ဒီပုံစံနဲ့ မီးသတ်မယ်ဆိုရင်ဖြင့်

လွန်ခဲ့တဲ့ ၂ လလောက်ကစပြီး အခုချိန်ထိ သွားရင်းလာရင်နဲ့ မီးလန့်မီးလောင်မှု ၅ ကြိမ် ၆ ကြိမ်လောက်တွေ့လိုက်ရပါတယ်။ ဒီအထဲက ၃ ကြိမ်လောက်က မီးသတ်ယာဉ်ပျက်တာမျိုး ၊ ရေသယ်ယာဉ် ပျက်တာမျိုး ၃ ကြိမ်လောက်ကိုတွေ့ရတယ်။ ဆောင်ပုဒ်ကတော့ ( ရေအဆင်သင့်၊ လူအဆင်သင့်၊ ယာဉ်အဆင်သင့်ပါတဲ့ ။ မီးအလောင်ခံလိုက်ရတဲသူတွေအတွက်ကတော့ ..ငွေအဆင်သင့် ..ပေါ့) ခက်နေတာက ယာဉ်တွေရဲ့ကြံ့ခိုင်မှုနည်းနေတာပဲ။ ဒိပုံစံအတိုင်း မီးသတ်လို့ကတော့ ဗမာကားတွေကြည့်ရသလို မင်းသားသေမှ ရဲရောက်၊ ဗိုလ်ကြီးတို့လာမှ ကျမတိုရွာ ပြာကျရောပဲ။ ဘာပဲဖြစ်ဖြစ် တခြားနိုင်ငံတွေမှာ လိုအပ်ရင် ရဟတ်ယာဉ်နဲ့တောင် မီးသတ်နေတဲအချိန်မှာ ရှိရှိသမျှ မီးသတ်ယာဉ်အစုတ်မှန်သမျှကို ပွင့်လင်ရာသီအမှီ ကြံ့ခိုင်မှုတွေစစ်ဆေးသင့်ပါကြောင်း……

ဒါမျိုး ၃ ခါလောက်ကြုံလိုက်ရပေမယ့် ဓာတ်ပုံရိုက်ဖို့ အခွင့်အရေးမရလိုက်ဘူး။ ဒီတစ်ခါပဲ အပီကိုရိုက်လိုက်တာ ။ ကားနံပါတ်တွေတော့ ဖျက်ထားလိုက်ပါတယ်။

19 comments

  • “ဘီလူးကြီး”ogre

    November 12, 2011 at 5:33 pm

    အစုတ်လို့မပြောပါနဲ့ဗျ
    အပြင်ကဆေးအရောင်ကအသစ်ကြီးရှိပါသေးတယ် 😛
    အတွင်းထဲက စက်မကောင်းတာလေးရယ်
    မီးလောင်ရင်ရေမပါလာတတ်တာလေးရယ်
    တွန်းနိုးရတတ်တာလေးရယ်
    ဘရိတ်မကောင်းတာလေးရယ်ပဲရှိပါတယ်
    မီးလောင်တဲ့နေရာတော့ ရောက်အောင်မောင်းလာလို့ရပါတယ်ဗျ
    ပြန်မှသာ ကြိုးနဲ့ဆွဲပြီးပြန်ရတာပါ…. 🙂 😉

  • windtalker

    November 12, 2011 at 6:45 pm

    ကားက အပြင်ကသာ စားထားတာ ( သံချေး တို ့၊ ဆေးဟောင်းတို ့)
    အတွင်းပိုင်းက မစားရသေးလို ့နေမှာပါ

  • naywoonni

    November 12, 2011 at 7:00 pm

    အိမ်းးး ကောင်းပါလေရဲ့…။ သူများချည့် အပြစ်မပြောပါနဲ့ဦး တစ်နှစ်ကိုမီးသတ်ကား မီးသတ်စက်လှူတဲ့ အလှူ့ရှင် ဘယ်နှစ်ယောက်ထွက်ပါသလဲ…။ ဘုရားတည် ကျောင်းဆောက်နဲ့သာအချိန်ကုန်နေကြတာ မဟုတ်လား….? ဆရာဦးအောင်သင်းပြောသွားတဲ့ စကားရှိတယ်…။ လူကြီးတွေ အားကိုးမနေနဲ့ …. ဘာမှအဖြစ်ရှိတာမဟုတ်ဘူး… ကိုယ့်ဖာသာ ကိုယ် ပြည့်စုံအောင်လုပ်တဲ့….။ မှန်တာပြောတာ နာရင်လဲသေ ဒါပဲ…။

    • မိုက်ကယ်ဂျော်နီအောင်ပု

      November 12, 2011 at 8:12 pm

      ဒီလိုရှိဗျန်ရော
      ဂဗျာဆြာဂျီးရဲ့
      ရပ်ရွာထဲက လူတွေ ငွေစုပြီး လှူတဲ့ကားကို
      မီးသတ်ကား လှူဒါန်းပွဲဘာဆိုပြီး သူတို့က ခပ်တည်တည်နဲ့
      ဖဲကြိုးလာဖြတ်သွားပြန်ရော ( အကျွေးမွေးကလုပ်ရသေးတယ် )
      နွေရာသီတို့ သူတို့အလှူအတန်းတွေမှာဆို ရေလိုလို့ပါဆိုပြီး
      အမိန့်ပေးပြီး အဲ့သည်ကားကို သုံးဗျန်ရော
      သူတို့လေ သူတို့

    • kai

      November 13, 2011 at 5:29 pm

      အဲဒီလို နောင်ဘဝက ငါအတွက်ရင်းနှီးမြုတ်နှံနေတဲ့.. အယူဆိုးကို လျှော့စေတဲ့နည်းတခုခုရှာဖို့တော့ နိုင်ငံတော်သစ်တည်ဆောက်မှုမှာ.. အရေးတကြီးလိုနေတာအမှန်ပဲ..။

      စစ်အစိုးရက.. ဒါကို စံနစ်တကျနဲ့ စိတ်ဓါတ်စစ်ဆင်ရေးမှာ သုံးခဲ့ဟန်ရှိတာမို့..
      အစိုးရသစ်က သေသေချာချာ နားလည်ပြီးဖြစ်နေတယ်လို့ .. ယူဆမိပါတယ်..။

      တိုင်းပြည်ကို စေတနာရှိကြရင်.. တခုခုတော့ ဥပဒေပြုပြီး… လုပ်ပေးမယ် ထင်မိတာပါပဲ..။ 🙁

  • ရာဇဝင်လူဆိုး

    November 12, 2011 at 7:02 pm

    ထုံးစံအတိုင်းပေါ့ဗျာ…စနစ်တွေပြောင်း၊ မူတွေပြောင်း….ဒီထက်ပြောရရင် လူတွေပါပြောင်းမှ ……………??????

  • မှော်ဆရာ

    November 12, 2011 at 7:42 pm

    ရန်ကုန်တော့ မပြောတတ်ဘူး နယ်တွေမှာ အစွဲရှိတယ်ဗျ.
    မီးသတ်ယဉ်ကို ဆေးအသစ်သုတ်တာတို ့ ပြင်ဆင်တာတို့ မလုပ်ရဘူးတဲ့
    အဲဒီလို လုပ်ရင် မီးလောင်တယ်ပြောတယ် ..
    လူငယ်တွေက တော့ မယုံလို့ မီးသတ်ယဉ်ကို တစ်ခါ စုပေါင်းပြင်ကြသေးတယ်
    ပြင်ပြီး တစ်ပတ်အတွင်း မီးလောင်ပါတယ် ..
    စက်ကကောင်းနေတော့ ချက်ချင်းတော့ ထွက်ငြိမ်းနှိုင်တာပေါ့ ..
    နောက်ပိုင်း မြို့က မီးသတ်ယဉ်အသစ်ဝယ်တော့ ဘုရားကို မီးသတ်ကားနဲ့ အရင် ရေသွားသပ္ပယ်ပြီး အရှင်ဘုရား မီးသတ်ဖို့ဝယ်တဲ့ မီးသတ်ကားမဟုတ်ပါဘုရား … ကုသိုလ်ကောင်းမှုပြုမည့် မီးသတ်ကားပါဆိုပြီး သွားဆုတောင်းရသေးတယ်ပြောတယ.်..
    ဒါက ဒီလိုအစွဲရှိတယ်ဆိုတဲ့ အကြောင်းပါ ….

    • ကြောင်လတ်

      November 12, 2011 at 10:11 pm

      အဲဒီအယူအဆကတော့မဖြစ်သင့်ပါဘူး၊ ပြင်မထားလို့ တစ်ခုခုဖြစ်ရင်ဘယ်နှယ်လုပ်မလဲ၊ ကောင်းနေရင်လဲသိပ်အသုံးမတည့်ပါဘူးလို့တော့ မနောက်ကြနဲ့နော်။

      • inz@ghi

        November 13, 2011 at 10:31 am

        အဲ့လို အယူအဆွဲမျိုးကိုတော့ ပျောက်အောင် ဖျောက်သင့်တယ် ယူဆပါကြောင်း….

  • ရာဇဝင်လူဆိုး

    November 12, 2011 at 7:55 pm

    ကျနော်ငယ်ငယ်က နေခဲ့တဲ့ ရန်ကုန် လှိုုင်မြို့နယ်မှာတော့ ပွင့်လင်းရာသီရောက်ရင် ရပ်ကွက်ရုုံးက ညဆိုရင် မီးသတိပေးတဲ့အနေနဲ့ ကားနဲလှည်ပြီးအော်ကြတယ်။ အဲဒီမှာ ကိုထွန်းရွှေ ရဲ့ မီးဘေးရှောင်ဗျို့ဆိုတဲ့ (မီးသီချင်းများ ပါလို့ကတော့) သိပ်မကြာဘူး တစ်နေရာရာမှာ မိးလောင်တော့တာပဲ ။ ခဏခဏဆိုတော့ လူကြီးတွေလဲ နောက်ဆို မဖွင့်တော့ဘူး။ (ကိုထွန်းရွှေ နာမည်ပျက်တာပေါ့နော)။ ဒါနဲ့ မီးဘေးကာကွယ်ရေးက ပြည်သူတွေလှူမှ မီးသတ်နိုင်မှာမဟုတ်ပဲ အစိုးရက ဒီအတွက် ဘတ်ဂျက် သီးသန့်ချထားပေးရတယ်မဟုတ်လား။ သိသူများရှိရင် ပြောပြပေးပါ။

  • ပေါက်ဖော်

    November 12, 2011 at 8:29 pm

    တော်တော်နောက်တဲ့ မီးသတ်တွေ..ပဲ..
    ချီးပေတယ်..

  • naywoonni

    November 12, 2011 at 8:36 pm

    လူဆိုးပြောတဲ့ မီးသီချင်း က မူရင်းရှိသေးတယ်တယ်တဲ့…။ ဆရာကြီးဦးအောင်သင်း က ဟောပြောပွဲတိုင်းမှာဆိုပြတာ…။ အလွတ်တော့မရဘူး…။ အစက အဲဒိသီချင်းက “ပညာ “ဆိုလားပဲ…။ သိချင်ရင်တော့ ရှာပြိးနားထောင်ကြည့်ပေါ့…။ ဒါမှမဟုတ် နင့် အကောင့်ပေးလေ… ။ မေးလ်ထဲမှာ MP3 ဆွဲထားတာရှိတယ်…။ ပို့ပေးမယ်…။

  • ချစ်ရင်ထူး

    November 13, 2011 at 7:38 am

    ကျွန်တော်တို့မြို့မှာလည်း မနှစ်က မီးလောင်ပါသေးတယ်။ ၄၊၅ အိမ်လောက်ပါသွားပါတယ်။ မီးသတ်ကားက မီး ဆိုတဲ့အသံကြားရော စက်ကနှိုး လို့မရတော့ဘူးလေ။ နောက်ပြီးတော့ ရေကလည်း သိပ်မပါတော့ ခက်ပြီပေါ့။ အဲဒါနဲ့ အနီးဆုံးမြို့က အကူအညီတောင်းခံ ပြီးသတ်မှပဲငြိမ်းသွားပါတော့တယ်။ ဪ တယ်ခက်ပါလား မီးသတ်ရယ်….

  • Foreign Resident

    November 13, 2011 at 9:07 am

    ပိုက်ဆံ ပိုက်ဆံ ပိုက်ဆံ

  • Don Juan Ronald

    November 13, 2011 at 9:54 pm

    ဓါတ်ဆီထဲတခုခုရောထားတာလည်းဖြစ်နိုင်တယ် (ကျနော်တို့ခေတ်တုံးကဖြစ်လေ့ဖြစ်ထ)။
    ကားပစ္စည်းတခုခုကိုဖြုတ်လဲထားတာလည်းဖြစ်နိုင်သည် (ကျနော်တို့ခေတ်တုံးကဖြစ်လေ့ဖြစ်ထ)။

  • Diamond Key

    November 14, 2011 at 9:43 am

    မီးသတ်ကားတွေက မီးလောင်လို့ ထွက်ခိုင်းရင် ထွက်ကိုထွက်ရပါတယ်။ မထွက်နိုင်ရင် တပ်စုမှုးလို တာဝန်ရှိသူကို အရေးယူဆိုပဲ။
    ဒီတော့ ရေပါပါ မပါပါ ထွက်ဖြစ်အောင်ထွက်တယ်။ လမ်းမှ ပျက်တော့ ဘာတတ်နိုင်မတုန်းတဲ့။
    မန္တလေးမှာက နွေမှာ ရေမလာရင် မီးသတ်ကားဆီက ရေဝယ်လို့ရတယ်။ တစ်ကား ဘယ်လောင်ဆိုပြီး။
    မရောင်းရဘူးလို့တော့ တားထားဆိုပဲ။ ဒါပေမယ့် ဝယ်မယ်ဆို ရင်တော့ အိမ်က ရေကန်အရောက်တော့ ရတုန်းပါပဲ။
    သိသွားရင် ဆီလှုလို့ ပြန်ကူတယ် လုပ်တာတဲ့။ ရပ်ကွက် အရန်မီးသတ်ကားတွေက အစိုးရဆီက ဆီမရတော့လည်းပြောလို့ ရတာပေ့ါ။
    တစ်ခါတုန်းက မန်းမှာ လမ်း၈ဝက ကုမ္ပဏီဆိုင် တစ်ခုကို ရေရောင်းနေတုန်း မီးလန့်တော့ ရေမပါတဲ့ ကားကြီးခတ်တီတီ နဲ့ မောင်းသွားကြဆိုပဲ အရေးယူမခံရအောင်။
    လမ်းကျမှ ရေရောင်းနေတဲ့ ကားအကောင်းကြီးကို လမ်းမှာ ရပ်ထားလိုက်ပြီး စက်ပျက်ပြစ်လိုက်တယ်ဆိုပဲ ကိုလူဆိုးတို့ ကိုဘီလူးတို့ ပြောနေကြသလို။
    နို့မဟုတ်ရင် မီးလောင်ပြင်ရောက်ပြီး ရေမပက်နိုင်ရင် ပြောကြအုံးမယ်လေ။
    ရတနာပုံဈေး မီးလောင်တုန်းက မီးသတ်တွေ ဘာလုပ်နေကြတာတော့ ပြောမကုန် ကြုံဖူးမှသိခဲ့ရဗျာ။

  • etone

    November 14, 2011 at 10:07 am

    မီးလောင်မှပဲ မီးသတ်ကားတွေ ထွက်ရတယ်ဆိုတော့ ကားစက်နေ့တိုင်းမနှိုးသလို ၊ နေ့တိုင်းလည်း ရေပန့် ကောင်းမကောင် းမစစ်ဖြစ်ဘူး ထင်ပါရဲ့ 😀

    ((တခြားနိုင်ငံတွေမှာ လိုအပ်ရင် ရဟတ်ယာဉ်နဲ့တောင် မီးသတ်နေတဲအချိန်မှာ )) ဆိုတာလေးတော့ စိတ်ဝင်စားတယ် … ။ ဟိုးတလောက မီးသတ်ကလူတွေနဲ့ talk show မှာ မေးတုန်းက အဲ့ဒီအချက်လေး ထည့်မေးဖူးတယ် … ။ ပို့စ်ထဲ ထည့်မရေးဖြစ်တာ နည်းနည်း ပေါ်လစီ ငြိမှာ စိုးလို့လေ 😀

    သူတို့ပြောတာကတော့ တောမီးလောင်တာကလွဲလျှင် နိုင်ငံတကာမှာ ရဟက်ယဉ်နဲ့ မီးငြိမ်းသတ်တယ်ဆိုတာ ဖြစ်တောင့်ဖြစ်ခဲ အင်မတန်ရှားပါတယ်တဲ့ … သယ်ဆောင်နိုင်တဲ့ ရေ၊ဆေး တန်ချိန် ပမာဏရယ် ၊ ကုန်ကျစရိတ်ရယ်တွေကြောင့်လည်း ပါတာပေါ့တဲ့လေ …. ။ အဲ့တုန်းက မဆီမဆိုင် လူနေအိမ်နဲ့ မီးလောင်လွယ်တဲ့ ဓါတ်ဆီဆိုင် တွေ ဘယ်လောက် အကွာဝေးရှိသင့်သလဲဆိုတာပါ မေးခဲ့ဖူးတယ် …. ။ သူတို့က ပေဘယ်လောက် ကွာကွာမှာ ရှိရမယ်ပြောတော့ … ဘယ်နားက ဘယ်ဆိုင်က လူနေအိမ်နဲ့ ဘယ်လောက်ပဲ ကွာတယ် …အဲ့ဒါကျတော့ရောလို့ ပြန်ထောက်ပြဖူးတယ် …. ။ ဖြေတဲ့ လူကလည်း စကားပြောကျွမ်းကျွမ်းကျင်ကျင်နဲ့ မကွယ်မဝှက် လှလှပပဖြေသွားခဲ့တယ်လေ …. ။ 🙂

  • ပေါက်ဖော်

    November 14, 2011 at 11:12 am

    မင်းပြားဈေး မီးလောင် by မသင်းသီရိ

    ရခိုင်ပြည်နယ် မင်းပြားမြို့က မြို့မဈေးကြီးမှာ နိုဝင်ဘာလ ၁၂ ရက်နေ့ညက လောင်ခဲ့တဲ့မီးကြောင့် ဈေးထဲကဆိုင်ခန်း အားလုံးနီးပါး မီးထဲပါသွားပါတယ်။ အခုလို ဆုံးရှုံးမှုတွေများခဲ့ရတာဟာ မင်းပြားမြို့ထဲမှာ မီးသတ်ကားမရှိခဲ့လို့ မီးလောင်လောင်ချင်း နိုင်အောင်မငြိမ်းနိုင်ခဲ့တာကြောင့်လို့ မြို့ခံတွေက ပြောကြပါတယ်။ အကြောင်းစုံကို မသင်းသီရိက တင်ပြထားပါတယ်။

    နိုဝင်ဘာလ ၁၂ ရက်၊ စနေနေ့ဈေးပိတ်အပြီး ည ရ နာရီဝန်းကျင်လောက်က စလောင်ခဲ့တဲ့မီးဟာ နောက်တနေ့ တနင်္ဂနွေနေ့ ၁၃ ရက်ကိုအကူး မနက် ၁ နာရီခွဲလောက်မှ မီးညွှန့်စကျိုးတယ်လို့ မင်းပြားမြို့ခံတွေက ပြောပါတယ်။ ပေါ့စမီးလို့ ယူဆရတဲ့ မီးကနေ တဖြည်းဖြည်း များလာခဲ့ပြီးတော့ ၆ နာရီကျော်ကြာ လောင်ခဲ့တဲ့မီးကြောင့် ဆိုင်ခန်းပေါင်း ၆၀ဝ ကျော်ရှိတဲ့ ဈေးကြီးအတွင်းမှာ ဆိုင်ခန်း ၅၀ဝ ထက်မနည်း မီးထဲပါသွားတယ်လို့ မင်းပြားမြို့ခံတစ်ဦးဖြစ်တဲ့ ဒေါက်တာ တင်မြင့်ဦးက ပြောပါတယ်။

    “မီးအညွှန့်သေသွားတာကတော့ ည ၁ နာရီခွဲလောက်မှပဲ သေပါတယ်။ ဆိုင်ခန်းပေါင်း ၆၀ဝ ကျော်မှာ ၅၀ဝ လောက်ပါသွားတယ်လို့ ပြောပါတယ်။ ဈေးပိတ်အပြီး စားအုန်းဆီတွေကို မီးနွေးတဲ့ကိစ္စကနေပြီးတော့ ပေါ့စမီးပေါ့နော်။ အဲဒီကိစ္စကနေစပြီးတော့ လောင်တာလို့ကြားပါတယ်။ လောင်စာဆီကလည်း တချို့က ဈေးထဲမှာ ထားကြတယ်လေ။ အဲဒီကတဆင့် လောင်တာဆိုတော့ တော်တော် ငြိမ်းသက်ရခက်ပါတယ်။ ဆိုင်ရှင်တွေကတော့ ဘယ်တတ်နိုင်တော့မလဲ။ ဒီအတိုင်း လက်ပိုက်ကြည့်နေရတယ်။ ဘာမှဆွဲထုတ်လို့မှ မရတော့တာလေ။”

    အဓိက ကတော့ မင်းပြားမှာရှိတဲ့ မီးသတ်ကားဟာ မီးလောင်ချိန်မှာ နိုးမရဘဲ ဖြစ်နေခဲ့လို့ စည်ပင်က ရေဖျန်းတဲ့ကားတွေနဲ့ ငြိမ်းခဲ့ရသလို အနားက မြောက်ဦးမြို့ကနေလာတဲ့ မီးသတ်ကားတွေကို စောင့်ပြီး မီးသတ်ခဲ့ရတယ်လို့ ပြောပါတယ်။

    “မြို့မှာ မီးသတ်ကားကလည်း အဆင်သင့် မရှိဘူး။ မြောက်ဦးကနေ မီးသတ်ကား လာရဖို့အချိန်က ရ နာရီစတာတောင် ၉ နာရီလောက်မှ ရောက်လာတယ်။ အဲဒီမီးသတ်ကားကို အားကိုးပြီး မီးသတ်ဖို့က တော်တော်ကို ခက်ခဲပါတယ်။ အဲဒါကြောင့် တဈေးလုံး ပါသွားတာ။ ကိုယ့်မှာ မီးသတ်ကားမရှိတဲ့ ပြဿနာ၊ အဲဒါ အဓိက ပြဿနာပဲ။”

    အခု မင်းပြားဈေးကြီးဟာ အနီးအနားက ရွာတွေနဲ့ မြို့နယ်တွေကပါ အားထားရတဲ့ ဈေးကြီးဖြစ်သလို အရောင်းအဝယ်ကောင်းတဲ့ဈေး ဖြစ်တယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။ အခုတော့ ဈေးပိတ်ချိန် ညပိုင်းအတွင်းမှာ မီးလောင်ခဲ့တာမို့ ဆိုင်ရှင်တွေဟာ ပစ္စည်းတွေကို ရွှေ့ပြောင်းသယ်ယူခွင့် မရကြတော့သလို မီးကြောင့် ဆုံးရှုံးမှု ပမာဏအတော်များတယ်လို့ ပြောပါတယ်။

    “ဒီ မင်းပြားမြို့ကို မှီခိုနေတဲ့ရွာက တမြို့နယ်မကဘူးခင်ဗျ။ မြေပုံမြို့နယ်၊ မြောက်ဦးမြို့နယ်၊ ပေါက်တောမြို့နယ် အဲဒီမြို့နယ်တွေက နီးစပ်ရာရွာတွေက မင်းပြားက ကုန်လမ်းရေလမ်းဆုံတဲ့ နေရာမိုလို့ ဒီမြို့ကိုပဲလာပြီး ဈေးဝယ်ကြတယ်လေ။ ဒီမြို့က ရောင်းဝယ်ဖောင်ကားမှု စီးပွားရေး လမ်းဖြောင့်တယ်ပေါ့နော်။ အဲဒီလို ရောင်းဝယ်ဖောင်ကားမှု အရမ်းကောင်းတဲ့နေရာပါ။ ပြီးတော့ ဒီဆိုင်ခန်းတွေ ပြန်ပြီး သူတို့လည်ပတ်ဖို့ဆိုတာ မလွယ်တော့ဘူး။ ကျနော်တို့အိမ် ခေါင်းရင်းက အန်တီကြီးဆိုရင် သူ တသက်လုံးလုပ်လာတဲ့ ပစ္စည်းတွေ သိန်း နှစ်ထောင်ဖိုးလောက် ရှိတယ်တဲ့။ အထည်ဆိုင်က။ အိမ်ထဲမှာ ဘာမှမထားဘူး၊ ဈေးထဲမှာပဲ ထားတာလေ။ ဆိုင်ခန်း သုံးခန်းတွဲ။ အခု သူ့ဘဝမှာသွားပြီ တသက်လုံးစုဆောင်းလာခဲ့တာတွေ။ အဲဒီလို လူမျိုးတွေ အများကြီးပဲဗျ။ သုံးပုံတစ်ပုံတောင် ပြန်ပြီး ရင်းနှီးနိုင်တော့မယ်မထင်ဘူး။ ကျနော့်မှာ ဘာမှမဆုံးရှုံးတာတောင် အလိုလို စိတ်ထိခိုက်တယ်။ ဘဝမှာ အခုလို တခါမှမမြင်ဖူးဘူး။”

    ဒါကတော့ မင်းပြားမြို့ခံ ဒေါက်တာ တင်မြင့်ဦး ပြောပြခဲ့တာဖြစ်ပါတယ်။ မင်းပြားမှာ နိုဝင်ဘာလ ၁၂ ရက်နေ့ ညက လောင်ခဲ့တဲ့မီးကြောင့် အသေအပျောက်နဲ့ ထိခိုက်မှုမရှိဘူးလို့ ပြောပါတယ်။ မနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့ကတော့ သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးက မီးလောင်ခဲ့တဲ့ဈေးကို လာကြည့်ခဲ့ပေမဲ့ အခုချိန်ထိတော့ ဆုံးရှုံးမှုစာရင်းကို တရားဝင်ထုတ်ပြန်တာမျိုးတော့ မရှိသေးပါဘူး။

    Source:Voa News
    http://www.voanews.com/burmese/news/Minbyar-fire-11-13-11-133780133.html

  • ရာဇဝင်လူဆိုး

    November 14, 2011 at 11:54 am

    ကျနော် ဒီပို့စ်တင်လိုက်လို့များ လာာာာာာာာာာာာာာာာာားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး။
    မီးသတ်တွေ တကယ်တော်ကြတာပါ။ သူတို့ မငြိမ်းနိုင်တဲ့မီးမျိုး မရှိသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ မီးက သူအလိုလို လောင်စရာကုန်သွားလို့ ငြိမ်းသွားတာမျိုးတွေချည်းပဲ။ အခုလဲကြည့် လောင်စရာဆိုင်ခန်းတွေ ကုန်မှပဲ မီးငြိမ်းတော့တယ်။ ဟိုးအရင်က ရန်ကုန် ဘာတာ မှာမီးအကြီးအကျယ်လောင်တုန်းကလဲ ဒီလိုပဲ …လောင်စာကုန်မှ မီးငြိမ်းသွားတယ်။ မလောင်သေးတဲ့ အိမ်တွေက သူတို့အိမ်ကူးမှာစိုးလို့ မီးသတ်ကို ညှိရင် လာခဲ့ ….ဘယ်လောက်ဆိုပြီး…။ ငွေရတဲ့ အိမ်က မလောင်နိုင်လဲ ရေလိုက်ဖျန်းနေရော…။

Leave a Reply