MICB ဘဏ်…. ငွေသွင်းခန်းဝန်ထမ်းက ဒီလိုပဲလား။။

                                                                     သူတို့ဘာတွေတိုးနေကြတာလဲ?( ဘဏ် ဆောင်ရွက်ခငွေသွင်းဘို့ပါ)

မြန်မာနိုင်ငံမှာ ဘဏ်စနစ်ဟာ အတော်အတန်ထွန်းကားနေပြီဖြစ်ပါတယ်

ယခုရက်ပိုင်းလေးမှာတင်  ပြည်သူတွေ အလွယ်တကူ အသုံပြုနိုင်ရေးအချို့ဘဏ်များဟာ မိမိတို့ရဲ့ ကာစတန်မာများ အတွက်

ATM စံနစ်နဲ့  ချက်ခြင်းငွေထုတ်ယူနိုင်တဲ့စက်တွေတောင်တပ်ဆင်နေကြပါပြီ  ပုဂ္ဂိုလိက ဘဏ်များမှာတော့  ကာစတန်မာများအတွက်

ဘဏ်ရှေကားရပ်လိုက်တာနဲ့တင် ကားတံခါးဖွင့်ပေးသူ ကားပါကင် အဆင်ပြေအောင်ဆောင်ရွက်ပေးသူ ပါလာတဲ့ပိုက်ဆံထုတ်ကြီးငယ်

တွေကို စိတ်ချလက်ချ သယ်ပို့ပေးသူတွေအပြင်  ဘဏ်အတွင်းမှာလဲ  ကာစတန်မာများရေနွေကြမ်း အအေး လက်ဖက်ရည် စသည်များ

အပြင်အေးချမ်းစွာ နားနေနိုင်တဲ့ နေရာ ကိစ္စကြီးငယ်ကို အချိန်နဲ့တစ်ပြေးညီဆောင်ရွက်ပေးနေတဲ့  ဝန်ထမ်းတွေ  စောင့်ဆိုင်ရမယ်ကိစ္စမှာ

စောင့်ဆိုင်းရမှာဖြစ်ကြောင်းရှင်းပြသူ လွယ်ကူတဲ့အရာဆို ချက်ချင်းပြီးအောင်ဆောင်ရွက်ပေးမယ့်အကြောင်းရှင်းပြသူ ငွေလွဲ/ငွေအပ်/

ငွေထုတ် အရာအားလုံအဆင်ပြေလွယ်ကူနေသော်လည်း။။

ရန်ကုန်မြို့ရဲ အထင်ကရ  MICB ကြီးကတော့ ဒီလိုမဟုတ် အခြားလုပ်ငန်းပိုင်ဆိုင်ရာတွေ ဝန်ဆောင်မှုတွေ အတွက်တော့ အစိုးရ ဘဏ်ဖြစ်တဲ့

အတွက် အတန်ငယ် အားနည်းကောင်းနည်းနိုင်ပေမယ်  ကာစတန်မာအပေါ် ဂရုမစိုက်တာကတော့ အလွန်ဆိုးဝါးလှပါတယ်  အထပ်တိုင်းမှာ

လုပ်ငန်းအတွက်ဘဏ်အလုပ်လာလုပ်တဲ့သူတွေအတွက်  ထိုင်စရာခုံတောင်မရှိပါဘူး  စာတင်ရေးစရာစားပွဲမရှိပါဘူး ရှိတဲ့ ဝန်ထမ်းတွေရဲစားပွဲ

တွေ ပေါ်ကိုစာတင်ရေးခဲ့ရင်လဲ  စာလာတင်မရေးဘို့မောင်းထုတ်တယ်လို့ သိရပါတယ်  တစ်ချို့ဝန်ထမ်းတွဆို  စာတင်မရေရဆိုပြီးစာတမ်း

များတောင်ကပ်ထားတယ်လို့ သိရပါတယ်   ဘဏ်ကိုလာပြီး ငွေလွဲ /ငွေထုတ် /L/C ဖွင့်ခြင်း တဲလက်စ် ကိစ္စလုပ်ဆောင်သူများဟာ ဘဏ်ရဲ့

လှေကားအတက်အဆင်းများမှာ ဖြစ်သလိုထိုင်စောင့်နေရတတ်ပါတယ်  ကုမ္ပဏီ ဝန်ထမ်းတစ်ဦးရဲ့ပြောပြချက်ကတော့“ကျမတို့က ကုမ္ပဏီ

ဝန်ထမ်းတွေဆိုတော့ သိပ်ဂရုစိုက်စရာမလိုဘူးလို့ထင်လို့နေမှာပေါ့  လူငယ်တွေလဲများတာကိုရှင့် တစ်ခါတစ်လေမောင်းတောင်ထုတ်ချင်

ထုတ်နေတာလေ  ကုမ္ပဏီကိစ္စဆိုတော့  ကိုယ်အလုပ်မပြုတ်ရေးဒီလိုသီးခံလုပ်နေရတာပဲလေ..အခု ထိုင်နေတဲ့နေရာကိုပဲကြည့်ပေါ့””

လို့ ပြောရှာပါတယ် .သူထိုင်နေရာနေရာကတော့ အတက်အဆင်းလှေကားမှာပါပဲ။။။

အခြားကုမ္ပဏီဝန်ထမ်းတစ်ဦးရဲပြောပြချက်ကတော့  အဲဒီထက်ဆိုးတဲ့ ဝန်ထမ်းတစ်ယောက်အကြောင်းပါပဲ သူပြောတဲ့ဝန်ထမ်းကတော့

ငွေသွင်းကောင်တာက ဘဏ်ဝန်ထမ်းပါပဲ  အောက်ဆုံးထပ် ဘဏ်မျက်နှာစာ အဝင်ဝက ဘဏ်ကိစ္စများအတွက် ငွေသွင်းရတဲ့ နေရာမှာတာဝန်ကျ

ဝန်ထမ်းတစ်ယောက်အကြောင်းပါပဲ““ဒီလူကြီးက လုပ်နေတာကြာပြီဗျ ဘာအကပ်ရှိလဲမသိဘူး ဒီမှာ လာလုပ်တဲ့ဝန်ထမ်းတွေနဲ့လဲ မတည့်ဘူး

ငွေလေးနှစ်ထောင်လောက်သွင်းဘို့  တစ်နာရီကျော်အောင်စောင့်ရတယ် မင်းသားအိုက်တင်နဲ့ အလုပ်လုပ်နေတာဗျ  ကျုပ်တို့က စိတ်မရှည်လို့

မြန်မြန်လုပ်ပေးဘို့ပြောရင် ငွေသွင်းဘောက်ချာကိုလွှင့်ပစ်လိုက်တာ ပြီးတော့ သူ့မှန်တံခါးကို ပိတ်ပစ်လိုက်ရော သူစိတ်ပြေတဲ့အထိ  စောင့်

သာနေပေတော့ပဲ ””                                                                       (ငွေသွင်းကောင်တာက ကာစတန်မာများ မျက်မုန်းကျိုးနေတဲ့ ဝန်ထမ်း)

ဒီဝန်ထမ်းနဲ့ပါတ်သက်ပြီး နည်းနည်းစနည်းနာကြည့်တော့  ဒီဘဏ်ဝန်ထမ်းဟာ ဒီငွေသွင်းကောင်တာမှာအလုပ် လုပ်နေတာ နှစ်အတန်ကြာပြီဖြစ်

ပါတယ်  သူ့ရဲ့ တစ်နေ့တာလုပ်ငန်းဆောင်တာကို  တစ်နာရီခန့် စောင့်ကြည့်လိုက်ရုံနဲ့သိနိုင်ပါတယ်  ဌာန အသီးသီက ဘဏ်လုပ်ငန်းဆောင်ရွက်

ကြတဲ့  ကုမ္ပဏီ ဝန်ထမ်းလေးများဟာ သူသက်ဆိုင်ရာ လုပ်ငန်းအတွက် လုပ်ငန်းပေါ်မှုတည်ကာ ဘဏ် လုပ်ငန်းအတွက် ဆောင်ရွက်ခ ငွေသွင်း

ခြင်းကို  သူသက်ဆိုင်ရာ ဝန်ထမ်းများဆီက ဘောက်ချာဖြတ်ယူလာပြီး အောက်ထပ်မှာငွေသွင်းကြရတာပါ  အဲဒီငွေသွင်တဲ့ဘောက်ချာတစ်စောင်

ဟာလဲ (၂၀၀၀)ကျပ်ထက်မပိုပါဘူး  စုံစမ်းကြည့်တော့ အဲလိုငွေသွင်းဘောက်ချာမျို းတစ်နေ့ကို အစာင် (၁၀၀)ကျော်ခန့်သာ ဒီဝန်ထမ်းက လက်ခံ

ဆောင်ရွက်ပေးရတာပါ  ဘဏ်ကာစတန်မာများဟာ  ငွေနှစ်ထောင်သွင်းနိုင်ရေးအတွက်  (၁)နာရီကနေ (၁ း ၃၀)ခန့်အထိ လက်ခံရရှိကြောင်း

မိတ္တူဘောက်ချာလေးပြန်ရဘို့စောင့်ဆိုင်းနေကြရတယ်လို့သိရပါတယ်   ဘဏ်ဝန်ထမ်းတစ်ဦးရဲ စကားကိုကြားခဲ့ရတာကတော့..

““ငွေသွင်းမှီအောင်သွား သွင်းပါ အခုနှစ်နာရီ နင် ပြန်ရရင် လေးနာရီလောက်မှရမှာ မြန်မြန်သွား””ဆိုတဲ့  စကားကိုကြားခဲ့ရပါတယ် ဒါ့ကတော့

သူတို့ဘဏ်ဝန်ထမ်းအချင်းချင်းပြောဆိုကြတဲ့စကားပါ  ဒီငွေသွင်ခန်းကဝန်ထမ်းကိုလေ့လာကြည့်တော့  သူဟာ သူစားပွဲ မှာထိုင်နေပါတယ်

ဒါပေမယ့် ငွေသွင်းဘို့ ငွေနှင့်ဘောက်ချာပေးရာ မှန်တံခါးကိုတော့ ပိတ်ထားပါတယ် ငွေသွင်းရန်လာသူများဟာ မှန်အပြင်ကပ်လျှက်က စားပွဲ

ပေါ်မှာ ထပ်ထားရပါတယ်  အဲဒီလိုထပ်ထားတာဟာ နာရီဝက်ကျော်ပါတယ် ဒီဝန်ထမ်းဟာ သူမထပ လက်ခံထားတဲ့ ဘောက်ချာတွေကို လက်မှတ်

ထိုးတာမဟုတ်ပဲ မှန်ကန်ကြောင်း ဘော့ပင်နဲ့ခြစ်ပါတယ်  အဲလိုခြစ်နေတဲ့ ဘောက်ချာက လက်ထဲမှာ (၁၅)ရွက်ခန့်သာရှိသော်  နာရီဝက်တိတိ

ကြာပါတယ် စာတစ်ရွက် တစ်ခါခြစ်  အပြင်ကလူတွေကိုတစ်ခါကြည့်ပါတယ် တစ်ရွက်ခြစ် တစ်ခါကြည့်ပါတယ် လုပ်ငန်ဆောင်ရွက်နေပုံဟာ

ငွေသွင်းတာဝန်ယူထားသူလိုမဟုတ်ပဲ  အမေရိကန် စပိုင်တစ်ယောက်နဲ့တောင်တူနေပါတယ် ပြီးမှနောက်က   လူကိုလက်မှတ်ထိုးဖို့ ထပေးပါ

တယ် ထပေးရင် အပြင်ကိုထွက်သွားပါတယ် အတန်ကြာ တော့ ပြန်လာထိုင်ပါတယ်  လက်မှတ်ထိုးပြီးသားဘောက်ချာတွေပြန်ယူ ချက်ခြင်း

ထုတ်မပေးသေပဲ ခဏထပ်ထား စားရင်ရေးလိုက်ပါသေးတယ် ဘာတွေရေးတယ်တော့ မသိပါ ပြီးတော့စောစောက လက်မှတ်ထိုးထားသော

ဘောက်ချာများကို ပိုက်ဆံရေသလို တစ်ခါရေပါတယ်  ရေပြီးတော့ တစ်ရွက်စီ ဖယ်ထုတ်ပါတယ်  နှစ်ရွက်စီပြန်ပူးပါတယ် ပြီးမှ မှန်တံခါးဖွံင့်

ပြီးထုတ်ပေးတော့ ကုမ္ပဏီ (၆)ခုစာပဲရှိပါတယ် အဲဒီလိုလုပ်ဆောင်နေချိန်စုစုပေါင်း (၁း၃၀)ကြာပါတယ်  အချိန်နှင့် တစ်ပြေညီ အလုပ်လုပ်နေ

ကြတဲ့ကာစတန်မာများအဖို့ သူရဲလုပ်ပုံကိုင်ပုံကို စိတ်မရှည်လို့ မြန်မြန်လုပ်ပေးဖို့ပြောဆိုခဲ့ရင်  မှန်တံခါးပိတ်ပြီး အပြင်ကိုထထွက်သွား တတ်ပါ

တာ်တဲ့  ဒါကြောင့် ဒီ MICB ဘဏ်မှာလုပ်ငန်းဆောင်ရွက်နေကြတဲ့ သူများဟာ ဒီဝန်ထမ်းကို မပြောရဲကြဘူးလို့သိရပါတယ်။။

(ဂျိမ်းစဘွန်းအိုက်တင်နဲ့ အလုပ်လုပ်နေသူ)

အဲဒီလိုပြောဆိုခဲ့လို့ လုပ်ပေးခဲ့တယ်ဆိုရင်လဲ ငွေသွင်းဘောက်ချာကိုလွှင်ပစ်ခြင်း အချိန်ကြာအောင် အကြောင်းမဲ့အချိန်ဆွဲထားခြင်း အော်ငေါက်

ဆူပူခြင်းများအားလဲ ပြုလုပ်တတ်တယ်လို့သိရပါတယ် ငွေသွင်းကောင်တာနားမှာစိတ်မရှည်စွာရပ်စောင့်နေတဲ့  ကာစတန်မာတစ်ဦးကိုမေးမြန်း

ကြည့်ရာမှာတော့  ““ဒီလူကြီးကကြာပြီးဗျ ဒီဘဏ်က ဘယ်လူကြီးပိုင်လဲတော့မသိဘူး ကျုပ်တို့ ကာစတန်မာတွေနဲ့ အဆင်မပြေဖြစ်လို့ တိုင်တန်း

ခဲ့ဘူးတာတောင် ဒီနေရာမှာ ပညာအပြ မပျက်ဘူးလေ”လို့”ပြောဆိုခဲ့ပါတယ်  ဘဏ်ရဲ့ မျက်နှာ အဝင်ပေါက်တည့်တည့်မှာ ကာစတန်မာနဲ့ အဆင်

မပြေပဲ ဒီလိုပညာပြတတ်တဲ့ဝန်ထမ်းမျိုးကို ထားရှိခြင်းဟာ ဘဏ်ရဲ ဂုဏ်သရေကို ညိုးမှိန်စေသလို သူတစ်ယောက်ကြောင့်  ငါခုံးမတစ်ကောင်

ကြောင့် တစ်လှေလုံး ပုတ်ရပါတယ်   ယခုကဲသို့ ငွေလေးနှစ်ထောင်ခန့်သွင်းဘို့စောင့်ဆိုင်းချိန်ကြာမြင်မှုဟာ ဘဏ်လုပ်ငန်းများကို နှောင်းနှေး

ကျန့်ကြာစေသလို ကာစတန်မာ များအတွက် လုပ်ငန်းအဆင်မပြေမှုများနဲ့ နေ့စဉ်လိုလိုကြုံတွေနေခဲ့ကြပါတယ်  ကျန်တဲ့ဝန်ဆောင်မှုများအတွက်

ဘဏ်ကာစတန်မာများမှ မည်သိုမျှစောဒက မတက်လိုကြသော်လဲ ယခု ကဲ့သို့ အချိန်မကြာသင်ပဲ ကြာနေရတဲ့ င်္ငေသွင်းလုပ်ငန်းလေးတစ်ခုအ

တွက် ဒီဝန်ထမ်းထက်ပိုမိုမြန်ဆန်အောင်ဆောင်ရွက်ပေးနိုင်မယ့် ဝန်ထမ်း ဆက်ဆံရေးပြေပြစ်တဲ့ ဝန်ထမ်းတစ်ဦးကို အမြန်အလိုရှိနေကြကြောင်း

နှင် ့ ယခုကဲသို့ ပညာပြသောဝန်ထမ်းအတွက် MICB ဘဏ်ဂုဏ်မပျက်စေရေး  တာဝန်ရှသူများ သတိမှုပြုပြင်နိုင်ရန် တင်ပြလိုက်ရပါတယ်

ခင်ဗျား။။

                                                                        စိတ်မရှည်လဲစောင့် စိတ်ရှည်လဲစောင့်(ကျုပ်ကတော့ဖြေးဖြေးပဲ)

ပြင်ဆင်နိုင်ကြရန် အပြုသဘောဖြင့်တင်ပြအပ်ပါသည် (ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုတ်တော့မည်)

။။။။။။။။။။။။။ဘီလူး။။။။။။။။။။

 

33 comments

  • koyinmaung

    November 15, 2011 at 8:56 am

    ဟုတ်ပ….ကိုဘလူးရေ
    ခေါက်ရိုးကျိုးနေတဲ့အကျင့်ဆိုးတွေပြုပြင်သင့်ပါပြီ…..
    တကယ်ဆိုလူများယင် ကောင်တာခွဲဖွင့်ပေးဘို့ကောင်းတာပေါ့နော်…..

  • Wai Yan Lay

    November 15, 2011 at 9:11 am

    ဟုတ်တယ် ဗျု ိ့ ကျွန်တော်လည်းကြုံဖူးတယ်… အစိုးရ အလုပ်တွေတော်တော်များများက ဒီအတိုင်းပဲ ဖုန်းသွားလျှောက်တုန်းက ဆို ၁ဝး၃ဝ ခွဲနေပြီး လူကြီးမရောက်သေးလို့တဲ့ .. တော်တော်အလုပ်များလို့ပဲထင်တယ် … လျှောက်လွှာထပထားတာ များလို့ သွားပြော မှ လုပ်ပေးတယ်… အင်း ဘဏ်ငွေသွင်းတော့လည်း ဘာ အတွက်လည်းမသိဘူး ၅သိန်းအတိ ပေးလို့ မရဘူး ပိုပေးရတယ် နောက်မဟုတ်ရင်တော့ စောင့်ပဲ…. ဒီနိုင်ငံ မှာ ဒီလိုမျိုးလူတွေ ရှိနေလို့ တို်းတက်မှာ မဟုတ်ဘူး သက်ဆိုင်ရာ က သေသေချာချာ ကြပ်မက် ပေးရင် ပိုကောင်းမယ် ဗျာ.. ကိုဘီးလူး ဓာတ်ပုံ ရိုက်လာနိုင်တာ ကောင်းတယ်ဗျာ.. အဲဒီဘဏ်က လူကြီးတယောက်ယောက်က လက်အောက်ဝန်ထမ်းတွေကို သေသေချာချာ စီစစ်လိုက်ရင်ကောင်းမယ်

  • Wai Yan Lay

    November 15, 2011 at 9:11 am

    ဟုတ်တယ် ဗျု ိ့ ကျွန်တော်လည်းကြုံဖူးတယ်… အစိုးရ အလုပ်တွေတော်တော်များများက ဒီအတိုင်းပဲ ဖုန်းသွားလျှောက်တုန်းက ဆို ၁ဝး၃ဝ ခွဲနေပြီး လူကြီးမရောက်သေးလို့တဲ့ .. တော်တော်အလုပ်များလို့ပဲထင်တယ် … လျှောက်လွှာထပ်ထားတာ များလို့ သွားပြော မှ လုပ်ပေးတယ်… အင်း ဘဏ်ငွေသွင်းတော့လည်း ဘာ အတွက်လည်းမသိဘူး ၅သိန်းအတိ ပေးလို့ မရဘူး ပိုပေးရတယ် နောက်မဟုတ်ရင်တော့ စောင့်ပဲ…. ဒီနိုင်ငံ မှာ ဒီလိုမျိုးလူတွေ ရှိနေလို့ တို်းတက်မှာ မဟုတ်ဘူး သက်ဆိုင်ရာ က သေသေချာချာ ကြပ်မက် ပေးရင် ပိုကောင်းမယ် ဗျာ.. ကိုဘီးလူး ဓာတ်ပုံ ရိုက်လာနိုင်တာ ကောင်းတယ်ဗျာ.. အဲဒီဘဏ်က လူကြီးတယောက်ယောက်က လက်အောက်ဝန်ထမ်းတွေကို သေသေချာချာ စီစစ်လိုက်ရင်ကောင်းမယ်

  • ပေါက်ဖော်

    November 15, 2011 at 9:20 am

    ငွေထုတ်ဖို ့စောင့်နေတဲ့လူတွေကြည့်ပြီး ရီတောင်ရီချင်လာဘီ
    ကိုယ့်အဆံကိုယ်ထုတ်တာတောင်…..ကန်တော့ပါရဲ့…တတောင်းစား..ထမင်းငတ်လို ့..မျှော်နေရသလိုပုံစံ
    နဲ ့ စောင့်နေရတဲ့ဘဝ..(အင်း.နာပြောမှ ဇာတ်ပိုနာလေရော… 😆 )

    ကြိုက်ဘီ ကိုဘလူးရာ..
    ငွေထုတ်သူတွေရဲ့..အချစ်တော်….အဲဒီဂျိမ်းစဘွန်း အိုက်တင်နဲ ့..ဝန်ထမ်းကို ပုံပါပြထာလို ့.
    ရေလည်ခိုက်တယ်….ဟဟဟ

    ငနာကြီးက ဂိုက်ပေးတော့ကြမ်းတယ်နော့..
    ကြည့်ရတာ..အောက်ဆိုဒ်တွေ..အပေါ်ဆိုဒ်တွေ သိပ်မရရှာဘူးထင်ပါ့..

    အေရိုးကြီး… ၈ ပဲ

    😆

  • inz@ghi

    November 15, 2011 at 9:29 am

    ဖိနောက်နဲ့ပေါက်ချင်ထှာ
    အိုက်တင်ကိုက

  • နွယ်ပင်

    November 15, 2011 at 9:31 am

    မှန်လိုက်တာ ကိုဘီလူးရယ် နွယ်ပင်လဲ ဒီလိုအဖြစ်အပျက်မျိုး ဒီဘဏ်မှာပဲ
    ကြုံခဲ့ဖူးတယ် . ကုမ္ပဏီကိစ္စတစ်ခုနဲ့ ဒီဘဏ်မှာ L/C ဖွင့်ဖို့သွားတာလေ
    အဲဒီတုန်းက အေးဂျင့်ကို အပ်ထားပင်မယ့် L/C စာရွက်ကိုု ချက်ခြင်းရမှာဖြစ်မယ်ဆိုပြီး
    ကုမ္ပဏီကပြောတာနဲ့ ကိုယ်တိုင်လိုက်သွားခဲ့ရတာ ဘဏ်ရောက်တော့
    ဘာပြောကောင်းမလဲ ထိုင်စရာခုံကမရှိ ကိုယ်တွေက တစ်ခါမှ မလုပ်ဖူးလို့
    သွားမေးရင်လဲ အော်ထုတ်နဲ့ မနက် (10း30) ကသွားတာ ညနေ (3း00) ထိုးမှ
    ကိုယ်လိုချင်တဲ့ စာရွက်လေးကို ရခဲ့တယ်လေ ဒါတောင် အေးဂျင့် အကူအညီနဲ့
    ပေးသင့်တာပေး ကျွေးသင့်တာကျွေးခဲ့လို့နော် မဟုတ်ရင် နောက်နေ့မှ လိုချင်တဲ့
    စာရွက်က ထွက်လာမှာဆိုပဲ …… 🙁

  • Ko Ko Aung

    November 15, 2011 at 9:31 am

    တကယ့်တိုင်းပြုပြည်ပြု ပိုစ့်ပါပဲ။
    ဒီလိုဓါတ်ပုံအထောက်အထားနဲ့ တင်ပြတာကိုလဲ ချီကျူးပါတယ်။

    အဲဒီကောင်က အစိုးရရုံးတွေမှာရှိတတ်တဲ့ ရုံးကြာ ကြီးပါ။
    နေရာတခုခုမှာ မပြောင်းမရွှေ့ ရာထူးလဲမယူ(တချို့လဲအရည်အချင်းကြောင့်မတိုးတော့တာ) နေလာရင်း ကြာလာတော့ အဲဒီနေရာရဲ့ အထာ လုပ်ကိုင်ပုံတွေကို အသိဆုံးလူဖြစ်သွားပြီး အထက်အဆင့်ဆင့်ကိုလဲ အလိုက်အသိဆုံးဖြည့်ဆည်းပေးနိုင်တဲ့ လူဟောင်းတယောက်ဖြစ်လာတောတာ။

    များသောအားဖြင့် အစိုးရဝန်ထမ်းတွေဟာ မိမိအထက် တဆင့်မြင့်ကိုသာ သိ/ဆက်ဆံ တတ်ပေမယ့် ဒီလိုကောင်မျိုးကတော့ အထက် သုံးလေးငါးဆင့်အထိ သိလဲသိ စကားလဲပေါက် ဆက်ဆံမှု့လဲရှိတတ်ပါတယ်။ ဒါကြောင့် သူ့ထက် တဆင့်မြင့်သူလောက်ကတော့ ဂရုကိုမစိုက်ပါဘူး။ အရာရှိက ပြန်ကြောက်ရတဲ့ဝန်ထမ်းမျိုးပါ။
    အဲဒီကောင်မျိုးတွေက ဝန်ထမ်းလောကက ဒုစရိုက်မှု့တွေရဲ့ လက်သည်တွေဖြစ်ပါတယ်။ ဝန်ထမ်းအသစ် အရာရှိအသစ်တွေကို ခေါက်ရိုးချိုး အပင်းသွင်းပေးတဲ့ တရားခံတွေဖြစ်ပါတယ်။ အဲဒီကောင်မျိုးတွေကို ဖေါ်ထုတ်/ရှင်း ပစ်မှ ဝန်ထမ်းလောက သန့်စင်သွားမှာ။

    အဲဒီကောင်မျိုးတွေကို စာရင်းပြုစု ဖြန့်ချီထားရင်ကောင်းမှာ။
    တနေ့အခွင့်အရေးရလာရင် အကုန်သတ်ပစ်သင့်တာ။ (ဒီကောင်မျိုးတွေကို ဥပဒေနဲ့ အရေးယူလို့မရဘူး)

  • etone

    November 15, 2011 at 9:35 am

    ကိုဘီလူးရေ ပြောရမယ်ဆို မကုန်တော့ပါဘူး ။
    အစိုးရ ရုံးတိုင်းနီးပါး ဒီအချိုးအတိုင်းဖြစ်နေတာ သူတို့ အထက်လူကြီးတွေက မသိလေခြင်းလား ၊ သိသိနဲ့ လုပ်ချင်တာ လုပ်ကြပါစေ အလုပ်ပျော်ကြပါစေလို့ လွှတ်ထားခြင်းလား စဉ်းစားစရာပါပဲ … ။

    အလုပ်ကို အချိန်ဆွဲလုပ်တဲ့လူတွေက ကြာလာလျှင် ပျင်းလာပါလိမ့်မယ် ။
    ပျင်းတာကနေ ဗျင်းလာပြီး သုံးစားမရတဲ့ လူတွေဖြစ်လာလိမ့်မယ် ။
    ဘာမှမဟုတ်တဲ့ ဘဏ်စာရေးလို ရာထူးမျိုးကတောင် ပညာပြတယ်ဆိုလျှင် သူတို့လူကြီး အိပ်ပျော်နေလို့ပဲ ဖြစ်ရမယ် … ဟီးဟီး 😆

    ဒီလို ရေသာခို အချောင်လိုက် မယောင်ရာဆီလူးနေမယ့်လူတွေနဲ့ ဖွဲ့စည်းထားလို့ကတော့ .. တိုးတက်ဦးမယ် … ဆယ်နှစ် … ဆယ်နှစ် … ဆယ်နှစ် … ဆယ်နှစ် … (အားလုံးပေါင်းရေ နော် :mrgreen: )

    • MaMa

      November 15, 2011 at 9:45 am

      အီတုံးရေ- အားလုံးပေါင်းရေရလို့ နှစ်၄ဝဆို တော်သေးတယ်။
      အားလုံးတွဲရေးရမှာ ၁၀၁၀၁၀၁ဝ နှစ် ဆိုရင် သွားပြီ။ 😀

      • etone

        November 15, 2011 at 11:16 am

        ဟီးဟီး .. ပညာရှိ တွေများ ပြေးမကြည့်ရဘူး …တွေးကြည့်တာနဲ့ သိနေပါပကောလား … ။ 😀

  • MaMa

    November 15, 2011 at 9:40 am

    ပင်စင်စားကြီးတွေရဲ့ စကားသံကို နားထောင်ခိုင်းရင်ကောင်းမယ်။
    အဆိပ်ရှိတုန်း အစွယ်လေး တပြပြနဲ့၊ ပင်စင်လစာထုတ်ရတဲ့အခါကျတော့ ကိုယ့်ပြန်ပညာပြတာတွေကို ကြိုတင်တွေးပြီး ကိုယ့်အလှည့်မှာ စိတ်ကောင်းလေး မွေးမြူထားနိုင်ရင်ကောင်းမယ်။

  • Ko Ko Aung

    November 15, 2011 at 9:44 am

    MICB ငွေသွင်းခန်းမှာလဲ ပိန်ပိန်သေးသေး အသားလတ်လတ်နဲ့ မလည်ရှုပ်ပြာတာတယောက်ရှိသေးတယ်။
    အဲဒီသူတောင်းစားက ငွေလာထုတ်သူတွေကို ကူညီသလိုလိုနဲ့ နည်းမျိုးစုံ ညစ်စား ညှစ်စားနေတာ။ အဲဒီငွေထုတ်ခန်းက မန်ေနေဂျာကလဲ မှန်ခန်းသီးသန့်ထဲမှာ မင်းခမ်းမင်းနားနဲ့ စံမြန်းနေပြီး သိန်းလေးဆယ်အထက် ငွေထုတ်သူတွေဆို သူက တဆင့်စီစစ်ပေးရတာကိုအကြောင်းပြုပြီး အပြင်က ပျာတာနဲ့ ပူးပေါင်းလုပ်စားနေတာ။

    မနက် ၁၁းဝဝ ရောက်သွားတာတောင် အဲဒီမအေ -ိုး မရောက်သေးလို့ဆိုပြီး ပျာတာက ထိုင်စောင့်ခိုင်းတယ်။ မစောင့်ချင်ရင် ရေလောင်းပေါ့။ ပျာတာကို တထောင်ပေးရင် မန်နေဂျာ သူတောင်းစားက ငါးမိနစ်အတွင်းရောက်တယ်။ လက်မှတ်ထိုးပြီးရင် မျက်နှာတည့်တည့်စိုက်ကြည့်ပြီး အသံတိတ် ပိုက်ဆံတောင်းတယ်။ သုံးထောင်လောက် ချပေးခဲ့ရင် ငါးမိနစ်အတွင်း ထုတ်လို့ရတယ်။ မသိချင်ယောင်ဆောင်ပြီး ထွက်လာရင် အနည်းဆုံး နာရီဝက်ထပ်ကြာတယ်။

    ငွေခန်းက ကိုယ့်နာမည်ခေါ်ရင် ပိုက်ဆံငါးရာ/တထောင်အရင် တင်ပေးလိုက်။ အဲဒါမှ ပိုက်ဆံအစုတ်မှိုတက်တွေမရမှာ။ မသိယောင်ဆောင်နေလို့ကတော့ သူ့ခြေရင်းမှာတင်ရှိတဲ့ ပိုက်ဆံအကောင်းတွေကို ထားခဲ့ပြီး ပညာပေးဘို့ သတ်သတ်ဆောင်ထားတဲ့ ပိုက်ဆံအစုတ်တွေကို သွားယူပြီးထုတ်ပေးတာ။

    • etone

      November 15, 2011 at 11:20 am

      ဒါမျိုးလေးတွေ များများရေးမှ လူတွေပြန်သိရမှာလေ … ။
      အိပ်ပျော်နေတဲ့ ဒင်းတို့ အကြီးကဲ ဆိုတဲ့လူတွေလည်း … တရေးနိုးကြမှာ ။
      လူတွေကို မပတ်သတ်လျှင် မဖြစ်လို့လာနေရတာ သူတို့လက်ခုတ်ထဲက ရေလို လုပ်နေတာ မဖြစ်သင့်ဘူး ။

  • nozomi

    November 15, 2011 at 10:00 am

    မနေ့ က ကိုဘီလူး ရဲ့ ခါးပိုက်နှိုက် ဖမ်းတဲ့ ပို့စ် လေး ဖတ်ပြီးကတဲ က ကိုဘီလူး လဲ သတ္တိကိုလဲ သဘောကျ ၊ စိတ်လဲ ပူနေတာ (လူစုပြီး ခိုးကြောင် ခိုးဝှက် ရန်ပြုတာမျိုး ဖြစ်မှာ စိုးလို့ ) ၊ ပျောက်နေရင် တစ်ခုခု ဆိုပြီး စိတ်မပူ ရအောင် ရွာထဲ နေ့တိုင်း ဝင်နော 🙂

    ဒီ ပို့စ် လေး အတွက် ကျေးဇူးတင်ပါတယ် ၊ ကိုဘီလူး လို ကြုံခဲ့ရသူ ကြုံနေရသူ အများကြီး ရှိမှာပါ ဘယ်သူမှ ထိရောက်အောင် မတားဆီးနိုင် မတားဆီးကျ လို့ ဒီလို ကြုံနေကျရတာပါ ၊ ကိုဘီလူးကြီး ပို့စ် က အကျိုးသက်ရောက်မှု တစ်ခုခု ရှိမှာပါ စတုတ္ထမဏ္ဍိုင် ရဲ့ အားကို ဒီအချိန်မှာ အလေး ဂရုမပြုလို့ မရတော့ပါဘူး ၊ ကိုဘီလူးကြီး နောက်ပိုင်း ထပ်ရောက်ရင် တွေ့ရတဲ့ ထူးခြားမှု လေးတွေကို ထပ်ပြောပေးပါဦး ဗျာ

  • Moe Z

    November 15, 2011 at 10:09 am

    သက်ဆိုင်ရာတာဝန်ရှိသူတွေလည်း ဖတ်မိကြပါစေ..
    သတ္တိကောင်းတဲ့ ဦးဘီလူးကြီးလည်း လမ်းသွားရင်ဂရုစိုက်ပါဦးနော်
    ချောင်းရိုက်ခံရမှာစိုးလို့ပါ 🙂

    • ပေါက်ဖော်

      November 15, 2011 at 10:39 am

      z ကလေးသာ ချောင်းအရိုက်မခံရအောင် ဂရုစိုက်ပါ..(ဒါ့ပုံ..ဒါ့ပုံ..)
      ဆိုင်ကယ်စီးရင် ချမ်းချမ်း စကတ် မဝတ်နဲ ့နော်..
      ဖြည်းဖြည်းမောင်းနော်…
      လီဗာနဲ ့..ဘရိတ် မမှားစေနဲ ့နော်…
      …နော်..
      ………..နော်..
      မန်လေးမှာ ကပေ့ ကို ရှောင်နော်…. 😆

      ကဘလူး ဇ ကိုယုုံပြီးသား
      ဘလူးတော့ ဘလူး..ဒဿလိုဘလူး..ခေါင်းဆယ်လုံးပါတယ်..
      ၂လုံးက အပေါ်ကြည့်တယ်..
      ၂လုံးက အောက်ကြည့်တယ်
      ၂လုံးက ရှေ ့ကြည့်တယ်.
      ၂လုံးက နောက်ကြည့်တယ်
      ၂လုံးက ဘေးကြည့်တယ်..

      ဆယ်လုံး မျှပြီး ကြည့်ခိုင်းထားတာ…တွက်တာမှားရင် ပြောနော်.. 😆

      • inz@ghi

        November 15, 2011 at 10:55 am

        Zကလေးကိုဟိုလူ မှော်ဆြာ ချောင်းရိုက်တယ်လေ….ကဖော်ရဲ့ …
        မန်မလီကတ်တောင် ဆြာက အလစ်ပြန်သုတ်ပေးခဲ့တေးတာ …မေ့ပလား…

        • ပေါက်ဖော်

          November 15, 2011 at 11:27 am

          မှတ်မိဘီ..မှတ်မိဘီ..
          ကမှော်ချာ..ကျော်ရိုက်တာ….
          အဟဲ.. 😆

    • ကိုရင်စည်သူ

      November 15, 2011 at 12:24 pm

      ဇက်ကလေး..
      မန်းဒလေးမှာပျော့နေပီလား… အဲ..
      ပျော်နေပီလား…
      ဟိုဘီလူးအတွက် စိတ်မပူနဲ့.. သူက သူခိုးတောင်
      ကွန်းဖူး သိုင်းပြောင်းပြန်နဲ့ကစ်လိုက်တာ… 😀 😀 😀
      တို့ကတော့ ဇက်ကလေး ဒေါက်ချော်ပီး..
      ဂီယာထိုးမှားမှာပဲ စိုးရိမ်တရ်… 😯 😯
      မန်းဒလေးမှာ မောင်ပေ့ ဂိုဏ်းစတားတွေလက်ထဲမှာ
      ဇက်ကလေး ရောက်နေပီလား.. စိုးလို့ပါ… စိုးလို့ပါ.. စိုးလို့ပါ… 😳 😳

    • မှော်ဆရာ

      November 16, 2011 at 12:25 am

      zလေးနော် အောက်ကလူကြီးပြောတာ မယုံနဲ့နော်..
      သူက တစက်မှအငြိမ်နေတာ မဟုတ်ဘူး …(မယုံရင် ပုံကိုကြည့်)
      သူ့အနားနေရရင်တော့ ချက်တင်ထိုင်တဲ့ ကောင်မလေးကိုင်တဲ့ ကီးဘုတ်လိုနေရမှာ…
      ကိုမှော်ကြီးက zလေးကို အရင်ထဲက မော်ဒယ်ဖြစ်အောင် လုပ်ပေးဖို့ စိတ်ကူးပြီးသား
      စိတ်သာချ … မော်ဒယ်မဖြစ်ရင်တောင် မယ်တော်တော့ ဖြစ်စေရမယ်…
      ရွာထဲက ဗိန္ဒောဆရာတွေအားလုံး ကိုမှော်ကြီး အသိတွေကြီးပဲ ….

  • Shwe Tike Soe

    November 15, 2011 at 10:54 am

    အားပေးတယ် ဦးဘီရေ လုပ်သာလုပ် …. ဒီလိုမှမလုပ်ရင် သိမှာမဟုတ်တော့ဘူး… အစိုးရရုံးတွေမှာ အသက်ကြီးပြီး အချိန်မစီး တဲ့သူတွေရှိနေလို.ကတော့… အိပဲ့အိပဲ့ပဲနေမှာ… ဒီလို လုပ်စားနေတဲ့ အကျင့်ကို ပျောက်မှာမဟုတ်တော့ဘူး.. အဲလို အသက်ကြီး အချိန်မစီးတဲ့ လူတွေနေရာမှာ လူငယ်တက်သစ်စ တက်တက်ကြွကြွ မှန်မှန်ကန်ကန် လုပ်နိုင်မဲ့သူတွေ အစားထိုးသင့်တယ်…

  • VHC

    November 15, 2011 at 11:23 am

    မဆိုင်တဲ့ အကြောင်းဝင်ပြောတာတော့ မဟုတ်ဘူး ကြုံကြိုက်တုံးလေပြောချင်လို့ပါ။private ချင်းတူတူ management ကွာတော့ ပုံစံကွာတာယှဉ်ပြချင်လို့ပါ။ကျွန်တော်က city mark တို့ Orange တို့ကို ပစ္စည်းလိုက်ပို့ရတဲ့ ဝန်ထမ်းပါ။ အဲဒီဆိုင်တွေက supplier ဆိုရင် ဝန်ထမ်းအချင်းချင်း နှိမ်ချင်တယ် မျက်နှာထားတင်းတင်းနဲ့ပေါ့ ။သူတို့ခွင့်ပြုမှ ပို့ရမဲ့မျက်နှာတင်းတင်းတွေလေ။. But city mark က အလုပ်ကို အလုပ်အတိုင်းလုပ်အောင် ထိန်းချုပ်ထားတယ် 9:00am ပစ္စည်းလက်ခံမယ်ဆို တကယ်ဝန်ထမ်းတွေ အဆင်သင့်ဖြစ်ပြီ။ လူအများအထွေထွေနဲ့ မို့ မျက်နှာတင်းသွားတာဘဲဆိုပြီး ကျေနပ်နိုင်တယ် အလုပ်ကလဲပြီးသွားတာကိုး ။ဒါ့ကြောင့်လဲ အောင်မြင်တာ။ Orange ကတော့ဗျာ 9:00am မှ အပြင်ဝတ် နဲ့ ဝင်လာတာ သူတို့ အဝတ်လဲတာစောင့် computer ဖွင့်တာစောင့် အချင်းချင်း စကားပြောတာစောင့် စောင့်ပါလေ တခြားအလုပ်တွေတော့ ပြစ်ထားနိုင်မှ သူတို့နဲ့လုပ်ပေတော့ဗျာ။ဒါဒင်ဘယ်ကမလဲ ငွေထုတ်ဖို့ ရုံးချုပ်က ဝန်ထမ်းများလဲ ရှေ့လျှောက်နောက်လျှောက်နဲ့ အဲဒီနေ့ တခြား အလုပ်မလုပ်နဲ့တော့ ။

    ခံရခက်လွန်းတာက တကြောင်း သူတို့ထဲက တာဝန်ရှိသူ တယောက်ယောက်များ ဖတ်မိရင် အများစိတ်ချမ်းသာအောင်/ နာမည် ထပ်မကျအောင် ပြုပြင် ရအောင်လို့ပါ။

    အစ်ကိုကြီး ဘီးလူးလဲ အစိုးရရုံးရော Private ရော မလုပ်သင့်တာတွေ လုပ်နေတာ တွေ့ရင် ဆက်ပြီး ရေးပေးပါ ။အစဉ်အမြဲ အားပေးနေမှာပါ။

  • ကြောင်လတ်

    November 15, 2011 at 11:29 am

    သက်ဆိုင်ရာလူကြီးမင်းတို့
    လူထုအော်သံကို ကြားကြပါသလားခင်ဗျာ။

  • ကိုရင်စည်သူ

    November 15, 2011 at 12:27 pm

    ကိုဘီလူး… အဲ့လို ပေါ်တင်ရိုက်ပြီး
    သောက်သုံးမကျတဲ့ ကာလနာတိုက်
    ရုံးဝန်ထမ်းတွေကို ဓါတ်ပုံတင်ပေးတာ..
    ကြိုက်တယ်ဗျာ.. အားလည်းပေးတယ်..
    တောက်ခွက်တွေ သူ့တို့ဆီ ပိုက်ဆံလာချေးလို့
    လူတွေကို ဆက်ဆံနေတဲ့ရုပ်နဲ့…
    အဲ့လို ကောင်တွေ ထုတ်ပြီး.. တကယ်
    တက်ကြွပြီး ကြိုးစားတဲ့ လူငယ်တွေ
    ထည့်သုံးသင်တယ်လို့ မြင်တယ်ဗျာ…

  • blackchaw

    November 15, 2011 at 12:35 pm

    အားပါးပါး။ ဘီလူးကြီးရေ။
    ဒါ့ပုံကြီးနဲ့ကို ဆော်တော့တာပဲ။
    တော်တော် သောက်မြင်ကတ်စရာကောင်းတဲ့ ပုဂ္ဂိုလ်ကြီးပဲ ဖြစ်ရမယ်။

  • aungnng87

    November 15, 2011 at 1:07 pm

    ကိုဘီလူးကြီးဓါတ်ပုံရိုက်ထားတာမြင်ရတာ အဲဒီလူကြီးမျက်နှာပေးကခပ်အေးအေးဘဲဆိုတဲ့အပေါက်မျိုးနော်။ အဲလိုလူမျိုးတွေဌာနတိုင်းနီးပါးရှိတယ်။အကျင့်မကောင်းတဲ့သူတွေပေါ့။

  • water-melon

    November 15, 2011 at 1:31 pm

    ရုပ်ကတော့ ရိုက်ပေါက်ဘဲ။ ညအပြင်သိပ်မထွက်နဲ့ ဘိုးတော်။

  • “ဘီလူးကြီး”ogre

    November 15, 2011 at 6:42 pm

    ကော့မက်နဲ့
    ထောက်ခံရေးသားသူအပေါင်းကိုကျေးဇူးတင်တယ် ဗျာ
    တစ်ဦးတစ်ယောက်ခံစားချက်မဟုတ်ပဲ အဲဒီဘဏ်နဲ့ဆက်ဆံတဲ့
    လူတိုင်းရဲ့ခံစားချက်ဖြစ်နေလို့ တင်ပြလိုက်ရခြင်းဖြစ်ပါတယ်ဗျို့
    ဒီလူကြီးရုပ်ကတော့ ရိုက်ပေါက်ဆိုတာအမှန်ပဲ
    တစ်လောကလုံးသူ့လုပ်စား စားနေရတဲ့လူတွေများအောင့်မေ့နေတယ်မှတ်ရတယ်
    အိုက်တင်ကတော့တကယ်ကောင်း ကြုံရင် ဝင်အကဲခတ်စေချင်တယ်…။။။

  • windtalker

    November 15, 2011 at 8:22 pm

    ကိုလူး ရေ လေးစားပါ၏
    အရှိကို အရှိတိုင်း ၊ ဓါတ်ပုံ အထောက်အထားများနှင့် တစ်ကွ တင်ပြရဲ ပုံ ကို အားကျပါ၏
    မန်းတလေးမြို ့ရှိ ၊ နိုင်ငံတော်ဘဏ် များလည်း ထိုနည်းလည်းကောင်း….ထိုနည်း….
    အပေါ်က ပေါက်ဖော်တို ့၊ ကိုရင်တို ့ရေ
    မိုးဇက် လေး မန်းတလေး ရောက်နေတယ် သာ ပြောတာပါကွယ်
    “ ဘယ်ဆီကို မိုးရောက်နေလဲ…. ဘာတွေကို မိုးလုပ်နေလဲ ” ဆိုပြီး ဈေးချိုနာရီစင်ပေါ်တက် အော်လံနဲ ့အော်မှ မိုးဇက်လေးနဲ ့တွေ ့ရမယ် ထင်ပါတယ်ကွယ် ငှယ်ငှယ်

  • မှော်ဆရာ

    November 16, 2011 at 12:26 am

    ချထား ချထား ကိုဘီလူးကွ …

  • TTNU

    November 16, 2011 at 1:01 am

    မန ္တလေး MICB ကတော့ သိပ်မဆိုးဘူးထင်ပါတယ်။
    ကျမတို့ ပင်စင်ထုတ်ရတဲ့ ဘဏ်(၂) မှာလဲ ဝန်ထမ်းတွေ ကူညီတတ်ပါတယ်။
    အာကေ မပေးရပါဘူး။ ကျမတို့ ပင်စင်စားဘိုး၊ဘွားတွေမို့လို့ ညှာညှာတာတာ ဆက်ဆံ
    ကြတာလားမသိပါ။

  • koaung

    November 16, 2011 at 2:38 am

    မြန်မာပြည်ရဲ့ စရိုက်ဆိုးကတော့ ဘာပဲလုဎ်လုဎ်အချိန်ကုန်ခံအရေမရအဖတ်မရ တန်းစီပြီး(အီလေးဆွဲပြီးလုဎ်တဲ့ချောက်ကျင့်)အကျင့်ပါနေတာနေရာတိုင်းမှာ နိုင်ခံခြားမှာနေတာကြာလေ
    မြန်မာပြည်ပြန်ရမှာကြောက်လေပဲ သူတို့ကလဲသူတို့အကျင့် ကိုယ်ကလဲကိုယ့်အကျင့်

  • thit min

    November 16, 2011 at 6:44 pm

    အဲဒီလိုဝန်ထမ်းမျိုးအလိုမရှိဆိုပြီး ဘဏ်ရှေ့မှာဆိုင်းဘုဒ် ထောင် မတ်တတ်ရပ်နေမယ်ဗျာ။
    ဘယ်နဲ့လဲ?

Leave a Reply