ငပလီ ကမ်းခြေ ဖြစ်ပေါ်လာပုံ

ဦး ဂ်စ္November 13, 20111min114051
Landmark Of Ngapali

 ငပလီ ဟု ဆိုလိုက်လျှင် အားလုံးသိကြမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံတစ်နိုင်ငံသာလျှင်မဟုတ်ဘဲ
ကမ ္ဘာ့နိုင်ငံ အသီးသီးသို့ပင် ထင်ရှားကျော်ကြား သည်မဟုတ်ပါလော ။
ငပလီ ကမ်းခြေ  နာမည် ဖြစ်ပေါ်လာပုံ အဆင့်ဆင့်အား  အနည်းငယ် ရှင်း ပြ  ပါရစေ  ခင်ဗျာ ။
ရခိုင်ပြည့်ရှင် စန္ဒသူရိယမင်းကြီးလက်ထက်တော်တွင် မြတ်စွာဘုရားသခင်သည် မဟာသက္ကရာဇ်
(၁၂၃)  ခုနှစ်၌ ရခိုင်ပြည်နယ် ဓညဝတီမြို့တော်သို့ ကြွတော်မူပြီးလျှင် မဟာမုနိရုပ်ပွားတော်မြတ်
ကို ကိုးကွယ်ပူဇော်ရန် ကိုယ်စားထားခဲ့လေသည် ။
ထိုမှတစ်ဆင့် ဒွါရာဝတီ သံတွဲမြို့သို့ ကြွချီတော်မူလျက် တန့်တော်မူတောင် (ဗာသုတ) တွင် ရပ်
တန့်တော်မူ၍ ဆံတော် နံတော် အံတော် စေတီ သုံးဆူအား ဗျာဒိတ်ပေးတော်မူ၏ ။ ထို စန္ဒသူရိယ
မင်း  လက်ထက် မြတ်စွာဘုရား  ဒွါရာဝတီ  သံတွဲမြို့ သို့ ကြွချီတော်မူသောအခါ၌   သံတွဲမြို့တွင်
ဘုရင်ခံဖြစ်သော “ သိန္ဒဝ မင်း ”  အုပ်ချုပ်လျှက် ရှိပါသည် ။  သိန္ဒဝမင်း သည် မြတ်စွာဘုရားသခင်
အား ကြည်ညိုလွန်းလှသည်ဖြစ်ရာ ဒွါရာဝတီ သံတွဲမြို့၌ လည်း   မဟာမြတ်မုနိ ရုပ်ပွါးတော် ကဲ့သို့
ရုပ်ပွါးတော် တစ်ဆူ ကိုးကွယ်လိုသော ဆန္ဒ  ပြင်းပြလျှက် ရှိခဲ့ပါသည်။ သို့သော်  စန္ဒသူရိယမင်း မှ
ခွင့်မပြု၍  နောင်  ပွင့်လတ္တံ့သော  အရိမေတ္တေယျ  ရုပ်ပွါးတော်ကိုသာ သွန်းလုပ် ကိုးကွယ် ပူဇော်
ခဲ့ ရပါသည်။
ထို အရိမေတ္တေယျ ရုပ်ပွါးတော်မှာ ရွှေပိဿာချိန်  တစ်ကုဋေကျော်ဖြင့် သွန်းလုပ်ထားသော ရွှေသား
စစ်စစ် ဖြစ်ပါသည်။ ဉာဏ်တော်မှာ ရှစ်တောင်မြင့်၏။  ဂေါတမမြတ်စွာဘုရားသခင်သည် ရခိုင်ပြည်မှ
ပြန်လည်ကြွတော်မူပြီး နောက်နှစ် မဟာသက္ကရာဇ် (၁၂၄) ခုနှစ်၊ တပေါင်းလတွင် စိတ္တသကျ အမည်
ရှိ ပန်းပုဆရာကြီးမှ သွန်းလုပ်ခဲ့သည် ဟု ဆိုပါသည်။
ကောဇာသက္ကရာဇ် (၃၈)  ခုနှစ်တွင် တတိယ ဓညဝတီ ရခိုင်ပြည်၌   သူရိယဇေဋ္ဌ မင်းကြီး နှင့် မိဖုရား
ဣစ ္ဆာမယ   တို့ အုပ်ချုပ်စိုးစံခဲ့ပါသည် ။ ထို  မင်းလက်ထက်  ဒွါရာဝတီ  သံတွဲမြို့တွင်    သီရိဝိဇယ
ဗိုလ်မင်း မြို့စားအဖြစ် အုပ်ချုပ်ခဲ့ပါသည်။
ရွှေသားစစ်စစ်ဖြင့်  သိန္ဒဝမင်း  လက်ထက်မှစ၍ ကိုးကွယ်ခဲ့သော ရုပ်ပွါးတော်မှာ  သီရိဝိဇယ ဗိုလ်မင်း
လက်ထက် တိုင်အောင်ပင် ဆက်လက်ကိုးကွယ်လျက်ပင် ရှိခဲ့ပါသည်။
ထို  ဗိုလ်မင်းလက်ထက်တွင် ဒွါရာဝတီ သံတွဲမြို့၌  (တံငါ)  ပိုက်လုပ်ငန်းများကို  တွင်တွင်ကျယ်ကျယ်
လုပ်ကိုင်နေကြသောအချိန်ခါဖြစ်ခဲ့ပါသည်။ ပင်လယ်ကမ်းခြေတွင် ရေလုပ်သားများ ရွာတည်၍ နေထိုင်
ခဲ့ကြပါသည်။ ထိုအချိန်ကာလ တွင် ပင်လယ်တွင်း၌  “ ငါး ပါး နီ ”  ဟုခေါ်သော ပါးနီနီ နှင့် ငါးများ
ပေါများ သောအချိန်လည်းဖြစ်ခဲ့ပါသည်။
ငါးပါးနီ များသည် အရသာကောင်းမွန်ပါသဖြင့် လူကြိုက်များလှ၍ ရခိုင်ပြည်နယ်အနှံ့သာမက အနောက်
ပြည်ဖြစ်သော   မောက်သူဇာ ၊ စစ်တကောင်း ၊ ပန်းဝါ ၊ ဖလောင်းချိတ်  စသည့်  ဒေသများထိအောင်ပင်
နာမည်ကြီး ကျော်ကြားခဲ့ပါသည်။ တင်ပို့ရောင်းချမှု ကိုလည်း ပြုခဲ့ပါသည် ။
၎င်း ငါးပါးနီ များသည်  အခြားနိုင်ငံများသို့ တင်ပို့သည့်  ပို့ကုန်လုပ်ငန်းအဖြစ်  ဒွါရာဝတီ သံတွဲမြို့ တွင်
လုပ်ကိုင်နေခဲ့ကြကြောင်း သီရိဝိဇယ ဗိုလ်မင်းလက်ထက် မှာပင် အထောက်အထားများအရ တွေ့မြင်
နိုင်ခဲ့ပါသည် ။
ထို ပါးနီနီ နှင့် ငါးပါးနီများကို  ရခိုင်လို  ဒွါရာဝတီသံတွဲမြို့ အသံထွက်အားဖြင့်  “ င ပ နီ ”  ဟု ခေါ်ကြ
ပါသည်။ ထို  ငါးပါးနီထွက်ရှိရာ ပင်လယ်ကမ်းခြေရွာလေးကို   “ င ပ နီ ”    ရွာ ဟု ခေါ်ခဲ့ကြပါသည်။
၎င်း  ငပနီရွာသည် တတိယဓညဝတီခေတ်  သူရိယဇေဋ္ဌ မင်းကြီးလက်ထက် သံတွဲမြို့စား သီရိဝိဇယ
ဗိုလ်မင်း အုပ်ချုပ်သည့် အချိန်ကာလ မှာပင် ထင်ရှားတည်ရှိနေပါကြောင်းသိရှိခဲ့ရပါသည် ။
၎င်း အချိန်တွင် သရေခေတ္တရာမှ သုပညာနဂရဆိန္ဒမင်း သည် စစ်သည်ဗိုလ်ပါ အလုံးအရင်းဖြင့် သံတွဲ
မြို့  ကို တိုက်ခိုက်၍  အရိမေတ္တေယျ  ရုပ်ပွါးတော်ကို  အရည်ကျို ဖျက်ဆီးယူဆောင်သွားခဲ့ပါသည် ။
ထို့ကြောင့် သရေခေတ္တရာ ပျက်စီးရကြောင်း သမိုင်းမှတ်တမ်းတွင် တွေ့ရှိနိုင်မည် ဖြစ်ပါသည် ။
ထိုခေတ်ကာလမှစ၍ ခေတ်အမျိုးမျိုးကို ဖြတ်ကျော်လာခဲ့ပြီး ကာလကြာရှည်လာသော် ငပနီ မှ ငပလီ
ဖြစ်လာခဲ့ကြောင်း သမိုင်းရာဇဝင် နှင့် မှတ်စုများ ၊ သူတေသီများ၏ ရှာဖွေလေ့လာမှုများတွင် တွေ့ရှိ
လာခဲ့ရပါသည် ။
ဤ ကား ငပနီ ရွာ မှအစပြု၍  “ င ပ လီ ”  ဟုဖြစ်ပေါ်လာခဲ့သော အကြောင်းရင်းမှန်ဖြစ်ပါကြောင်း..။
——————————————————————————————————–
စာရေးသူ  ပံသုဥက္ကာ-သံတွဲ  သည် သမိုင်းအထောက်အထားများ ၊ မှတ်စုများ ၊ မေးမြန်းစုံစမ်းမှုများ ၊
သုတေသီများနှင့် ညှိနှိုင်း တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်၍ ရှာဖွေစုဆောင်းကာ ရေးသား ပါသော
ဆောင်းပါး ဖြစ်ပါသည်ခင်ဗျာ. ။ ။
ငပလီ  ဟူ၍ ဖြစ်ပေါ်လာပုံကို မသိရှိသေးပါသော စာဖတ်သူတို့ သိရှိပါစေရန် ကျနော်မှ    တဆင့်
ပြန်လည် ရေးသားတင်ပြပေးခြင်းသာ ဖြစ်ပါကြောင်း…..။
ငပလီ ကမ်းခြေ ဓါတ်ပုံလေးတွေကိုလဲ အပျင်းပြေ ကြည့်နိုင်ပါရန် တင်ပေးလိုက်ပါတယ် …။
———————————————————-
ရွာသူရွာသားများ အား အစဉ်လေးစားခင်မင်လျှက်

GIPSY

 

 

ငပလီ ကမ်းခြေ ၏ ညနေ နေဝင်ဆည်းဆာ အလှ

 

 


 

ကမ်းခြေ ဧည့်သည်များနှင့် ငပလီ

 

 


ငပလီ ကမ်းခြေ၏ ထင်ရှားတဲ့ အမှတ် အသား "ရေသူမရုပ်"
လှပတဲ့ ပင်လယ် ကွေ့ အလှ

51 comments

  • ဆူး

    November 13, 2011 at 4:07 pm

    ငါးပါးနီ တွေ အခုကော ပေါသေးလားဟင်..
    ငပလီ က ရေသူမ နဲ့တော့ ဓါတ်ပုံ တွဲ ရိုက်ခဲ့တယ် ရေရှိတော့ ခပ်လှမ်းလှမ်းက ရို်က်ခဲ့တာ အခုလို သိပ်မထင်မရှားပေါ့… အခုတော့ ပုံထဲမှာ ကြည့်ပြီးမှ ရေသူမ တော်တော် ရုပ်ဆိုးတာပဲ ခေါင်းလျှော်ရည်နဲ့ အမြုပ်ထ အောင် ဆံပင်ဖွ နေသလိုပဲ.. လက်ရာ ကြမ်းတယ်နော်။

  • Gipsy

    November 13, 2011 at 4:17 pm

    ဟုတ်ကဲ့ဗျ… ငါးပါးနီ ငါးတွေ ပေါ ပါသေးတယ်ခင်ဗျ..
    ရေသူမ လက်ရာက အနီးကပ်ဆိုတော့ အရုပ်ဆိုးတာအမှန်ပါ…
    ဦးနေဝင်း အာဏာရ တဲ့အချိန်တုန်းက ထုထားတဲ့ ရေသူမ ရုပ်လေးဖြစ်ကြောင်းပါ…။

  • koaung

    November 13, 2011 at 5:39 pm

    ရေသူမရုပ်ထုကလွဲလို့ ဓတ်ပုံတွေအကုန်လှတယ် 😀

    • ပေါက်ဖော်

      November 13, 2011 at 6:08 pm

      ဆရာအောင်ရေ..ရေသူမမှာ ဘာလို ့ဂျိုင်းမွှေးမပေါက်တာလဲဗျ
      🙄

      • koaung

        November 13, 2011 at 6:37 pm

        ကိုပေါက်ဖော်ရိတ်ပေးလိုက်လို့နေမယ် (မေးစရာရှားလို့) ရေချိန်မကိုက်သေးဝူးလား ဟီးဟီး ဗောကာဂျူးစိမစ် ပို့ပေးလိုက်မယ် 😉

      • ပေါက်ဖော်

        November 13, 2011 at 6:56 pm

        ဟင့်အင်း..အနော်မရိတ်ဝူး..
        အနော်ရိတ်ချင်တာ တခြားအမွှေး..(မျက်ခုံးမွှေး)
        😆

        • ကိုရင်စည်သူ

          November 13, 2011 at 7:12 pm

          ဂျစ်ပစီရေ.. ရေသူမလေးကြည့်ရင်း
          ကိုရင် တရားမှတ်သွားပါတယ်…
          ပြောမယ့်သာ ပြောတယ်..
          ငပလီတစ်ခါမှမရောက်ဖူးသေးဘူး… 🙁 🙁 🙁
          ဟန်နီးမွန်းမှ သွားမယ်တော့
          ချိန်ထားတယ်…
          ပြောမယ့် ပြောသာ… ရွာသူလေးတွေကြောင့်
          ကိုရင်လည်း သံယောဇဉ်နဲ့
          မမွန်းနိုင်သေးပါဘူးကွယ်… 😳 😳

  • ပေါက်ဖော်

    November 13, 2011 at 6:06 pm

    ငါးပါးနီဆိုတာ..အကောင်သေးသေးငါးလေးတွေကိုပြောတာလား..
    လှော်.ကြော်..ဖုတ်..ပြီး ချဉ်ငံစပ် သုပ်စားရင် တော်တော်ဂွတ်တယ်..အဲတာကိုပေါတာလား ဗျ

    အရိမေတ္တေယျ ရုပ်ပွါးတော်မှာ ရွှေပိဿာချိန် တစ်ကုဋေကျော်ဖြင့် သွန်းလုပ်ထားသော ရွှေသား
    စစ်စစ်

    ဆိုတော့လဲ လောဘ မတက်ပဲနေမလားလေ….နဲနဲနောနာမှ မဟုတ်တာ.အံဩပါ၏..ဗျာ
    ရွာထဲက သမိုင်းဆရာတို ့လဲ ဝေဖန်ပေးကြပါဦးလား..

    ဗဟုနဲ ့ သုတတော့ တော်တော်ရသဗျာ..ကျေဇူး..ဂျလေဘီ..အဲအဲ..ဂျစ်ပစီ ခင်ဗျား

    😆

    • Gipsy

      November 13, 2011 at 9:57 pm

      ကိုကျောက်ပျော်… အဲလေ… ကိုပေါက်ဖေါ်ရေ ..
      ငါးပါးနီဆိုတာ ငါးအကောင်ငယ်လေး မဟုတ်ဘူးဗျ…
      အကောင် လတ်တွေပါ..
      ကိုပေါက်ဖော် ပြောတဲ့ငါးသေးလေးတွေက ငါးနီတူ လို့ခေါ်သဗျ…။

    • htoosan

      November 13, 2011 at 10:13 pm

      ကျွန်တော်လည်း တွက်နေတာ .. ရွှေချိန်ပိသာ Ten million ဆိုတော့ တန်ချိန် ၁၆၀၀ဝ လောက်ဖြစ်နေတယ်။ ကျွန်တော်ဘဲ အတွက်မှားတာလား … 😯

  • aye.kk

    November 13, 2011 at 7:25 pm

    ငပလီကိုလွမ်းတယ် ဓါတ်ပုံကလည်းလှတယ်
    တင်ပေးတဲ့သူကိုလည်း ကျေးဇူးတင်ပါတယ်

  • chancellor

    November 13, 2011 at 7:48 pm

    ကျနော်လည်း အဲဒီအရပ်မှာ ကမ်းခြေမှာ လေးနှစ်ကျော်နေလာခဲ့တာ။ ရောက်ခါစကတော့ ပျင်းတယ်။
    နောက်တော့လဲ ကမ်းခြေကို ချစ်တတ်လာတယ်။ ငပါးနီ ကြော်၊ ဂေါ့ငပိ၊ ငနီတူသုပ်၊ ကျောက်ဆောင်တွေမှာကပ်နေတဲ့ ဂျင်း၊ ရေမျောက်၊ လေယာဉ်ကွင်းနားက သံကျောက်တောင်၊
    အဲဒီဒေသကလူတွေအမြဲပြောတာက ပင်လယ်ထဲကရတာဆိုရင် ဘာစားစားအကုန်အားရှိတယ်ဆိုပဲ။
    တစ်ခွက်ကို တစ်ရာပေးရတဲ့ မုန် ့တီ၊ တံတားနားက အကြော်ဆိုင်၊ နေတတ်ရင်တော့ ပျော်စရာကောင်းတယ်။
    မိုးတွင်းဆိုရင်တော့ သိပ်အဆင်မပြေဘူး။
    ဘယ်လိုပဲဖြစ်ဖြစ် ပင်လယ်ရေကတော့ တကယ်ကောင်းတယ်။ Amazing ရှေ ့ရယ်၊ ငပလီချိုင်ရယ် ရေကူးရတာ ကောင်းတယ်။ ကျောင်ဆောင်မရှိဘူး။ Hotel ခတွေကတော့ များလွန်တယ်။
    အဲဒီမှာမနေ တော့ပေမယ့် ပြောရရင်သတိရတယ်။ ပုံတွေအတွက် ကျေးဇူးတင်ပါတယ်။

  • htoosan

    November 13, 2011 at 9:46 pm

    ဘယ်မှာ ဖတ်ဘူးလည်းဆိုတာ သေချာ မမှတ်မိပေမဲ့ (ခရီးသွား မဂ္ဂဇင်း များ (သို့) လေကြောင်းတစ်ခုခုက မဂ္ဂဇင်းလို့ထင်ပါတယ်) အီတလီက Naples နဲ့ တူလို့ ရှေးရှေးတုန်းက လူဖြူ များက နပလီ လို့ ခေါ်ရာကနေ ငပလီလို့ ဖြစ်လာပါတယ် ဆိုပြီး ရေးကြတာ မကြာခဏ တွေ့ရှိ မှတ်သားထားမိတာ ။
    Gipsy ရေ တတ်နိူင်ရင် တစ်ခုလောက် ကူညီပါ ။ အဲ့ဒီ့ အထောက်အထား စာအုပ် ဘယ်မှာ ရှာလို့ရနိုင်မလဲဆိုတာလေးသိချင်ပါတယ်။ ကျေးဇူးပါ။

    • Gipsy

      November 14, 2011 at 8:19 pm

      ဟုတ်ကဲ့ဗျ .. ဒွါရာဝတီသံတွဲမြို့ နဲ့ပတ်သက်တဲ့ ရာဇဝင်ကိုသိလိုပါလျှင်
      (၁) နှစ်တစ်ရာကျော်ခန့်ရှိပြီးဖြစ်တဲ့
      ပဲခူးမင်းကျောင်းဆရာတော်ရေးသားခဲ့တဲ့ ဓညဝတီရာဇဝင်ကျမ်း
      (၂) နှစ်တစ်ရာကျော်ခန့်ရှိပြီဖြစ်တဲ့
      ရမ်းပြည့်( ရမ်းဗြဲ ) တောင်ကျောင်းဆရာတော်ရေးသားခဲ့တဲ့ ရခိုင်ရာဇဝင်(သစ်) ကျမ်း
      (ပထမတွဲ)
      (၃) စစ်ကိုင်းတိုင်းမုံရွာမှာမုံရွေးဆရာတော်ကြီးရေးသားခဲ့တဲ့ မုံရွေးမှတ်စုကျမ်း
      (နှစ်ပေါင်းတစ်ရာကျော်ခန့်ကြာမြင့်ခဲ့ပြီးဖြစ်သောကျမ်းများကိုရှာဖွေ၍ လေ့လာနိုင်
      ပါက ဖြစ်နိုင်သည် /မဖြစ်နိုင် သိလာနိုင်မည်ဟုထင်ပါကြောင်း…..။

  • ရွှေအိမ်စည်

    November 13, 2011 at 10:28 pm

    ဒီပို ့လေးကူးခွင့်ပြုပါ..။
    ကျနော်မသိသေးတဲ ့အကြောင်းရာလေးမလို ့..ကျေးဇူးအထူးတင်မိတယ်ဗျာ…..
    ကျနော်…ကူးသွားပြီနော်…
    ၂။စိတ်အဟာရ(သုတ/ရသ)
    Open GroupAnyone can see the group, who’s in it, and what members post. — shwearlu@groups.facebook.com

    ဒီနေရာမှာတင်ထားတယ်

  • Gipsy

    November 13, 2011 at 10:41 pm

    ရပါတယ် ရွှေအိမ်စည်… သဘောရှိ ကလောဟိ ပါ…
    အားပေးဖေါ်တွေ အားလုံးကို ကျေးဇူးနော်…။

  • Foreign Resident

    November 14, 2011 at 12:55 am

    ” ထို အရိမေတ္တေယျ ရုပ်ပွါးတော်မှာ ရွှေပိဿာချိန် တစ်ကုဋေကျော် ဖြင့်
    သွန်းလုပ်ထားသော ရွှေသား စစ်စစ် ဖြစ်ပါသည် ”

    1 ပိဿာ = 1.6129 Kilogram
    ရွှေပိဿာ တစ်ကုဋေ ရဲ့ Weight = 10 000 000 ပိဿာ = 16 129 000 Kilogram
    ရွှေ ရဲ့ Density = 19 320 Kilogram / meter square (m2)
    ရွှေပိဿာ တစ်ကုဋေ ရဲ့ Volume = 16 129 000 / 19 320 = 834 meter cube (m3)

    အလျား သုံး ပေ အနံ သုံး ပေ အမြင့် ပေ ၂၇၀ဝ ရှိတဲ့ ရွှေတုံးကြီးပေါ့ ။
    ( ဉာဏ်တော်မှာ ရှစ်တောင်မြင့်၏ ??????? )

    ဟိုးအရင်က ရခိုင်ဘုရင်တွေ တော်တော် ချမ်းသာပုံရတယ် ။
    အခု မြန်မာတနိုင်ငံလုံးက ရွှေတွေ ပေါင်းရင်တောင်
    အဲလောက်ရှိမယ် မထင်ဘူး ။

    • Gipsy

      November 14, 2011 at 10:34 pm

      ရခိုင်ခုနှစ် ၁၀၁၄ ၊ ခရစ် နှစ် ၁၆၅၂ တွင် ပေါ်တူကီ ဘုန်းတော်ကြီး မန်ဒရိတ်(မန်နရိတ်) သည်
      မြောက်ဦးဘုရင် သီရိသူဓမ္မမင်းလက်ထက်တွင် ခရစ်ယန် သာသနာပြုရန်လာရောက်သောအခါ
      နန်းတော်တွင်းသို့ဝင်ခွင့်ရခဲ့ကြောင်း၊ ရခိုင်ပြည့်ရှင်မှ သူ၏ သီးသန့်အခန်းဆောင်တစ်ခုသို့ ခေါ်
      ၍ ပြသခဲ့၍ သိခဲ့ရပါကြောင်း၊
      ၎င်း အခန်းဆောင်တွင် ရှိ ရွှေဗူးသီးပင်ကြီးတစ်ပင်အားပြသခဲ့ပါသည်။ ဗူးပင်မှာ ဗူးရွက်၊ ဗူးနွယ်၊
      ဗူးခက်၊ ဗူးသီး အစရှိသည်များကို ရွှေသားစစ်စစ်ဖြင့်ပြုလုပ်ထားကြောင်းသိရှိခဲ့ရသဖြင့် ရခိုင်ပြည်
      သည် ရွှေငွေရတနာ ကျောက်သံ ပတ္တမြား တို့များစွာရှိလျှက် ချမ်းသာကြွယ်ဝကြောင်းကို အံ့ဩ
      စွာ တွေ့မြင်ခဲ့ရပါကြောင်း ၊ အစရှိသည်တို့ကို သာသနာပြုခရစ်ယန် ဘုန်းတော်ကြီး ကိုယ်တိုင်
      မှတ်တမ်းတင် ခဲ့ပါသည်။ ၎င်းမှတ်တမ်း၊မှတ်ရာ များကို အင်္ဂလိပ်ခေတ်မှ မြန်မာနိုင်ငံတွင် ခရိုင်ဝန်
      အဖြစ်တာဝန်ထမ်းဆောင်နေခဲ့သော စာရေးဆရာ မောရစ်ကောလစ်မှ မန်ဒရိတ် (မန်နရိတ်)
      မှတ်တမ်းများအဖြစ် အင်္ဂလိပ်ဘာသာဖြင့် ဆောင်းပါးရေးသားခဲ့ကြောင်းသိခဲ့ရပါသည်။
      ၎င်း မန်ဒရိတ်(မန်နရိတ်) မှတ်တမ်းမှာ ပေါ်တူကီ နိုင်ငံ၏ စာကြည့်တိုက်တွင် ရှိနေပါကြောင်း
      အခိုင်အမာပြောဆိုနိုင်ပါတယ်ခင်ဗျား၊
      ခရိုင်ဝန် စာရေးဆရာ မောရစ်ကောလစ် ရေးသားခဲ့ခြင်းကို မြန်မာနိုင်ငံမှ စာရေးဆရာကြီးဦးလှဒင်
      မှ ဘာသာပြန် ရေးသားခဲ့ပါသော ရတနာရွှေမြေ ဆောင်းပါးတွင်လည်း အပြည့်အစုံ ပါရှိပါကြောင်း ။
      ကျနော်ကလဲ ဟိုးအရင်က ချမ်းသာခဲ့တယ်လို့ ယူဆမိပါကြောင်း….။

      • Foreign Resident

        November 15, 2011 at 2:57 am

        ဗူးသီး လောက်ဆိုရင်တော့
        ဟုတ်တာပေါ့ ကိုရင် Gipsy ရယ် ။
        အခုဟာက
        အလျား သုံး ပေ အနံ သုံး ပေ
        အမြင့် ပေ ၂၇၀ဝ ရှိတဲ့ ရွှေတုံးကြီးဆိုတော့ ။

  • parlayar46

    November 14, 2011 at 1:24 am

    ကိုဖေါရင်းရေ
    မှန်နန်းရာဇဝင်ကြီး ဖတ်ကြည့်ပါလား…။
    ကျုပ်ဖြင့် တခြားဟာတွေထားလို့ အလောင်းဘုရားခေတ် မြန်မာဆင်တပ်ကြီးအကြောင်းဖတ်ရတော့
    ဒီလောက်များတဲ့ဆင်တွေ ဘယ်လိုများကျွေးထားပါလိမ့်လို့ တော်တော်ခေါင်းစားမိတယ်..။

    အခုလဲ MRTV 4 က ဗိုလ်တထောင်ဘုရားသမိုင်း မကြာခဏကြားရတယ်။
    ဥက္ကလာပမင်းကြီးက ဘုရားဆံတော်တွေကို ဗိုလ်ခြေတထောင်နဲ့ ထွက်ကြိုတဲ့နေရာ ဘုရားတည်လို့ ဗိုလ်တထောင်ဆိုပဲ။

    ပြဿနာက လွန်ခဲ့တဲ့နှစ် ၂၆၀ဝ တုန်းက မြန်မာလူမျိုးတောင် မပေါ်သေးဘူး။
    ကြည့်ရတာ မြန်မာလူမျိုးမပေါ်ခင် မြန်မာစာအရင်ပေါ်နှင့်ပုံရတယ်။ 😀

    • Foreign Resident

      November 14, 2011 at 1:51 am

      ကျွန်တော်လည်း မြန်မာ ရာဇဝင်တွေ တော်တော်များများ ဖတ်ဘူးတယ် ။
      အဲလို ဘုန်းတော်ဘွဲ့ အလိမ်အညာတွေဖတ်ရတိုင်း ရှက်မိတယ် ။

      အနောက်တိုင်း ရာဇဝင်တွေက အဲလောက် မလိမ်ဘူးဗျ ။
      သူ့ဘက် ကိုယ့်ဘက် အမြင်တွေကွဲကြတာရှိမယ်
      ဒါပေမယ့် Figures တွေကို အဲလို ပက်ပက်စက်စက် မလိမ်ဘူးဗျ ။

      ဒါကြောင့်ပဲ မြန်မာတွေ အင်္ဂလိပ်ကျွန် ဖြစ်သွားတာ ဖြစ်မယ် ။
      လိမ်ပဲ နေနေကြတာကိုး ။ အခြေအနေမှန်ကို ဘယ်သိတော့မလဲ ။

      • Gipsy

        November 15, 2011 at 10:23 pm

        မြန်မာတွေ အင်္ဂလိပ်ကျွန်ဖြစ်တာဟာ လိမ်လည်လို့ မဟုတ်ပါဘူး…
        ပထွေးကို အဖေခေါ်ချင်သူတွေကြောင့်… ကျွန်ဖြစ်ရတာ..။

    • Gipsy

      November 14, 2011 at 10:38 pm

      သိနေခဲ့တာလေးတစ်ခုတော့ ဝေမျှ ပါရစေ
      မြန်မာတွေ ရှိခဲ့တယ် / မရှိဆိုတာတော့ အငြင်းပွားဖွယ်ဖြစ်နေသမို့ .. ထားပါတော့…
      ပုဂံခေတ်ကျောက်စာတွေမှာ မရမ္မ လို့ပါသဗျ..
      ပါဋ္ဌိဆရာတွေ ဘာသာပြန်တော့ မရမ္မ ကိုပေါ့နော်
      မ ကိုအရင်ချရေးမယ်..
      ပြီးတော့ ရ ကောက်ကို မ အက္ခရာ အပေါ် ပတ်လိုက်ရင် မြ ဖြစ်ပြီ တဲ့..
      ပီးတော့ မကို အသတ်ထည့်မယ် ..
      တစ်ကယ်တော့ မြမ်မာ ဖြစ်သဗျ…
      ကျနော်တို့သုံးနေတာက မြန်မာ …. အမှန်က မြမ်မာ ပါတဲ့….။
      ( ဟုတ်၏ / မဟုတ်၏ တော့ ကျနော် သေချာမသိပါနော် .. ကြာဖူးတာ မှတ်ထားလို့ပါ )

  • kai

    November 14, 2011 at 2:34 am

    အဲဒီပေါက်တပ်ကရ ဘုရားသမိုင်း (စာတင်သူကို ကဲ့ရဲ့တာမဟုတ်ပါနော) တွေနဲ့စာရင်..နည်းနည်းနီးစပ်တဲ့.. ခေတ်သစ်သမိုင်းတခုပြောပြမယ်..
    အဲဒီရေသူမရုပ်ကို ဦးနေဝင်းအတွက် ရာမညကိုကိုနိုင် ကထုပေးတာတဲ့..။
    မျက်နှာကို ခင်သန်းနုနဲ့တူအောင် ထုပေးတယ်ပြောကြတယ်..။
    တူတာ မတူတာကတော့.. တပိုင်းပေါ့နော.. :mrgreen:
    ဒိန်းမတ်က ရေသူမရုပ်ကလေး ခိုးချပြီး ထုတာပဲ..။
    http://www.copenhagenpictures.dk/mermaid.html

    ဒီလို.. ချဲ့ကားသမိုင်း လုပ်တတ်ကြပုံများနဲ့တော့… နောင်အနှစ် ၃-၄ရာကျရင်.. ဒိန်းမတ်က ရေသူမက ရေကူးလာပြီး ငပလီမှာ ကိုယ်ပွားလာထားတယ် ဖြစ်ချင်ဖြစ်နေမှာနော…။ 🙂

    ဦးနေဝင်းနဲ ခင်သန်းနုက…
    နိုင်ဂံတော်သမ္မတကြီးနဲ့.. (အမှတ်မမှားရင်) ပြည်ထောင်စုမယ် ထင်တာပဲ..
    အဲဒီအကြောင်းတွေတီချယ်တီတီနု ပိုသိလိမ့်မယ်ထင်တယ်…။ 😆

    • parlayar46

      November 14, 2011 at 11:03 am

      ဒီနေရာတော့ သူကြီးမျက်ခြေပြတ်သွားပြီ
      မြန်မာပြည်မှာ သမိုင်းတွေပြောင်းရေးတာ နှစ်ပေါင်း သုံးလေးရာ မစောင့်ဘူး သူကြီးရဲ့။
      မယုံရင် ကြိုက်ရာ ဘုရားတဆူဆူရဲ့သမိုင်းကို –
      လွန်ခဲ့တဲ့ စစ်ကြိုခေတ်၊ စစ်ပြီးခေတ် (1930-1950) လောက်မှာ ရေးထားတဲ့ စာအုပ်တခုရှာ
      ဒီခေတ် ပြန်ရေးထားတဲ့စာအုပ်တခုလဲရှာ
      အဲဒီနှစ်အုပ် တလှည့်စီဖတ်ပြီးတိုက်ဆိုင်ကြည့်ရင်
      အဲဒါဘုရားတဆူတည်းအကြောင်းရေးထားတာလို့ ယုံစရာတောင်မရှိတာ ကိုယ်တွေ့သိရပါလိမ့်မယ်။
      🙁 🙁

    • Gipsy

      November 14, 2011 at 8:17 pm

      ဪ…သဂျီး. . ကြည့်ရွှီးနော်. .
      သဂျီးပြောတဲ့ ရေသူမရုပ်ထုဆစ်သူကရာမညကိုကိုနိုင် မဟုတ်ပါ …၊
      သံတွဲမြို့လေဆိပ် အနားမှ မဇင်ကျေးရွာမှ ပန်းချီပန်းပုဆရာကြီးဦးထွန်းကြည် ရဲ့
      လက်ရာအစစ်အမှန်သာလျှင် ဖြစ်ပါကြောင်း …..။
      (မင်းသမီးခင်သန်းနု နှင့်တူအောင် ထုခိုင်းသည်ဟုပြောခြင်းတစ်ခုသာလျှင် မှန်ပါ၏ )

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 14, 2011 at 9:16 am

    ကျုပ်မလဲ သနားရမလားဆဲရမလား
    ဝေခွဲလို့တောင်မတတ်တောဘူး
    ( ပံသုဥက္ကာ-သံတွဲ သည် သမိုင်းအထောက်အထားများ ၊ မှတ်စုများ ၊ မေးမြန်းစုံစမ်းမှုများ ၊
    သုတေသီများနှင့် ညှိနှိုင်း တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်၍ ရှာဖွေစုဆောင်းကာ ရေးသား ပါသော
    ဆောင်းပါး ဖြစ်ပါသည်ခင်ဗျာ. ။ ။)
    ကျေးဇူးကြီးလှဘာဒယ်ဗျာ 🙁
    ဘကြီးဖောသာ မပြောရင် ကျုပ်က တစ်ကယ်ဆဲတော့မှာ သိလား
    ကြည့်နေတာ……………..
    ဟုတ်ဘူးလေ ခင်ဗျားတို့ နည်းနည်းလေးဘဲတွေးကြည့်ပါဦး
    ရှစ်တောင်ဘဲမြင့်တဲ့ ရုပ်တုက အလေးချိန် ပိဿာ တစ်ကုဋေကျော် တယ်ဆိုတာ ကို
    ဘယ်လိုမှ မတွေးကြည့်ကြတာလားကွယ်တို့
    ဘာဘဲဖြစ်ဖြစ်ပါ
    ကျုပ်ကိုယ်ကျုပ် သမ္မတကြီးအဖြစ် ဝင်ရောက် အရွေးခံဘို့
    တော်တော်ယုံကြည်လာပြီ
    အိုက်ခါကြ
    ဓာတ်လုံးတွေကို ဈေးပေါပေါနဲ့ရောင်းပေးမယ်သ..လား

  • ကြောင်ကြီး

    November 14, 2011 at 10:44 am

    နေကြအုံးလေ။ ဆရာသမားတို့ကလည်း မဲမဲမြင်တာနဲ့ ရမ်းပစ်ချင်နေတော့တာပဲ။ တခြားဖက်ကလည်း ဖြစ်နိုင်ခြေများ လှည့်တွေးကြည့်ပါအုံး။ ဥပမာ – တောက်တဲ့အမဲကြီးဗျာ။
    အကောင်းပြောမယ် နားထောင်။ ပိဿာဆယ်သန်းလို့ သုံးပေမဲ့ ရွှေအလေးနဲ့ သာမန်ကုန်ပစ္စည်းချင်တွယ်တဲ့ အလေး မတူတာကိုလည်း ထည့်တွက်အုံးမှပေါ့။ ရွှေတကျပ်သားဆိုတိုင်း ဈေးထဲကအသားငါး အလေးချိန် သွားမမြင်ကြနဲ့လေ။ ဒီလိုပဲ ရွှေတပိဿာသည် ပုံမှန်အလေးတပိဿာရဲ့ အစိတ်အပိုင်းတခုပဲ ရှိမယ်။ တရာနဲ့စားကြည့်ရင် ပုံမှန်အလေးချိန် ပိဿာတသိန်း = ကီလို တသိန်းခြောက်သောင်းလောက်ရှိမယ်။ ဩဇီဦးဖော တွက်သလိုဆိုရင်
    1 ပိဿာ = 1.6129 Kilogram
    ရွှေပိဿာ တစ်ကုဋေ ရဲ့ Weight = 100 000 ပိဿာ = 161 290 Kg (၁၀ဝနဲ့စားပြီးသား)
    ရွှေ ရဲ့ Density = 19 320 Kilogram / meter square (m2)
    ရွှေပိဿာ တစ်ကုဋေ ရဲ့ Volume = 16 129 0 / 19 320 = 8.34 meter cube (m3)

    အလျား သုံး ပေ အနံ သုံး ပေ အမြင့် ပေ ၂ရ ရှိတဲ့ ရွှေတုံးကြီးပေါ့ ။

    အဲဒါဆိုရင်ကော ဘယ်လိုနေမလဲ။ တချက်လောက်တော့ စောင်းငဲ့ကြည့်ပေးကြပါအုံး။။ 😀

    • parlayar46

      November 14, 2011 at 11:12 am

      အဲဒါလဲ မရသေးဘူးထင်တယ် ကိုကြောင်ရဲ့-
      အဲဒီခေတ်က အင်ဂျင်နီယာ ပညာနဲ့ ပိဿာတသိန်းအလေးချိန်ရှိတဲ့ ပစ္စည်းတခုကို
      မ – ဘို့ ရွှေ့- ဘို့ နေရာချဘို့ မဖြစ်နိုင်သေးဘူး
      ဒီလိုလုပ်ကြရအောင်
      နိုင်လောက်တဲ့ရွှေတုံးတွေစုပြီး ကော်နဲ့ကပ်ထားတာဆိုရင်ကော ဘယ်လိုနေမလဲ ??
      😀

      • Gipsy

        November 14, 2011 at 10:54 pm

        ဟိုးရှေးခေတ်က အတတ်ပညာ တွေကို အထင်သေးလို့ မရဘူးထင်ပါတယ်..၊
        တစ်ခုတော့မေးကြည့်ချင်သား…၊ မင်းကွန်းခေါင်းလောင်းကြီးကို ကျွန်းတိုင်ကြီး
        နှစ်တိုင် ရဲ့ ကျွန်းတန်းကြီးထဲကို အဆင်ပြေအောင် ဘယ်လိုလုပ်ကြသလဲ
        အဲဒါကို အရင် စဉ်းစားကြည့်ပြီးမှ parlayar46 ပြောတဲ့ ပိဿာတစ်သိန်း
        ကိစ္စ ကို ဆက်ပြီး ဆက်စပ်ကြည့်ရအောင်….။ 😀

        • parlayar46

          November 15, 2011 at 12:30 am

          မှန်ပါတယ် Gipsy ရယ်
          ထင်ရှားတဲ့ အထောက်အထားမရှိပဲနဲ့ ဟိုးရှေးခေတ်က အတတ်ပညာ တွေကို အထင်သေးလို့ မသင့်ပါဘူး။
          ဥပမာ – အီဂျစ်က ပိရမစ်တွေဆို လွန်ခဲ့တဲ့ နှစ်၄၀၀ဝကျော်က မဟုတ်လား။

          ကျုပ်က ကိုကြောင်ကြီးကို ပြန်နောက်ချင်ဇောနဲ့ စကားကပ်မိတာပါ။
          ကျုပ်တို့လက်ချက်နဲ့ ဘုရားလဲ ရစရာမရှိတော့ဘူး
          တော်တော်လဲသေးသွား ၊ အပိုင်းပိုင်းလဲဖြစ်နဲ့
          ကြာရင်-ရွှေတောင်ဟုတ်ပါတော့မလားမသိ 😀

          လေပေါတာလက်လွန်သွားတာ။ ကိုရင့်ပိုစ့်ကို ကဲ့ရဲ့လှောင်ပြောင်လိုစိတ်မရှိပါဘူး။ အဲသလိုဖြစ်သွားရင်တောင်းပန်တယ်နော်။ 🙂

        • Foreign Resident

          November 15, 2011 at 2:53 am

          ကိုရင် Gipsy ရဲ့

          မေးခွန်းက အရမ်းလွယ်လွန်းနေပါတယ်ကွယ် ။
          တခြားတစ်ခုခု ပြောင်းမေးပါလားကွယ် ။
          မြောင်းသွယ် ရေသွင်း ဖောင်ဖွဲ့ လိုက်ရင်
          လွယ်လွယ်လေးပါကွယ် ။

          ရှေးလူကြီးတွေကို အထင်မသေးပါကွယ် ။
          အထင်ကြီးဖို့ကတော့ သူတို့ ဘာလုပ်ခဲ့သလဲပေါ်မှာ
          မူတည်ပါတယ်ကွယ် ။

    • Foreign Resident

      November 15, 2011 at 2:32 am

      ဦးကြောင်ရဲ့
      ကျွန်တော် သိသလောက်ပေါ့
      ရွှေချိန် နှင့် ရိုးရိုး ကုန်ချိန်တာ ကွာပါတယ် ။
      ဒါပေမယ့် နဲနဲပဲ ကွာတာခမျ ။

      ကုန်ချိန် = တစ် Kilogram = ၆၂ ကျပ်သား
      ရွှေချိန် = တစ် Kilogram = ၆၀.၂ ကျပ်သား
      ရွှေချိန် One troy ounce = 1.09714 normal ounce ကုန်ချိန်

      ဟိုးအရင် အဘငယ်စဉ်က
      မြန်မာပြည်မှာ လူကြိုက်အများဆုံး
      Johnson Matthey London 999.9 Kilo Bar တွေ နှင့်
      ရွှေလောက နှင့် နဲနဲပါတ်သက်ခဲ့ဘူးတော့
      အဲဒီ အလေးချိန် ကွာဟချက် အကြောင်း
      အဘ အတော်လေးသိပါတယ်ကွယ် ။

      ကွာဟချက်က အရမ်းနည်းလို့သာ
      အဘ ထည့်မပြောတာပါကွယ် ။

      • ဆူး

        November 15, 2011 at 8:44 am

        အခု ရွှေဆိုင်တွေမှာတော့ ၁ကျပ်သား = ၁၆.၆ ဂရမ် လို့ သတ်မှတ်ပါတယ်။

  • Shwe Tike Soe

    November 14, 2011 at 1:09 pm

    အဲဒီ ရွှေဆင်းတုကြီးကို အရည်ကျိုဖျက်စီးယူသွားတဲ. မင်းက ဉာဏ်အမျှော်အမြင်နဲလိုက်တာ… အခုတော့ သူ ရာဇဝင်မှာ နာမည်ဆိုးတာပေါ့.. ရွှေဆင်းတုကိုယူပြီး ကြေးဆင်းတု ပုံတူပွားထားခဲပြီးရောနော့… ဒါဆို နာမည်မပျက်တော့ဘူးပေါ့.. ဟေဟေ
    အခုလို ငပလီရဲ. သမိုင်းလေးကို သေသေချာချာ သိရလို. ကို ဂျီပဆစ်ကို ကျေးဇူး အထူးတင်ပါတယ်ဗျာနော်

  • we R one

    November 14, 2011 at 1:21 pm

    ဗုဒ္ဓဘုရားရှင် လက်ထက်တော် က မြန်မာ တွေ မရှိသေးဘူးပေါ့..။ အဲဒီ အချိန်တုန်းက မြန်မာ ပြည်မှာ ဘယ်သူတွေ နေကြတာလဲ..။ ???? နောက်ပြီး ရွှေတိဂုံ ဘုရား ကရော… ဘုရားလက်ထက်တော်က တည်ထားတာ အခု ဆို နှစ်ပေါင်း ၂၆ဝဝ ပြည့် ဆိုတာ ??????? ရွှေတိဂုံ ဘုရား ကို တည်ထားကိုးကွယ်တဲ့ ဥက္ကလာပ မင်းကြီး က မယ်လမု နဲ သကြားမင်း ညားပြီး မွေးတာတဲ့.. အဲဒါ ကရော…????။ မယ်လမု ကလည်း လူက မွေးတာ မဟုတ်ဘူး လမုသီးက မွေးတာဆိုတော့…???။ မစဉ်စား တတ်တော့ဘူ…သဘာဝလွန် ဖြစ်ရပ်တွေ ပါနေသလား လို့..:D

    • Gipsy

      November 14, 2011 at 10:40 pm

      မယ်လမု က မွေးတဲ့ကိစ္စလေး နဲနဲ ပြောကြည့်မယ်နော…
      ဘုရားဟော ကျမ်းထဲမှ ပဋိသန္ဓေ ( ၄ ) မျိုး ရှိကြောင်းပါ..
      (၁) ဂဗ္ဘသေယျ ပဋိသန္ဓေ (ကိုယ်ဝန်ဆောင်၍ မွေးဖွားခြင်း)
      (၂) အဏ္ဍဇ ဇလာဗုဓပဋိသန္ဓေ (ဥမှပေါက်၍ မွေးဖွားခြင်း)
      (၃) သံသေဒဇ ပဋိသန္ဓေ (အသီး၊ အပင်တို့မှ မွေးဖွားခြင်း)
      (၄) ဩပပါတိက ပဋိသန္ဓေ (ကိုယ်ထင်ရှားဖြစ်မွေးဖွားခြင်း)
      ….. ဥပမာ…. နတ် ၊ သစ္ဆေ ၊ သရဲ ၊…
      ဒီတော့ ဆက်စပ်ပြီး စဉ်းစားကြည့်ရမယ် ထင်တာပါပဲ ကိုရင်ရေ…။

      • Foreign Resident

        November 15, 2011 at 2:43 am

        ကိုရင် Gipsy ရဲ့

        ကိုးကားတဲ့နေရာ ၊ စဉ်းစားတဲ့နေရာမှာ
        ဂေါတမ ပြောလို့ ၊ ယေရှု ပြောလို့ ၊
        အလ္လာ ပြောလို့ ၊ ဗြဟ္မာ ပြောလို့ ၊
        ဆိုပြီးတော့ ကိုးကားရင်တော့ ၊
        စဉ်းစားဆင်ချင်ဉာဏ်နှင့် ပြည့်စုံတဲ့ ပညာတတ်တွေက
        လက်ခံလိမ့်မယ် မထင်ဘူးဗျ ။

        ဂေါတမ ယေရှု အလ္လာ ဗြဟ္မာ မပါပဲ ၊
        နဲနဲလေး ပြောင်းပြီး ကိုးကားပေးပါလား ။

        • ဆူး

          November 15, 2011 at 8:46 am

          လမုပင် ကြားထဲ မလိုချင်လို့ ပစ်ထားတဲ့ဟာ တွေ့လိုက် ကောက်မွေးစားလိုက်တာ ဆိုရင်ကော.. ????

        • Ko Ko Aung

          November 15, 2011 at 9:56 am

          လမုပင်ဆိုတာ ကုန်းတဝက် ရေတဝက် ဖြစ်တဲ့ ဒီရေတောမှာပေါက်တာဆိုတော့-
          မြစ်ထဲမျှောလိုက်တဲ့ကလေး ဒီအတက်မှာပြန်ပါလာပြီး လမုပင်တွေကြားမှာ တင်ကျန်ခဲ့တာလဲ ဖြစ်နိုင်သေးတယ်။ 🙂

  • ကျနော်တို ့ထက် သိသူတတ်သူ ဆရာသမားများက ဝေဖန်ပေးထားတော့
    ပြောစရာတောင်မရှိတော့ပါဘူး။ကိုGipsy ရော အားလုံးကို ကျေးဇူးတင်ပါတယ်။
    သူတော်တော်တိုးတက်သွားပီဘဲ။ကျနော်အထင်ပေါ့ ဆရာတော်အရှင်ကုသလဆီမှာ
    နည်းနာဆည်းပူးပြန်ရှင်းပြပေးစေချင်ပါတယ်။စာရေးဆရာကောင်းတစ်ယောက်ဖြစ်သွားပီဘဲ။

  • susunosuki

    November 14, 2011 at 5:13 pm

    ပြောရရင် ကိုယ့်လူမျိုးပဲမကောင်းဖြစ်တော့မယ်။ တောင်စဉ်ရေမရ စိတ်ကူးယဉ် သမိုင်းတွေ သောက်ရူးတွေက ရေး။ သောက်ပေါတွေကဖတ်ပြီး သဘောကျအားရ။ သူတို့တွေက မိဘဖြစ်လာတော့ ကလေးတွေကို အဲဒီတိုင်းပြန်သင်ပေး၊ လျှောက်ပြောတာမဟုတ်၊ လက်တွေ့။

    • Gipsy

      November 14, 2011 at 10:48 pm

      susunosuki ကတော့ ရမ်းပြောတာ… ရေးတဲ့သူနဲ့ ဝင်ဖတ်သူတွေ
      သောက်ပေါဖြစ်ရပြီ..၊ မသိပဲ တယ်ရမ်းပြောသကိုး…။ 😯

    • Gipsy

      November 15, 2011 at 10:35 pm

      ကိုရင် susunosuki ရဲ့ အဖြစ်အပျက်တွေကို အမှန်အတိုင်း မှတ်တမ်းတင်ထားရစ်ခဲ့ ၊
      ကိုရင်ရဲ့ မြစ်–တီ–ကျွတ် လက်ထက်ရောက်ရင် ကိုရင့်မှတ်တမ်းကို
      ပေါက်ကရတွေလို့ လည်းပြောမယ်– လူလိမ်လို့လည်းစွပ်စွဲကြလိမ့်ဦးမယ်။
      အဲဒါ သေချာတယ် ။ ( စကားနိုင်လု ပြီးပြောတာပါနော ) 😛

  • cobra

    November 14, 2011 at 9:19 pm

    တစ်ခါမှမရောက်ဖူးဘူး။
    အခုလိုရှင်းပြတာကျေးဇူးပါ…။

  • Foreign Resident

    November 15, 2011 at 3:06 am

    ကိုရင် Gipsy ရေ
    အဘ ရေးတာ မန့်တာတွေ များသွားရင် စိတ်မဆိုးနှင့်နော် ။
    ဘာပဲပြောပြော သံတွဲ Group ထဲက အခုတော့
    အဓိပ္ပါယ်ရှိတဲ့ အပြန်အလှန် ဆွေးနွေးလို့ရတဲ့ Post လေးတွေ
    တက်လာတာ ကြိုဆိုပါတယ်ဗျာ ။

  • Gipsy

    November 15, 2011 at 10:29 pm

    ရပါတယ် အဘ ရယ် .. ကျနော်လဲ စာအုပ်လှန်ပြီးလေ့လာ ရင်း မသိသေးတာတွေ
    သိလာတာမို့ အဘတို့ ကို ကျေးဇူးတင်ချင်တဲ့ စိတ်ပဲ ရှိနေပါတယ်…။

  • ဝေးလွင့်တိမ်

    November 16, 2011 at 7:06 pm

    အာကာတိမ်ယံမိုးသို့ပျံ သံနှင့်ချိတ်တွဲ မြို့သံတွဲမှ နာမကျော်တည် ငပလီ ။

  • Sandakuu

    January 20, 2012 at 1:26 pm

    Gipsy ရေ၊ ဝေးလွင့်တိမ်ပြောတဲ့ အာကာပျံဝဲ မြို့သံတွဲ (သို့) အာကာတိန်ယံမိုးသို့ပျံ သံနှင့် ချိတ်တွဲ မြို့သံတွဲ လေး အကြောင်းလည်း သိရင် share ပါဦးနော်။

  • alinsett (gazette)

    March 17, 2014 at 8:46 pm

    ရခိုင်ပြည်နယ်ထဲ…. 5 နှစ်လောက်နေခဲ့ဖူးပေမယ့်… ငပလီ ကို မရောက်ဖြစ်ခဲ့ဘူးဗျာ.. ။
    အခု….ရခိုင်ပြည် အလွမ်းပြေ ပုံတွေပြန်ကြည့်..စာတွေ ပြန်ဖတ်သွားပါတယ်.. ။

    ငပလီဆိုတာ…
    ကျနော်နေခဲ့တဲ ့..ကျွန်းနဲ့ လူစည်ကားတာ မစည်ကားတာက ကွာခြားမှုက လွဲရင်…
    လှပမှု အတူတူ….

  • myat pearl phyu

    March 18, 2014 at 5:16 pm

    ငပလီ ရောက်ဖူးတယ်… ငပလီကို နောက်တစ်ခါ ထပ်သွားချင်ပါသေးတယ်…

Leave a Reply