ကိုယ့်ပေါင်ကို လှန်ထောင်း သင့်သလား

myintsoelattNovember 11, 20111min726

ကျွန်တော် အခု အသက် ငါးဆယ် အတွင်း ထဲကို ရောက်နေ ပါပြီ၊ အသက် နှင့်အမျှ အတွေး အခေါ် အမှား တွေ အပြုအမူ အမှားတွေ စသဖြင့် အမှားပေါင်း မြောက်များစွာ လည်းလုပ်ခဲ့ ပြီးပါပြီ။ ဒါတွေကို ဆင်ခြင် ပြုပြင် ပြီး ရှေ့ဆက် ရမည့် ခရီးကို တိတ်တိတ် လေးလျှောက် ရမလား၊ ကိုယ့်ပေါင်ကို လှန်ထောင်း ပြီးမှ လျှောက်ရ မလား။ ကိုယ့်ပေါင် ကို လှန်ရင်း ကိုယ်နဲ့ ပေါင်ချင်း လိန်ခဲ့ တဲ့ ( တလွဲမတွေးပါနဲ့) သူတွေကို ပါ လှန်မိ ပြီးသား ဖြစ်မှာ လည်း ဆိုးရသေး။ ဒီကနေ့ 8days journal မှာ “၈တန်းကျောင်းတက်တုန်းက ကြိုက်တဲ့ကောင်လေးကို ရည်းစားစာ ပေးဖူးတယ်” လို့ ဖတ်ရတဲ့ အခါမှာ အပြစ်ကို ဝန်ခံတာလား၊ ခေတ်မီ ခဲ့တာကို ဂုဏ်ယူ တာလား မသိတော့ပါဘူး။ ကိုယ့်အပြစ် တွေကို ပြောမယ် ကြံရင်း ဒီလို သူများ အပြစ် ကိုပဲ ကြည့်ကြည့် ပြောနေ မိတာ လည်း လူ့ သဘာဝ ဘဲလား။

 

ပြောချင်တာကို နားလည်မလား တော့မသိဘူး၊ အားလုံး အဖြေ ရှာပေး ကြည့်ပါအုံး။ ကျွန်တော် ပြောချင်တာကို ဒီထက် ရှင်းအောင်တော့ ထပ်ကြိုးစား ကြည့်ပါ အုံးမယ်။

6 comments

  • MaMa

    November 11, 2011 at 7:48 pm

    သုဂတော= ကျိုးရှိဟုတ်မှန် နှစ်တန်သောစကားကိုသာ မိန့်ကြားတော်မူသော မြတ်စွာဘုရားလို့ ဆိုထားတယ်။ ကိုယ်ပြောမယ့်စကားဟာ မဟုတ်မှန်ရင် မပြောသင့်ဘူး။ ဟုတ်မှန်သော်လည်း အကျိုးမရှိဘူးဆိုရင်လည်း မပြောသင့်ဘူး ဆိုတော့ ပြောသင့်မပြောသင့် ကိုယ့်ကိုကိုယ်သာ ချင့်ချိန်ကြည့်ပါတော့။

  • xman

    November 11, 2011 at 11:47 pm

    တချို့လူတွေ (နမူနာပြရရင် ကျွန်တော်တို့သူကြီး) ကတော့ ဝန်ခံ confession ကိုအားပေးသဗျ။
    ဒါပေမယ့် အဲဒါက လူမျိုးစုံရှေ့မှာ တော့သိပ်မဟန်လှဘူး။
    ကိုယ့်အမှားတွေရှိခဲ့ရင် ကိုယ့်ဘာသာ သင်္ခန်းစာထုတ်ယူရတာက ပိုအကျိုးရှိမယ်ထင်တယ်။
    ပြီးတော့မှ အဲဒီသင်္ခန်းစာကို ချပြရရင်- လူတွေကိုအကျိုးပြုနိုင်ပြီမို့ ကိုယ့်လိပ်ပြာလဲလုံ ၊ မလိုလားအပ်တဲ့ ဆွမ်းကြီးလောင်းပွဲတွေလဲ ရှောင်ရာရောက်သွားရော။

  • ကြောင်လတ်

    November 12, 2011 at 10:24 am

    မိမိအတွက်လည်းအကျိုးမရှိ၊တပါးသူအတွက်လည်းအကျိုးမရှိ
    မိမိအတွက် အကျိုးရှိ၊တပါးသူအတွက်အကျိုးမရှိ
    မိမိအတွက်အကျိုးမရှိ၊တပါးသူအတွက်အကျိုးရှိ
    မိမိအတွက်လည်းအကျိုးရှိ၊တပါးသူအတွက်လည်းအကျိုးရှိ ဆိုတဲ့ စကားလေးမျိုးမှာ
    နောက်ဆုံးနှစ်ခုကတော့ ပြောသင့်ပါတယ်။

    ကိုယ့်ရဲ့အမှားတွေဟာ တပါးသူအတွက် ဆင်ခြင်စရာ သတိပြုစရာမျိုးဖြစ်မယ်၊
    လူအများအတွက် အကျိုးတစ်ခုခုဖြစ်စေမဲ့ အကြောင်းအရာမျိုးဆိုရင်ပြောသင့်ပါတယ်၊
    သတိပြုဆင်ခြင်ဖို့အတွက်စောင့်မျှော်ပြီးဖတ်ပါ့မယ်၊ လှန်ပြီးတော့သာထောင်းလိုက်ပါဗျာ။

  • ကြောင်ကြီး

    November 12, 2011 at 2:06 pm

    ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတော့ သက်သာတာပေါ့ကွယ်တဲ့။ ဆရာကြီးသခင် ကိုယ်တော်မှိုင်း ပြောခဲ့ဖူးတယ်လို့ ဖတ်ဖူးပါတယ်။ ဒီတော့ ဘယ်သူမှ မသိတာသေချာရင် (မကောင်းတာလည်း ဖြစ်ရင်) လှန်ကိုမပြနဲ့။ သိထားတဲ့သူရှိရင် လူမိုက်ခေါ်ပြီး ရှင်းခိုက်လိုက်။ မလုပ်ရဲရင် အစောကပြောသလို ပေါင်မှာစောင်ခံ၊ တတောင်မှာ ဖော့စွပ်ပြီး အသာလေးထောင်းပေါ့။။။။။ အန်တယ်ကြီးက အသစ်ထင်တယ်နော်။ ရွာအကြောင်း မသိသေးလို့ ကိုယ့်ကိုယ်ကိုပဲ မိတ်ဆက်ပါ့မယ်။ ကျနော်က ဒီဆိုက်ရက် အက်ဒမင်၊ တာဝန်ခံ အယ်ဒီတာပါ။ ကြိုဆိုပါတယ်။ လိုအပ်တာရှိ ပြောပါ။ ကျနော်မလုပ်ပေးနိုင်တောင် တောက်တိုမယ်ရခိုင်းဖို့ထားတဲ့ လက်ထောက်အယ်ဒီတာ ပေါက်စလေးကို ခိုင်းလိုက်ပါ့မယ်။

    • ကိုရင်စည်သူ

      November 12, 2011 at 4:30 pm

      ကကြောင်ကြီးက ဒီဆိုဒ်ရဲ တာဝန်ခံအယ်ဒီတာပါလား..
      လိုအပ်တာတစ်ခုတောင်းဆိုချင်ပါတယ်….
      ခုတလော အိုင်ကျူသိပ်မကောင်းတော့လို့..
      အက်ဒစ်ပြန်လုပ်ပေးနိုင်မယ့်…
      ငယ်၂ချော၂ လက်ထောက်အယ်ဒီတာမလေး
      ကိုရင့်ထံ လွှတ်ပေးလိုက်ပါလား… ငဲငဲ… 😀 😀 😀 😀

  • windtalker

    November 12, 2011 at 6:43 pm

    အန်ကယ် မြင့်စိုးလတ် ခင်ဗျာ
    ၈တန်းကျောင်းသားဘဝက ရည်းစားစာပေးခဲ့တာ ကိစန မရှိပေမယ့်
    ၈ဝလမ်းခရီး တစ်ဝက်ကျော်ချိန်မှာ ပေးရင်တော့ ရှော ့ရှိနိုင်ပါတယ် ခင်ဗျား
    🙂

Leave a Reply