11:02 am

    လင်းနို့နဲ့
    မြင်းနို့
    ဒင်းတို့ပေါင်း
    ဆေးပေါင်းခ
    တရုတ်များ
    စားကြတယ်
    စဉ့်အိုးတန်း
    ဘာကောင်းလဲ
    မသိ….။ 😮

  • Diamond Key

    November 11, 2011 at 11:23 am

    ကျွန်တော်လည်း ရောက်ဖူးတဲ့ မြန်မာပြည်ထဲက တစ်ချို့နေရာတွေမှာ အဲဒီအကောင်တွေကို ကြွတ်ကြွတ်ကြော်ပြီးစားတာ တွေ့ဖူးပါတယ်။
    ပုံထဲမှာတော့ များမှများနော်။
    ရန်ကုန်တရုပ်တန်းကစဉ်းအိုးတန်းလမ်းထိပ်မှာ ရောင်းတဲ့သူတွေ မတွေ့လို့များလား… 😮 😮 😮

  • AKKO

    November 11, 2011 at 3:27 pm

    မြင်ရတာတောင် အသည်းယားတယ် ။ စားတော့ မစားချင်ပါဘူးဗျာ ။
    ဖမ်းရတာလည်း လွယ်မယ့်ပုံမပေါ်ဘူး ။

  • ဆူး

    November 11, 2011 at 3:46 pm

    တလုပ်စာ သိသလောက် ဖတ်တတ်သလို ဖတ်လိုက်တာ အိညောင် ကွိချောင် လို့ အသံထွက်တယ် အသံနဲ့ စာသား ပေါင်းစပ်ပြီး တွေးလိုက်တဲ့ အခါမှာတော့ ခရုနှစ်ကောင် ချစ်တင်းနှောပြီး စကားပြောနေတာ ဖြစ်နေတယ်။ ဟိဟိ..
    တရုတ်လို မဖတ်တတ်ဘူး ရွာထဲက ကိုရင်မောင်တို့ သိမှာပေါ့ တရုတ်မှာ သီတင်းသုံးနေတာ ဆိုတော့ သူပြောပြလိမ့်မယ်။

  • ပေါက်ဖော်

    November 11, 2011 at 3:59 pm

    လင်းနိုတွေ..များရီးပါလား..

    အိချောင်.ကွိရှောင်..နိပြောင်..ဘေးမှာ..
    ခယောင်နှစ်ကု..ပူးနေတယ်..

    ညနေ အပူးထွက်မယ်ထင်တယ်..
    🙄

  • koaung

    November 11, 2011 at 6:31 pm

    ၁ မြန်မာငွေကျပ်၅သောင်းတိတိ
    ၂ အမေရိကန်ဒေါ်လာ၂ထောင်တိတိ
    ၃ တိုင်ဝမ် စာကုရာcompany မှလှူဒမ်းသည် ပုံ(ဘာသာပြန် ကိုအောင် ) 😀

  • windtalker

    November 11, 2011 at 6:54 pm

    ဘက်မန်း တွေ ထင်ပါရဲ ့
    ထာဝရ က ဘက်မန်းတွေဆီရောက်ခဲ့တယ်ဆိုတော့
    ဂျိုကာပေါ့
    (ခင်မင်စွာဖြင့် စတာနော်)

  • naywoonni

    November 11, 2011 at 7:39 pm

    လင်းဆွဲလေးလိုနေမလား…။ လင်းဆွဲလေးဟာ ဇောက်ထိုးဆိုလား…။ ကိုစိုးသူတောင် လွမ်းမိသလိုဖစ်သွားတယ်………..။

  • Ma Sweet

    November 12, 2011 at 12:48 pm

    အနီးကပ်မြင်ရရင်ကောင်းမယ်နော် အဲ့အကောင်တွေကစားလို့ရလို့လား

  • small cat

    November 12, 2011 at 2:10 pm

    ပုသိမမြို့ က တရားရုံးထဲက ကုက္ကိုပင်ကြီးမှာလဲအများကြီးရှိခဲ့ဖူးပါတယ်၊ကြောင်လေးတို့ငယ်ငယ်ကပေါ့၊ အခုတော့ရှိသေးလားမသိဘူး၊ကိုမောင်ဝိုင်းရေပြောပြပါဦး၊အစမိုင်းတုန်းက လေသေနတ်တွေ ၊လေးခွတွေနဲ့ပစ်ကြပါတယ်၊နောက်ပိုင်းပစ်ခွင့်မပြုတော့ပါ၊ ဘေးမဲ့ပေးထားတဲ့သဘောပါ။အပင်မှာနားနေတဲ့အချိန်ကိုပစ်ရင်လဲ ထိသွားပေမဲ့တော်တော်နဲ့ပြုတ်မကျပါဘူး သူတို့ခြေထောက်တွေနဲ့အသေကုတ်ထားတာပါ၊ဝါးလုံးရှေရှေနဲ့အတင်းထိုးချပြီးယူကြရပါတယ်။
    ကြောင်လေးနေခဲ့တဲ့ရပ်ကွက် ကညောင်ပင်ကြီးမှာလဲရှိခဲ့ပါတယ်။တရားရုံးထဲကအပင်မှာလိုအများကြီးမဟုတ်ပါဘူး၊ဒီအကောင်တွေကိုဖမ်းချင်ရင် ညနေမှောင်ရီဖြိုးဖျသူတို့တွေ လျှောက်ပြန်နေတဲ့အချိန် ထီးရိုးဝါး ကို မြေမှာ တစ်ထွာလောက်စိုက်ထားပြီး အပေါ်အဖျားပိုင်းကိုမွှေ့ရမ်းထားရပါတယ်၊ နောက်ပြီးသူတို့အသံမျိုးအော်တတ်တဲ့သူကအော်ပေးရင် အနားကိုပြန်လာတဲ့အကောင်ဟာဝါးလုံးအဖျားနဲ့ရိုက်မိပြီးပြုတ်ကျလာပါတယ်။

    ဒီအကောင်ကိုစားလို့ရပါတယ်၊ ပန်းနာရင်ကြပ်ကောင်းတယ်လို့ပြောကြပါတယ်၊ အကောင်ကိုတစ်ကောင်လုံးပြုတ်(ပေါင်း)ထားပြီး ဆန်ပြုတ်နဲ့ဖြစ်ဖြစ်၊ အရွက်တစ်ခုနဲ့ဖြစ်ဖြစ် နဲနဲခြင်းထည့်သောက်ရတယ်လို့ပြောပါတယ်၊ လက်တွေ့ပျောက်မပျောက်တော့မသိပါ၊စမ်းကြည့်ကြပါ။
    ချက်စားရင် ကြက်သားစားရတဲ့အတိုင်းပါပဲ။ကောင်းပါတယ် ၊စားကြည့်ကြပါ။

Leave a Reply