ငတုံးသုံးယောက်….

moesatrainMay 22, 20101min714

တစ်ခါက လူတစ်ယောက်ရှိတယ်။ သူကသူ့ကိုယ်သူ ပညာရှိလို့
အထင်ကြီးနေတဲ့သူပေါ့။ သူ့ တပည့် အခြွေအရံတွေကလည်း သူ့နားမှာဝိုင်း
မြှောက်ပင့်စားနေတာပေါ့။ ဒီလိုနဲ့ တစ်နေ့ သူ့တပည့်တွေထမ်းလာတဲ့
ဝေါယာဉ်ပေါ်မှာ မိန့်မိန့်ကြီးထိုင်လို့ မြို့ထဲကိုထွက်လာရော
လမ်းတစ်နေရာလည်းရောက်ရော လူတွေက သူ့ကို ” ငတုံးကြီး ” ဆို
လက်ညိုးဝိုင်းထိုးပြီး အော်လှောင်ကြပါလေရော။
ဒီတော့ ပညာရှိဆိုသူက သူ့တပည့်ကို ” လူတွေက ငါ့ကို ငတုံးကြီးလို့
ခေါ်နေပြီ..သွားစမ်းကွာ မင်း ငတုံးသုံးယောက် ရအောင်အမြန်သွားရှာ
ဖမ်းခေါ်လာခဲ့။ သူတို့ရှိမှ ငါခံသာမှာ။ မြန်မြန်သာသွားရှာချေ”
လို့အမိန့်ပေးလိုက်တယ်။
ဒါနဲ့ တပည့်လုပ်သူလည်း ငတုံးရှာပုံတော် ဖွင့်တော့တာပေါ့။
မြို့တစ်နေရာရောက်တော့ လူတစ်ယောက်က ခေါင်းပေါ်မှာ လေးပင်တဲ့အထုပ်
တစ်ထုပ်ရွက်လို့ မသက်မသာပုံစံနဲ့ မြင်းစီးလာတာ တွေ့လိုက်ရတယ်။ ဒါနဲ့ ”
ခင်ဗျားက ဒီလောက်လေးတဲ့အထုပ်ကို ဘာလို့မြင်းပေါ်တင်မစီးဘဲ
ခေါင်းပေါ်ရွက်လာရတာလည်း ” လို့ မေးတယ်။ ဒီတော့ မြင်းနဲ့လူက ” ဒီလိုလုပ်မှ
ကျုပ်မြင်းသက်သာမှာပေါ့ဗျ ” လို့ပြောတယ်။ တပည့်လည်း ဝမ်းသာသွားတယ်။ ”
ခင်ဗျားက ငတုံးဘဲ။ လာကျုပ်နောက်က လိုက်ခဲ့။ ရုံးတော်ကို သွားကြမယ်” ဆို
ဖမ်းခေါ်လာခဲ့တယ်။
ဒီလိုနဲ့သွားရင်း မြို့အဝင်ဂိတ်ကို ရောက်လာတယ်။ အဲ့ဒီမှာ လူတယောက်
ဝါးလုံးတစ်လုံးနဲ့ မြို့အဝင်ဂိတ်ကိုဖြတ်မရဘဲ အခက်ခဲတွေ့နေတယ်။
သူကဝါးလုံးကို အလျှားလိုက် လျိိုမထည့်ဘဲ ဒေါင်လိုက်ထောင်ဝင်တော့
နိမ့်တဲ့အဝင်ဂိတ်ထက် ပိုရှည်နေတဲ့ဝါးလုံးက ကန့်လန့်ဖြစ်ပြီး
ဝင်မရဖြစ်နေတော့တာပေါ့။ ဒီတော့ တပည့်လုပ်သူက ” ခင်ဗျားလည်း
နောက်ထပ်ငတုံးတစ်ယောက်ဘဲ။ ကျုပ်နဲ့လိုက်ခဲ့” ဆိုပြီး သူ့ဆရာပညာရှိဆိုသူရဲ့
အိမ်ကိုခေါ်လာခဲ့တယ်။
အိမ်ကိုရောက်တော့ ” တပည့်တော့ ငတုံး၂ယောက် ရလာပါပြီဆရာ.. နောက်တစ်ယောက်ဘဲ
လိုပါတော့တယ် ” လို့ပြောတော့ ပညာရှိဆိုသူက ဝမ်းသာအားရနဲ့ ”
ငတုံးတွေရလာပြီပေါ့၊ သူတို့ဘာလုပ်ခဲ့လဲ ဆိုတာအတိအကျ လျှောက်တင်စမ်း”
လို့ပြောတယ်။
ဒီတော့တပည့်က ” တစ်ယောက်က မြင်းသက်သာအောင် ခေါင်းပေါ်အထုပ်တင်ပြီး
မြင်းကိုစီးတယ်.. ကျန်တစ်ယောက်က မြို့တံခါးကို ဝါးလုံးရှည်တစ်လုံးနဲ့
ဝင်မရဖြစ်နေလို့ပါ “ လို့လျှောက်တင်လိုက်တယ်။
အဲ့ဒီတော ပညာရှိဆိုသူက ဟက်ဟက်ပက်ပက်ရယ်ရင်း..” ဟား..ဟား..ဟား မင်းတို့ဟာ
တကယ့်ကိုငတုံးတွေဘဲ၊ လာ..လာ မင်းတို့ကိုပိုပြီးတော်လာအောင် ငါပြုပြင်ပေးမယ်

” မြင်းနဲ့လူ.. မင်းက မြင်းရဲ့အလျားထက်ပိုရှည်တဲ့ တုတ်တစ်ချောင်းရှာ..
ပြီးရင်တုတ်ထိပ်မှာ မင်းရဲ့လေးလှပါတယ်ဆိုတဲ့အထုပ်ကိုမြဲမြဲချည်.. ပြီင်္းတော့အဲ့ဒီအထုပ်ကို ပုခုံးမှာထမ်းပြီး မြင်းစီးသွားရင် မင်းရဲ့မြင်း
သက်သာသွားလိမ့်မယ်.. “
” နောက်..ဝါးလုံးနဲ့လူ.. မင်းက လွှတစ်ချောင်းရှာလိုက်၊
ပြီးရင်မြို့တံခါးမှာသွားတိုင်း.. တံခါးထက်ပိုရှည်ထွက်နေတဲ့ အပိုင်းကိုလွှနဲ့ဖြတ်လိုက်.. ဒါဆိုမြို့ဂိတ်ဝတံခါးကို
မင်းဖြတ်လို့ရသွားလိမ့်မယ် ” လို့ပြောလိုက်တယ်။
အဲ့ဒီတော့ ပညာရှိဆိုသူရဲ့တပည့်က သူ့ဆရာကို အခုလိုပြောလိုက်တယ်။
” ဆရာရေ.. တတိယငတုံးကို တပည့်သွားရှာစရာ မလိုတော့ဘူးဗျ..”


4 comments

  • intro

    May 22, 2010 at 11:24 am

    ကဲ… မှတ်ကရော… ဟိဟိ၊ ရယ်ရတယ်

  • Sandar

    June 8, 2010 at 9:27 am

    ဖတ်ကြည့်ပြီးတော့ ရယ်လိုက်ရတဲ ့အတွက် အမောတွေ ခဏပြေသွားပါတယ်.
    ကျေးဇူးပါ………

  • gar

    July 7, 2010 at 5:19 am

    တတိယ လူ က ပို တုန် တယ် နော်

  • ARSENAL

    July 7, 2010 at 7:30 am

    tckvdk[moav;awGwifay;wJhtwGufaus;Zl;bJ

Leave a Reply