ဘယ်သူ ့ဘက်ကခြေသာသလဲ… မောင်သာရ

theinlwinNovember 12, 20111min22314
ဘယ်သူ ့ဘက်ကခြေသာသလဲ… မောင်သာရ

အမှန်တော့ တော်ဝင်နှင်းဆီခြံမှာကျင်းပခဲ့တဲ့…လွတ်မြောက်နိုင်ငံရေး အကျဉ်းသားတွေရဲ့ ကန်တော့ပွဲက ကျင်းပသင့်ကျင်းပထိုက်တဲ့ ပွဲဖြစ်ပါတယ်။ မိခင်ပါတီရင်းဖြစ်တဲ့ ဒီမိုကရစီအဖွဲ့ချုပ်က နရသိမ်ပြန် သားသမီးတွေ ထွေးပိုက်ကြိုဆိုရမယ့်ပွဲလဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီမိုကရေစီအဖွဲ့ချုပ်မှာ ကိုယ်ပိုင်ရုံးချုပ် ကိုယ်ပိုင်နေရာဌာန ရှိနေပါရက်ကယ်နဲ့ တခြားနေရာမှာ သွားရောက်အကန်တော့ခံတယ် ဆိုတာကတော့ မသင့်လျော်ရုံမက အမြင်လဲ စောင်းစေခဲ့ပါ တယ်။ ပြီး အကန်တော့ခံလူကြီးအရေအတွက်ကလဲ ဒီမိုကရေစီအဖွဲ့ချုပ်အလုပ်အမှုဆောင် အားလုံးမဟုတ်ပဲ…ထောင်ပြန်အုပ်စုဂိုဏ်းဂဏ
သဘောနဲ ့… ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်နဲ ့ ဦးဝင်းတင် ၃ဦးတည်းကိုသာ အထူးကွက် ကန်တော့ခြင်းကလဲ… လှေကြီးပေါ် လှေငယ်တင်သလို ဖြစ်စေခဲ့ပါတယ်။

သည်ဖြစ်ရပ်က… ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်ထဲမှာ နှစ်ပေါင်းအတန်ကြာ လျှို့ဝှက်စွာ အမြစ်တွယ်နေခဲ့တဲ့ ဂိုဏ်းဂဏရောဂါဆိုးကြီး…ပထမဆုံးအကြိမ် လူသိရှင်ကြား ပွင့်ထွက်ပေါက်ကွဲလာခြင်းဖြစ်ပါတတယ်။ စောစောပိုင်းကတော့ သည်ခေါင်းဆောင်၃ဦး နှစ်ရှည်လများ ထောင်သွင်းအကျဉ်းချခံနေရတဲ့အတွက် ရောဂါက ‘မြုံ’ နေတာဖြစ်ပါလိမ့်မယ်။ အခုတော့ သမိုင်းပေးတာဝန်အရ အားသွန်ခွန်စိုက် လှုပ်ရှားဆောင်ရွက်ကြရတော့မှာဖြစ်တဲ့အတွက် ‘မြုံ’ နေရာက ‘ရင်းထ’လာတာပဲ… အမြန်ဆုံး ခွဲစိပ်ကုသပစ်လိုက်ဖို့လိုပြီ…ဆိုတဲ့သဘောပါပဲ။

ကောင်းပါပြီ။ ဂိုဏ်းဂဏရောဂါဆိုးကြီး ဆိုတာက ဘာကို ဆိုလိုပါသလဲ။ စစ်သားနဲ ့အရပ်သားဂိုဏ်းဂဏလား။ ထောင်ထွက်နဲ့တပ်ထွက် ဂိုဏ်းဂဏလား။ လူကြီးနဲ့လူငယ် မျိုးဆက်ကွာဟချက် ဂိုဏ်းဂဏလား။ လက်တွေ့လှုပ်ရှားနေတဲ့ active တွေနဲ့ အိုမင်းမစွမ်း disabled တွေရဲ့ ဂိုဏ်းဂဏလား။ နဝတ၊ နအဖ၊ စစ်အစိုးရတွေရဲ့အရေးယူခံရသူတွေနဲ့ အရေးမယူခံရသူတွေရဲ့ ဂိုဏ်းဂဏလား။ စဉ်းစားကြည့်ကြပါကုန်လော့။ ပြည်သူလူထုက ကျုပ်ထက်ပိုသိနေကြပြီး ဖြစ်တဲ့အတွက် ကျုပ် ဖွင့်မပြောတော့ပါဘူး။

သိတယ်နော်…။ သမတဦးသိန်းစိန်အစိုးရက ရည်ရွယ်ချက်တွေနဲ့လွှတ်တော်တွင်းမှာ တည်ဆဲဥပဒေတချို့ကို ပြင်ဆင်ပြဌာန်းပေးနေပါပြီ။ ဥပမာ…ပါတီမှတ်ပုံတင် ဥပဒေပြင်ဆင်ချက်တို့၊ ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ခွင့် ဥပဒေ ပြင်ဆင်ချက်တို့… စသည်ပေါ့။ ပြီး ဒေါ်ဆောင်ဆန်းစုကြည်ကို ရာထူးပေး ဖိတ်ခေါ်ကြိုဆိုနေမှု။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်လိုက ယှဉ်ပြိုင်နိုင်ခွင့်။ သည်အခြေအနေတွေနဲ့ သည်ပြုပြင်နေမှုတွေကို ထောက်ချင့်ကြည့်ရခြင်းအားဖြင့်… ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ‘နတ်’ ကလဲ လို၊ ‘ဂြိုဟ်’ကလဲ မ… ဆိုတဲ့ကိန်း ဆိုက်ရောက်နေပါတယ်။

သည်အခြေအနေ သည်အချိန်အခါမျိုးက… ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ ့မိမိရဲ ့ကိုယ်တွင်းမှာ စွဲကပ်နေတဲ့ ဂိုဏ်းဂဏရောဂါဆိုးကြီးကို ကင်းစင် လွင့်ပျောက်သွားအောင် ခွဲစိပ်ကုသလိုက်ဖို့အတွက် အသင့်မြတ်အကောင်းဆုံး ဖြစ်နိုင်ပါတယ်။ ပထမဦးဆုံးအကြိမ်မြောက် ပြည်လုံးကျွတ်ညီလာခံကြီးတရပ် ခေါ်ယူကျင်းပပြီး ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဒီမိုကရေစီနည်းစနစ်တကျ အသစ်ပြန်လည်ဖွဲ့စည်း အမည်သစ်ပေးလိုက်ခြင်းက… အလျော်ကန် အသင့်မြတ်ဆုံး ဖြစ်ပါတယ်။

အမှန်ကလဲ ပြည်လုံးကျွတ်ညီလာခံကြီးက တညီတညွတ်တည်း ရွေးချယ်တင်မြှောက်လိုက်တဲ့ ဗဟိုကော်မတီသစ်တွေ ဗဟိုအလုပ်အမှုဆောင်ကော်မတီသစ်တွေရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ဆောင်ရွက်ခြင်းကသာလျှင် ဒီမိုကရေစီနည်းလမ်းကျတယ်လို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံအစိုးရနဲ ့လက်တွဲဆောင်ရွက်စရာတွေ ရှိရင်လဲ…သည်နည်းသည်လမ်းအတိုင်းသာ ဆုံးဖြတ်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အာဏာကို လူ တဦးတယောက်တည်းရဲ ့လက်ထဲ (သို ့မဟုတ်) လူတစုရဲ ့လက်ထဲ ယုံကြည်စိတ်ချစွာ အပ်နှင်းခဲ့မိကြတဲ့အတွက်… ကျုပ်တို့ နိုင်ငံနဲ ့ပြည်သူ ဒုက္ခရောက်ခဲ့ကြရတဲ့ သင်ခန်းစာတွေလဲ ရခဲ့ကြလှပါပြီ။

သိတယ်နော်…။ တပ်ရဲ ့ဘက် အစိုးရရဲ ့ဘက်ကတော့ အစခပ်သိမ်း သူတို ့စိတ်တိုင်းကျ ပြင်ဆင်ထားပြီး နေပါပြီ။ ပထမ အဂ်လိပ်မြန်မာစစ်ပွဲကို သင်ခန်းစာယူပြီး၊ နောက်တန်းဆုတ် တည်ထားတဲ့ နိုင်ငံအစိုးရရုံးစိုက်ရာ နေပြည်တော်တဲ့။ အမျိုးသားလွှတ်တော်တဲ့။ ပြည်သူ့လွှတ်တော်တဲ့။ သမတဦးသိန်းစိန်အစိုးရတဲ့။ အရေးပေါ်ကာကွယ်ရေးရံပုံငွေတဲ့။ (သတိရလို ့ပြောရအုံးမယ်။) ၈၈ခုနှစ် ဒီမိုကရေစီ အရေးအခင်းကာလတုန်းက ပြောပါတယ်။ ကျုပ်တို့ပြည်သူလူထုက အသေခံ တိုက်ပွဲဝင်နေကြခိုက်မှာ… စစ်တပ်က ဓနိတော ရေနံလှောင်ကန်တွေထဲက ဓါတ်ဆီတွေကို… ဗိုလ်ချုပ်ဟောင်းတယောက်ရဲ့ လက်မှတ်နဲ့ နေ ့ညမပြတ် ထုတ်ယူဖြည့်တင်း နေကြတာတွေ…၊ တောင်ညွန့်က ဆန်ဂိုဒေါင်တွေကို ဖေါက်ပြီး သူတို ့တပ်ရင်းတပ်ဖွဲ့တပ်ခွဲတပ်စိပ်ရှိရာ နေရာတိုင်းကို ရိက္ခာအပြည့် သယ်ပို ့သိုလှောင် နေကြတာတွေ… ပြည်ထောင်စု ဘဏ်ကြီးကိုဖေါက်ပြီး ငွေတွေအကုန်ထုတ် စစ်သားတိုင်းကို လစာ ၆လစာ ငွေတွေ ကြိုတင်ထုတ်ပေးနေကြတာတွေ… ဆိုတာ ကျုပ်တို့အားလုံးအသိပဲ မဟုတ်လား။ သူတို ့ဘက်က အစခပ်သိမ်း အသင့်ပြင်ဆင်ထားခဲ့တာ ပြောပါတယ်။ အခုလဲ သည်အတိုင်းပါပဲ။ ဦးသိန်းစိန်အစိုးရ သို ့မဟုတ် တပ်မတော်ရဲ ့ဘက်က အဆင်သင့်ဖြစ်လို့နေပါပြီ။

အဲ…ကျုပ်တို့ ဒီမိုကရေစီရေးအင်အားစုုတွေရဲ့ ဘက်မှာတော့… ဘာမှစနစ်တကျ မပြင်ဆင်ရသေးပါဘူး။ ဒီမိုကရေစီရေးဘက်က ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း ခေါင်းဆောင်ငယ်တွေလဲ… အများစုကြီးက အကျဉ်းထောင်တွေထဲမှာပဲ ရှိနေကြပါသေးတယ်။ လွတ်မလာကြသေးပါဘူး။ အရေးထဲမှာ ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်တိုင်ကလဲ ဒီမိုကရေစီနည်းစနစ်တကျ ပြည်လုံးကျွတ်ညီလာခံကြီးခေါ်ဆိုကျင်းပပြီး ပြန်လည်မဖွဲ့စည်းရသေးပါဘူး။

မောင်သာရ

14 comments

  • kai

    November 12, 2011 at 9:23 am

    အခုလို ဆရာကြီးကိုယ်တိုင်ရေးတင်လာလို့ ဝမ်းသာမိပါတယ်ခင်ဗျား..

    ဒီစာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖတ်မိကြမယ်လို့ထင်မိပါတယ်..။
    ဗဟိုကော်မတီ အစည်းဝေးကို နိုဝင်ဘာ ၁၈ရက် နေ့မှာလုပ်မယ်လို့ကြားပါတယ်..။
    အဲဒီမှာ.. ပြည်လုံးကျွတ်ညီလာခံကြီးခေါ်ဆိုကျင်းပပြီးပြန်ဖွဲ့ဖို့ ကိစ္စတွေ ဆွေးနွေးသင့်တယ်လို့ NLDကို ထပ်ဆင့်တိုက်တွန်းလိုက်ပါတယ်ခင်ဗျား..

    အရင်ကတည်းက တခါရေးဖူးပါတယ်..။
    မြန်မာပြည်ကို ယူအက်စ်လို ၂ပါတီစံနစ်နဲ့သွားကြစေချင်တာပါ..။
    အမျိုးသားဒီမိုကရေစီအဖွဲ ့ချုပ်နဲ့.. ပြည်ခိုင်ဖြိုးရယ် ဆိုပြီးတော့ပေါ့..။
    ပြည်ခိုင်ဖြိုးက တော်တော်ကျစ်ကျစ်လစ်လစ် ဆောက်ပြီးတာတွေ့ရပါတယ်..။
    အမျိုးသားဒီမိုကရေစီအဖွဲ ့ချုပ်ကတော့.. ဒေါ်အောင်ဆန်းစုကြည်မရှိတော့တဲ့ တနေ့အတွက်ကို စဉ်းစားထားဖို့နေနေသာသာ.. လက်ရှိတောင် ခေါင်းဆောင်မှုတခုအောက်ထဲ အနိုင်နိုင်ရယ်ပါ..။

    NLD ထဲကလူတွေ ဝင်ရောက်ဆွေးနွေးကြစေလိုပါကြောင်း….။ 😆

  • ပေါက်ဖော်

    November 12, 2011 at 9:56 am

    ဆရာကြီးပြောသလို…ဒီမိုကရေစီအင်အာစုတွေ….ကြိုတင်ပြင်ဆင်သင့်နေပြီ..
    သိုင်းကွက်တွေပြောင်းသင့်နေပြီ…..နို ့မို ့ဆို..မလွယ်ဘူး………..နော့…

    အဘက ဓာတ်ပုံထဲမှာ ခန် ့တယ်
    😆

  • ကြောင်ကြီး

    November 12, 2011 at 10:34 am

    ဆရာကြီးရယ် မှန်လိုက်လေ။ ရွာထဲမှာ သဂျီးတို့အုပ်စု လူတွင်ကျယ်လုပ်ပြီး သူတို့လိုရာဆွဲပြောနေတာကြာပြီ။ သားတို့မှာ ဘလိုင်းကြီး အကစ်ခံနေရတယ်။ သူတို့က မြို့မီးလောင် တောခွေးလက်ခမောင်းခတ် လုပ်ချင်ကြတယ်။ စစ်တပိုင်းအစိုးရ အားသာခိုက်၊ အန်အယ်ဒီ ဖရိုဖရဲဖြစ်နေခိုက် တိုင်းပြည်ကို စစ်ကျွန်ဘဝ သွပ်သွင်းနေကြတယ်။ မြန်မာအီးဂရက်အုပ်စုနဲ့ တလေသံထဲပဲ။ သူတို့နိုင်ငံရေးလုပ်ဖို့၊ စီးပွားရှာဖို့ တိုင်းပြည်အနာဂတ်ကို ခြေနင်းသွားနေကြပြီ။ အသေခံ၊ ဘဝအပျက်ခံ၊ နှစ်ရှည်လများ ထောင်ကျခံ တောင်းဆိုတိုက်ပွဲဝင်ခဲ့သူများ၊ ဝင်နေသူများက ငတုံး ငအ အစွန်းရောက်သမားတွေ၊ ငါ့ဖို့သမားတွေ၊ အချောင်သမားတွေ၊ ခေတ်နဲ့ အံမဝင်တဲ့သူတွေတဲ့။ ရင်နာလိုက်တာ အဘရယ်၊ အရိပ်နေနေ အခက်ချိုးချိုး သစ္စာမဲ့လိုက်တဲ့သူတွေ။
    အဘပြောသလို အန်အယ်ဒီအနေနဲ့ ပါတီကို ပြန်ဖွဲ့နိုင်ရမယ်။ အောက်ခြေကို ကိုယ်စားပြုတဲ့ မြို့နယ်စည်း၊ တိုင်းစည်း၊ ဗဟိုအလုပ်မှုဆောင် ကော်မတီများကို ပြန်ဖွဲ့ရမယ်။ ရွှေဂုံတိုင်ကြေငြာချက်သည် တတိုင်းတပြည်လုံးက အန်အယ်ဒီစည်းကော်မတီဝင်များရဲ့ သဘောတူချက်နဲ့ ထုတ်ပြန်ခဲ့တာ။ အဲသလိုထပ်ဖြစ်မှာကို ဒေါ်စုအပါအဝင် ရွေးကောက်ပွဲဝင်လိုသူများ စိုးရိမ်နေလား မသိဘူး။ ဗဟိုကော်မတီအဆင့်နဲ့တင် စည်းဝေးမယ်တဲ့။
    စစ်အစိုးရအစဉ်အဆက်က အစီအစဉ်ရှိထားတဲ့အတိုင်းသွားတယ်၊ နည်းဗျူဟာ အပြောင်းအလဲလောက်သာ ရွှေ့ကစားတယ်။ အန်အယ်ဒီကတော့ မဟာဗျူဟာတခုလုံးပါ လိုက်ပြောင်းပေးရမယ်။ ပြောလိုက်ရင် ပါတီရပ်တည်ရေး၊ အဲဒီပါတီကို စစ်တပ်က ဖျက်ချင်ရင် တနေ့ထဲ အပြီးဖျက်လို့ရတယ်။ ပါတီရှိတုန်းကရော ဘာလုပ်နိုင်လို့လည်း၊ ဆေးပြယ်နေတဲ့ ဆိုင်းဘုတ်တောင် ပြန်လဲလို့မရတဲ့ဘဝ။ ပါတီဗဟိုအလုပ်မှုဆောင်အဖွဲ့ကို တိုင်းအဆင့်ရဲမှူးကြီးက ခေါ်ကြိမ်းခံရတဲ့ဘဝ ဘာမက်လောက်စရာ ရှိလို့လည်း။ အခုကြတော့ လာသမျှလူနဲ့တွေ့ခွင့်ပေးလိုက်တာနဲ့၊ အစည်းအဝေး အခမ်းအနားတွေလုပ်ခွင့်ပေးတာနဲ့၊ ဂျာနယ်တွေမှာ ပါဝင်ခွင့်ရတာနဲ့ ဟုတ်တော့မယ်ထင်နေတယ်။ လုပ်မနေနဲ့ အလကား၊ ပေးသမျှယူ ကျွေးသမျှစား အဆင့်ပဲရှိသေးတယ်။ တပ်ရှုပ်ကြီး စိတ်ပြောင်းသွားရင် နေ့မြင်ညပျောက် ဖြစ်ကုန်မဲ့ဟာတွေ။ အခြေအနေကို စောင့်ကြည့်ပြီး လိုအပ်သလို စာဆက်ရေးပေးပါအုံး အဘရေ။ ကျနော်တို့ကို မျက်စိသူငယ် နားသူငယ်ဘဝနဲ့ ပစ်မထားခဲ့ပါနဲ့။
    ယုံကြည်အားကိုးစွာဖြင့်
    ကြောင်ကြီး

  • ရွှေအိမ်စည်

    November 12, 2011 at 10:43 am

    မင်္ဂလာပါ..ကျနော်လည်း..ဝင်ဆွေးနွေးမယ်နော်…

    တကယ်ဆိုတော့ ဆယ်စုနှစ်ပေါင်းမြောက်များစွာ ဖိနှိပ်အုပ်ချုပ်မှုကို ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ သမိုင်းရှိတဲ့နိုင်ငံတခုမှာ အစိုးရအပေါ် သံသယကြီးကြတာက အကြောင်းရင်းတခု ဖြစ်နေလို့ထင်ပါတယ်။။

    ပြောင်းလဲနေတဲ့ ကမ္ဘာ့နိုင်ငံရေး အခြေအနေကိုလည်း လျစ်လျူရှု့လို့မရပါဘူး။
    နိုင်ငံတကာ ဆက်ဆံရေးဟာပြည်တွင်းရေးနဲ့ပါ ဆက်ဆိုင်နေပါတယ်။
    မြန်မြန် ဖြေရှင်းနိုင်လေ ကောင်းလေဆိုတာ လူတိုင်းလက်ခံလိုလားပေမယ့် ဆယ်စုနှစ်ပေါင်းများစွာ စွဲမြဲနေခဲ့တဲ့ ပြသနာတွေကို ဖြေရှင်းရာမှာနေ့ချင်း၊ ညတွင်းချင်း ဖြစ်လာမယ်လို့ မျှော်လင့်
    နေတာကလည်း စိတ်ကူးယဉ်မှု တရပ် ဖြစ်ပါတယ်။

    ပြုပြင်ပြောင်းလဲရေးလုပ်ရာမှာ သာယာနေမှုနဲ့ လေးတွဲ့နှေးကွေးမှုတွေကို အစွမ်းကုန် ရှောင်ရှားသွားဖို့တော့ လိုပါ တယ်။

    တကယ်လို့များ ဒီမိုကရေစီဖြစ်ထွန်းရေး တွန်းအားပေးမှု အရှိန်ကျနှေးကွေးလာရင် ဘက်ပေါင်းစုံမှာရှိတဲ့ အစွန်းရောက်တွေက နိုင်ငံရေးဖြစ်စဉ်တွေကို လုယူသွားပြီး တဘက်သတ်ကျတဲ့ အဖြေရှာမှုတွေ လုပ်လာပါလိမ့် မယ်။

    အဲဒီအခါကျရင် သေချာတာတစ်ခုကတော့အမျိုးသားပြန်လည် သင့်မြတ်ရေး မျှော်လင့်ချက်ဟာ ထပ်ပြီး နှောင့်နှေးသွားမှာပါ။
    အခုချိန်မှာတော့..ကျနော့်အမြင်ပေါ့လေ…
    အရင်ကထက ်နဲနဲတော့ အမျိုးသားသင်ု့မြတ်ရေးကနဲနဲပိုကောင်းလာတယ်ထင်မိပါတယ်…

    နိုင်ငံရေးပါတီတရပ်အဖြစ် ပြည့်ပြည့်ဝဝ အောင်မြင်စွာ ဆုံးဖြတ်ချက်ကို မြန်နိုင်သမျှ မြန်မြန်
    ကြေညာဖို့၊
    ဒီမိုကရေစီအတွက် လူထုအကျိုးပြုလုပ်ငန်းတွေအတွက် ပါလီမန်ထဲကနေ လုပ်ဆောင်နိုင်ဖို့
    လိုအပ်တယ်လို ့ထင်မိပါတယ်..။

    လေးစားလျှက်
    ရွှေအိမ်စည်

  • koyinmaung

    November 12, 2011 at 11:32 am

    မင်္ဂလာပါ ….ဆရာကြီးဦးမောင်သာရခင်ဗျာ
    ရွာထဲကိုလာလည်တဲ့အတွက်ကျနော်တို့ရွာသားများက
    လှိုက်လှိုုက်လဲလဲကြိုဆိုပါတယ်
    ဆရာကြီးထောက်ပြသွားတာတွေလေးစာလောက်ပါတယ်…
    ကိုကြောင်ကြီး မန်းသွားတာလဲအရမ်းကောင်းပါတယ်
    ဆရာကြီးခင်ဗျာ နောက်လဲ ရွာထဲဝင်ရောက်ရေးပါလို့
    တောင်းဆိုပါတယ်……………………………..
    လေးစားစွာဖြင့် ( ကိုရင်မောင် )

  • aye.kk

    November 12, 2011 at 12:58 pm

    ဆရာသာရခင်မျာ..
    ရေးသားထောက်ပြတဲ့ အချက်တွေက သတိပြုသင့်စရာဖြစ်ပါသည်
    ဆရာ၏ညဏ်ပညာ အားလေးစားဂါဝရ ပြုအပ်ပါသည်..

  • windtalker

    November 12, 2011 at 1:11 pm

    ဆရာရဲ ့စာ ၊ ဆရာရဲ ့အယူအဆ များကို ဖတ်ခွင့်ရမိသဖြင့် ဝမ်းမြောက်မိပါသည် ။

  • blackchaw

    November 12, 2011 at 4:38 pm

    ဆရာကြီးရဲ့ စာကိုဖတ်ရတဲ့ အတွက် ဂုဏ်ယူပါတယ်ခင်ဗျာ။
    ကျေးဇူးလည်းတင်ပါတယ်။
    နောက်လည်း ဆက်ရေးပေးပါဦးလို့
    လေးလေးစားစား တောင်းဆိုပါတယ်ခင်ဗျာ။

  • ကိုရင်စည်သူ

    November 12, 2011 at 6:05 pm

    အဘဆရာကြီးရေးထားတာ လုံးဝကွက်တိပါပဲဗျာ..
    လက်ရှိအခြေအနေကို ရှင်းပြထောက်ပြပေးတဲ့အတွက်
    ကျေးဇူးတင်ပါတယ်…။ ဆက်ပြီးလည်း ရေးပါအုန်း..
    ဦးကြောင်ကြီး ထောက်ပြသွားတဲ့ ကွန့်မန့်ကိုလည်း
    ရေလည်ခိုက်တယ်…
    အားလုံးကို လေးစားပါတယ်ခင်ဗျာ…

  • myintsoelatt

    November 12, 2011 at 10:22 pm

    NLD ကို စနစ်တကျ ကျစ်ကျစ်လစ်လစ် ပြန်ဖွဲ့စည်း စေချင်ပါတယ်။ ဒီအတွက် တရားဝင် မှတ်ပုံတင် သင့်သလား၊ မတင်ဘဲနဲ့ လုပ်ရင် ရော ဖြစ်မလား ၊ ကိုကြောင်ကြီး ပြောတာကို တော့ လက်ခံတယ်။ “အခုကြတော့ လာသမျှလူနဲ့တွေ့ခွင့်ပေးလိုက်တာနဲ့၊ အစည်းအဝေး အခမ်းအနားတွေလုပ်ခွင့်ပေးတာနဲ့၊ ဂျာနယ်တွေမှာ ပါဝင်ခွင့်ရတာနဲ့ ဟုတ်တော့မယ်ထင်နေတယ်။ လုပ်မနေနဲ့ အလကား၊ ပေးသမျှယူ ကျွေးသမျှစား အဆင့်ပဲရှိသေးတယ်။ တပ်ရှုပ်ကြီး စိတ်ပြောင်းသွားရင် နေ့မြင်ညပျောက် ဖြစ်ကုန်မဲ့ဟာတွေ။” သံသယ နဲ့ဘဲ ကိုယ်ဘက်ကလည်း ပြင်ဆင်သင့် တာတွေ ပြင်ဆင်၊ ကိုယ့် ယုံကြည်ချက် ပေါ် ကိုယ် မားမားမတ်မတ် ရပ်တည် နေသင့်တယ်။

  • Reign

    November 17, 2011 at 2:13 pm

    In my opinion, this is absolutely an internal affair of NLD and they have a right to choose any appropriate venue for the occasion. Regarding the remark that it indicates an old disease (of forming gangs or factions within the party) that is infecting NLD long time ago, I have noticed since their foundation that NLD has even formed different groups of people with various social and academic backgrounds such as students/youths, ex-military, ( myochit Tatmhu ?)lawyers, writers, political activists, medical doctors, journalists etc. Different and various their professions and careers might be, and their views on several issues might not be uniform ( only if uniform or identical , the situation becomes dangerous) they are having a common goal and faith in the movement for democratic freedom and the very fact that each of them have individual and various perspectives does not necessarily mean NLD is facing a serious problem of having different factions. As Saya Gyi pointed out , we should not underestimate the USDP government who cunningly plotted the arrangements in advance and we should noticed that how they organized their units in each level, while almost all NLD’s offices cannot operate in these decades, put Daw Su under house arrest for such a long time,putting several leaders and activist of NLD behind bars, assassinate NLD and Daw Su in person and also do character assassination of Daw Su through their media and through puppet people like Nga Min Swe. It is apparent that USDP is much better in terms of financial situations, organizational structure and many other areas as they are the ruling party they have every privilege that is available to them. But if there is a chance of a free and fair election, would those these counts? I would like to predict that there would be many candidates who would change sides from USDP to NLD once Daw Su and NLD decided to take part in any such election (if there is such free and fair election in near future).
    Though I partly agree with Saya Gyi’s remark that NLD should hold a nation-wide conference in which all CECs are to be re-elected I am not sure whether now is the appropriate time for this. Another thing is I really don’t understand why NLD should be renamed, renaming is done when PHATAPALA was changed as PHASAPALA in Myanmar history ( which had to be done due to historical requirement ) but in this case I cannot see any added value of changing name of NLD. On the top of it, Saya Gyi mentioned that “the old disease of having various factions in NLD should now be operated immediately” but he does not mentioned exactly what does he mean by this diseases and only said people knew more than him, please clarify what do you mean by the disease?
    Please also enlighten us what do you mean by operating the old disease of NLD?There might be a process of remedies in Saya Gyi’s opinion and we would like to learn more from you.

  • cobra

    November 17, 2011 at 3:06 pm

    အခုလိုရွာထဲကို ပညာရှိပညာတတ်
    တစ်ယောက်ထပ်ရောက်လာတာဝမ်းသာမိပါတယ်။
    အခုအခြေအနေမှာ နိုင်ငံရေးတွေရှုပ်ထွေးနေပါတယ်။
    ရိုဟင်ဂျာအရေးတွေလည်းဆက်တိုက်ဆိုသလို တိုက်ခိုက်နေကြပါတယ်။
    ဘယ်လိုမှအားရစရာမကောင်းတဲ့အခြေအနေပါ
    လူငယ်တွေဘယ်လိုများရှေ့ဆက်ရမလဲဆိုတာကိုလည်းလမ်းပြပါဦး
    အဘရာ…..။

  • Reign

    November 17, 2011 at 4:11 pm

    Dear Cobra,
    Thank you for your compliments. But it is a bit too much to call me a ba, 🙂
    if you are addressing me that way . I am a guy of about 40 something and cannot deserve that title yet ( that’s TV commercial). I am just commenting what I believe and youths have nothing to worry even though the situation is not so encouraging we now started to see some lights of freedom compare with the situation under SPDC….
    we should keep on open our eyes and when opportunity arise, we should unitedly and in discipline show our strength as we did in the past…
    Just one thing, we should try to be in touch with current political changes in order not to be caught off guard by any moves made from those who oppose democratic reforms…Though Daw Su and other leaders will guide us through this, we also need good second line and third line leaders in this democracy movements, like Ko Min Ko Naing and Ko Ko Gyi. We have lots to do-
    To try to get long lasting peace with all union ethnic nationalities
    To push and pressure government to release all remaining political prisoners
    To persuade and help government to have rule of law and have a clean and fair jurisdiction system as Daw Su said
    To address and tackle the serious issues of corruption related with poverty, to promote basic( primary) education and health care of people of Myanmar
    To have all people of Myanmar the safe and fair protection under legitimate administration
    all issues are important but still we have very few times and if we delayed we will be left behind again and again…
    Thank you

  • Reign

    November 17, 2011 at 4:13 pm

    Sorry, My humble apology, Cobra might have addressed Saya Gyi U Thara.

Leave a Reply