သံယောဇဉ်

comegyiNovember 14, 20111min753

ဘာမဆို တွေးတောပြီး

ထိတ်လန့်ရတယ် ….

သူ့အပေါ်မှာ(များ)

မိုးပြိုလေမလား . .။

 

ကိုယ့်အပေါ်

တိုက်ခတ်လေသမျှ မုန်တိုင်းများ

သူ့အပေါ် ကွင်းအောင်ပဲ

လိမ္မာရေးခြားရှိရ . .။

 

ကုသိုလ်ကောင်းမှုဟာ

သံသရာကို တိုစေတယ်

ငါ့ ကုသိုလ်ကောင်းမှုဟာ

မဆုံးနိုင်တဲ့ သံသရာ…..။        ။

 

3 comments

  • windtalker

    November 14, 2011 at 11:40 am

    Like ပေးလို ့ရရင် Like လုပ်ပြီးသားပဲဗျို ့

  • we R one

    November 14, 2011 at 4:40 pm

    သံယောဇဉ် သံယောဇဉ် နေမြင့်လို့ အရူးရင့်ခဲ့တယ်….. 😀

  • aye.kk

    November 14, 2011 at 6:34 pm

    ပုထုဇနော ဥုမ္မတကောတဲ့..
    ကြုံလာသမျှအဖုံဖုံ ရင်မောရမှာအစုံစုံပါဘဲလေ..
    သံယောဇဉ်ဆိုတာ ပုထုစဉ်လူသားမှန်ရင် မကင်းနိုင်ပါဘူး..

Leave a Reply