ထက်ထက်မိုးဦး…အေးသူစံနဲ့ The Voice Weekly

ယခုရက်ပိုင်းအတွင်း စာနယ်ဇင်းလောကအတွင်းသာမက ပြည်သူများအထိပါ ပျံ့နှံ့စေခဲ့သည့် သတင်းတစ်ခုကတော့ ရုပ်ရှင်သရုပ်ဆောင်ထက်ထက်မိုးဦးက 7 Day News Journal သတင်းထောက် မအေးသူစံကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တဲ့ကိစ္စပဲဖြစ်ပါတယ်။


ယင်းကိစ္စနှင့်ပတ်သက်ပြီး ၂၃ ရက်နေ့မှာထွက်လာတဲ့ The Voice Weekly မှာ ဖော်ပြခဲ့တာကိုလည်း ဖတ်ရှုလိုက်ရပါတယ်။ အဲလိုထည့်သွင်းခဲ့တဲ့အတွက်လည်း စာပေစိစစ်ရေးက The Voice Weekly ကို ထုတ်ဝေခွင့် ဆိုင်းငံ့သွားမယ်လို့လည်း သတင်းတွေကြားသိခဲ့ရပြန်ပါတယ်။(ယင်းသတင်းကို The First Music ဂျာနယ်မှာလည်း ဖော်ပြထားတယ်လို့ သိရပါတယ်။)

The Voice Weekly တွင် ဖော်ပြပါရှိသည့် ထက်ထက်မိုးဦးနှင့် သတင်းထောက်အေးသူစံတို့၏ အကြောင်းကိုလည်း ဂေဇက်ပရိသတ်များ သိရှိစေရန် မူရင်းအတိုင်းအထက်တွင် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

5 comments

  • intro

    May 23, 2010 at 3:48 am

    ဒီသတင်းကတော့ အရမ်းကို Hot ဖြစ်နေပါလား… နေရာတကာ ဒါတွေပဲ ကြားနေရတယ်…

  • nyanay

    May 23, 2010 at 5:16 am

    ဒါပဲ ကြားနေရပါလားဗျာ…………..သရုပ်ဆောင်မို့ဒီလောက်နာမည်ကြီးနေတာလား..။

  • novemberlay

    May 23, 2010 at 6:13 am

    အမှန်အတိုင်းပြော၇ရင် ထက်ထက်နာမည်ကျနေချိန်ရယ် ယခုတနှစ်အတွင်းကြုံတွေ့ရတဲ့ အခက်အခဲ တွေရယ် အဲလိုအခြေအနေကြောင့် အနည်းနဲ့အများ စိတ်ဒုက္ခ ခံစားနေရချိန်မှာ မေးတဲ့သူအမှားလို့ပဲ မြင်မိပါတယ်.

  • yannaingech

    May 23, 2010 at 11:33 am

    လူနှစ်ယောက်ရန်ဖြစ်၊တစ်ယောက်ကတရားစွဲ၊ဒီသတင်းတင်မိရုံနဲ့ ထုတ်ဝေခွင့်အပိတ်ခံရမယ်ဆိုရင်တော့…သနားဖို့တောင်ကောင်းနေပါပြီ…The Voice… ရယ်

  • me me

    May 24, 2010 at 4:07 pm

    i think aye thu san is wrong. htet htet mone oo have a nice mind. i maked but it is sure aye thu san is very wrong. she is stupid.

Leave a Reply