မေတ္တာ ယူတော့ မေတ္တာ ပေး လိမ့်မည်…..

thit minNovember 14, 20111min27739

 

“စတုဒီသာ လေး မျက်နှာမှ

“………………………..”

“ဆဋ္ဌမ ဒီသာခြောက် မျက်နှာမှ

“…………………………”

“အဋ္ဌမ ဒီသာ ရှစ်မျက်နှာမှ

“…………………………..”

“ဒဿမ ဒီသာ ဆယ် မျက်နှာမှ

“အလဲ ဗင်း ဒီသာ ဆဲ့တမျက်နှာမှ

ဆိုတဲ့ ကိုဇာဂနာရဲ့ နောက်ပြီး ခွန်းထောက်ဆိုတာကို တော်တော်သဘောကျခဲ့တာဗျ။

ဟုတ်ပဗျာ။

အရပ်လေးမျက်နှာ၊ငါးမျက်နှာ၊ ….ရှစ်မျက်နှာ၊ဆယ်မျက်နှာ၊က လူတွေလူတွေ မန်းဂေဇက်ရဲ့စမ်းရေအထွက်မှာ

အပမ်းဖြေလျှက် လာလိုက်ကြတာ၊ ရေးလိုက်ကြတာ၊ မန့်လိုက်ကြတာ ဝင်လာမစဲ တသဲသဲ ဆိုတဲ့ ယတြာ ဆောင်

စရာမလိုတဲ့ သူကြီးမင်း ရဲ့ ဆိုဒ် မိုက်ချက်ကတော့ ဂိတ်ဆုံး ။

အဲဒီတော့နိမိတ်ပုံ ထင်ဟပ်ကြည့်လိုက်တော့

အလှူမဏ္ဍပ် ကြီး တခု ပါဘဲလားလို့။

ထူးခြားတာကဒီအလှူ မဏ္ဍပ်ကြီး ကပိုင်ရှင် သူကြီးသာ ဆိုတယ်။

သူကလဲ သူ့ဟင်းတမျိုးလောက်ဘဲ ယူလာတာမျိုး။

လာစားတဲ့သူတွေကလဲ လက်ချည်းလာတဲ့သူ တွေရှိသလို၊

ကိုယ့်ဟင်းကိုယူလာသူတွေအများကြီး နော်။

ဒီရောက်မှအမယ် သူ့ဟင်းလေးကကောင်းတယ် ဟဲ့

ငါ့ဟင်းကရောကောင်းရဲ့လား ဆိုပြီး ဟင်းဖလှယ်စားကြတာပါဘဲလေ။

ဒီအလှူ မဏ္ဍပ်ကြီး ရဲ့ ထူးခြားချက်က စားလို့လဲရတယ်၊သူငယ်ချင်းတွေကိုလဲခေါ်ကြွေးလို့ရတယ်။

သဘောကျတဲ့ကိုယ့်ပါးစပ်နဲ့ တွေ့တဲ့ဟင်းဆို အိမ်အထိသယ်သွားအုန်းမလား ရတယ်။အဲဒီလိုထိ။

ဟင်းတွေကစုံတော့သတိမထား၊မနှိုက်မိတဲ့ဟင်းတွေကအများကြီးကျန်ခဲ့မှာဘဲ။

နှိုက်မိတဲ့စားမိတဲ့ ဟင်းတွေကလဲ ချဉ်ငံစပ်၊ အချို၊ အခါး၊ အဖန်၊ အဆိမ့်စုံနေအောင်ပါနေတာဗျ။

တော်တော်အရသာစုံတာ။ ။

တခါတလေမူလဟင်းထက် ဆိုဒ်ဒစ်ရှ် အရံဟင်း=ကော်မန့်ဟင်းကလန်ထွက်နေအောင်

ကောင်းတာလဲအများကြီးဗျနော်။

ကိုပေါက်တို့၊မှော်စရာ၊ကိုစိန်သော့၊ကိုဇာဂီ၊ကိုဘလက်နဲ့ဝီအာ ဝမ်း အစရှိသဖြင့် တော်တော်များများသော

“ဓာတ်ပုံဟင်း” အချက်ကောင်းသူများကလဲတော်ကြပါပေရဲ့။

ခုတလောဟင်းကောင်းတခွက်ကဘာသာပြန်စာရေးသူ ကိုဆန်နီ ပါဘဲ။

ကိုရင်စည်သူ၊မပူးချ် တို့ရဲ့ ဂမ္ဘီရ လိုင်းနဲ့သမိုင်းနောက်ခံ ဟင်းကောင်း (စာ)များကိုလည်း

ဗဟုသုတရဘွယ်၊ အခြေအတင်ပြောဘွယ်ရာလေးများတွေ့ရပါတယ်။

ဘာသာရေးအလေးကဲစာလေးတွေ ရေးတတ်တဲ့ ကိုချစ်ရင်ထူးနဲ့ မက်ဆေ့ချ်တခုကိုပေါ့ပေါ့ပါးပါးလေးရေးပြီး

ပေးတတ်တဲ့ကိုဝင်းတော်လခါ၊ကိုဘီလူး၊ etone၊ တို့ရဲ့ဟင်းကောင်းများကလဲ (ဖတ်) စားချင်စဘွယ်လေးတွေပါ။

လူသစ်တန်းကနေ ရေးသူများကလဲ မဆိုးလှပါဘူး။

ဟုတ်ကဲ့ကျနော် စာညွန်းရေးနေတာတော့ မဟုတ်ဘူး ခင်ဗျ။

ခုတလောအချိန်သိပ်မရတာနဲ့ ကျနော်မဖတ်ဖြစ်တာတွေအများကြီးပါဘဲ။

ပြောချင်တာလေး တခုရှိလို့ပါ။

ကျနော်ဒီဆိုဒ်မှာ စာအစုံရေးတဲ့ သူ တယောက်ပါဘဲ။

ရေးရင်းရေးရင်း နဲ့ တွေ့ရတဲ့ တုန့်ပြန်ချက်တွေကို ပြောချင်လို့ ဒါကိုရေးလိုက်တာပါ။

တုန့်ပြန်ချက်အမျိုးအစား(၁)…………စာကိုဖတ်ရုံဖတ်သွားတဲ့သူများ

တုန့်ပြန်ချက်အမျိုးအစား(၂)………..စာဖတ်ပြီးဆွေးနွေးကြသူများ

တုန့်ပြန်ချက်အမျိုးအစား(၃) ………..စာဖတ်ပြီး ချီးကျူးသွားသူများ

တုန့်ပြန်ချက်အမျိုးအစား(၄)………..လူမသိသူမသိအနုတ်ပေးသွားသူများ

တုန့်ပြန်ချက်အမျိုးအစား(၅)…………စာဖတ်ပြီးကိုယ်သိတာကိုပို့စ်ပြန်ရေးသူများ

တုန့်ပြန်ချက်အမျိုးအစား(၆)…………စာကိုတန်ဖိုးထားကူးယူသွားသူများ

အဲဒီ ၆  ခု ထဲမှာကျနော် လေ့လာမိသလောက်အနုတ်ပေးတဲ့ တုံ့ပြန်မှုဆိုတာ လောက်ကဘဲ ခုအနေအထားမှာ

အဆိုးဆုံးပါ။(ဒါတောင်ခုတလော အနုတ်သိပ်မတွေ့ရပါဘူး)

ဟိုတုန်းကများတော့အနုတ်ဆိုတာ ပါးပါးလေး၊စကားအဖြစ်တောင်ပြောစရာမရှိဘူး၊။

ကျနော်မန်းဂေဇက်မှာစာမရေးခင်က

၁။တင်တဲ့စာတွေကို ဖတ်သူသက်သက်အဆင့်တော်တော်ကြာခဲ့တယ်။

နောက်တော့

၂။ကော်မန့်တွေကိုမြန်မာလိုမရိုက်တတ်လို့ English လိုကော်မန့်ပေးတာကစပြီး၊

နောက်တော့မြန်မာလိုကော်မန့်ပေးတဲ့အဆင့်။

၃။ခုနောက်ဆုံးစာရေးတဲ့သူဖြစ်လာတဲ့အဆင့်ပေါ့ဗျာ။

အဲဒီ  ၁ ၂ ၃ ကိုခွဲနေတာအကြောင်းရှိလို့ဗျ။

ကျနော် ၁ အဆင့်မှာတုန်းက မန်းဂေဇက်ရဲ့ ကော်မန့်မှာ “ဆဲ” တဲ့ သူတွေ တွေ့ဘူးတယ်။

တစ်တစ်ခွခွတွေလဲ ရေးကြတာတွေ့ဘူးတယ်။ဟာ.. ဘယ်လိုကြီးလဲပေါ့။မဝင်ချင်တော့ဘူး။

အဲလိုဖြစ်သွားဘူးတယ်။

အဲ……ကျနော် နံပါတ် ၂ အဆင့် လောက်ဖြစ်လာတော့ အဲဒါတွေ မရှိတော့ဘူး။

ဟိုသံတွဲငပိထောင်းစပ်စပ်တွေတော့ စ တွေ့ရတယ်ပေါ့ဗျာ။

သူ့တို့ဟင်းကငရုက်သီးစပ်လို့ သူကြီးခန ခန “ယူလာတာကိုသွန်ပစ်” နေတာမဟုတ်လားနော်။

ခုတော့….မရှိတော့ပါဘူး။ကောင်းလေစွ.။

အဲ…….ထူးထူးခြားခြားပြောရရင် နိုးကော်မန့်ပို့စ်တွေရှိခဲ့တယ်ဗျ ၊ အဲဒီတုန်းက။

ပင်တိုင် ရေးနေတဲ့သူတွေတောင် နိုးကော်မန့် နော်။ ကျနော်သတိထားမိတယ်။

အဲဒီလိုနဲ့ ခု နံပါတ် ၃ အဆင့် ကျနော်ရောက်လာတော့။ ရိုင်းတဲ့သူဆိုတာမရှိတော့ဘူးဗျ။

ရေးကြတဲ့သူတွေရဲ့စာတွေရဲ့အဆင့်အတန်းတွေလဲတော်တော်မြင့်လာတယ်။

ဓာတ်ပုံပညာအကြောင်းဆို သင်တန်း လားထင်ရတယ်။ တော်ချက်။

“သေသေချာချာ”သိတဲ့ သူတွေရေးတာတော်တော်များလာတယ်။

ရေးတဲ့စာကလဲ အန်တာတိန်မဲန်း ဆိုရင်တောင် တော်တော် အရေးအသားကောင်းတယ်ဗျာ။

ကွမ်းပို့စ်ကွမ်းပို့စ် နဲ့ ပါးပါးလေးကစ်နေတဲ့ လူလိုမျိုးဗျာ (^^)

ကိုဘလက်ကြီးကလဲ စာညွန်းရေးတာအယ်ဒီတာတွေငိုလောက်ပါရဲ့။

ဗဟုသုတဆိုလဲ တော်တော်စုံအောင်ထဲ့ရေးပေးကြတယ်။

အရမ်းကို”တိုးတက်လာသောဂေဇက်” ဘဲဗျ။

ပြောရရင် အားလုံးရဲ့ ရင်ထဲကလာတဲ့ စစ်မှန်သော “စေတနာ” ကြောင့် ဘဲဗျ။

ရေးသူ၊ဖတ်သူ၊မန့်သူ တွေ စေတနာတွေ ပါလာတာ။ပိုလာတာ အရင်ထက်။

နိုးကော်မန့်ဆိုတဲ့ ပို့စ် မရှိသလောက်ပါ။အချင်းချင်း နွေးနွေးထွေးထွေးရှိလာကြတယ်။အပြန်အလှန်အားပေးတဲ့

ကော်မန့်တွေနဲ့ကော်မန့်အချင်းချင်းထောက်ခံဆွေးနွေးကော်မန့်တွေများလာပြီး ကော်မန့်တွေကကို

တော်တော်အဆင့်မြင့်လာကြတယ်။မှန်ကန်သောစေတနာထားနိုင်မှ ရေးတဲ့စာ၊ပေးတဲ့ကော်မန့်

အဆင့်မြင့်တယ်ဆိုတာလက်တွေ့ပါဘဲ။

ကျနော်ထပ်ပြောရရင်အပြန်အလှန်လေးစားမှု၊စာကိုရောလူကိုပါအလေးအနက်ထားတဲ့စိတ်တွေ အရင်ထက်

တိုးပွါးလာမှု၊ဂေဇက်အပေါ်သံယောဇဉ်ကတဆင့် စာကနေ “စိတ်” တွေကိုဖတ်နိုင်လာမှု၊တဦးကိုတဦးခင်မင်

ရင်းနှီးလာမှု….    ဟာ…..ပြောရရင်အများကြီးဗျာ။

ကျနော် စဉ်းစားတယ်။ အလုပ်များတဲ့ ကျနော် ဘာတွေ ဂေဇက်ကရလို့ လာဖြစ်နေလဲလို့။

ကိုယ်ရေးတဲ့စာသူများဖတ်တာဝမ်းသာတာ၊ ဘာညာအများကြီးခေါင်းစဉ်တွေတပ်ကြည့်တယ်။

တခုမှအားလုံးကိုမခြုံငုံမိဘူးဗျာ။ ကာဗာမဖြစ်ဘူးဗျာ။

နောက်တော့စဉ်းစား ရင်း စဉ်းစားရင်း ပြုံးမိသွားတယ်။

ကျနော်အဖြေရသွားပြီဗျာ။

ကျနော်မေတ္တာ ရတယ်ဗျ။

ကျနော်အေးချမ်းတဲ့မေတ္တာ ရတယ်ဗျ။

ကျနော်အားလုံးရဲ့မေတ္တာကိုခံစား ရတယ်ဗျ။

ကျနော်လိုဘဲအားလုံးလဲရနေကြတယ်ဆိုတာယုံတယ်ဗျ။

အသွားအပြန်ရှိသောမေတ္တာ ရိပ်အောက်မှာ နေထိုင်ရင်း မေတ္တာ ခြုံလို့လုံ၊

မေတ္တာထွေးလို့နွေး၊မေတ္တာဖြန်းလို့လန်း၊ မေတ္တာကူလို့ ကြည်ဖြူကြတဲ့

ကျနော်တို့ရဲ့ကမ္ဘာငယ်ဂေဇက်လေး အဓွန့်ရှည်ပါစေ။

ဆထက်တန်ပိုးတိုးပြီးကောင်းသော စာများ နဲ့ လူသားအကျိုးပြု၊နိုင်ငံအကျိုးပြု၊ သင်တို့ကျနော်တို့

အားအကျိုးပြုစေသတည်း။အခက်အခဲအကြောင်း ကြောင်းတွေကြားက ဂေဇက်ကို

မပျက်မကွက်အောင်ကြိုးစားရပ်တည်ထားတဲ့သူကြီးဦးခိုင်ကိုလဲကျနော်တို့ကျေးဇူးတင်ရပါတယ်။

မေတ္တာတရားတဖြည်းဖြည်းနဲပါးလာ(သလိုလို)ဖြစ်တဲ့ ကျနော်တို့ရဲ့ နိုင်ငံမှာ ဒီလို တဦးနဲ့

တဦးမေတ္တာထားလာကြတဲ့”ပတ်ဝန်းကျင်”လေးတခုကိုဖန်တီးနိုင်ခဲ့ပါပြီ။

ရေးနေကြလူ၊မန့်နေကြလူတချို့ရဲ့ “လေ”တွေတောင် ကောင်းသောဖက်ကိုပြောင်းလဲကုန်ပြီ။

ဂေဇက်သမိုင်းကိုကျနော်သိမှီသလောက် ကြည့်ပြီး အကဲဖြတ်ရရင်တော့ ဒီအချိန်ဟာဂေဇက်ရဲ့

ရွှေရောင်တောက်သောနေ့စွဲများပါလို့။

“”~~ကျနော်ထပ်ပြောပါရစေ၊ ငွေကြေးနဲ့တန်ဖိုးမဖြတ်နိုင်တဲ့ မေတ္တာတရားတွေ ထုံလွှမ်းနေတဲ့ဂေဇက်ကနေ

ကျနော်တို့ရဲ့ လူတဦးချင်းစီရဲ့ စိတ်နှလုံးသားလေး တွေကိုအကောင်းဆုံးပြုပြင်ပေးလိုက်ပါတယ်လို့သာ~~””

 

မေတ္တာလက်ဆောင်လေးပါ။

ဆရာဂီတလုလင်မောင်ကိုကိုရေးသော တကျော့နှစ်ကျော့တေးကိုသီဆိုတဲ့ သီချင်းပါ..။

ခံစားကြည့်ပါလို့………………

ချစ် တတ် သူ ဆွေ ဂုဏ် အင် ဟာ ဒါဘဲ~~~~~အသဲတွေ~~~~~ခွဲဝေ ပေး နိုင် ရ ပါမည်၊

မေတ္တာ ယူတော့ မေတ္တာ ပေး ~~~~ပေးလိမ့်မယ်သွယ်သွယ်~~~ခုတလီ ကျေးဇူးတင်ရပါစေမည်..

ကျေးဇူးသခင် အသွင်များပြား ဝေးကွာ ငြားလည်း~~~အသဲက မေတ္တာ အခါခါရည် ..

ညီလေး ညီမလေး များကိုဖြင့် ~~~တန်းဆင့်ကဗျာ မှာပါမည်…..

ကျနော်တို့ ကျမတို့လေ ကျနော် တို့ ကျမတို့လေ ချစ်လေသူကို ချစ်လေသူကို

ကိုယ်က တဖန် ပြန်လည် ချစ်တတ်ကြပါစေအတည်~~~~ ဘဝတေးဆိုလျှင် ခန လေး မဆိုချင်

ကျော့ကျော့ လွင်မှ အသွင်လှပါပေမည်~~~~ သို့သော်လည်း… မုန်းတေး တခါကျော့လျှင် ….

ချစ်တေးတခါ နှစ်ခါသုံးခါ လေးခါ အခါခါ ကျော့ စေချင် ပါသည် ~~~~အခါခါ ကျော့ စေချင် ပါသည်……။

+++++++++++++++++++++++++++++++++++++++++++++++++

(အလုပ်အရမ်းများနေလို့ဒီပို့စ်ကိုတရက် ၁ဝ ကြောင်းလောက်ရေးခဲ့ရတာပါ၊ ပြောပြချင်လွန်းလို့ပါဗျာ

စောင့်ဖတ်နေသူများရှိရင်ကျနော်ကတိပေးထားတဲ့ စာ ၂ ပုဒ် အကြွေးမှတ်ထားပါအုန်းလို့နော်)

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

အားလုံးကိုလေးစားစွာ၊မေတ္တာဖြင့်

 

မောင်သစ်မင်း(^^)

39 comments

  • ရာဇဝင်လူဆိုး

    November 14, 2011 at 8:41 pm

    ကောင်းပါလေ့ ကိုသစ်။ ဘာပဲဖြစ်ဖြစ် စာပေကို ဝါသနာအရမ်းကြီးတဲ့ ကျနော် …..(ခုတော့ ရေးဖို့မပြောနဲ့ ဖတ်ဖိုတောင် ဒီဆိုဒ်ကိုပဲ စာအုပ်စင်အဖြစ် သဘောထားနေရတယ်)။ အခြေအနေအရပေါ့ဗျာ။ ဘာပဲဖြစ်ဖြစ် ကိုသစ်ပြောသလို အရသာစုံတဲ့ နေရာတစ်ခု အဖြစ် ကျနော်လဲ မြင်တယ် ကိုသစ်။

  • windtalker

    November 14, 2011 at 8:45 pm

    အကိုသစ်ရေ ဖတ်ရတာ စိတ်ချမ်းသာလှ သဗျာ ။ ( တစ်ကယ်စိတ်ထဲရှိတာကို ရေးပြတာပါ )
    အကိုသစ် ပြန်ပြောပြမှ ဘဲ ၊ ကိုယ်ရေးတဲ့စာအကြောင်း ကိုယ်သိရပါတယ် ။
    တစ်ကယ်တော့ မန်းဂေဇက်ဟာ ကျုပ်အတွက်တော့ နေ ့စဉ် မဖတ်ရ မနေနိုင်တဲ့ တစ်ခုတည်းသော ဆိုက်ပါဘဲ ခင်ဗျ
    ကျုပ်တို ့ရေးဖော်ရေးဖက် ညီအကို မောင်နှမ တွေ လည်း ချစ်ချစ်ခင်ခင် နဲ ့ပျော်ပျော်ပါးပါး ဆက်ရေးနေကြမှာ အမှန်ပါဘဲ ဗျို ့
    တင့်ခရု ဘဲလရီးမက်ချ် ပါနော်

  • ပေါက်ဖော်

    November 14, 2011 at 8:46 pm

    ကိုသစ်ပြောတဲ့အတိုင်းပါပဲ..
    ဂေဇတ်..တော်တော်တိုးတက်လာပါတယ်…..ကျနော်တို ့မျက်ခွက်လိုက်ပြောင်နေတာကလွဲလို ့ပေါ့..
    မြိုင်မြိုင်ဆိုင်ဆိုင် ဂေဇတ် တန်ဆောင်တိုင်….မြိုင်မြိုင်ဆိုင်ဆိုင် ဂေဇတ် တန်ဆောင်တိုင်….
    ခုလိုပဲ..နောင်လဲ..မြိုင်မြိုင်ဆိုင်ဆိုင် ဂေဇတ် တန်ဆောင်တိုင်….ဖြစ်ပါစေခင်ဗျား….

    • “ဘီလူးကြီး”ogre

      November 15, 2011 at 10:01 am

      မောင်ပေါက်ဖော် မျက်ခွက်ပြောင်တယ်မပြောပါနဲ့ကွယ်
      ဂေးဇက် လူပျက် (လူရွှင်တော်)ဆိုလို့ တို့ပဲရှိတာ
      သူများကိုပျော်စေခြင်လို့ပြောင်တာပဲ….ကိုယ်ဖာသာပြောင်တာဘာဖြစ်လဲ

      ကိုသစ် ကျုပ်နာမည်ထည့်ရေးထားတယ် … နာမည်အသုံးပြုခပေးရမယ်နော် :p

  • weiwei

    November 14, 2011 at 8:49 pm

    ကျွန်မမှာလဲ အလုပ်တွေတော်တော်များပြီး အခုဆို မနိုင်မနင်းအဆင့်ဖြစ်နေတာတောင်မှ ဂေဇက်ကို မဝင်ပဲ မနေနိုင်အောင်ပါပဲ … ကိုသစ်မင်းပြောသလို မေတ္တာတစ်ခုရနေလို့ပါပဲ … နွေးထွေးတဲ့ပတ်ဝန်းကျင်ရှိနေတာနဲ့ပဲ ပျော်နေပါတယ် … အများကြီးရေးချင် ကွန်မန့်ပေးချင်ပေမယ့် ဘယ်လိုမှ မတတ်နိုင်လို့ ရသလောက်လေးပဲ ရေးရ ဖတ်ရ ပါတယ် …

    • thit min

      November 15, 2011 at 2:33 pm

      ကိုရာဇဝင်လူဆိုးရေ
      ကျနော်က အွန်လိုင်းစာထက် စာအုပ်ဖတ်တဲ့လူပါ။စာမျိုးစုံလဲဖတ်တယ်ပေါ့ဗျာ။
      ဒါပေမဲ့ ဂေဇက်ရဲ့အရသာမျိုးကကိုယ်တိုင်ပါဝင်လို့ကိုယ်ပြန်ရလာတဲ့ စိတ်အဟာရဗျ ဗျ။ အဲဒီ “အရသာ” က စွဲတာဗျနော့။
      ~~~~~~~~~~
      ညီမောင်ပေရေ
      ကိုယ့်မှာတော်တော်အလုပ်များနေရယ်လို့ညီတို့စာတွေ မမန့်နိုင်တာကိုဒါလေးနဲ့ အကို့ကိုကျေနပ်ပေးပါ။
      ချစ်ချစ်ခင်ခင်ပျော်ပျော်ပါးပါးဆိုရင် သီးခံခွင့်လွှတ်ရကြမှာနော့။ ကြိုးစားရအောင်ဝေ့။
      ~~~~~~~~~~
      ညီပေါက်ဖော်ရေ
      မြိုင်ဆိုင်ဘို့ဆိုတာ ညီတို့ ကိုပေ တို့ ကိုဘီလူးတို့(သုံးပြန်ပြီ၊ ဟိုကအသုံးပြုခ တောင်းအုန်းမယ်)၊ကိုဇာဂီတို့ရဲ့ အနေအထား
      တွေက အဇင်ရှယ် တွေပါကွာ။ သိပ်လိုအပ်တာပေါ့၊ ကယ်ရီးအွန် ပါညီ။
      ~~~~~~~~~~
      ကိုဘီလူးရေ
      နာမည်သုံးလို့ ပိုက်ဆံရမယ်ဆိုရင် မြန်မာပြည်မှာ “တေဇ” ချမ်းသာတာ ကိုဘီလူး ဘေးထိုးတာလောက်ဘဲရှိမယ်ထင်ပ။(^^)
      အဲဒီလိုစဉ်းစားဘူးတယ်။ ဪ ဟိုသီချင်းတွေ၊ ကလေးကိုခြောက်တာတွေကိုပြောတာပါ၊နော်။စိတ်ဆိုးနဲ့ တခုပြောကြည့်မယ်။
      ခင်ဗျားမှာအရမ်းချောအရမ်းလှအရမ်းသဘောကောင်းတဲ့ရီးစားကောင်မလေးများရှိခဲ့ရင်
      ခင်ဗျားဒီနာမည်ကြီးဖြစ်နေမယ်မထင်ဘူးရယ်။
      ~~~~~~~~~~
      မဝေဝေရေ
      တရားစခန်းကထွက်လာတယ်ဆိုတော့ အေးချမ်းတဲ့ စိတ်နှလုံးလေးက ပိုပြီးဖရဏာပီတိတွေဖြာနေမယ်ထင်ပါရဲ့။ ရသလောက်ဖတ်ကြ ရေးကြတာပေါ့ဗျာ။ ဘယ်နေရာရောက်ရောက်စာတပုဒ်ဖြစ်စေတဲ့မဝေဝေတို့ရဲ့အင်အားတွေဂေဇက်ရဲ့
      အသက်ကိုဖြစ်စေခဲ့တာပါဗျာ။ဆက်လက်ချီတက်ကြတာပေါ့။

  • koyinmaung

    November 14, 2011 at 9:20 pm

    ကိုသစ်မင်းရေ…ကျနော်လဲမန်းလေးရွာထဲကိုရောက်နေတာတနှစ်ကျော်
    နှစ်နီးပါးရှိပါပြီ…အကြိုက်ဆုံးဆိုဒ်ပါ အယင်ကတော့ကော်မန်ပေးရုံတင်ပါ
    ခုလပိုင်းမှပို့စ်အဖြစ်နဲ့နဲ့ဘဲရေးဖြစ်ပါတယ်….
    ရေးလေ့ရေးထမရှိတော့ ကိုယ်ရေးတဲ့စာအတွက်ရွာသားတွေစိတ်အရှောက်အယှက်ဖြစ်မှာစိုးလို့ပါ
    ကုန်ကြမ်းတွေကတော့ရှိပါတယ်..
    ဒါကြောင့်စာရေးကောင်းတဲ့ရွာသားတွေကိုဘဲအားပေးနေရတာပါ…
    အယင်ကဆိုခရီးသွားဆောင်းပါရေးတဲ့မဝေရဲ့စာနဲ့ဓါတ်ပုံ
    ဆရာပေါက်ရဲ့လက်စွမ်းပြဓါတ်ပုံ
    ဒေါ်ဆူးရဲ့ဆောင်းပါး
    အီတုန် ဆရာကြောင် ဆရာပု ဆရာနီ ရွှေအိမ်စည်တို့လောက်သာများများတွေ့ရတာပါ
    ခုနောက်ပိုင်းအင်မတန်လက်စွမ်းထက်တဲ့ ကိုပေ ကိုဘလူး ကိုချေား ကိုပေါက် ကိုကြောင်လတ် ကိုကြောင်သေး အဘF R ကိုရင်တို့ကိုစိန်သော့ဆိုအရေးရောအင်မတန်ကောင်းတဲ့ဓါတ်ပုံတွေပါတွေ့လာရတော့ အလွန်ဝမ်းသာရပါတယ်
    အတော်လဲစည်စည်ကားကားရှိလာပါတယ်…..
    ဒါကြောင့်ကျနော်ကတော့နေ့ရှိသရွေ့မန်းလေးရွာထဲမှာရှိနေတဲ့သူပါ….

  • MaMa

    November 14, 2011 at 9:55 pm

    thit min ပေးတဲ့ အလှုမဏ္ဍပ်ကြီးနဲ့တူတယ်လို့ ဥပမာပေးပြီး တင်တင်မြရဲ့ တကျော့နှစ်ကျော့ တေးကိုသီ ကို ဆိုပြလိုက်တာ အလွန်နှစ်သက်စရာကောင်းပါတယ်။ ကျမတို့အတွက်တော့ ရွာထဲက ဘာများရနေလို့လဲဆိုတော့ မေတ္တာတင်မကဘူး၊ အတွေ့အကြုံ၊ အသိပညာ၊ ဗဟုသုတတွေပါ အများကြီးရလို့ “စွဲနေပြီ” လို့ပဲ ပြောရမှာပါ။

  • ကိုသစ်မင်းရေ
    ကျနော်တော့ဓါတ်ပုံလျော့ပြီးစာများများပြန်ရေးရတော့မယ်။
    တော်ကြာ ဓါတ်ပုံဆရာသက်သက်မှတ်နေကြတော့မယ်။
    တော်ကြာ ကျနော်ကို စာရေးသူလို့ နောက်လူတွေမသိဖြစ်ကုန်မှာစိုးလို့။
    ကျနော်တကယ်ပိုပြီး ဝါသနာပါတာက စာရေးသားခြင်းပါဘဲ၊
    ကိုသစ်မင်းရဲ့ အခုမှတ်ချက်တွေက တကယ်မျှတပါတယ်။
    ရွာနဲ့ကျန်တဲ့နေရာမတူတဲ့အချက်က တစ်ချုို့သောအကြောင်းအရာတွေမှာ တကယ်ကို
    ကျကျနနဆွေးနွေးတတ်ကြတာပါဘဲ။
    ကျနော်နေ့တိုင်းစာမရေးဖြစ် ပုံမတင်ဖြစ်ရင်တောင်မှ နေ့တိုင်းဝင်ပြီးလက်လှမ်းမှီသလောက်စာဖတ်ပါတယ်။

  • TTNU

    November 14, 2011 at 11:04 pm

    ဆရာသစ်ရေ
    ဂဇက်ရွာလေးနဲ့ မေတ္တာတရားဖော်ပြထားတာ တစ်ခေါက်ဖတ်မဝလို့
    ကူးသွားပြီနော်။
    စာတမ်းငယ်တစ်ခုလို ကြောင်းကျိုးချက်လက် အထူအပါးမျှအောင်ရေးသွားတာမို့
    ရက်စက်အောင်ကောင်းလှပါတယ်။

    • thit min

      November 15, 2011 at 2:52 pm

      ကိုရင်မောင်ရေ
      စေတနာနဲ့ရေးမှန်းအများသိတာမို့ ရေးချင်စိတ်ရှိရင်ရေးပါဗျာ။ ဖတ်တာကတော့ သူ့ရဲ့ရွေးချယ်မှုပေါ့နော်။
      ကျနော်အယူအဆကတော့ ကျနော် စာကို ကျနော်အတွေးနဲ့ကျနော်အကောင်းဆုံးဖြစ်အောင်ရေးပါတယ်။
      ကျန်တာကတော့ ပရိတ်သတ်ညီအကိုမောင်နှမများရဲ့သဘောလို့စဉ်းစားပါတယ်။ကျနော်ပို့စ်တွေရေးဖြစ်အောင်အားပေး
      တဲ့သူတွေထဲမှာကိုရင်မောင် ထိပ်တန်းကပေါ့ဗျာ။
      ~~~~~~~~~~
      မမရေ
      အမှန်ပါဘဲဗျာ။ တန်ဖိုးရှိသောအရာများစွာရရှိသောဂေဇက်ပါလို့ ပြောရမှာပါဘဲနော်။
      မေတ္တာနဲ့ နှောင်လိုက်တော့ အဓွန့်ရှည်တာပေါ့ခင်ဗျာ။
      ~~~~~~~~~~~
      ကိုပေါက်ရေ
      ဆရာကလဲဗျာ၊ သိကြပါတယ်။ကိုပေါက်ဆိုတာ စာအစုံရေးနိုင်သော၊စွယ်စုံမင်းသားကြီးဆိုတာ ကျော်ကြားပြီးသားပါ။
      ဓာတ်ပုံအက်ဆေးကလဲ စာရေးကောင်းတာမြင်သာပါတယ်ဗျာ။ ခုလဲ ပရော်ကျစ်နဲ့ တော်တော် “ဟစ်” ဖြစ်နေပြီဘဲမဟုတ်
      လား ဆရာပေါက်ရဲ့။
      ~~~~~~~~~~~
      ဆရာမကြီး တီတီနုရေ
      ကျေးဇူးပါခင်ဗျ။
      ဆရာမကြီးအတွက် စိတ်အဟာရဖြစ်စေမဲ့ စာတပုဒ် ကျနော်ရေးထားတာရှိပါတယ်။ဆရာမကြီး မလာဖြစ်တဲ့ရက်တွေကမလို့မဖတ်မိဘူးထင်ပါရဲ့။ “တန်ဖိုး” တဲ့။ ကြုံရင်ဖတ်ကြည့်ပါအုန်းခင်ဗျ။

  • aye.kk

    November 15, 2011 at 1:07 am

    ဂေဇက်ကမ္ဘာ
    မေတ္တာရွာက
    စေတနာပန်းခင်း
    လာလည်ရင်းနှင့်
    ရင်တွင်းကြည်လင် မပြန်ချင်..
    ကျေးဇူးတင်ပါတယ်နော်..ကိုသစ်မင်းရေ..
    တာဝန်မကျေသလိုတော့ ခံစားမိတယ်..
    မသွေးဘဲထားတဲ့ ဓားကမထက်တော့လိုု ့ပါ…အချိန်တော့လိုတယ်…

  • Foreign Resident

    November 15, 2011 at 3:22 am

    ဟုတ်ပါတယ် ။
    ရွာနဲ့ ကျန်တဲ့နေရာတွေ မတူတဲ့အချက်က
    တစ်ချုို့သောအကြောင်းအရာတွေမှာ
    တကယ်ကို ကျကျနနဆွေးနွေးတတ်ကြတာပါဘဲ။
    ( PS : မြန်မာ Cupid မှာလည်း ကြမ်းတယ် )

    Vertical Learning / teaching ကနေ
    Horizontal Learning / teaching ကို
    ပြောင်းနေပြီဆိုတာကို
    ထင်းထင်းကြီး ပြနေပါဘီ ။

  • inz@ghi

    November 15, 2011 at 6:45 am

    တခုတ်တရရေးပေးတာ ကျေးဇူးဆြာသစ်ရေ့
    စာဆက်ရေးဖို့ တကယ့် အားသစ်တွေပေးတဲ့ ပိုစ့်ပါဗျာ..

  • small cat

    November 15, 2011 at 6:47 am

    ဂေဇက်ရဲ့ သံလိုက်ဆွဲအားကပြင်းပါတယ်၊ ရွာထဲရောက်လာတဲ့ကျွန်တော် တခြားဘယ်ကိုမှ မသွားတတ်၊
    မလာတတ်တော့ပါဘူး၊ကွန်ပျူတာဖွင့်လိုက်ရင် ဂေဇက်ထဲပဲရောက်လာတယ်၊ တခါတခါ ကိုယ့်ကို ကိုယ်
    အားမရဘူး၊အင်တာနက်သုံးတာ လေးလနည်းပါးရှိပြီ၊မိတ်ဆွေတွေက အင်တာနက်မှာ ဘာတွေတွေ့လည်းမေးရင် ဂေဇက်ကလွဲလို့ ကျွန်တော်မှာ ဘာမှပြောပြစရာမရှိဘူး။

    • thit min

      November 15, 2011 at 3:10 pm

      aye.kk ရေ
      ကို လား မ လားမသိလို့ နစ်ခ် ကိုဘဲ ခေါ်လိုက်ပါတယ်နော်။
      မသွေးဘဲထားလဲ ဓားကဓားပါဘဲဗျာ။ ဖြစ်လာရမှာပေါ့။ ဖြစ်ချင်တဲ့စိတ်ဘဲလိုတာနော့။
      ကဗျာလေးနဲ့ မန့်ပေးတာကျေးဇူးတင်ပါသည်ခင်ဗျ။
      ~~~~~~~~
      ဘရာသာForeign Resident ရေ
      ကျနော်လဲ ကျူးပစ် မင်ဘာ တယောက်ပါဘဲ။ ခုပြောလိုက်မှပြန်သတိရသွားတယ်။
      မရောက်တာကြာသွားပြီ။ ဒီမှာကတော့ လူပိုများသလိုဘဲ(ထင်တာနော်)။
      ဆွေးနွေးလို့လဲကောင်းတယ်ဆိုတာမှန်ပဗျာ။ဆက် တွယ်ကြတာပေါ့ဗျာ။
      ~~~~~~~~
      ကိုအင်ဇာရေ
      ပညာတွေမလျှို ထားနဲ့တော့။ ဝုန်းပလိုက်တော့။ ဒီမန်း ကောင်းနေပြီ။ရွာထဲမှာ ပညာလိုချင်သူတွေ ရှိနေတာအများကြီးနော။
      (ပညာလိုချင်သူတဲ့ ဖြစ်ပုံက၊ ပညာ လိုချင်” သား “တွေ ဆိုတဲ့ မြန်မာစကားကရှိကိုမရှိတာ )
      အဆုံးထိ ဆွဲပလိုက်။ အားပေးတယ်ညီရေ့။
      ~~~~~~~~
      ကိုစမာကက်ရေ
      ဟုတ်ပဗျာ။ လူတိုင်းလဲအဲဒီလိုဘဲဖြစ်နေကြပုံဘဲ။ သူကြီးကတော့ ပွင့်လင်းမြင်သာလာတဲ့ တနေ့ ဝန်ကြီးချုပ်လုပ်လို့ရပြီထင်ပဗျာ။ မဲ ပေးမဲ့သူတွေအဆင်သင့်မလို့လေနော့။

  • blackchaw

    November 15, 2011 at 9:35 am

    “အပြန်အလှန်လေးစားမှု၊စာကိုရောလူကိုပါအလေးအနက်ထားတဲ့စိတ်တွေ အရင်ထက်
    တိုးပွါးလာမှု၊ဂေဇက်အပေါ်သံယောဇဉ်ကတဆင့် စာကနေ “စိတ်” တွေကိုဖတ်နိုင်လာမှု၊တဦးကိုတဦးခင်မင်ရင်းနှီးလာမှု…. ”
    “ဂေဇက်သမိုင်းကိုကျနော်သိမှီသလောက် ကြည့်ပြီး အကဲဖြတ်ရရင်တော့ ဒီအချိန်ဟာဂေဇက်ရဲ့
    ရွှေရောင်တောက်သောနေ့စွဲများပါလို့။”

    ကိုသစ်မင်းရေ။ ကျွန်တော် ခင်ဗျားရေးတဲ့ ပို့စ်တွေမှာ ကွန်းမန့်မပေးချင်မိဘူးဗျာ။
    ကျော်ဟိန်းကြီးပြောသလို ရင်ဘတ်ကြီးပုတ်ပုတ်ပြပြီး ဒီကိုတည့်တည့်လာမှန်တော့
    အမြဲတမ်း သဘောတူတဲ့ ဘက်ကရောက်ရောက်နေတတ်တာ
    တစ်ခါတစ်ခါ ဘက်လိုက်ပြီး ကွန်းမန့်ပေးနေသလားတောင် ကိုယ့်ကိုယ်ကို ဘရိတ်အုပ်ဖို့
    ပြန်ပြန်သတိပေးနေရတယ်ဗျ။
    ကိုသစ်မင်း ရဲ့ လေချိုချိုအေးအေးလေးနဲ့ စိတ်ရှည်လက်ရှည် ရှင်းပြ ပြောပြ
    ပေးနေတဲ့ ကဗျာလေးတွေ (ကာရန်ရော မော်ဒန်ရော)
    စာလေးတွေ ( ရသရော၊ ဒသနရော)
    အမြင်လေးတွေ (နိုင်ငံရေးပေါ့ဗျာ) အားလုံးကလည်း
    ဂဇက်ရဲ့ ပုံရိပ်ကို မြင့်တက်စေသော ထင်ရှားတဲ့ အချက်တစ်ခုပါလို့ ….။

  • Moe Z

    November 15, 2011 at 10:18 am

    ဂေဇတ်ကအလှူမဏ္ဍပ်ကြီးနဲ့တူတယ်ဆိုရင်
    ကျွေးတဲ့အစားအသောက်တွေကလည်း
    ဘယ်လောက်စားစား စားပိုးမနင့်ဘူးနော်
    ကြိုက်သလောက်စား အဝစား ပါဆယ်ဆွဲရတယ်
    သဂျီးမင်းလည်း ဒီထက်မကလှူနိုင်ပါစေ

  • htoosan

    November 15, 2011 at 10:41 am

    ဆရာ သစ်မင်းလိုဘဲ ကျွန်တော်လည်း အရင် က အင်္ဂလိပ် လိုဘဲ Type ရိုက်တတ်တာ . အခုတော့ မြန်မာ လို တော်တော်တော့ ရလာပြီ ။ နှေးတော့နှေးသေးတယ် ။ ဂေဇတ် ရဲ့ လက်တွေ့ အကျိုးကျေးဇူးဘဲ။
    အလုပ်တော့ နဲနဲပျက်တယ်။ အချိန်ပြန်ကန့်သတ် ဖို့ ပြန်ကြိုးစားနေရတယ်။ 😀 😀

  • ဆူး

    November 15, 2011 at 10:51 am

    မင်္ဂလာပါ ဆရာမှတ်
    ဆူး ကတော့ ဆရာမှတ် ရဲ့ ပိုစ်တွေ သိပ်လိုက်မမှီလို့ ကွန်မန်းအနေနဲ့ပါ မချီးမြှင့်ခဲ့တာပါ။ တမင်ကျော်သွားတာ မဟုတ်ပါဘူး။
    ပညာရပ်ပိုင်းဆိုင်ရာ အတွေးအခေါ်တွေမှာ သစ်မင်း ဆိုတဲ့ နေရာမှာတော့ ဆရာမှတ် အဖြစ်သာ နှလုံးသားထဲမှာ မှတ်တမ်းတင်ထားပါတယ်။
    ပိုစ်တွေကတော့ ဆူး ကိုယ်တိုင်လည်း သိပ်ရေးချင်စိတ်သိပ်မရှိတာနဲ့ မရေးပဲနေနေတာပါ။ သူများ ရေးထားတဲ့ အကြောင်းအရာတွေ ပေါ့ပေါ့ပါးပါးနဲ့ လွယ်လွယ်ကူကူ မန်းလို့ ရမဲ့ဟာမျိုးသာ ရွေးဖတ်ပြီးတော့ မန်းဖြစ်နေပါတယ်။ နက်နဲလွန်းတဲ့ အရာနဲ့ အသိပညာပိုင်းဆိုင်ရာတွေမှာ စာအဖတ်နည်းတဲ့ အတွက် ကိုယ့်ဟာကို ယုံကြည်မှု မရှိတဲ့ အတွက် နောက်ဆုတ်နေတာ အကောင်းဆုံးလို့ မြင်ပါတယ်။ ထိုင်နေမှ အကောင်း ထသွားမှ ကျိုးမှန်း သိဆိုသလို ပေါက်ကရတွေ မန်းပြီးတော့ အရှက်တွေလည်း ဟတ်တတ်အကွဲမခံချင်ဘူး။
    အလှူမဏပ်ကြီးထဲမှာ ဆူး ကတော့ ကိုယ်တိုင်တော့ ချက်ရမှာ ပျင်းနေပြီး သူများ ချက်လာတဲ့ ဟင်းခွက်တွေကို နှိုက်မြည်းပြီးတော့ လျှောက်နောက်ပြီး ဆော့ကစားနေတဲ့ လူငယ်တယောက်ပါပဲ။

    ဒီဆိုဒ်ကို ဆူး စပြီး ဝင်ရေးတုန်းက တနေ့ ပိုစ် ၅ခုလောက်တောင် မတက်ပါဘူး ကွန်မန်းဆိုတာလည်း တော်တော် ပျင်းဖို့ကောင်းတယ်။ တနေ့ တနေ့ ပျင်းတာနဲ့ သူများ ပိုစ်တွေ လိုက်ရေးရင်းနဲ့ ကွန်မန်းတွေမှာ အငြင်းအခုန်တွေ ရှိလာတော့ ပျော်စရာ ကောင်းလာခဲ့ပါတယ်။
    ကွန်မန်းတွေ အပြန်အလှန်ပေးပြီး ဆွေးနွေးတာ စာရေးသူကို အားပေးရာကျသလို နောက်ထပ် နောက်ထပ် ဆိုတဲ့ စိတ်မျိုး ဖြစ်လာအောင် စိတ်ဓါတ်ခွန်အားပေးသလို ဖြစ်ပါတယ် ဒါကြောင့် ဂေဇတ်ရွာကလေးက ပျော်စရာ ကောင်းလာခဲ့တာပါလို့ ဆူး ထင်ပါတယ်။

    ဆူး လည်း အလုပ်တွေ များနေလို့ စာရေးစာဖတ် နည်းသွားတာ ဝန်ခံပါတယ်။
    အရင်တုန်းက တင်သမျှ ပိုစ်တွေ တခုမကျန် ဖတ်သလို ကွန်မန်းတွေလည်း တခုမကျန်အကုန်ဖတ်တယ်။ အခုတော့ တနေ့ တနေ့ ရွာထဲဝင်ရင်တော့ မနေ့က ကွန်မန်းပေးထားတဲ့ ဆိုဒ်တွေကို ပြန်ဖွင့်ကြည့် ကိုယ့်နောက်မှာ ဘယ်သူတွေ ဘာပြောလဲ သိအောင် ဖတ်ပြီး မန်းအားကို လျော့နေလို့လည်း ဖြစ်ပါတယ်။

    • thit min

      November 15, 2011 at 3:26 pm

      ကိုဘလက်ရေ
      ခင်ဗျားကတော့ ပြောတော့မယ်ဗျာ။ကျနော် ဖနောင့်သံဆူးသလိုဖြစ်အောင်ပြောလဲပြောတတ်ပဗျာ။
      ကျနော်က ခင်ဗျားဝေဖန်တဲ့ စကားလုံးတွေကို ပိုသဘောကျတယ်။
      ဘာဘဲဖြစ်ဖြစ် ကျနော်တို့တွေ စေတနာထားရေးကြလို့ စေတနာတွေပြန်လာတယ်။
      မေတ္တာ ထားရေးလို့ မေတ္တာ တွေပြန်လာတယ် လို့ဘဲ ရိုးရိုးလေးစဉ်းစားမိပါကြောင်း ကိုဘလက်ရေ။။
      ကျေးဇူးတင်ပါတယ်ဗျာ။
      ~~~~~~~~~~~~
      မိုးဇက်ရေ
      တကယ်ကြီး ကို ပါဆယ် ဆွဲမဲ့ပုံဘဲ။ ကောင်းပါလေ့။ စာလဲအရေးကောင်း၊ရေးတတ်တဲ့ မိုးဇက်မလို့၊
      အားပေးပါသည်နော။
      ~~~~~~~~~~~~
      ကိုထူးဆန်းရေ
      တိုင်းမ် အလိုကေးရှင်း ပေါ့ဗျာ။လိုအပ်ပါတယ်။
      အိမ်သူနဲ့ လဲအဆင်ပြေပါစေပေါ့ဗျာ။
      မကြားချင်ယောင် တမင်ဆောင်လို့ (ဂေဇက်ကို) ဝင်နိုင်တော် မူရက်အား လို့ဆိုနေအုန်းမယ်ဗျို့။
      ~~~~~~~~~~~~~
      ဒေါ်ဆူးရေ
      ဂေဇက်ကိုအသက်သွင်းသူ တွေရဲ့ စာရင်းတို့ လိုက်ရင်ထိပ်ဆုံးကလူတွေဆိုတော့ အသစ်တွေရေးနေတာကို ခန ထိုင်ကြည့်နေ
      တယ်လို့ ထင်နေတာဗျ။
      ရေးပါဗျာ။စာအစုံရှိတော့ လာလည်သူတွေအစုံဖတ်ရတာပေါ့နော်။
      အတွေးအမြင်အသစ်လေးတွေရေးတတ်တဲ့ မဆူးတို့ ရေးဘို့ “စင်မြင့်” တခု ကအမြဲရှိနေတာပါဗျ.။

  • ကြောင်ကြီး

    November 15, 2011 at 11:26 am

    မီးတုတ် မီးတုတ် ရှို့ရှို့…..မီးတုတ် မီးတုတ် ရှို့ရှို့…..မီးတုတ် မီးတုတ် ရှို့ရှို့…..မီးတုတ် မီးတုတ် ရှို့ရှို့…..မီးတုတ် မီးတုတ် ရှို့ရှို့…..မီးတုတ် မီးတုတ် ရှို့ရှို့….. 👿
    အဲဒါကျုပ်ထားတဲ့ မေတ္တာပဲ။။။။ :mrgreen:
    ရရင်ရ မရရင်ချ…….သတ်ပစ် သတ်ပစ်…မီးတုတ် မီးတုတ် ရှို့ရှို့…ရရင်ရ မရရင်ချ…….သတ်ပစ် သတ်ပစ်…မီးတုတ် မီးတုတ် ရှို့ရှို့…ရရင်ရ မရရင်ချ…….သတ်ပစ် သတ်ပစ်…မီးတုတ် မီးတုတ် ရှို့ရှို့…ရရင်ရ မရရင်ချ…….သတ်ပစ် သတ်ပစ်…မီးတုတ် မီးတုတ် ရှို့ရှို့… 👿
    ဒါနဲ့ ဆရာသစ်က စီးပွားရေး၊ နိုင်ငံရေး ဆောင်းပါးတွေ ရေးတာ အရှိန်ရနေရာကနေ မရေးတော့ပြန်ဘူး။ အဲသလိုမျိုး ပညာရပ်ဆိုင်ရဟဲဗီး (ရွာအဆင့်ပေါ့ဗျာ) တွေ တပတ်တခါလောက် အခြားပေါ့ပေါ့ပါးပါးစာတွေ ကြားညှပ်ထည့်ရင် ဂွယ်မယ်ဗျို့။ 🙂
    ရရင်ရ မရရင်ချ…….သတ်ပစ် သတ်ပစ်…မီးတုတ် မီးတုတ် ရှို့ရှို့…ရရင်ရ မရရင်ချ…….သတ်ပစ် သတ်ပစ်…မီးတုတ် မီးတုတ် ရှို့ရှို့…ရရင်ရ မရရင်ချ…….သတ်ပစ် သတ်ပစ်…မီးတုတ် မီးတုတ် ရှို့ရှို့…ရရင်ရ မရရင်ချ…….သတ်ပစ် သတ်ပစ်…မီးတုတ် မီးတုတ် ရှို့ရှို့… 👿

  • Sonny

    November 15, 2011 at 1:04 pm

    ဆရာသစ်
    လက်သံရော၊ စိတ်ကူးရော ချိုလိုက်တာဗျာ။
    မေတ္တာရှိရာ မေတ္တာလာ ဆိုသလိုပါပဲ။
    အရိုင်းမရှိသော အရင်များစုဝေးရာ ရပ်ကွက် ဂေဇက်လေးပါ။ ဂေဇတ်ဖန်တီးသူရော
    အဖွဲ့ဝင်များရော အားလုံး ပေါင်းလို့ လှသောရွာလေး တစ်ရွာပါ။ ထာဝရသာယာပါစေ။
    ဟင်းတစ်ခွက်မှ မလျော့ ကြပါစေနဲ့လို့ဆုမွန်ကောင်းတောင်းနေလျှက်ပါ။
    လို့စုမွန်ကောင်းတောင်းပါတယ်။ ဆရာခိုင်ရော ဆရာသစ်ရော၊ အဖွဲ့သားအားလုံရော ကျန်းမာပါစေကြောင်း..
    ချစ်ခြင်းအားဖြင့်…..ကိုဆန်နီ…..

  • Sonny

    November 15, 2011 at 1:13 pm

    ဆရာသစ် ko thit min
    လက်သံရော၊ စိတ်ကူးရော ချိုလိုက်တာဗျာ။
    မေတ္တာရှိရာ မေတ္တာလာ ဆိုသလိုပါပဲ။
    အရိုင်းမရှိသော အရင်များစုဝေးရာ ရပ်ကွက် ဂေဇက်လေးပါ။ ဂေဇတ်ဖန်တီးသူရော
    အဖွဲ့ဝင်များရော အားလုံး ပေါင်းလို့ လှသောရွာလေး တစ်ရွာပါ။ ထာဝရသာယာပါစေ။
    ဟင်းတစ်ခွက်မှ မလျော့ ကြပါစေနဲ့လို့ဆုမွန်ကောင်းတောင်းနေလျှက်ပါ။
    လို့စုမွန်ကောင်းတောင်းပါတယ်။ ဆရာခိုင်ရော ဆရာသစ်ရော၊ အဖွဲ့သားအားလုံရော ကျန်းမာပါစေကြောင်း..
    ချစ်ခြင်းအားဖြင့်…..ကိုဆန်နီ…..

  • Sonny

    November 15, 2011 at 1:21 pm

    Sorry ဆရာသစ်ရေ
    စားလုံးပေါင်းအမှားများ
    ဆုမွန်ကောင်း
    အယဉ် များစုဝေးရာပါနော
    ကွန်မင့်ကမထွက်ဘူးဆိုပြီး နှစ်ခါတင်လိုက်မိပါတယ်။ connection ကြောင့်ပါ။
    ွှ့ချစ်ခြင်းအားဖြင့် ကိုဆန်နီ

  • ကိုရင်စည်သူ

    November 15, 2011 at 1:34 pm

    ကိုသစ်ပို့စ်လေးနဲ့အတူ..
    ရွာသူားအပေါင်းတို့..
    ယခင်ကထက်ပိုပြီး တစ်ဦးနဲ့ တစ်ဦး
    ရင်းနှီးချစ်ခင် မေတ္တာတိုးကြပါစေ..
    ဆုတောင်းလိုက်ပါတယ်ဗျာ..
    အပေါ်က ကြောင်ကြီးက အော်နေပြီနော်..
    ရှိူ့မယ်၊ ဆွဲမယ်ဆိုတာချည်းပဲ… :mrgreen:
    တစ်ပတ်တစ်ခါတော့
    ပညာရပ်ဆိုင်ရာ၊ စိတ်အာဟာရ စာပေတွေ
    ရေးပါဦးဗျို့…

  • kyeemite

    November 15, 2011 at 2:17 pm

    ကိုသစ်မင်းစာရေးတော်တော်ကောင်းတယ်ဗျာ…
    ကျွန်တော်ကတော့ ပို့စ်တခါမှမတင်ဘူးပါဘူး..အချိန်မရလို့ပါ..
    စါဖတ်သူသက်သက်ပါ…နေ့တိုင်းတော့ဂေဇက်ဖတ်ဖြစ်တယ်..
    ရွာသားတွေတောင်စိတ်ထဲမှာရင်းနှီးနေပါပီ….
    ဘယ်သူဘယ်အထာရှိတယ်ပါ နဲနဲ ဖမ်းမိနေပီ..
    ရွာသားတွေအချင်းချင်း တယောက်နဲ့တယောက်
    ခင်မင်စွာနောက်ပြောင်ကြည်စယ်ကြ..အားပေးကြ..ထောက်ပြကြ…ဝေဘန်ကြနဲ့
    တကဲ့ပျော်စရာကြီးဘဲ…အားကျမိပါတယ်
    ကိုယ်ကရေးဘို့ အခွင့်အရးမရသေးတော့….
    အသက်အရွယ်စုံ…အတတ်ပညာစုံ…အရည်အချင်းစုံ…အတွေ့အကြုံစုံ ရွာသားပေါင်းစုံ
    တို့ရဲ့ စာတွေ..ပုံတွေ..ကဗျာတွေ..ကိုအားပေးဖတ်ရှူှ့နေမည်ဖြစ်ပါကြောင်း
    ရွာသားအားလုံးကျန်းမာရွှင်လန်းကြပါစေဗျား..

    • thit min

      November 15, 2011 at 3:51 pm

      ကိုကြောင်ရေ
      အစ ဆွဲထုတ်တတ်သူ ကို ဒေါက်တာဘွဲ့ပေးလို့ရရင် ခင်ဗျားကိုကျနော်ပေးမယ်။(^^)
      ကိုကြောင် တို့ ဟိုမှာ ညင်းကြလို့ ကျနော်စူပါပါဝါ ကိုရေးတယ်။
      နောက်ကိုကြောင် မေးလို့ ဂျပန်၊ တရုတ်တွေ ရောက်ကုန်တယ်။
      တရုတ်ကရေးဘို့ပါဘဲ ။ မအားတာနဲ့။ အပေါ်မှာ တောင်းပန်ထားတယ်လေ။
      ဇွတ် ဘဲ။ ကဲ ရေးပါမယ်ဗျာ။၂ရက်လောက် ရှိရင်အားမယ်ထင်ရဲ့။
      ရေးပြီဆို ဆက်တိုက်ရေးဖြစ်မယ်ထင်တာဘဲ။ ကြိုးစားမယ်ဗျာ။နော့။
      ~~~~~~~~~~
      ကိုဆန်နီရေ
      ကျေးဇူးပါ။
      ဘာသာပြန်လက်ရာကောင်းလေးတွေဖတ်ရလို့လဲ ဆရာကိုဆန်နီရေ ဝမ်းသာမိပါတယ်။
      မန့်ဖို့အချိန်မရလို့ ပျက်ကွက်မှုအတွက်တော့ တောင်းပန်ပါတယ်ဗျာ။ဒီပို့စ်နဲ့ကျေနပ်ပေးစေချင်ပါတယ်ခင်ဗျာ။
      ~~~~~~~~~~
      ကိုရင်စည်သူလေး
      ကြိုးစားပြီး ရေးပေးပါမယ်ဗျာ။
      တာဝန်တွေများလို့ ရေးချင်ပေမဲ့ လက်မရောက်နိုင်ဘူးပေါ့နော်။
      အားပေးတာဝမ်းသာကျေးဇူး။
      ~~~~~~~~~~
      ကိုkyeemite ရေ
      ကျေးဇူးအထူးတင်ရှိပါသည်ခင်ဗျ။ဒီလို မိတ်ဆွေကြီးရ
      ဂေဇက်ကတော့ အွန်လိုင်းမှာ တမျိုးထူးတဲ့ နိုးတူး
      ဂိုး ဖူးသူတွေက ငြှိ ၊ သိတဲ့ သူ ကလဲ ညွန်းကြ၊
      ထွန်းပ ပုံကလဲ ဘရာသားအမြင်၊
      ကြွားသလားထင်တဲ့လူ၊ လာဖတ်ကြည့်၊
      ဟတ်ထိလို့ စွဲ မခွဲနိုင်ဘူးလို့
      အဖြေထွက် အဲဒါ ဂေဇက် ဗျ။

  • blackchaw

    November 15, 2011 at 3:30 pm

    ကိုသစ်ရေ။
    ကိုသစ် ပြန်ဆွေးနွေးတဲ့ အထဲမှာ
    ကျွန်တော့်နာမည် မပါသေးလို့ ပေပြီးတော့ကို စောင့်ဖတ်နေတာဗျာ။
    ကျေနပ်ပါတယ်။ မအားတာတော့ မအားတာပေါ့ဗျာ။
    ကျွန်တော် တင်ထားတဲ့ ပို့စ်လေးတော့ ဖတ်ပေးပါဦး။
    အရသာလေးတစ်ခုရမရလည်း ပြန်မန့်ပေးပါဦးဗျာ။

  • kai

    November 15, 2011 at 4:02 pm

    ပုံနှိပ်သတင်းစာလုပ်ပြီးသွားရင်.. လူလည်း..မာရသွန်ပြေးပြီးတဲ့လူလို… ပက်လက်လန်နေတာနဲ့..
    ကြားထဲ.. ဒီဝက်ဘ်ဆိုက်ကနေ.. newsletter ပို့တာ မေးလ်က မထွက်နဲ့..ဦးနှောက်လည်းခြောက်နေသေးရဲ့..။

    အဲဒီလိုရက်တွေထဲ… ဆရာသစ်ရဲ့ဒီလိုစာလေးတွေ့ရဖတ်ရတော့ အားရှိပါ့ဗျာ…။
    မဏ္ဍပ်ကြီးကို ကြီးအောင်..ခိုင်ခံ့အောင် ဆောက်ပေးပါ့မယ်..။
    ကိုယ်စီကိုယ်ငှ.. Potluckလုပ်… ထမင်း..ဟင်းလေးတွေယူပြီး..စားကြသောက်ကြနဲ့.. ပျော်ကြတာပေါ့ဗျာ..။
    ထမင်းဟင်း…မယူလာတဲ့သူတွေက..ပါးစပ်ကြီးနဲ့စားပြီး… မေတ္တာတွေပေးဝေပေါ့..။ 😆

    • MaMa

      November 15, 2011 at 10:48 pm

      သဂျီးရေ- ခုချိန်ထိတော့ newsletter ပို့တာ မရသေးပါ။
      တင်ထားသောပိုစ့်ကိုပဲ မကြာခဏ refresh လုပ်ကြည့်နေရပါတယ်။ 🙁

  • nozomi

    November 15, 2011 at 4:27 pm

    ဆရာသစ်ရေ ပို့စ်တွေ ဖတ်ပြီး ရင် ဝင်ဆွေးနွေးဘို့ ကလဲ မမှီ ၊ သဘောကလဲ ကျတာနဲ့
    ကောင်းပါတယ် ကြိုက်ပါတယ် ဆိုတာလောက်ပဲ မန်းနေရတော့ ကြာတော့ ဆရာသစ်ကို အားနာလာတယ်

    အခု ဒီပို့စ် က ၃ ခေါက် ဝင်ဖတ်ပြီးသွားပြီး ၊ မန်းရမှာ အားနာနေတာနဲ့ မ မန်းဖြစ်တာ
    အခုတစ်ခေါက်တော့ အားနာနာ ထပ်ပြောပါရစေ၊ သဘောကျပြီး ရွာအတွက် ပီတိ ဖြစ်ရပါတယ် ဗျာ

  • zawmyothu

    November 15, 2011 at 5:14 pm

    ဆရာသစ် ပို.စ်ဖတ်ပြီးတော. တော်တော်ကျေနပ်မိတယ်ဗျာ။
    ကျွန်တော်တို.လို ဘာမှ မသိသူတွေအတွက်တော.
    မန်းဂေဇက် သတင်းတွေ၊ ပိုစ်.တွေဖတ်ရတာ တော်တော်အကျိုးရှိတယ်ဗျာ။
    ဘယ်သူပိုစ်.အသစ်တင်လဲ Home button ကိုခဏခဏ နှိပ်နေ၇
    လောက်အောင်ကို မန်းဂေဇက်ကို စွဲလမ်းနေတာနော ဟီးးး
    ကျေးဇူးတင်ပါတယ်။

  • alinsett

    November 15, 2011 at 6:15 pm

    ကိုသစ်မင်းရဲ ့ စာတွေ က စောင့်ဖတ်မှ ဖြစ်မယ့် အနေအထားမှာ ရောက်နေပါတယ် ။ ကျွန်တော့်မိတ်ဆွေ(
    (မန်းလေးက ရွာသူရွာသားတွေ ကို စောင့်ကြည့်နေကျ)ကလည်း ကိုသစ်မင်းရြ ့ စာတွေကို မလွတ်စေနဲ ့လို ့ ပြောလို ့ ကျွန်တော်…မအားရင်တောင် ပြန်ရှာ ဖတ်ပါတယ် ။

    ကိုသစ်မင်း ကျန်းမာ လွတ်လပ်ပါစေ….

    ခင်မင် လေးစားစွာ….

  • alinsett

    November 15, 2011 at 6:15 pm

    ကိုသစ်မင်းရဲ ့ စာတွေ က စောင့်ဖတ်မှ ဖြစ်မယ့် အနေအထားမှာ ရောက်နေပါတယ် ။ ကျွန်တော့်မိတ်ဆွေ(
    (မန်းလေးက ရွာသူရွာသားတွေ ကို စောင့်ကြည့်နေကျ)ကလည်း ကိုသစ်မင်းရဲ့ စာတွေကို မလွတ်စေနဲ ့လို ့ ပြောလို ့ ကျွန်တော်…မအားရင်တောင် ပြန်ရှာ ဖတ်ပါတယ် ။

    ကိုသစ်မင်း ကျန်းမာ လွတ်လပ်ပါစေ….

    ခင်မင် လေးစားစွာ….

  • ကိုသစ်ရေ
    ကျနော်ဒီရွာထဲကို 2010 မေလပိုင်းမှာစရောက်ပါတယ်။
    အသင်းဝင်ဘို့စာလေးတစ်စောင်ရောက်လာတာက အစပြုလို့ပေါ့။
    အဲဒီအချိန် ဒီပြင့်ဆိုက်တော်တော်များများမှာ ကျနော်စာရေးတာအတော်လေးအရှိန်ရနေပါပြီ။
    ဒီရွာထဲကိုဝင်ရေးတဲ့အခါ တက်လာတဲ့ကော်မင်းတွေ က တကယ့်အနှစ်တွေချည်းဘဲ။
    ကိုယ်ကလဲ ကိုယ့်အမြင်ပြန်ဆွေးနွေးနဲ့ တကယ်ကိုနွေးထွေးပါတယ်.။
    တစ်ခါမှာတော့ အယူအဆတိုက်ပွဲလေးတွေလဲ နွှဲခဲ့ရသပေါ့။
    နောက်ရေးရင်းနဲ့ ကျနော်က ဒီရွာရဲ့ ပင်တိုင်ဖြစ်ချင်စိတ်ပိုကြီးမားလာပါတယ်။
    တနည်းပြောရင်သံယောဇဉ်တွယ်လာတာပေါ့ဗျာ။
    နောက်တော့ လက်စမ်းရင်းပုံတွေလဲတင်ဖြစ်ပါတယ်။
    ဒီရွာထဲကို မန်းလေးကနေ ပိုစ်တင်လို့မရတဲ့အချိန် တစ်ခါကြုံဘူးပါတယ်။
    အဲဒီအခါမှာ တင်လို့ရတဲ့နေရာကို စာပို့ပေးပတ်စ်ဝပ်တွေပေးလို့
    သူများကို အကူအညီယူပြီးတင်မိခဲ့တဲ့ထိအောင်ရူးသွပ်ခဲ့ ပါတယ်။
    အခုတော့ ကျနော်နေတဲ့ရွာကလေးက အတော်ကိုစည်ပင်နေပါတယ်။
    ကျနော်စရေးစက ဆိုက်အများကြိးမှာ တပြိုင်ထဲတင်ပေးပါတယ်။
    အခုတော့ ကျနော်ပထမဆုံးစာ စရေးဖြစ်တဲ့ မြန်မာသူငယ်ချင်းများရယ် ဒီရွာရယ်က
    ကျနော့် မိခင်တပ်ရင်း
    ဖြစ်နေပါပြိ။
    ဘယ်သူရေးရေး မရေးရေး ကျနော်ကတော့ ဒီရွာထဲမှာရေးနေမှာပါဗျာ။
    ရေးခွင့်ရနေသည်အထိပေါ့။
    ရွာလေးကပျော်စရာကောင်းပါတယ်။

  • parlayar46

    November 16, 2011 at 12:50 am

    “ထမင်း..ဟင်းလေးတွေယူပြီး..စားကြသောက်ကြနဲ့.. ပျော်ကြတာပေါ့ဗျာ..။
    ထမင်းဟင်း…မယူလာတဲ့သူတွေက..ပါးစပ်ကြီးနဲ့စားပြီး… မေတ္တာတွေပေးဝေပေါ့..။”

    ဟောသည်သူကြီးဟာလေ
    ကျုပ်တို့လို ဖတ်ရုံဖတ်ပြီး ကွန်မင့်လေး အနိုင်နိုင်ရေးရသူများ အစကတည်းက အာငယ်ရတဲ့အထဲ…
    ရတယ် ရတယ် …..မေတ္တာပဲနိုင်နိုင်ပို့မယ်….

    ဆယ့်နှစ်မျက်နှာ…ရပ်ဒိသာမှ………..
    ……………………………………………
    (အရပ်ဆယ်မျက်နှာ+ရှေ့မျက်နှာ+နောက်မျက်နှာ) 😀 😀

    လွန်ခဲ့တဲ့ တနှစ်ကျော်လောက်က ကျုပ်တို့ သူငယ်ချင်း သုံးယောက်ကို တခြားသူတဦးက လက်တို့တယ်။
    “လူကြီးဝိုင်း ရှိတယ်..” ….တဲ့
    အဲဒါနဲ့ ဒီဆိုက်ကလေးဝင်ဖတ် ၊ သဘောကျလာတော့ ရှေ့ဆင့်နောက်ဆင့်မန်ဘာဝင်ခဲ့ကြတယ်။
    အစက ဟိုစပ်စပ်ဒီစပ်စပ် အပျော်လျှောက်ပြောမယ် စဉ်းစားပြီး nick name တောင် တည်တည်တံ့တံ့မပေးဖြစ်ခဲ့တာ။
    ဒီလိုကြာမယ်လဲ မထင်ဘူးပေါ့။

    ဒါပေမယ့် ဒီရွာထဲက လက်ရာတွေဖတ်ပြီး ပြန်မထွက်နိုင်တော့ဘူး။
    ပိုစ့်ရေးကောင်းတဲ့သူတွေကို မျှော်ရသလို….
    ကွန်မင့်ကောင်းသူတွေကိုလဲ တမင်ကိုစောင့်ဖတ်ရတာဗျာ….။

    ဒီရွာသားတွေက လက်လဲကောင်းတယ် စိတ်လဲကောင်းတယ် ပညာလဲကောင်းတယ်။
    ပြီးတော့ အရေးကြီးတဲ့ အချက်အနေနဲ့ – ရွာသူကြီး ကလဲ အင်မတန် ပြည့်၊တော်၊ကောင်း ပါပေတယ်။
    အဲဒါတွေက မန်းဂေဇက်ကို အရောင်တင် ပုံဖေါ်နေတာပါပဲ။

  • အီးတီ

    November 16, 2011 at 3:33 am

    မန်းဂေဇက်ကနေ ဗဟုသုတ တော်တော်ရပါတယ်။ တစ်ယေက်နှင့်တစ်ယောက် အတွေးအမြင်၊ အတွေ ့အကြုံတွေ ဖလှယ်ရာနေရာကြီးပေါ့ဗျာ။ တော်တော်ကောင်းတဲ့ site ပါ။ members တွေကလည်း တော်တော်ခင်ဖို ့ကောင်းပါတယ်။ တကယ့် မိသားစုဝင်တွေ လိုပါဘဲ။ ကျွန်တော်တော့ တုန် ့ပြန်ချက်အမျိုးအစား ၂၊ ၃ နှင့် ၅ ကို ကြိုက်တယ်။ စိတ်ကူးကောင်းကောင်းနဲ ့ဒီ site ကြီး ထောင်ထားတဲ့ သူကိုလည်း ကျေးဇူးအထူးတင်ပါတယ်ဗျာ။

  • etone

    November 16, 2011 at 10:40 am

    ကိုသစ်မင်းရေ ….. ကျွန်မကတော့လေ အိမ်မှာ ဘာမှ မစားလာရလို့လား မသိဘူး … အလှူမဏ္ဍပ်ရောက်မှပဲ ချဉ်ငံစပ်ဖန်ခါး ရသာစုံ ရွေးစားဖြစ်တော့တာပါပဲ …. ။ 😀

Leave a Reply