ဘယ်သူ့အတွက်လဲ စကိုင်းနက်

ေမွာ္ဆရာNovember 15, 20111min10939

ဆိုရေးရှိက ဆိုအပ်လှ၏ …
ကျေးဇူးတင်ထိုက်သူကိုလဲ ကျေးဇူးတင်သင့်လှပါ၏ …။
ထို့ကြောင့် မှော်ဆရာအနေဖြင့်လဲ ကျေးဇူးတင်ထိုက်လှသူ၏ အကြောင်း မှတ်တမ်းတင်လိုက်ပါ၏ …။
ကျေးဇူးတင်ထိုက်သူကား အခြားမဟုတ် …
ပြည်သူ့အတွက်ဟု ဆိုသော စကိုင်းနက်ပင် ဖြစ်ခြေ၏ …။
စတင်တပ်ဆင်ချိန်မှစ၍ အသိပညာ အတတ်ပညာ ၊ ခန္ဒီစ သည်းခံခြင်း ပါရမီ ၊ စောင့်ဆိုင်းခြင်း အတတ်ပညာ မှအစ နောက်ဆုံး တောင်းပန်နည်း ပေါင်းစုံကိုပါ တတ်မြောက်အောင် သင်ကြားပေးနှိုင်သည့်အတွက် မှော်ဆရာ၏ မဟာ့မဟာ ကျေးဇူးရှင်အစစ် အမှန်ပင် မှန်ကန်လှပါသည်။
စတင်တပ်ဆင်ခ ရှစ်သိန်းဟုသာ ဆိုသော်လဲ လစဉ်ကြေး သုံးလစာ .. ဖုန်းခ ၊ TV လိုင်းခ၊ ဘာခ ၊ ညာခ ယုတ်စွအဆုံး စလောင်းတပ်ဆင်သည့် ဝက်အူခပါအပါအဝင် လိုင်းရသည့်အထိ နောက်ဆုံးစာရင်းချုပ်လိုက်သော် ၁၄ သိန်းသို့ ကပ်ချေ၏ ။ ထို့ကြောင့် မှော်ဆရာ၏ ရွှေတိုရွှေစများမှာ လုံခြုံစိတ်ချရသော နေရာသို့ ပြောင်းရွှေ့ စံမြန်းကြပြန်လေသည် ။ ဪ … ငါ့အိမ်မှာဆိုရင် ရွှေတိုရွှေစ စိတ်မချရမှာ စိုး၍ လုံခြုံစိတ်ချရာသို့ ပြောင်းလဲ သိမ်းဆည်းပေးသော စေတနာဟုပင် မှတ်ယူရပေ၏ ၊ ကျေးဇူးကြီးလှပါပေသည် တကား ….။
လိုင်းရောက်ပြန်တော့ အားကြိုးမန်တက် ဖွတ်ဂလိ ဒင်္ဂါးများအား ရှာဖွေမည် ကြံစည်သောအခါ ၁ဝ မိနစ်ခန့်ကြာမှ ဂျီတော့တက်သော ကွန်နက်ရှင်အား ကောင်းမည့်အချိန်ကို လင်နောက်ကို လိုက်သော မယားပါသမီးအား မျှော်ရသော ပထွေးနှယ် မျှော်ရပြန်ချေ၏။ အစပိုင်းတော့ မသိ ၊ နောက်ပိုင်းကျမှ စောင့်ဆိုင်းခြင်းအတတ်ပညာ ဆိုသည်မှာ တတ်မြောက်သင့်သော ပညာရပ်ဖြစ်ကြောင်း နားလည်လာရပြန်၏။
ထို့ကြောင့် ကြာလာလျှင် မှော်ဆရာ ဒေဝါလီခံရမည့်အရေးကြောင့် လိုင်းတပ်ဆင်ချိန်က ငွေတသိန်းခွဲခန့်ပေး၍ တပ်ဆင်ထားရသော voip ဖုန်းဆိုတာကြီးနှင့် ရုံးချုပ်အား ဆက်သွယ်ခြေသော် လွန်ခဲ့သော ၁ဝ နှစ်ခန့်က ဝယ်ထားသောအစင်းရာ ဗရဗွနှင့် ဓါတ်ပြားအဟောင်းအား နားဆင်ရသည့်နှယ် ထစ်လွန်းမက ထစ်လွန်း ၊ သူ့အသံ ကိုယ်မကြား ကိုယ့်အသံကိုယ်မကြားသောကြောင့် လမ်းဘေးဖုန်းမှသာ ဆက်သွယ်ရပြန်၏။
လိုင်းမကောင်းလို့ပါ။ နဲနဲတော့ ကူညီပါဦးခင်ဗျာ ဟု အော်ပရေတာ မမအား အကူအညီတောင်းသော အော်ပရေတာမမမှ ဟိုမေး ဒီမေး မေးပြီး နောက်ဆုံး ဖြေပုံလေးကား မှတ်သားလောက်စရာပါပေ … လိုင်းတိုးပါ ဟူ၏ ။
512 kb လိုင်းအား ကွန်ပျူတာ ၁ဝ လုံးတပ်ဆင်သည်မှာ များလွန်းသောကြောင့်ဟုဆို၏။ လိုင်းတိုးလျှင်ကော ကောင်းမှာလားဟုဆိုသော် ဖြစ်နှိုင်လောက်ပါ၏ ဟု ဆိုပြန်သည် ။ အစားသာ ကုန်အောင်စား ၊ စကားကို ကုန်အောင်မပြောနဲ့ဟုဆိုသော ဆိုရိုးစကား၏ အရေးကြီးပုံကို လက်တွေ့သိမြင်ရ၏။
သို့သော် မတိုးလျှင် ဘာမှလုပ်မရမည့်အတူတူ တလ တစ်သိန်းခွဲလိုင်းသို့ တိုးယူလိုက်ရ၏ ။ ပထမတော့ အဆင်ပြေသလိုလို ပိုပဲ ကောင်းလာသလိုလို ထင်ရသည်။ နောက်တော့လဲ မောင်အရင်လို မဟုတ်တော့ဘူး ဖြစ်လာသည်။ ဘာမှမပြောသာ ။ သိကြားမင်းကပင်လျှင် စကိုင်းနက်ဘက်မှ ခပ်ပါပါ ဖြစ်သောကြောင့်တည်း ….။လိုင်းကျလို့ မမေးလိုက်နှင့် ရုံးချုပ်တွင် မိုးရွာနေ၏.။လိုင်းမမိလို့ မမေးပါနှင့် … ရာသီဥတု အခြေအနေ ဆိုးဝါးနေ၏ ။နောက်ပိုင်း အင်တာနက် စလောင်းဘက်တောင် လှည့် ရေမသွန်ရဲတော့ .. ရေမှုံ ရေမွှားရိုက်ရုံနဲ့ပင်လျှင် လိုင်းကျမှာ စိုးနေရ၏ ။
ဘာပဲပြောပြော မှော်ဆရာ ဘုရား တရား မြဲလာသည်ကတော့ အမှန် … ညတိုင်း ဘုရားရှိခိုး၏။ ။ ပရိတ်ရွတ်၏ ။ ယခင်က အကောင်လိုက် မောင်းသွင်းသော တရုတ်အမဲကိုပင်လျှင် အရှင်ကြီး သခင်ကြီးများ မကြိုက်မှာစိုး၍ ဝေရာမဏိ လုပ်ထားသည်မှာ ကြာပြီ …။
တခုတော့ ဆိုးကျိုးရှိ၏ ။ လာသုံးသောသူများ လိုင်းမကောင်း၍ စိတ်ပျက်ရသမျှ နောက်လာမသုံးမှာစိုး၍ ပါးစပ်ဖြဲဖြဲ ပြရသည်မှာ သွားအအေးပါတ်လွန်းသောကြောင့် ဖြစ်သည် ။ ကြာလာလျှင် မျက်နှာ အကြောသေသွားမှာတောင် စိုးရိမ်ရသည်။ တောင်ပန်နည်း မျိုးစုံကိုလဲ သင်ယူတတ်မြောက်ပြီး ဖြစ်လေသည်။
ထို့ပြင် စကိုင်းနက် ကျေးဇူးဖြင့် အဆင့်မြင့် အင်တာနက်နည်းပညာများဖြစ်သော ဂျီတော့အား ကရုးလော့ ၊ မီးဖို ၊ အိုင်အမ်အို စသော ဝက်ဆိုက်များမှ ဝင်ရောက်အသုံးပြုနည်းများအားလဲ လာရောက်သုံးစွဲသူများအား အခမဲ့ ပညာဒါန ပြုခွင့် ကြုံ၏။ နောင်ဘဝ ကောင်းရာကောင်းကျိုးကိုပါ ပေးစွမ်းနှိုင်သော စကိုင်းနက်ပါပေ …။
လိုင်းကျခြင်း ၊ မကြာခဏ ဆာဗာဒေါင်းခြင်း ၊ ကျော်ရခွရခြင်း ဖုန်းလိုင်းမကောင်းခြင်းမှ လွဲ၍ အားလုံးအဆင်ပြေပါ၏။ လိုင်းကျသော်လဲ လစဉ်ကြေး မကျခြင်းကတော့ မှော်ဆရာ ညဏ်မမှီပါခြေ … ။ ဒါနပါရမီဟုပင် သဘောထားရသည် ..။
ထို့ကြောင့် မှော်ဆရာကဲ့သို့ ဒါန ၊ သီလ ပါရမီများ ပြည့်စုံသည့်အပြင် အတတ်ပညာမျိုးစုံအား တဖက်ကမ်းခပ် တတ်မြောက်ချင်ပါက စကိုင်းနက် အင်တာနက်လိုင်းများအား အမြို့မြို့ အနယ်နယ်ရှိ RSP များထံတွင် ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူအားပေးနှိုင်ပြီ ဖြစ်ပါကြောင်း ……စေတနာကောင်းဖြင့် ကြေငြာမောင်းခပ်လိုက်ရပါသည် …။

39 comments

  • ပေါက်ဖော်

    November 15, 2011 at 3:50 pm

    အတတ်ပညာပေါင်းစုံ တတ်မြောက်စေသော..မြန်မာပြည်အင်တာပျက်နှင့်တကွ
    စကိုင်းပျက်အား ကျေးဇူးအထူးဘဲ တင်ရှိပါလယ်ချင်..
    😆

  • Diamond Key

    November 15, 2011 at 5:02 pm

    ဪ…………
    စကိုင်းနက်ဆိုတာ ……………….လိုင်းသိပ်ခက်တဲ့ အရာ၊
    စကိုင်းနက်ဆိုတာ ……………….တဖြည်းဖြည်းဝါးတဲ့အရာ၊
    စကိုင်းနက်ဆိုတာ ……………….စိတ်သိပ်ရှည်ဖို့ လိုတဲ့အရာ၊
    စကိုင်းနက်ဆိုတာ ……………….ရာသီမကောင်း လို့ မရတဲ့အရာ၊
    စကိုင်းနက်ဆင်တဲ့မှော်ဆရာမှာ ………….. ထာဝရ အပြုံးမျက်နှာ၊
    နားလည်လိုက်ပါပြီ……………ဗျာ။

  • Shwe Ei

    November 15, 2011 at 5:24 pm

    ကြော်ငြာကောင်းရင် ပစ္စည်းမကောင်းဘူးလို့သာ မှတ်လိုက်တော့ မှော်ဆြာရေ။ ပရို ဒါ့ပုံဆြာ လုပ်စားတာမှ တွက်ခြေကိုက်အုံးမယ်။ လိုင်းပြောင်းကြည့်ပါလား အဟိ။

  • မှော်ဆရာ

    November 15, 2011 at 5:52 pm

    ထိုင်နေအကောင်းသား ထသွားမှ ကျိုးမှန်းသိ ဆိုတာ ဒါမျိုးပေါ့ဗျာ …
    ဒါ့ပုံဆြာဘဝမှာ အကောင်းသားနဲ့ …
    ကိုယ်က ဒီလို နေဆိုနေ …ငြိမ်ဆိုငြိမ် .. မလှုပ်နဲ့ဆို မလှုပ်ဘူး .. မော်ဒယ်လေးတွေနဲ့ အဆင်ပြေသားဗျာ ..
    အော် ငွေလေးရင်းပြီး အေးအေးဆေးဆေး ထိုင်စားမယ်ဆိုပြီး အင်တာနက်ဆိုင်လေးဖွင့်ကာမှ ငါးပါးမှောက်တော့တာပဲ ….
    အဖေကပြောတော့ ပြောသား မင်းရွှေခွက်နဲ့ တောင်းစားရသလို နေမယ်နော်တဲ့ ….
    ဟုတ်ပါ့အဖေရယ် ……

  • ကိုရင်စည်သူ

    November 15, 2011 at 5:55 pm

    ပြည်သူ့အတွက် စကိုင်းနက်တော့ ကြေငြာနေတာပဲ..
    ၁၄သိန်းဆို ကိုရင်တို့ ကျောင်းမှာ မတပ်နိုင်သေးဘူး..
    အခုတော့ အလကားပြနေတဲ့ Mrtv ဖော လေးပဲ ကြည့်ရင်း
    သီတင်းသုံးနေတယ်.. 🙂 🙂 🙂
    ပရီးမီယားလိဂ်လေးတော့ ပုံမှန်ကြည့်ရတော့လဲ..
    တန်တာပါပဲကွယ်…

  • blackchaw

    November 15, 2011 at 6:04 pm

    ကိုရင်ရေ။ နည်းနည်းလွဲနေပြီ။
    မှော်ဆရာပြောတာက စကိုင်းနက် အင်တာနက် ကိုပြောတာပါ။
    တီဗီချယ်နယ်တွေကြီးပဲဆိုရင် တစ်နှစ်စာ စလောင်းအပါ ၁၆၀၀၀ဝ လောက်ပဲ
    ကျပါတယ်။ ဘောလုံးပွဲကတော့ ရှယ်လာတယ်ဆရာ။
    အင်္ဂလန်၊ စပိန်၊ အီတလီ၊ ဂျာမဏီ၊ ပြင်သစ် စတဲ့ ဥရောပပွဲတွေအပြင်
    တောင်အမေရိကက ဘရာဇီးတို့ အာဂျင်တီးနားတို့မှာ ကျင်းပတဲ့ ပွဲတွေလည်း
    လွှင့်တယ်ဗျ။ ချန်ပီယံလိဂ်ရော၊ ဥရောပဖလားရော သောက်မြင်ကတ်လောက်အောင်
    ဘောလုံးပွဲတွေကြည့်ရတယ်ဗျာ။
    ရေရှည် ကတိတည်ဘို့တော့လိုတယ်ဗျ။ ဖန်မလီလည်း အစတုန်းကတော့
    ချန်ပီယံလိဂ်ရော၊ အီတလီရော ပြပြီး တစ်နှစ်ယူရင် တစ်နှစ်ဖရီးတွေ ဘာတွေ
    လုပ်တာပဲ။ နောက်ကျမှ သစ်စိမ်းချိုး ချိုးသွားတာပါ ကိုရင်ရေ။
    စကိုင်းနက်တီဗီချယ်နယ်တွေ ကြည့်ချင်ရင် ၆ လအတွက် ကျပ်တစ်သိန်းတောင်ရှိစရာမလိုဘူးဗျာ။
    သတင်းပေးတာနော်။ ကြော်ငြာဝင်တာမဟုတ်ပါဗျာ။

    • ကိုရင်စည်သူ

      November 15, 2011 at 8:21 pm

      ကိုဘလက်ရေ.. ဒီလို သေချာလေးရှင်းပြတော့..
      ကိုရင်လည်း စကိုင်းနက်အကြောင်း သေချာသိရပါပြီ..
      ကျေးဇူးပါပဲဗျို့… ခုတော့ ကျောင်းမှာ မတပ်နိုင်သေးဘူး..
      ကိုရင် အနောက်ပင်လယ်မှာ သီတင်းသုံးပြီး ပြန်လာတော့မှ
      တပ်တော့မယ်… အဲ့ကျရင် ဒီလောက်တောင်
      မကုန်တော့ဘူးထင်တယ်နော်..

  • မှော်ဆရာ

    November 15, 2011 at 6:12 pm

    ကြည့်စမ်း ကြည့်စမ်း ဦးဘလက်အတွက် စကိုင်းနက် ဖြစ်နေပါ့လား …….. 🙂 🙂 🙂

  • “ဘီလူးကြီး”ogre

    November 15, 2011 at 6:22 pm

    မှော်ဆရာအတွက် စကိုင်းနက် မဟုတ်တာတော့ သေချာသွားပြီ.. 😛
    မှော်ဆရာ၏ နှစ်ပေစလောင်းအား
    ညနေပိုင်း ထမင်းကြော်ရောင်းရာတွင် ဒယ်အိုးအဖြစ် အသုံးပြုက တွက်ခြေကိုက်နိုင်ပါကြောင်း
    နည်းလမ်းကောင်းပေးအပ်ပါတယ်…… 🙂 😛

  • မှော်ဆရာ

    November 15, 2011 at 6:48 pm

    ထမင်းကြော်ရောင်းရင်လဲ မကိုက်လောက်ပါ … ဘာကြောင့်လဲဆိုတော့ ရထားတာ အကုန်အကျသစက်သာ ဖိုက်ဖာ စလောင်းဖြစ်နေလို့ပါ ..။

    • ဆူး

      November 16, 2011 at 9:00 am

      သရက်ပြား မရမ်းပြား ဗန်းပေါ်တင်ပြီး ထုတ်လှမ်းပြီး သရက်ယို မရမ်းယို လုပ်ရောင်းလိုက်..

      • အေမီ

        November 16, 2011 at 1:45 pm

        ဆူး အတွေးကောင်းတယ် မှော်ဆရာ
        အင်တာနက်ဆိုင် အဆင်မပြေရင်တောင် စလောင်းကြီးကတော့ အလကားမဖြစ်ဖူး…….အသုံးချလို့ရသေးတယ် 😛 😛

        • inz@ghi

          November 16, 2011 at 1:51 pm

          တူ့ဆိုင်လူမဝင်တာ
          လိုင်းမကောင်းလို့ ဟုတ်ဝူးဗျ…
          ဒါ့ပုံဆြာ ဖွင့်တဲ့ အင်တာနက်ဆိုင် မို့ ….
          မဝင်တာ …..
          တူကိုယ်တိုင် ဝန်ခံထားတာချိတယ်
          ကင်မလာ ၁ဝလုံးတောင် ပျက်ပီးပီတဲ့
          ပီး ….
          ဆိုင်မှာက ဟိုနားလေးက ဝက်ကင်လေးထွက်လာလိုက်
          ဒီနားလေးက ဝက်ကင်လေး တွေ့လိုက်မို့ ….တိရား ….
          တွားနဲ့နော် ..စိုးတယ်…. စိုးမိတယ်… စိုးထိတ်မိတယ်…

          (မှော်ဆြာ ဂီဂီ့ကို ဆဲတော့မယ်…. လစ်မှ)
          😛

        • မှော်ဆရာ

          November 16, 2011 at 5:36 pm

          လာကြနော်လာကြ စကိုင်းနက် မရမ်းပြား သရက်ပြားလေးတွေ ရမယ်..
          ရိုးရိုး သရက်ပြား မဟုတ်ဘူးနော် International settlite broband hight speed , full server မရမ်းပြား လာထားနော် လာထား

        • inz@ghi

          November 16, 2011 at 5:42 pm

          ဆြာမှော်
          အင်ဒိုးရိုက်တဲ့ လိုက်တင် အပေးအယူလေးတွေ ရေးပေးပါဦးဗျာ….
          ကျနော်က အင်ဒိုးဆို ဗာဂျင်လေးမို့ ခစ်ခစ်…
          (ခုမှ ဖလက်ရှ် စဝယ် မှာမို့ )

  • naywoonni

    November 15, 2011 at 7:47 pm

    မှော်ဆရာ
    ဒီတစ်ခါ
    ဘာပညာ
    လာမပြနိုင်
    ကိုင်-စကိုင်နက်
    ပျက်ပျက် ပျက်…။
    ဘယ်ဒူ့အတွက်မှမဟုတ်တဲ့
    သူရို့အတွက် စကိုင်းနက်…..။

  • windtalker

    November 15, 2011 at 8:02 pm

    အင်း
    ကိုမှော့် သတိပေးချက်အရ ဆိုရင်
    စောင့်ရဦးမှာဘဲဗျာ
    ကိုမှော်ရေ အပိုင်သေချာတဲ့ ဟာမျိုး ပေါ်လာရင်လဲ လက်တို ့ပေးပါဦးနော

  • Shanma TUmdy

    November 15, 2011 at 8:15 pm

    အော်.. ဘယ်ဟာမှ အဆင်မပြေပါလားနော်..
    မူဆယ်မှာ အင်တာနက် (တရုတ်လိုင်း)ချိတ်ထားပါတယ်..
    လိုင်းက ခနခနကျတဲ့ခါ .. ဖုန်းဆိုင်ကိုသွားပြောတော့ ..
    ဘယ်လိုတရုတ်လိုင်းပဲပြောပြော .. မြန်မာပြည်မှာပဲလေ.. မြန်မာပြည်ထဲဆိုတော့..
    မြန်မာပြည်ရဲ့ အငွေ့အသက်က မကင်းဘူးပေါ့ တဲ့ .. ဟိဟ ိ

  • pooch

    November 15, 2011 at 9:35 pm

    မှော်ဆရာ ရယ်……… အဲ့ဒါကြောင့် ပြောတာပေါ့ ခုခေတ်က လူအစစ်တွေ နေတာမဟုတ်လို့ မှန်တာပြောလည်း သစ္စာမဖြစ်တော့ဘူးလို့ …. ရှေးတုန်းကသာ မှန်တာပြောရင်သစ္စာဖြစ်တာ…

    မယုံရင် ကျမ အခု လက်တွေ့ပြောမယ်..

    ” မြန်မာပြည်ဧ။် အင်တာနက် ကွန်နက်ရှင်လိုင်းများသည် အလွန်နှေး အလွန်စုတ်ဧ။်
    ထိုမှန်သော သစ္စာစကားကြောင့် မြန်မာပြည်ဧ။် ကွန်နက်ရှင်လိုင်းများ အမြန်ဆုံးနှုန်းဖြင့် သုံးနိုင်ရပါစေသား”

    ကဲကြည့် … ဘာမှလည်း မထူးဘူး.. 😛

  • မှော်ဆရာ

    November 15, 2011 at 10:09 pm

    သူများကို အပုတ်ချတယ်ပြောရင်လဲ ခံရမှာပဲ …
    အပုတ်ချတယ်ဆိုတာထက် ဈေးကြီးပေးပြီး ဆိုင်ရှင်ရော သုံးစွဲသူရော အခက်အခဲဖြစ်နေရတယ်ဆိုတဲ့ အကြောင်း တင်ပြသွားတာပါ … မြန်မာပြည်သူ / ပြည်သား အားလုံး အင်တာနက်ကို အဆင်ပြေပြေ မြန်မြန်ဆန်ဆန် သုံးစွဲနှိုင်ကြပါစေ ….

  • MaMa

    November 15, 2011 at 10:13 pm

    pooch က တော့ လက်တွေ့ သက်သေပြနေပြီ 😀

  • ချစ်ရင်ထူး

    November 15, 2011 at 10:43 pm

    မှော်ဆရာ ရေ…
    ကျွန်တော်တို့လည်း ဒုက္ခ ရောက်ရပါတယ်…
    စကိုင်းနက် ကကြော်ညာ တာကတော့ ကောင်းနေတာပေါ့လေ…
    ဒါပေသိ လိုင်းကတော့ (ကျွန်တော့်လက်သုံးစကား နဲ့ပြောရရင်တော့) ခပ်တင်းတင်း ကို မကောင်းတာပါ..
    အဲဒါကို ဘယ်လိုဖြေရှင်းမယ်ဆိုတာကို သိနိုင်ရင် ကောင်းမယ်နော်…..
    အားလုံး လိုင်းကောင်းကောင်းနဲ့ အင်တာနက် ၃ နိုင်ကြပါစေ…

  • အေမီ

    November 15, 2011 at 11:09 pm

    စကိုင်းနက် DTH ကတော့ အလွန်ကောင်း၊ ပြည်သူတွေကို တကယ်ကိုအကျိုးပြုနိုင်ပါတယ်။ Live show တွေလည်းတိုက်ရိုက်ကြည့်ရတယ်၊ တီဗွီအစီစဉ်တွေလည်း တော်တော်ကောင်းတယ်၊ Up to date channel ကိုအကြိုက်ဆုံးပဲ။ MPS လိုင်းကတော့ တဆင့်ငှားသုံးတဲ့ အင်တာနက်ဆိုင်ကြောင့်လား၊ မှော်ဆရာ ပြောသလို ကုမ္ပဏီကြောင့်လားတော့မသိဘူး၊ သုံးရတာတော့ တော်တော်အဆင်မပြေဘူး။

    • မှော်ဆရာ

      November 15, 2011 at 11:37 pm

      များသောအားဖြင့် အင်တာနက်ဆိုင်တွေကတော့ လိုင်းကောင်းစေချင်ကြပါတယ် ..
      ဒါမှ နားပူသက်သာတာကိုး ..
      နောက်လစဉ်ကြေးနဲ့ ပေးရတာဆိုတော့ ဘယ်လောက်ယူယူ ပိုမှမကုန်တာကိုး..
      အဓိကက ဟိုဘက်ကကို လိုင်းက နှေးတာဗျာ …။တခါတလေ သူတို့ဘက်က ကောင်းပါတယ် သာပြောနေတာ ဒီဘက်မှာတော့ ဆာဗာနော့ဖောင်း ပါဖြစ်တယ်…။
      ဒါပေမယ့် ကုမ္ပဏ္ဏီက တာဝန်မယူတာ များလို့ ဒီပိုစ်ကို ရေးရတာပါ ..
      လိုင်းနှေးရင်လဲ ဘာကြောင့်နှေးတယ် ဘယ်လောက်ကြာမယ် လေးလေးစားစား ပြောသင့်ပါတယ် ..မနက်ကဆိုကြည့် လိုင်းမကောင်းလို့ လှမ်းမေးတော့ မနက်ဖြန် ပြန်ကောင်းလောက်ပါတယ်တဲ့ မကောင်းရင်ကောဆိုတော့ နောက်တစ်ရက်ထပ်စောင့်ပါနော်တဲ့
      ကဲ ဘယ့်နှယ့်လုပ်မတုန်း

      • အေမီ

        November 16, 2011 at 12:33 pm

        အင်း နော်…မှော်ဆရာပြောတာလဲ ဟုတ်တာပါပဲ။ ဆိုင်တွေကလည်းကောင်းစေချင် မှာပါ…
        အေမီ eleven journal မှာဖတ်ကတာ နည်းနည်းတော့ကြာပြီ၊ အေမီတို့ တော်တော်သုံးလို့ကောင်းတယ်ဆိုတဲ့ လိုင်းအနေအထားမျိုးကို မလေးရှားတို့၊ စကာင်္ပူတို့မှာ အလကားပေးတာတဲ့။ သူ့ထက်ပိုကောင်းတဲ့နှုန်းထားကိုမှ ပိုက်ဆံကောက်တာတဲ့။ အင်းးးးးးးး…..အေမီတို့ ဆီမှာ အဲဒီလို ဘယ်တော့များမှ ဖြစ်မှာပါလိမ့်………….

        • မှော်ဆရာ

          November 16, 2011 at 1:10 pm

          နက်ဖြန်သို့မဟုတ် ဘယ်သောအခါ ….
          ကြားဖူးတယ်မလား အေမီ
          မျှော်သာမျှော် ပေါ်မလာသူရယ် စိမ်းကားဆိုတာလေ ..

        • small cat

          November 19, 2011 at 8:06 am

          တနေ့တော့ ဖြစ်လာမှာပါ……….
          တနေ့တော့ ဖြစ်လာမှာပါ………

  • Gipsy

    November 15, 2011 at 11:25 pm

    စကိုင်းနက်မို့ တော်သေး….
    စကိုင်းဘလူး ဆိုရင်တော့ …. သေရချီရဲ့ဗျ….။

    • မှော်ဆရာ

      November 15, 2011 at 11:38 pm

      စကိုင်းက နက်လို့တော်တာ ဂျစ်ပစီရေ …
      တိမ်များ တိမ်ရင် ခက်တောင် ခက်ရချည်ရဲ့

  • rapperlay

    November 15, 2011 at 11:45 pm

    ကယ်ကြပါ
    စကိုင်းတိမ်နေလို့
    ဝိုင်ဖိုင်လဲ အာနရှင် ပိတ်ထားလို့
    ဖုံးစုတ် လိုင်းနဲ့သုံးနေရပါတယ်
    ကွန်မန့်တစ်ကြောင်းရေးဖို့ နာရီဝက် အချိန်ပေးနေရပါတယ် ။

  • မှော်ဆရာ

    November 15, 2011 at 11:56 pm

    သည်းခံလော့ ဒကာကြီး သည်းခံလော့

  • rapperlay

    November 16, 2011 at 12:08 am

    သည်းခံ သံခိပ်
    အမြည်းပန်းကန် အမြန်ရိတ်
    အရက်ဘီယာ မှော်ဆရာကြိတ် ။

  • chityimhtoo

    November 16, 2011 at 9:03 am

    မပူပါနဲ့ မပူပါနဲ့ မကြာခင်ကောင်းလာမှာပါ ။ ခုတော့စကိုင်းနက်မိဘို့အတွက် အိုဇုန်းလွှာကိုထပ်ဖေါက်နေပါတယ်။စကိုင်းနက်မှမကောင်းတာမဟုတ်ပါဘူး။
    MPT ADSL indial line,bagan ADSL ,Red link,အရင်တုန်းကအရမ်းကောင်းပါတယ်
    ဆိုတဲ့ 2300$ ပေးပြီးဝယ်ရတယ် MPT ADSL korea line လည်းခုတော့ဖွတ်ချက်ဖွတ်ချက်
    ဖြစ်နေပါတယ်။

  • ရွာစားကျော် စိန်အောင်ဒင်

    November 16, 2011 at 11:00 am

    I’m planning to buy skynet internet line.
    As u say, may be I’d reconsider it.
    Thanks မှော်ဆရာ

    • မှော်ဆရာ

      November 16, 2011 at 11:16 am

      ဟီဟိ စကိုင်းနက်ကတော့ နာ့ကို ဆဲတော့မှာပဲ ….

      • inz@ghi

        November 16, 2011 at 11:28 am

        ဘာလို့ဆဲရမှာတုန်းဗျ…
        ကတ်စထမ်မာရွိက် ပါဗျ…၆၃မကျတာကို ၆၃မကျဝူးပြောခွင့်ချိပါဒလယ်ဗျ
        တူ့ ကတ်စတမ်မာ က ဆြာမှော် ဆြာမှော့် ကတ်စတမ်မာက ယူဇာတွေ …
        တူ ၆၃မကျလို့ ဆြာကျ ယူဇာအဆဲခံရပီး တူ့ပြန်ဆဲခွင့် မရရင် တရားမလားဗျာ
        လာဆဲရင် ဂီဂီလေးတို့ ပြန်ဆဲပေးမယ် တိရား..

        • မှော်ဆရာ

          November 16, 2011 at 11:33 am

          စကိုင်းနက်က မှော်ဆရာကို ဆဲမဆဲတော့မသိ
          မှော်ဆရာ ကတ်စတမ်မာတွေကတော့ မှော်ဆရာ့ကို ဆဲလောက်ပြီ ..
          နာကိုမဆဲနဲ့ …. ထိပ်က ဆာဗာဆိုတာကြီးကိုဆဲ …
          ကဲ မှတ်ပရား ဆဲတာကို လွှဲစာ ရေးပေးလိုက်ပြီ ….

  • etone

    November 16, 2011 at 1:33 pm

    အမှန်တိုင်းပြောရလျှင် etone တို့ တီဗွီကြည့်ချိန်ရှားပါတယ် … ။
    ဟီး စကိုင်းနက်တောင် ပြေးချိတ်ချင်စိတ်ပေါက်သွား ပြီး ဟီးဟီး ။ 😀

  • AKKO

    November 16, 2011 at 4:49 pm

    တစ်ခါ တစ်ခါ လိုက်ဗ်လေးတွေ လွင့်ပေးတာတော့ ကြည့်ကောင်းတယ်ဗျ ။ နောက်ပိုင်းတော့ မကြည့်ဖြစ်တော့ဘူး ။
    အခု ချန်နယ် ဆဲဗန်းလည်း ပေါ်နေပြီနော့ ။

Leave a Reply