ထက်ထက်မိုးဦး နဲ့ သတင်းထောက်

July BornMay 22, 20101min511

ပြီးခဲ့တဲ့ ၁၉ ရက်နေ့က ဆီဒိုးနား ဟိုတယ်မှာ ထက်ထက်မိုးဦး က သတင်း ထောက် တစ်ဦးကို မေးတဲ့မေးခွန်းကို မကျေနပ်လို့..ဆံပင်ဆွဲ ၊ လည်ပင်းညှစ် ၊ ပါးရိုက် တဲ့ ကိစ္စတစ်ခု ဖြစ်ပွားခဲ့ပါတယ်..။ အဲဒါနဲ့ ပတ်သတ်ပြီး Eleven Media Group ၊ The Voice Weekly ၊ First Music ဂျာနယ် စတဲ့ မီဒီယာတွေ မှာ သတင်းတွေ ဖော်ပြခဲ့ကြပါတယ်..။ Eleven က ဝက်ဘ်ဆိုက်ဒ်မှာ Breaking News အဖြစ်..တင်ပေးခဲ့တာပါ.. 21 ရက်နေ့ က ဖြစ်ပါတယ်..။ ဒါပေမယ့် The Voice နဲ့ First Music အပတ်စဉ်ထုတ် ဂျာနယ်တွေကို 22 ရက်နေ့ မှာ ယာယီ ရပ်နား ချက် စာပေစိစစ်ရေးကနေ ထွက်လာပြီးတဲ့နောက်မှာတော့ Eleven ဝက်ဘ်ဆို်က်ဒ် ပေါ်က breaking news ကို မတွေ့ရတော့ပါဘူး..။ အဲဒီ ထက်ထက်မိုးဦး နဲ့ သတင်းထောက် ကိစ္စ နဲ့ပတ်သတ်လို့..သတင်းမီဒီယာ သမား တွေနဲ့ စာဖတ်သူတွေ ကြားမှာ.. ပြောစရာ..ဆွေးနွေးစရာ..တစ်ခုအဖြစ် .. ဂယက်ရိုက် နေပါတယ်..။ ထက်ထက်မိုးဦးဟာ ဒီကိစ္စမှာ ရိုင်းလွန်းတယ်. .ကိုယ်ထိ လက်ရောက် မလုပ်သင့်ဘူးလို့..ရှုတ်ချတဲ့သူတွေ အများအပြား ရှိသလို.. ဒါ သတင်းထောက် ဘက်က မေးတာ လွန်တဲ့ကိစ္စပါ ဆိုပြီး..ပြောတဲ့သူတွေ လည်း ရှိပါတယ်..။ သတင်းထောက် က အခု ဆို တရားစွဲဖို့ ရဲစခန်းမှာ အမှုဖွင့်ထားပြီ ဖြစ်ပါတယ်..။ ထက်ထက် မိုးဦး အနေနဲ့ ..ဘယ်လိုတုံ့ပြန်မယ်ဆိုတာတော့ အခုထိ တစ်စုံတစ်ရာ ထွက်ပေါ်လာခြင်း မရှိသေးပါဘူး..။

One comment

  • Foreign Resident

    May 23, 2010 at 7:07 am

    Actually, I am not much interesting the argument between Htet Htet Moe Oo & Journalist.
    I just want to know why this ordinary news cannot write / issued in News paper & journals.
    ( especially this news concerned to their daily life )
    Why they have to suspend The Voice for true informations / facts.
    May be Htet Htet Moe Oo paid bribe to General ???

Leave a Reply