ရွှေကို မလို ငွေကို မလို ရေကိုသာ ပေးကြပါ

moesatrainMay 22, 20101min650

ပဲခူးတိုင်း ဝေါမြို့နယ် နှင့် ဘုရားကြီး ကြားမှာ ရှိတဲ့ ရွာတွေဟာ ကားလမ်းနဲ့ အတော်လေးကို ဝေးပါတယ် ။ မိုးတွင်းဆို သူ့ တို့ ရွာတွေဆီကို ရောက်ဖို့ ကို လှည်းလမ်းနဲ့ ဆိုင်ကယ်ကို အသုံးပြုလို့ မရတော့ ပါဘူး ။ လှေတလှည့် ခြေကျင် တလှည့် လေ ။ အဲ ဒီလို ဝေးတဲ့ နေရာတွေ က ( အဲ ဝေးတယ် ဆိုလို့ မြို့ ပြနဲ့ ဝေးတာကို ပြောတာ မဟုတ်ဘူး နော် ကားလမ်း နဲ့ ကိုအတော်လေးကို ဝေးနေတာ ) ရွာလေး တွေ က ရေ အတွက် ဘာကို အသုံးပြုရလဲ ဆိုတော့ သောက်ရေကန်တွေ နဲ့ သုံးရေ ကန်တွေ ပါပဲ ။ အခုအဲဒီနား က ရွာတွေက ဘာဖြစ်နေတုန်းဆိုတော့ ရာသီ ဥတု ရဲ့ ပူလောင်မှု့ဒါဏ်ကို တော်တော်လေးကို ခံနေရပြီလေ ။ အရင် နှစ်တွေက ဆို သောက်ရေကန်တွေ ၊ သုံးရေကန်တွေ ရေခန်းတဲ့ အချိန် 5 လပိုင်း ၊ 6 လပိုင်းဆို မိုးက ရွာပြီလေ အခုတော့ မိုးရွာဖို့ကို မပြောနဲ့ မိုးရိပ်ကိုတောင်မမြင်ရဘူး ဖြစ်နေကြတယ် ။ စပါးစိုက်ဖို့ ကိုအသာထား သုံးဖို့ရေကန်တွေက လဲ ခမ်းကုန် ၊ သောက်ဖို့ရေကန်တွေကလဲ ခမ်းကုန်တော့ တော်တော်လေးကို အခက်အခဲနဲ့ ရင် ဆိုင်တွေ့ ကြုံနေရပါတယ် ။ အခု သောက်ရေကန်တွေက ခမ်းကုန်တော့ ရေသောက်ဖို့ အတွက် ကိုရှိတဲ့ ရေတွေကိုသောက်နေရတော့ ဝမ်းပျက်ဝမ်းလျှောပြီး သေကုန်ကြတာ ပါပဲ ။ အခု ကျွန်တော်တို့ သူငယ်ချင်းတွေ တစ်စုကတော့ ဘာလုပ်ဖို့ စီမံထားလဲ ဆိုတော့ ရေစုပ်စက် 2 လုံးရယ် ၊ တာပေါ်လင်တွေ ရယ် ယူသွားမယ် ၊ ကျောက်ချဉ်တို့ water guard တို့ ကတော့ လှူ ထား တဲ့ ငွေ တွေထဲက ဝယ်တာပေါ့ဗျာ ။ လှူမလို့ စီစဉ်နေ ပါတယ် ။ ဒါကြောင့် TU Online အနေနဲ့ လဲ ပဲခူး ခရီးစဉ်မှာ ပရဟိတ အလုပ်လေး တစ်ခုကို လုပ်ဖို့ အကြံပေးပြစေဗျာ ။ ဥပမာ တစ်ရွာကို ပြောရရင် ( ကျွန်တော် ရောက်ခဲ့ တဲ့ ဝေါမြို့ နယ် ကနေ 6 မိုင်လောက် ) အတွင်းကို ဝင်ရတဲ့ ခြောက်တဲစုဆိုတဲ့ ရွာလေးမှာ အိန္ဒိယ တိုင်းရင်းသားအများစုနေပါတယ် ။ အဲဒီရွာမှာ သုံးရေကန်/ သောက်ရေကန်အဖြစ် သုံးရတဲ့ ကန်ဟာ 4 လပိုင်းလောက်ကလဲ က ခမ်းနေပါပြီ ။ အခု ဆို တွက် သာကြည့် တော့ ပေါ့ ဗျာ ။ ကျွန်တော် ရောက်သွား တဲ့ အချိန်မှာ ကလေး 2 ယောက်ဆုံးတယ် လေ ။ ဝမ်းပျက်လို့ တဲ့ ။ ဒါကြောင့် အပျော်ခရီး တစ်ခုမှာ ပို အဓိပါယ် ရှိသွားအောင် ( ရေအလှူ ပြုကြရအောင်လို့ ) ……………………. အကြံပေးခြင်ပါတယ်