မညာစကောင်း ညာစကောင်း

ပြီးခဲ့တဲ့ အပါတ်တုံးကဂိုဒေါင်မှာ စာရင်းကိုင်ဘို.ယောက်ျားလေးတစ်ယောက်လိုတာနဲ.သတင်းစာကတစ်ဆင်.လူခေါ်လို. လူရွေးပွဲကျင်းပကြပါတယ်။
အဲဒီထဲမှာ ကောင်လေးတစ်ယောက်က အိမ်ထောင်စုဇယားမိတ္တူကိုအတုလုပ်ပြီးလာတာကိုတွေ.ရပါတယ်။
အလုပ်တောင်စမလုပ်သေးဘူး သည်လိုလိမ်ညာပြီးဝင်လာတာကိုတွေ.ရတော.ကျနော်အတော်လေးကိုစိတ်ပျက်မိပါတယ်။
နောက်နေ.အလုပ်အားတဲ.နေ.အိမ်မှာ စာဖတ်နေရင်းကလည်း ဘာလို.နေရာတကာမှာ အညာတွေကိုဘဲ တွေ.နေရသလဲဆိုတဲ.မေးခွန်းလေးက ရင်ထဲမှာ အတွေးထဲမှာဝဲလှည်.လို.နေပါတယ်။
အရပ်ထဲမှာ ဈေးထဲမှာ လက်ဖက်ရည်ဆိုင်မှာ အလုပ်ထဲမှာ နေရာတကာမှာ “ညာ” “ညာ” “ညာ” မှ “ညာ” ဖြစ်နေတာကိုစိတ်မကောင်းရာတွေ.နေရပါတယ်။

ကျနော်အထင်ဟိုအရင်လွန်ခဲ.သော အမှောင်ဖုံးသောနှစ်များစွာကနေဒီ “ညာ” ခြင်းတရားတွေ စတင်လိုအသက်ဝင်ခဲ.တယ်ထင်ပါတယ်။
လက်တွေ့နဲ.ကင်းကွာလို. သဘောတရားသက်သက်နဲ.သာတည်ဆောက်ထားတဲ.စီမံကိန်းတွေကို ဇွတ်အကောင်အထည်ဖော်ခိုင်းခဲ.ကြပါတယ်။
အမှန်တကယ် လုံးဝမဖြစ်နိုင်လို. မအောင်မြင်ဘူးလို. အမှန်အတိုင်းပြောသူဟာ အဖယ်ရှားခံရ ချောင်အထိုးခံရပါတယ်။
သည်တော. ဟုတ်တာ မဟုတ်တာအပထား နောက်မှဘာဖြစ်ဖြစ် ကိုယ့်အကျုးိစီးပွားမပျက်အောင် မအောင်မြင်တာကို အောင်မြင်ပါတယ်
မဖြစ်နိုင်တာကိုဖြစ်နိုင်ပါတယ်လို. လုပ်ဇာတ်တွေခင်းခဲ့ကြပါတယ်။
သည်လိုလိမ်ညာတင်ပြနိုင်တဲ.သူတွေက အမှန်တကယ်ကိုကောင်းစားခဲ့ကြဘူးပါတယ်။
ဘယ်တော.မှ ဘာပစ္စည်းမှ ပြည်.စုံအောင်မရှိဘဲ အမြဲတမ်းခွဲတမ်းနဲ.သာ နှစ်ပါးသွားနေရတဲ.
သမဆိုင်လေးကလဲ လူကြီးတွေလာစစ်တဲ.အချိန်လေးမှာ ဘယ်က ငှားထားမှန်းမသိတဲ.ပစ္စည်းတွေနဲ. မြိုင်ဆိုင်နေပါတယ်။
ဘာကိုမှဖြစ်ဖြစ်မြောက်မြောက်မထုတ်လုပ်နှိုင်တဲ. အမြဲမီးခိုးတိတ်နေတဲ. သမလုပ်ငန်းလေးတွေ
ဆိုရင် လဲ လူကြီးလာမယ်အသံကြားနဲ.တင်စည်စည်ကားကားနဲ. အမြင်လှနေပြန်ပါတယ်။
ဘာမှမပြည်.စုံတဲ.စာသင်ကျောင်းကလေးတွေကလဲ လူကြီးတွေလာမယ်ဆိုရင် အသံလေးတွေဝေစည်လို့ ဘာမှလိုလေသေးမရှိတဲ.ပုံနဲ.ပေါ.။
ဘာကိုမှလုံလောက်အောင် မထုတ်လုပ်နိုင် ထုတ်လုပ်ပြန်ရင်လဲ အရုုံးပေါ်နေတဲ. အလုပ်ရုံစက်ရုံတွေကလည်း
သူတို.ကဘဲ တစ်နှိုင်ငံလုံးကို ပြည့်စုံလုံလောက်အောင် ဖြည်.ဆည်းပေးနေသလို အလိမ်ပေါ်အညာဆင်.လို.
မှတ်တမ်းတင်တဲ.အချိန် စက္ကူပေါ်မှာသာ အောင်မြင်တဲ.ခေတ်တစ်ခေတ်က တစ်ကယ်ကိုဖြစ်ခဲ.ဘူးပါတယ်။

အိမ်ခြံမြေ အရောင်းအဝယ်တွေမှာ နေ.စဉ်ဆောင်ရွက်ကြတဲ.လုပ်ငန်းတွေမှာအခွန်ရှောင်နိုင်အောင် လက်တလုံးခြား လိမ်တဲ.နည်းလမ်းပေးသူကပေးတယ်၊
သူပြောတဲ.အတိုင်းလုပ်သူကလဲလိုက်လုပ်တယ် လိမ်မှန်းသိရက်နဲ. မသိချင်ယောင်ဆောင်လို.လက်ခံသူကလဲလက်ခံတဲ.တယ်။
နောက်ပြဿနာနောက်ရှင်းပေါ.။
တကယ်လို.များမှန်မှန်ကန်ကန်အခွန်ဆောင်မယ်ဆိုရင်လဲ သည်တစ်နှစ်မြတ်တယ်ဆိုရင် အခွန်ပေးသွင်းတာ ကို ကျေကျေနပ်နပ်နဲ.လက်ခံပေမယ်. မတော်လို.များ အရှုံးပေါ်ရင် အမြတ်ခွန်လျှော.ပေးမယ်မထင်ပါနဲ.။
အကျိုးအကြောင်းနဲ.တင်ပြလို.လည်း ရမယ်မထင်ပါနဲ. လုံးဝလက်မခံပါ။
အောက်ဆင်းတယ်ဆိုတာ မရှိ အထက်ကိုသာတက်ပါတယ်။
ဒီတော.လဲ လူဘဲဗျာ ကိုယ်မနာအောင် ညာရတော.တာပေါ.။
လုပ်ငန်းတစ်ခုကိုဆောင်ရွက်ဘို.အကောင်အထည်ဖော်မယ်ဆိုရင်ဘဲ အမှန်ဖြစ်သင့်တာထက် ဖြစ်နေတာထက် ဖြစ်နိုင်တာထက်
ကိုယ်.အထက်ကလူ ဖြစ်ချင်တာကို ရွေးချယ်လို.လိမ်ညာတင်ပြခဲ.ပါတယ်။
အထက်ကလူကလဲ ဒီလိုမျုိုးမှ ကျေနပ်လက်ခံလို. သူ.အထက်ကလူကို ထပ်ပြီးညာပါတယ်။
တစ်ထစ်ပြီးတစ်ထစ် ဆက်ဆက်လို.ညာခဲ.ကြတာ စာရွက်ပေါ်မှာ ကောင်းတဲ.ရလဒ်ကိုပြပြီး လက်တွေ.ဘဝမှာတော. လုံးဝနတ္ထိပါ။
သည်လို ညာခဲ.ကြခြင်းရဲ.အကျိုးဆက်က ဘာလဲဆိုတာကိုတော.ပြောပြဘို.မလိုတော.ပါဘူးနော်။
အစကတော. မညာချင်ပေမဲ.ညာတယ် ညာတာကိုလဲညာမှန်းသိရက်နဲ.လက်ခံသူကလက်ခံတယ်။
နောက်တော. ဘာလေးဖြစ်ဖြစ် မညာရရင်ကို မနေနိုင်သလို လက်ခံသူကလဲ ညာမှန်းသိရဲ.နဲ. အညာမခံရရင်ကိုမနေနိုင်အောင်ဖြစ်လာတော. အလုံးစုံပျက်စီးရေးကို ဦးတည်ရုံမက ဦးစိုက်ဇောက်ထိုးနဲ.အဖတ်ဆယ်မရအောင်ဖြစ်ကုန်ပါတော.တယ်။
နေရာတကာမှာ
စာမေးပွဲအောင်မအောင်ဘဲနဲ.အောင်ပါတယ်လို.လိမ်ညာလို.လက်မှတ်အတုနဲ.အလုပ်လျှောက်တယ်၊
ပေးထားတဲ.တာဝန် မအောင်မြင်ဘဲနဲ.အောင်မြင်ပါတယ်လို.ညာတယ်၊
လုပ်ခိုင်းတဲ.အလုပ်က မဖြစ်နိုင်ပါသိရက်နဲ.ဖြစ်နိုင်ပါတယ်လို.ညာတယ်
မကောင်းမှန်းသိရက်နဲ.ကောင်းပါတယ်လို.ညာတယ်
ပေးရမှာကိုလည်းညာတယ ်ယူရမှာကိုလည်းညာတယ်
ညာလို.ရအောင်လည်. တတ်ကျွမ်းသူတွေ ဉာဏ်ကြီးသူတွေက ဘောင်ဝင်အောင်စီမံဖန်တီးပေးတယ်
နေရာတကာမှာ
မိန်းမက ယောက်ျားကိုညာတယ်
သားသမီးက မိဘကိုညာတယ်
တပည်.ကဆရာကိုညာတယ်
အောက်လူက အထက်ကလူကိုညာတယ်
အထက်ကလူကလဲ သူ.အထက်ကလူကိုထပ်ညာတယ်
ဒီလူကလဲ သူ.ရဲ.အထက်အထက်ကလူကိုညာတယ်
ယောက်ျားကလဲမိန်းမညာတာကိုသိရက်နဲ.လက်ခံတယ်
ဆရာကတပည်.ညာတာကိုသူလိုတာရလို.လက်ခံတယ်
အထက်အထက်ကလူကလို သူလိုတာရလို.အောက်လူညာတာကိုကြည်ဖြူစွာလက်ခံတယ်။
ညာတဲ.လူကဘဲညာချင်တာလား
အထက်ကလူကဘဲအမှန်အတိုင်းကိုနားမထောင်ရဲလို.ညာပေးရတာလား
ညာတဲကိုဘဲမသိလို.အမှန်ထင်နေလား ဆိုတဲ. လားတွေထပ်လို.အဖြေမရဘဲ
မပြီးဆုံးတဲ့မုန်.လုံးစက္ကူကပ်ဇာတ်လမ်းလို ဂျာအေးသူ.အမေရိုက်လို.လုံးခြာလယ်
ပေါက်ပင်ဘာလို.ကိုင်းဗျိုင်းနားလို့ကိုင်းဇာတ်လမ်းလို ပါတ်ချာလည်လို.
ဘဲဥအစရှာမရတဲ.အဖြစ်ကိုရောက်ကုန်ပါတယ်။
နောက်ဆုံးတော. ဘာဖြစ်သလဲ တိုင်းပြည်ဘဲနစ်နာပါတယ်။။
တိုင်းပြည်နာတော. ဘယ်သူနာလဲ ကျနော်တို.ခင်ဗျားတို.ဘဲ ဆင်းရဲဒုက္ခနဲ့ကြုံရတာပါ။

နောင်မကြာခင်ကာလမှာ စနစ်သစ်ခေတ်သစ်လူအသစ်မူအသစ်ကိုရောက်တော.မယ်လို.မျှော်လင်.လို.ရတဲ.အနေအထားကို
တော.ရောက်နေပါပြီ။
ဒါပေမဲ.ဘာတွေဘယ်လိုဘဲပြောင်းပြောင်း
အမှန်တကယ်ကြုံတွေ.နိုင်မဲ.ရလဒ်ကို အမှန်အတိုင်းမပြောဘဲ ညာနေအုံးမယ်ဆိုရင်ဖြစ်ဖြစ်
အောက်ကနေတင်ပြတာကို လက်ခံလို.အထက်ကိုပြန်တင်ပြရမယ်.သူကလည်း
နားထောင်ရမဲ.သူကလည်း အမှန်အတိုင်းပြောတာကို နားမထောင်ရဲလက်မခံရဲလို.ညာတာလေးကိုဘဲယုံချင်တယ်လို.
ဆိုတဲ.စိတ်ကလေးတွေကိုသာ ရှိနေအုံးမယ် ဆိုရင်
အမှန်တကယ်ရလာမဲ.ရလာဒ်ကလဲ မပြောင်းမလဲ ညံ့ဆဲ ညံ့မြဲ ဘဲရှိနေမယ်လို.ထင်ပါတယါ်။
ဒါကြောင်.လဲနောင်လာမဲ.အနာဂတ်ကောင်းလေးကိုပိုင်ဆိုင်နိုင်အောင်
အခုကစလို. ညာတာတွေကို ဖျောက်လို.
အမှန်အတိုင်းပြောရဲ အမှန်အတိုင်းလုပ်ရဲ အမှန်ပြောတာကိုနားထောင်ရဲတဲ.သတ္တိလေးကို
အခုစလို.မွေးကြည်.လိုက်မယ်ဆိုရင်…………………………………………………………….

3 comments

  • intro

    May 23, 2010 at 3:42 am

    လေးပေါက်ရေ… အရမ်းကောင်းတဲ့ ပိုစ့်ပါဗျာ… လေးပေါက်ရဲ့ ပိုစ့်တွေ ဖတ်ရတာ အရမ်းကို အကျိုးရှိပါတယ်… ဗဟုသုတလည်းရတယ်… ရသပိုင်းမှာလည်း အားကောင်းတယ်… ကျွန်တော်တော့ ကြိုက်တယ်ဗျာ… ဒီပိုစ့်မှာပါတဲ့ လူလူချင်း “ညာ” နေကြတာလည်း ကျွန်တော်တို့ ပတ်ဝန်ကျင်မှာ မမြင်ချင်မှအဆုံး… ပွင့်ပွင့်လင်းလင်းဝန်ခံရရင် ကျွန်တော်လည်း “ညာ” နဲ့ မကင်းပါဘူးဗျာ… လိမ်တာ မကောင်းဘူး… ဒါ လူတိုင်း လက်ခံတယ်… မြတ်စွာဘုရားကိုယ်တော်တိုင်လည်း ငါးပါးသီလထဲမှာ တစ်ပါး သတ်မှတ်ထားတယ်… ဒါပေမယ့် လူတွေက ဘာလို့ လိမ် နေတာလဲ ညာနေကြတာလဲ… လိမ်တာ နဲ့ ညာတာ ဆိုတာ ဘာကွာခြားလဲ… လေးပေါက်ပြောသလို တစ်ချို့ကိစ္စတွေမှာ ညာနေတာ ကိုသိသိရက် နဲ့ ဘာလို့ လက်ခံနေကြတာလဲ… လူတွေကရော ကိုယ်ညာနေတာ သူတစ်ပါးသိသိကြီးနဲ့ ညာဖို့ ကြိုးစားနေတာလဲ…. ပြီးတော့ ရှိသေးတယ်… မုသားမပါ လင်္ကာမချော တဲ့… ညာနေကြတဲ့ လူတွေကို ကာကွယ်ပေးနေတာလား… ညာတာ က လောကကြီးမှာ လိုအပ်ချက်တစ်ခုလား… လေးပေါက်ရယ်… အချိန်ရရင် အဲ့ဒါတွေ ဖြေပေးပါဦး

  • water-melon

    April 9, 2012 at 8:37 am

    လေးပေါက်ရေ
    လူတိုင်းလူတိုင်း ညာခြင်းမှကင်းဝေးပါစေ ဆုတောင်းပါတယ် ဗျာ

Leave a Reply